တခါတုန်းက ခွေးတကောင်ဟာ အိမ်တအိမ်ကနေ အရိုးတခုကို ခိုးပြီး ထွက်ပြေးလာ ခဲ့တယ်။ သူဟာ စမ်းချောင်း တခုကို ရောက်တော့ စမ်းချောင်း အပေါ်မှာ ခင်းထားတဲ့ သစ်သား တံတားပေါ် ပြေးတက်လာ ခဲ့တယ်။
တံတား အလယ်ကို ရောက်ပြီး ရေထဲကို ငုံ့ကြည့် လိုက်တော့ ကြည်လင်နေတဲ့ ရေထဲမှာ အရိုးတခုကို ချီလာတဲ့ ခွေးတကောင်ကို သူ တွေ့လိုက်တယ်။ ချီထားတဲ့ အရိုးကလည်း သူ့ အရိုးထက် ကြီးသလိုလို ပဲ။
အမှန်တော့ အဲ့ဒီခွေးဟာ ရေထဲမှာ ပြန်မြင်ရတဲ့ သူ့ရဲ့ အရိပ်ပဲ ဆိုတာကို မသိရှာဘူး။ အဲ့ဒီ ရေထဲကခွေး ကိုက်ထားတဲ့ အရိုးကို လုယူဖို့ မျှော်လင့်ချက်နဲ့ သူဟာ ရေထဲကို ထိုးဟပ် လိုက်တယ်။
သူ ထိုးဟပ်ဖို့ ပါးစပ် ဟ လိုက်တဲ့ အချိန်မှာ သူချီလာတဲ့ အရိုးက ရေထဲကို "ဗွမ်း" ခနဲ ပြုတ်ကျ သွား ပါလေရော။ အရိုးဟာ စမ်းချောင်း အောက်ခြေထိ တဖြည်းဖြည်း နစ်မြုပ် သွားခဲ့ ပါတယ်။
လောဘကြီးပြီး မိုက်မဲတဲ့ ခွေးဟာ သူခိုးလာခဲ့တဲ့ အရိုး မဆုံးရှုံးခဲ့ရင် ကောင်းမှာပဲ လို့ စဉ်းစားရင်း အလွန် ဝမ်းနည်းစွာနဲ့ ထွက်ခွာ သွားရရှာ ပါတော့တယ်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ခိုးထားတဲ့ အရိုးနဲ့ မကျေနပ်နိုင်ပဲ နောက်အရိုး ထပ်လုချင်ရင် ခိုးထားတဲ့ အရိုးပါ ငတ်တတ်တယ်။
crd
Zawgyi
လောဘကြီးတဲ့ ခွေး
crd