တခါတုန်းက ရွာတရွာမှာ ဆင်းရဲသား လင်မယား ရှိတယ်။ တနေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှ ထဲက တန်ဖိုးအရှိဆုံး ဖြစ်တဲ့ မြင်းကို ရောင်းပြီး လိုအပ်တာတွေ ဝယ်ဖို့ ဆုံးဖြတ်လိုက် ကြတယ်။

ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကို ကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။

အဘိုးအိုက ပစ္စည်းတခုကနေ တခု လဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲ ဖြစ်တယ်။ အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင် တဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။

အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေ အကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံး အ တယ် ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ် ဆိုတဲ့ အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။

အဲဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ ယောက်သား အဘိုးအို အိမ်ကို ရောက်လာခဲ့ ကြတယ်။

အဘိုးအို ပြန်လာတာတွေ့တော့ အဘွားအိုက ဝမ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေ စေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။

ပစ္စည်းတခုကနေ နောက်တခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ "ဟာ ကျုပ်တို့ နွားနို့ သောက်ရပြီပေါ့" "အင်း ဆိတ်နို့လည်း မဆိုးပါဘူး" "အော် ဘဲငန်းမွေးတွေက သိပ်လှတာ" "အင်း ကျုပ်တို့ ကြက်ဥ စားရပြီပေါ့" စတာတွေ ပြောတယ် ။

နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကို ပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ "အင်း ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။ ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာ မလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်လေးက ရိုးရိုးလေးပါပဲ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး။ စာရေးဆရာက တုံး အ တဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ ဝေဖန်ထား တာလား၊ ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထား တာလားလို့ တွေးခဲ့မိတယ်။

တကယ်တော့ ပုံပြင်က အိမ်ထောင်တခုမှာ အခြေခံ ဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ် သည်းခံခြင်း၊ လေးစား ယုံကြည်ခြင်းကို ပြချင်တာပဲ ဖြစ်တယ်။ အချစ်ဆိုတာ အနုပညာတမျိုး၊ ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့။

ပြင်ပလောကမှာ အဘိုးအိုလို တုံး အ တဲ့ အပြုအမှုမျိုးက တကယ် မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည် ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့ အတွက် အကောင်းဆုံးနည်းတွေ ဖြစ်တယ်။ တယောက်ရဲ့ အမှားကို တယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ် ဆိုရင် အိမ်ထောင်ရေးဟာ အတိုင်း လှပနေနိုင် ပါလိမ့်မယ်။

crd

Zawgyi

တုံးအတဲ့ အဘိုးအို

တခါတုန္းက ႐ြာတ႐ြာမွာ ဆင္းရဲသား လင္မယား ရွိတယ္။ တေန႔ေတာ့ သူတို႔ဟာ ပိုင္ဆိုင္သမွ် ထဲက တန္ဖိုးအရွိဆုံး ျဖစ္တဲ့ ျမင္းကို ေရာင္းၿပီး လိုအပ္တာေတြ ဝယ္ဖို႔ ဆုံးျဖတ္လိုက္ ၾကတယ္။

ဒီလိုနဲ႔ အဘိုးအိုက ေဈးထဲမွာ ျမင္းကို ႏြားတေကာင္နဲ႔ လဲလိုက္တယ္။ ခဏေနေတာ့ အဘိုးအိုက ႏြားကို ဆိတ္နဲ႔ လဲလိုက္ျပန္တယ္။ ဆိတ္ကို ငန္းနဲ႔ ငန္းကို ၾကက္နဲ႔ ၾကက္ကို ပန္းသီးေတြနဲ႔ လဲလိုက္ျပန္တယ္။

အဘိုးအိုက ပစၥည္းတခုကေန တခု လဲေနရျခင္း အေၾကာင္းရင္းက အဘြားအိုကို အံၾသမႈေတြ ေပးခ်င္လို႔ပဲ ျဖစ္တယ္။ အဘိုးအိုဟာ လဲလို႔ရတဲ့ ပန္းသီးေတြကို ထမ္းၿပီး အိမ္အျပန္လမ္းက အရက္ဆိုင္ တဆိုင္မွာ နားေနတုန္း အဂၤလိပ္ႏွစ္ေယာက္နဲ႔ ဆုံခဲ့တယ္။

အလာပ သလာပေတြ ေျပာရင္း သူလဲခဲ့တဲ့ ပစၥည္းေတြ အေၾကာင္း ေျပာျပေတာ့ အဂၤလိပ္ေတြက အဘိုးအိုကို တုံး အ တယ္ ဆိုၿပီး ရီၾကတယ္။ အိမ္ျပန္ေရာက္ရင္ အဘြားအိုရဲ႕ အဆူခံရမယ္ ဆိုတဲ့ အေၾကာင္းကို ေျပာေတာ့ အဘိုးအိုက အဆူခံရမွာ မဟုတ္ေၾကာင္း ျငင္းပါတယ္။

