ဆံညှပ် တရာ

တခါတုန်းက ဘုရင်တပါးမှာ သမီးတော် ၇ ယောက် ရှိတယ်။ သမီးတော်တွေဟာ ချောမော လှပကြပြီး ရှည်လျား နက်မှောင်တဲ့ ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထား ကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ ဆံညှပ်အခု ၁၀၀ ဆီ လက်ဆောင် ပေးခဲ့တယ်။

တမနက်မှာ ပဌမသမီးတော်ဟာ အိပ်ရာက ထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေ ခဲ့တယ်။ အဲဒီလို ဖြီးသင်နေတုန်း သူ့ရဲ့ ဆံညှပ်တချောင်း ပျောက်နေတာကို သူ သတိထားမိ လိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီ ကနေ ဆံညှပ်တချောင်း သူ တိတ်တိတ်လေး ခိုးယူလိုက်တယ်။

ဒုတိယသမီးတော် ကလည်း သူ့ဆံညှပ်တချောင်း ပျောက်နေတာကို သတိထားမိတော့ တတိယ သမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူ လိုက်တယ်။ တတိယသမီးတော် ကလည်း သူ့ဆံညှပ်တချောင်း ပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။

စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ပဉ္စမ သမီးတော်က ဆဠမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ဆဠမ သမီးတော်က သတ္တမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ပဲ အငယ်ဆုံး သမီးတော်လေးရဲ့ ဆံညှပ်က ၉၉ ခုပဲ ရှိတော့တယ်။

နောက်တနေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည် ရောက်လာခဲ့တယ်။ မင်းသားက "ကျွန်တော်မျိုး မွေးထားတဲ့ ခိုတကောင်ဟာ မနေ့က ဆံညှပ်တခုကို ကိုက်ချီလာ ခဲ့ပါတယ်။

အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ ဆံညှပ် ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုး လာရောက်ရခြင်း ဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားလေးရဲ့ စကားကို ကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ် အခုတရာဆီ ရှိနေတော့ မပြောနိုင်ခဲ့ ကြဘူး။

အဲဒီမှာ အငယ်ဆုံး သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တချောင်း ပျောက်သွားပါတယ်" လို့ ပြောလိုက်တယ်။ စကားပြောပြော ပြီးချင်း ဆံညှပ်တချောင်း လျော့နေတဲ့ သမီးတော်ရဲ့ ဆံနွယ်တွေဟာ ဖြည်လျောကျ လာခဲ့တယ်။

မင်းသားလေးဟာ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့ အလှကို ရင်သပ်ရှုမော သွားခဲ့ပါတယ်။ မင်းသားလေးဟာ အငယ်ဆုံးမင်းသမီးလေးကို ချစ်ခင်မြတ်နိုးပြီး ဘုရင်ကြီးဆီမှာ တောင်းရမ်းလိုက်ပါတယ်။

နောက်ဆုံးမှာတော့ မင်းသားလေးနဲ့ အငယ်ဆုံးမင်းသမီးလေးဟာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နေထိုင် သွားကြပါတော့တယ်။

ရိုးသားဖြူစင်တဲ့ အငယ်ဆုံး သမီးတော်လေးဟာ မင်းသားလေးနဲ့ ဆုံဆည်းခဲ့ရသလို၊ ရိုးသားဖြူစင်တဲ့ သူတွေဆီကို အခွင့်အရေးကောင်းတွေ၊ ကံကောင်းခြင်းတွေ ရောက်ရှိလာမှာ မလွဲမသေပါပဲ။

crd 99sanay

Zawgyi

ဆံညႇပ္ တရာ

တခါတုန္းက ဘုရင္တပါးမွာ သမီးေတာ္ ၇ ေယာက္ ရွိတယ္။ သမီးေတာ္ေတြဟာ ေခ်ာေမာ လွပၾကၿပီး ရွည္လ်ား နက္ေမွာင္တဲ့ ဆံပင္ကိုယ္စီ ပိုင္ဆိုင္ထား ၾကတယ္။ ဒါေၾကာင့္ ဘုရင္က သမီးေတာ္တိုင္းကို လွပတဲ့ ဆံညႇပ္အခု ၁၀၀ ဆီ လက္ေဆာင္ ေပးခဲ့တယ္။

တမနက္မွာ ပဌမသမီးေတာ္ဟာ အိပ္ရာက ထၿပီး ခါတိုင္းလိုပဲ ဆံပင္ေတြကို ၿဖီးသင္ေန ခဲ့တယ္။ အဲဒီလို ၿဖီးသင္ေနတုန္း သူ႔ရဲ႕ ဆံညႇပ္တေခ်ာင္း ေပ်ာက္ေနတာကို သူ သတိထားမိ လိုက္တယ္။ ဒါနဲ႔ ဒုတိယသမီးေတာ္ဆီ ကေန ဆံညႇပ္တေခ်ာင္း သူ တိတ္တိတ္ေလး ခိုးယူလိုက္တယ္။

