သန့်ရှင်းတဲ့ပစ္စည်းတိုင်းက ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီပြီး ငွေအကုန်အကျ သက်သာတဲ့ သန့်ရှင်းရေး ပစ္စည်းတစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ လူတိုင်းနဲ့ ရင်းနှီးတဲ့ baking soda ပါ။
မွေ့ရာ
မွေ့ရာမှာရှိတဲ့ ဖုန်တွေ၊ ချွေးတွေ၊ အနံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ အရင်ဆုံး မွေ့ရာကို ဖုန်စုပ်စက်နဲ့ စုပ်လိုက်ပါ။ Baking soda ကို မွေ့ရာပေါ် အနှံ့ ဆန်ကာနဲ့ စစ်ချလိုက်ပါ။
ရနံ့ဆီ ၁၀-၁၅ စက်လောက် ထည့်လည်း ရပါတယ်။ ပြီးရင် မွေ့ရာကို တစ်ခုခုနဲ့ အုပ်ထားပြီး တစ်ရက်လောက် ထားလိုက်ပါ။ နောက်ရက်မှာမွေ့ရာပေါ်က baking soda ကို လေစုပ်စက်နဲ့ ပြန်စုပ်လိုက်ပါ။
ကော်ဇော
ဇလုံတစ်လုံးထဲမှာ baking soda လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အဝတ်လျှော်ဆပ်ပြာမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေနွေး တစ်ခွက်၊ ရှာလကာရှည် လက်ဖက်ရည်ဇွန်း ၅ ဇွန်းတို့ကို ရောမွှေပါ။ သေချာရောမွှေပြီးရင် spray ဘူးထဲကို ပြောင်းထည့်လိုက်ပါ။
ပြီးရင် ကော်ဇောနဲ့ ဆိုဖာကို ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ပါ။ ကော်ဇောနဲ့ ဆိုဖာပေါ်ကို spray နဲ့ ၁၅ စက္ကန့်ကြာအောင် ဖျန်းပါ။ အစွန်းအထင်း ရှိတဲ့နေရာကို ဖော့နဲ့ လိုက်သုတ်ပေးပါ၊
Baking soda နဲ့ ရှာလကာရည်ကို သဘာဝ ချည်ထည်တွေကလွဲလို့ ဘယ်ရက်ထည်မှာမဆို သုံးလို့ရပါတယ်။
Baking soda ရဲ့ အားသာချက်တွေကတော့
- ငွေကုန်သက်သာခြင်း
- အဆိပ်အတောက် မဖြစ်ခြင်း
- ဖုန်နဲ့ ရေငွေ့တွေကို စုပ်ယူနိုင်ခြင်း
- သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာ အစားထိုးနိုင်ခြင်း
- မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားနိုင်ခြင်း
- ပိုးမွှားတွေကို သေစေနိုင်ခြင်းတို့ ဖြစ်ပါတယ်။
Zombie (lovemedia)
for zawgyi
ညစ္ပတ္ေနတဲ့ ေမြ႕ရာေပၚမွာ Baking soda ျဖဴးလိုက္ရင္ ရလာမယ့္ ေကာင္းက်ိဳးမ်ား
သန႔္ရွင္းတဲ့ပစၥည္းတိုင္းက က်န္းမာေရးနဲ႔ မကိုက္ညီပါဘူး။ ဒါေပမယ့္ က်န္းမာေရးနဲ႔ ကိုက္ညီၿပီး ေငြအကုန္အက် သက္သာတဲ့ သန႔္ရွင္းေရး ပစၥည္းတစ္ခုေတာ့ ရွိေနပါတယ္။ အဲဒါကေတာ့ လူတိုင္းနဲ႔ ရင္းႏွီးတဲ့ baking soda ပါ။
ေမြ႕ရာ
ေမြ႕ရာမွာရွိတဲ့ ဖုန္ေတြ၊ ေခြၽးေတြ၊ အနံ႔အသက္ဆိုးေတြကို ဖယ္ရွားႏိုင္မယ့္ နည္းလမ္းတစ္ခု ရွိပါတယ္။ အရင္ဆုံး ေမြ႕ရာကို ဖုန္စုပ္စက္နဲ႔ စုပ္လိုက္ပါ။ Baking soda ကို ေမြ႕ရာေပၚ အႏွံ႔ ဆန္ကာနဲ႔ စစ္ခ်လိုက္ပါ။ ရနံ႔ဆီ ၁၀-၁၅ စက္ေလာက္ ထည့္လည္း ရပါတယ္။ ၿပီးရင္ ေမြ႕ရာကို တစ္ခုခုနဲ႔ အုပ္ထားၿပီး တစ္ရက္ေလာက္ ထားလိုက္ပါ။ ေနာက္ရက္မွာေမြ႕ရာေပၚက baking soda ကို ေလစုပ္စက္နဲ႔ ျပန္စုပ္လိုက္ပါ။
ေကာ္ေဇာ
ဇလုံတစ္လုံးထဲမွာ baking soda လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ အဝတ္ေလွ်ာ္ဆပ္ျပာမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ေရေႏြး တစ္ခြက္၊ ရွာလကာရွည္လက္ဖက္ရည္ဇြန္း ၅ ဇြန္းတို႔ကို ေရာေမႊပါ။ ေသခ်ာေရာေမႊၿပီးရင္ spray ဘူးထဲကို ေျပာင္းထည့္လိုက္ပါ။ ၿပီးရင္ ေကာ္ေဇာနဲ႔ ဆိုဖာကို ဖုန္စုပ္စက္နဲ႔ ဖုန္စုပ္ပါ။ ေကာ္ေဇာနဲ႔ ဆိုဖာေပၚကို spray နဲ႔ ၁၅ စကၠန႔္ၾကာေအာင္ ဖ်န္းပါ။ အစြန္းအထင္း ရွိတဲ့ေနရာကို ေဖာ့နဲ႔ လိုက္သုတ္ေပးပါ၊
Baking soda နဲ႔ ရွာလကာရည္ကို သဘာဝ ခ်ည္ထည္ေတြကလြဲလို႔ ဘယ္ရက္ထည္မွာမဆို သုံးလို႔ရပါတယ္။
Baking soda ရဲ႕ အားသာခ်က္ေတြကေတာ့
- ေငြကုန္သက္သာျခင္း
- အဆိပ္အေတာက္ မျဖစ္ျခင္း
- ဖုန္နဲ႔ ေရေငြ႕ေတြကို စုပ္ယူႏိုင္ျခင္း
- သန႔္ရွင္းေရးသုံး ပစၥည္းေတြမွာ အစားထိုးႏိုင္ျခင္း
- မေကာင္းတဲ့ အနံ႔အသက္ေတြကို ဖယ္ရွားႏိုင္ျခင္း
- ပိုးမႊားေတြကို ေသေစႏိုင္ျခင္းတို႔ ျဖစ္ပါတယ္။
Zombie (lovemedia)
0 Comments