အဲဒါကို အဂၤလိပ္ႏွစ္ေယာက္က တကယ္လို႔ အဘြားအိုရဲ႕ အဆူကို မခံရရင္ သူတို႔မွာပါတဲ့ ေငြေတြေပးခဲ့မယ္ ဆိုတဲ့အေၾကာင္း ေလာင္းၾကေတာ့တယ္။ ဒီလိုနဲ႔ ၃ ေယာက္သား အဘိုးအို အိမ္ကို ေရာက္လာခဲ့ ၾကတယ္။

အဘိုးအို ျပန္လာတာေတြ႕ေတာ့ အဘြားအိုက ဝမ္းသာအားရ ထြက္ႀကိဳၿပီး အဘိုးအို ေခြၽးသုတ္ဖို႔ ပုဝါကမ္းေပး၊ ေရကမ္းေပးနဲ႔ အဘိုးအိုကို အေမာေျဖ ေစတယ္။ ၿပီးမွ အဘိုးအို ေျပာျပတဲ့ အျဖစ္ေတြကို စိတ္ဝင္တစား နားေထာင္တယ္။

ပစၥည္းတခုကေန ေနာက္တခု လဲေျပာင္းပုံကို အဘိုးအို ေျပာျပတဲ့အခ်ိန္မွာ အဘြားအိုက ဝမ္းသာအားရနဲ႔ "ဟာ က်ဳပ္တို႔ ႏြားႏို႔ ေသာက္ရၿပီေပါ့" "အင္း ဆိတ္ႏို႔လည္း မဆိုးပါဘူး" "ေအာ္ ဘဲငန္းေမြးေတြက သိပ္လွတာ" "အင္း က်ဳပ္တို႔ ၾကက္ဥ စားရၿပီေပါ့" စတာေတြ ေျပာတယ္ ။

ေနာက္ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန္းသီးကို ျပေတာ့ အဘြားအိုက စိတ္ပ်က္သြားပုံ မျပဘဲ "အင္း ဒီည က်ဳပ္တို႔ ပန္းသီးကိတ္ လုပ္စားၾကတာေပါ့" လို႔ ေျပာၿပီး အဘိုးအိုကို အားရပါးရ နမ္းလိုက္ေတာ့တယ္။ ပုံျပင္ရဲ႕ ေနာက္ဆုံးက ေျပာစရာ မလိုေတာ့ပါဘူး။ အဂၤလိပ္ႏွစ္ေယာက္ ပါသမွ်ေငြေတြ ေပးခဲ့ရတယ္။

ပုံျပင္ေလးက ႐ိုး႐ိုးေလးပါပဲ။ ပုံျပင္ကို ဖတ္စက သူ႔ရဲ႕ဆိုလိုရင္းကို နားမလည္ခဲ့ပါဘူး။ စာေရးဆရာက တုံး အ တဲ့ ဆင္းရဲသား လင္မယားကို ကဲ့ရဲ႕ ေဝဖန္ထား တာလား၊ ဒါမွမဟုတ္ ေလာင္းေၾကးေငြေတြ အႏိုင္ရေအာင္ ဇာတ္တိုက္ထား တာလားလို႔ ေတြးခဲ့မိတယ္။

တကယ္ေတာ့ ပုံျပင္က အိမ္ေထာင္တခုမွာ အေျခခံ ျဖစ္တဲ့ လင္မယားႏွစ္ေယာက္ရဲ႕ ခြင့္လြတ္ သည္းခံျခင္း၊ ေလးစား ယုံၾကည္ျခင္းကို ျပခ်င္တာပဲ ျဖစ္တယ္။ အခ်စ္ဆိုတာ အႏုပညာတမ်ိဳး၊ ခြင့္လြတ္ျခင္းက အခ်စ္ရဲ႕ ေက်ာ႐ိုးတဲ့။

ျပင္ပေလာကမွာ အဘိုးအိုလို တုံး အ တဲ့ အျပဳအမႈမ်ိဳးက တကယ္ မရွိႏိုင္ပါဘူး။ လင္မယားႏွစ္ေယာက္ရဲ႕ ခ်စ္ခင္မႈ၊ နားလည္ ခြင့္လြတ္မႈေတြက အိမ္ေထာင္တည္ၿမဲဖို႔ အတြက္ အေကာင္းဆုံးနည္းေတြ ျဖစ္တယ္။ တေယာက္ရဲ႕ အမွားကို တေယာက္က နားလည္ေပးမယ္၊ အျပစ္မျမင္ဘူး ခြင့္လြတ္သည္းခံမယ္ ဆိုရင္ အိမ္ေထာင္ေရးဟာ အတိုင္း လွပေနႏိုင္ ပါလိမ့္မယ္။

crd