ဒုတိယသမီးေတာ္ ကလည္း သူ႔ဆံညႇပ္တေခ်ာင္း ေပ်ာက္ေနတာကို သတိထားမိေတာ့ တတိယ သမီးေတာ္ရဲ႕ ဆံညႇပ္တေခ်ာင္းကို ခိုးယူ လိုက္တယ္။ တတိယသမီးေတာ္ ကလည္း သူ႔ဆံညႇပ္တေခ်ာင္း ေပ်ာက္ေနတာကို သတိထားမိေတာ့ စတုတၳသမီးေတာ္ရဲ႕ ဆံညႇပ္တေခ်ာင္းကို ခိုးယူလိုက္တယ္။

စတုတၳသမီးေတာ္က ပၪၥမသမီးေတာ္ရဲ႕ ဆံညႇပ္ကို ခိုးယူတယ္။ ပၪၥမ သမီးေတာ္က ဆဠမသမီးေတာ္ရဲ႕ ဆံညႇပ္ကို ခိုးယူတယ္။ ဆဠမ သမီးေတာ္က သတၱမသမီးေတာ္ရဲ႕ ဆံညႇပ္ကို ခိုးယူတယ္။ အဲဒီလိုနဲ႔ပဲ အငယ္ဆုံး သမီးေတာ္ေလးရဲ႕ ဆံညႇပ္က ၉၉ ခုပဲ ရွိေတာ့တယ္။

ေနာက္တေန႔မွာ အိမ္နီးခ်င္းႏိုင္ငံက မင္းသားတပါးဟာ ဘုရင္ႀကီးဆီ ႐ုတ္တရက္ အလည္ ေရာက္လာခဲ့တယ္။ မင္းသားက "ကြၽန္ေတာ္မ်ိဳး ေမြးထားတဲ့ ခိုတေကာင္ဟာ မေန႔က ဆံညႇပ္တခုကို ကိုက္ခ်ီလာ ခဲ့ပါတယ္။ အရွင္မင္းႀကီးရဲ႕ သမီးေတာ္ေတြရဲ႕ ဆံညႇပ္ ျဖစ္မယ္ထင္လို႔ ကြၽန္ေတာ္မ်ိဳး လာေရာက္ရျခင္း ျဖစ္ပါတယ္။ ဘယ္သမီးေတာ္ရဲ႕ ဆံညႇပ္ေပ်ာက္သြားသလဲ ဘုရား" လို႔ ဘုရင္ႀကီးကို ေလွ်ာက္တင္တယ္။

သမီးေတာ္ေတြက မင္းသားေလးရဲ႕ စကားကို ၾကားေတာ့ သူေပ်ာက္ပါတယ္၊ ငါေပ်ာက္ပါတယ္လို႔ ေျပာခ်င္ေပမယ့္ သူတို႔ဆီမွာက ဆံညႇပ္ အခုတရာဆီ ရွိေနေတာ့ မေျပာႏိုင္ခဲ့ ၾကဘူး။

အဲဒီမွာ အငယ္ဆုံး သမီးေတာ္ေလးက "သမီးေတာ္ရဲ႕ ဆံညႇပ္တေခ်ာင္း ေပ်ာက္သြားပါတယ္" လို႔ ေျပာလိုက္တယ္။ စကားေျပာေျပာ ၿပီးခ်င္း ဆံညႇပ္တေခ်ာင္း ေလ်ာ့ေနတဲ့ သမီးေတာ္ရဲ႕ ဆံႏြယ္ေတြဟာ ျဖည္ေလ်ာက် လာခဲ့တယ္။ မင္းသားေလးဟာ ဆံႏြယ္ေတြနဲ႔ လွပေနတဲ့ သမီးေတာ္ရဲ႕ အလွကို ရင္သပ္ရႈေမာ သြားခဲ့ပါတယ္။

မင္းသားေလးဟာ အငယ္ဆုံးမင္းသမီးေလးကို ခ်စ္ခင္ျမတ္ႏိုးၿပီး ဘုရင္ႀကီးဆီမွာ ေတာင္းရမ္းလိုက္ပါတယ္။ ေနာက္ဆုံးမွာေတာ့ မင္းသားေလးနဲ႔ အငယ္ဆုံးမင္းသမီးေလးဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေပါင္းဖက္ေနထိုင္ သြားၾကပါေတာ့တယ္။

႐ိုးသားျဖဴစင္တဲ့ အငယ္ဆုံး သမီးေတာ္ေလးဟာ မင္းသားေလးနဲ႔ ဆုံဆည္းခဲ့ရသလို၊ ႐ိုးသားျဖဴစင္တဲ့ သူေတြဆီကို အခြင့္အေရးေကာင္းေတြ၊ ကံေကာင္းျခင္းေတြ ေရာက္ရွိလာမွာ မလြဲမေသပါပဲ။

crd 99sanay

Post a Comment

0 Comments