လောဘကြီးသော ခြင်္သေ့

တခါတုန်းက ခြင်္သေ့ တကောင်က ဆာလောင်စွာနဲ့ တောထဲ လှည့်ပတ် အစာရှာပါတယ်။ အဲဒီ အချိန်မှာပဲ ယုန်အသေးလေး တကောင်ကို တွေ့ပြီး ဖမ်းလိုက် ပါတယ်။

ခြင်္သေ့ဟာ ယုန်ကို လက်ထဲ ဖမ်းဆုပ် ထားရင်းနဲ့ စဉ်းစားလိုက် ပါတယ်။ ဒီယုန်လောက် နဲ့တော့ ငါ့ဗိုက်က ဝ မှာ မဟုတ်ဘူးလို့ တွေးနေတုန်းမှာပဲ သမင်တကောင်ဟာ ခြင်္သေ့ ရှေ့ကနေ ဖြတ်ပြေး သွားပါတယ်။

သမင်ကို မြင်တဲ့အခါ ခြင်္သေ့က တွေးလိုက် ပြန်ပါတယ်။ ယုန်ကို စားမယ့် အစား သမင်ကိုသာ မိအောင် ဖမ်းပြီး စားလိုက်တာက ဗိုက်ပြည့်မှာ လို့ လောဘတကြီးနဲ့ တွေးရင်း လက်ထဲက ယုန်ကိုလည်း လွှတ်ပေး လိုက်ပါတယ်။

ဒါပေမယ့် ခြင်္သေ့ဟာ သမင်နောက်ကို အမြန် လိုက်ပေမယ့် သမင်ကိုလည်း မတွေ့ရတော့ ပြန်ပါဘူး။ လောဘကြီးတဲ့ ခြင်္သေ့ဟာ ယုန်လည်း မစားရ၊ သမင်လည်း ဖမ်းမမိနဲ့ အဲ့ဒီ့နေ့အဖို့ အစာ ငတ်ရ ပါတော့တယ်။

ပုံပြင်လေးကပေးတဲ့ သင်ခန်းစာ ကတော့ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ငှက်တကောင်က ချုံပုတ်ထဲမှာ ရှိနေတဲ့ ငှက် ၂ ကောင်ထက် ပိုတန်ဖိုး ရှိပါတယ်။

ဒါ့ကြောင့် ကိုယ့်လက်ထဲမှာ ရှိနေတဲ့ အခွင့်အရေးဟာ ကိုယ်မရနိုင်သေးတဲ့ အခွင့်အရေးထက် ပိုတန်ဖိုးရှိလို့ တန်ဖိုးထားပါ လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

crd

Zawgyi

ေလာဘႀကီးေသာ ျခေသၤ့

တခါတုန္းက ျခေသၤ့ တေကာင္က ဆာေလာင္စြာနဲ႔ ေတာထဲ လွည့္ပတ္ အစာရွာပါတယ္။ အဲဒီ အခ်ိန္မွာပဲ ယုန္အေသးေလး တေကာင္ကို ေတြ႕ၿပီး ဖမ္းလိုက္ ပါတယ္။

ျခေသၤ့ဟာ ယုန္ကို လက္ထဲ ဖမ္းဆုပ္ ထားရင္းနဲ႔ စဥ္းစားလိုက္ ပါတယ္။ ဒီယုန္ေလာက္ နဲ႔ေတာ့ ငါ့ဗိုက္က ဝ မွာ မဟုတ္ဘူးလို႔ ေတြးေနတုန္းမွာပဲ သမင္တေကာင္ဟာ ျခေသၤ့ ေရွ႕ကေန ျဖတ္ေျပး သြားပါတယ္။

သမင္ကို ျမင္တဲ့အခါ ျခေသၤ့က ေတြးလိုက္ ျပန္ပါတယ္။ ယုန္ကို စားမယ့္ အစား သမင္ကိုသာ မိေအာင္ ဖမ္းၿပီး စားလိုက္တာက ဗိုက္ျပည့္မွာ လို႔ ေလာဘတႀကီးနဲ႔ ေတြးရင္း လက္ထဲက ယုန္ကိုလည္း လႊတ္ေပး လိုက္ပါတယ္။

ဒါေပမယ့္ ျခေသၤ့ဟာ သမင္ေနာက္ကို အျမန္ လိုက္ေပမယ့္ သမင္ကိုလည္း မေတြ႕ရေတာ့ ျပန္ပါဘူး။ ေလာဘႀကီးတဲ့ ျခေသၤ့ဟာ ယုန္လည္း မစားရ၊ သမင္လည္း ဖမ္းမမိနဲ႔ အဲ့ဒီ့ေန႔အဖို႔ အစာ ငတ္ရ ပါေတာ့တယ္။

ပုံျပင္ေလးကေပးတဲ့ သင္ခန္းစာ ကေတာ့ ကိုယ့္လက္ထဲမွာ ရွိေနတဲ့ ငွက္တေကာင္က ခ်ဳံပုတ္ထဲမွာ ရွိေနတဲ့ ငွက္ ၂ ေကာင္ထက္ ပိုတန္ဖိုး ရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္လက္ထဲမွာ ရွိေနတဲ့ အခြင့္အေရးဟာ ကိုယ္မရႏိုင္ေသးတဲ့ အခြင့္အေရးထက္ ပိုတန္ဖိုးရွိလို႔ တန္ဖိုးထားပါ လို႔ ေျပာခ်င္တာပဲ ျဖစ္ပါတယ္။

crd

Post a Comment

0 Comments