သင့်ဆံပင်တွေ ပြန်ပေါက်လာစေဖို့ တစ်နေ့ကို အချိန် ၁၀ မိနစ်ပဲ လိုပါတယ်

ဆံပင်ပြန်ပေါက်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီ နည်းလမ်းတွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒီနည်းကတော့ လက်သည်းလေးတွေ အချင်းချင်းကို တစ်နေ့ကို ၁၀ မိနစ်ကြာ ပွတ်တိုက်ပေးရမှာပါ။

ဒီနည်းကိုတော့ Balayam Yoga လို့လည်း ခေါ်ပါတယ်။ လက်သည်းအချင်းချင်း ပွတ်တိုက်ပေးတာက ဆံပင်ကို ပြန်ပေါက်စေတဲ့အပြင် ဆံပင်ကျွတ်တာနဲ့ ဗောက်ထတာကိုလည်း သက်သာစေပါတယ်နော်။

တရုတ်အပ်စိုက် နည်းပညာအရ လက်ဖျားထိပ်မှာရှိတဲ့ နာဗ်ကြောလေးတွေက ဦးရေပြားနဲ့ ဆက်စပ်နေပါတယ်။ လက်သည်းလေးတွေ အချင်းချင်း ပွတ်တိုက်တဲ့အခါ ဦးရေပြားက နာဗ်ကြောလေးတွေကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အဲဒီနောက် သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်သန်စွမ်းလာအောင် လှုံ့ဆော်ပေးတာပါ။

သင့်ရဲ့ လက်သည်းလေးတွေကို ပုံမှန် ပွတ်တိုက်ပေးရင် ဆံပင်ကျွတ်တာတွေက ၃ွ ကနေ ၆ လအတွင်း သက်သာသွားပါတယ်။ သွေးလည်ပတ်မှုလည်း အားကောင်းစေတာကြောင့် ဗောက်ထတာနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကိုလည်း လျော့နည်းသွားစေပါတယ်။

လက်သည်းလေးတွေ အချင်းချင်း ပွတ်တိုက်တဲ့အခါ မွေးညင်းပေါက်လေးတွေ ပြန်လည်ရှင်သန်လာဖို့ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ အဲဒါကြောင့် ဆံပင်တွေလည်း ၆ လကနေ ၉ လအတွင်း ပြန်ထွက်လာမှာပါ။

လက်သည်း အချင်းချင်း ပွတ်တိုက်တာက ဘာအကူကိရိယာမှ မလိုတဲ့ ရိုးရှင်းတဲ့ ယောဂနည်းတစ်မျိုးပါ။ ဒါပေမယ့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ ဒီနည်းကို မလုပ်ဖို့ အကြံပေးထားပါတယ်။ ဘာလို့လဲဆိုတော့ သွေးဖိအားတွေ တိုးလာနိုင်လို့ပါ။

လက်သည်းအချင်း ပွတ်တိုက်မယ်ဆိုရင်

- လက်မနှစ်ချောင်းကို အပေါ်ထောင်ထားပါ။

- ပြီးရင် လက်သည်းလေးတွေ အချင်းချင်း သေသေချာချာလေး ပွတ်တိုက်ပေးပါ။

- တစ်နေ့ကို ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် အချိန်ပေးရရင် လုံလောက်ပါပြီ။

Zombie (Lovemedia)

for zawgyi

သင့္ဆံပင္ေတြ ျပန္ေပါက္လာေစဖို႔ တစ္ေန႔ကို အခ်ိန္ ၁၀ မိနစ္ပဲ လိုပါတယ္

ဆံပင္ျပန္ေပါက္ေစတဲ့ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ အဲဒီ နည္းလမ္းေတြထဲက စိတ္ဝင္စားစရာ အေကာင္းဆုံးနဲ႔ အလြယ္ကူဆုံး နည္းလမ္းတစ္ခု ရွိပါတယ္။ အဲဒီနည္းကေတာ့ လက္သည္းေလးေတြ အခ်င္းခ်င္းကို တစ္ေန႔ကို ၁၀ မိနစ္ၾကာ ပြတ္တိုက္ေပးရမွာပါ။ ဒီနည္းကိုေတာ့ Balayam Yoga လို႔လည္း ေခၚပါတယ္။ လက္သည္းအခ်င္းခ်င္း ပြတ္တိုက္ေပးတာက ဆံပင္ကို ျပန္ေပါက္ေစတဲ့အျပင္ ဆံပင္ကြၽတ္တာနဲ႔ ေဗာက္ထတာကိုလည္း သက္သာေစပါတယ္ေနာ္။

တ႐ုတ္အပ္စိုက္ နည္းပညာအရ လက္ဖ်ားထိပ္မွာရွိတဲ့ နာဗ္ေၾကာေလးေတြက ဦးေရျပားနဲ႔ ဆက္စပ္ေနပါတယ္။ လက္သည္းေလးေတြ အခ်င္းခ်င္း ပြတ္တိုက္တဲ့အခါ ဦးေရျပားက နာဗ္ေၾကာေလးေတြကို အက်ိဳးသက္ေရာက္မႈ ရွိေစပါတယ္။ အဲဒီေနာက္ ေသြးလည္ပတ္မႈ ေကာင္းေစၿပီး ဆံပင္သန္စြမ္းလာေအာင္ လႈံ႕ေဆာ္ေပးတာပါ။

သင့္ရဲ႕ လက္သည္းေလးေတြကို ပုံမွန္ ပြတ္တိုက္ေပးရင္ ဆံပင္ကြၽတ္တာေတြက ၃ြ ကေန ၆ လအတြင္း သက္သာသြားပါတယ္။ ေသြးလည္ပတ္မႈလည္း အားေကာင္းေစတာေၾကာင့္ ေဗာက္ထတာနဲ႔ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာကိုလည္း ေလ်ာ့နည္းသြားေစပါတယ္။

လက္သည္းေလးေတြ အခ်င္းခ်င္း ပြတ္တိုက္တဲ့အခါ ေမြးညင္းေပါက္ေလးေတြ ျပန္လည္ရွင္သန္လာဖို႔ ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးပါတယ္။ အဲဒါေၾကာင့္ ဆံပင္ေတြလည္း ၆ လကေန ၉ လအတြင္း ျပန္ထြက္လာမွာပါ။

လက္သည္း အခ်င္းခ်င္း ပြတ္တိုက္တာက ဘာအကူကိရိယာမွ မလိုတဲ့ ႐ိုးရွင္းတဲ့ ေယာဂနည္းတစ္မ်ိဳးပါ။ ဒါေပမယ့္ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြကိုေတာ့ ဒီနည္းကို မလုပ္ဖို႔ အႀကံေပးထားပါတယ္။ ဘာလို႔လဲဆိုေတာ့ ေသြးဖိအားေတြ တိုးလာႏိုင္လို႔ပါ။

လက္သည္းအခ်င္း ပြတ္တိုက္မယ္ဆိုရင္

- လက္မႏွစ္ေခ်ာင္းကို အေပၚေထာင္ထားပါ။

- ၿပီးရင္ လက္သည္းေလးေတြ အခ်င္းခ်င္း ေသေသခ်ာခ်ာေလး ပြတ္တိုက္ေပးပါ။

- တစ္ေန႔ကို ၅ မိနစ္ကေန ၁၀ မိနစ္ခန႔္ အခ်ိန္ေပးရရင္ လုံေလာက္ပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments