ဉာဏ်ကောင်းသော အဘွားအို

တခါတုန်းက ရွာလေးတရွာမှာ အဘိုးအိုနဲ့ အဘွားအို လင်မယားနှစ်ယောက် ရှိတယ်။ သူတို့မှာ သားသမီးလည်း မရှိရှာဘူး။ တနေ့တော့ အဘိုးအိုက အသည်းအသန် ဖြစ်ပြီး သေဆုံးခါနီးမှာ အဘွားအိုကို မှာတယ်။

"ငါ အရင်က ဘာကုသိုလ် ဘာကောင်းမှုမှ လုပ်ခဲ့ဖူးတာ မရှိဘူး။ ငါသေသွားရင် ဘဝကူး ကောင်းအောင် အိမ်က နွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှု လုပ်ပေးပါ။ တဝက် ကိုတော့ ငါမရှိချိန် နင် လုပ်ကိုင်စားဖို့ ယူပေါ့"

အဘွားအိုလည်း စိတ်မကောင်းစွာ မျက်ရည်စက်လက်နဲ့ ပြောတဲ့ အတိုင်း လုပ်ပါမယ် လို့ ကတိပေးလိုက်တယ်။ ဒီလိုနဲ့ အဘိုးအို သေဆုံးသွားပြီး ၂ ရက်လောက် နေတော့ အဘွားအိုက အဘိုးအို မှာခဲ့တာကို ပြန်တွေးပြီး ကပ်စေးနည်းစိတ် ဝင်လာတယ်။

ဒီနွားလေး တကောင် ရှိလို့ ငှားစား နေရတာကို ရောင်းပြီး တဝက်ကို လှူလိုက်ရမယ် ဆိုတော့ ငါ့မှာလည်း လုပ်စားစရာက မရှိတော့။ ဒုက္ခပဲ။ ဒါပေမယ့် အဘိုးအိုကို ပေးခဲ့တဲ့ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ ဘယ်လို လုပ်ရမလဲ အကြံထုတ်နေ သတဲ့။

နောက်တော့ အကြံရသွားပြီး အိမ်ရှေ့မှာ ဆိုင်းဘုတ်တခု ကောက်ရေးပြီး ထောင်ထားလိုက်တယ်။ နွားတကောင် ရောင်းမည် ၂၀၀၀ ကျပ်၊ ကြက်တကောင် ရောင်းမည် ၂၀၀၀၀၀ ကျပ်။ မှတ်ချက် အတွဲလိုက်သာ ရောင်းမည်။ လုံးဝ လုံးဝ ခွဲမရောင်းပါ။

သူ သတ်မှတ်ထားတဲ့ ဈေးက ပြောင်ပြန်ကြီးမို့ ဖတ်မိကြတဲ့ လူတွေ ရယ်ကြတယ်။ ဒါပေမယ့် အဲဒါကို ဖတ်မိပြီး ဈေးကို သဘောကျတဲ့ လူတယောက်က ဈေးမစစ်ပဲ အတွဲလိုက်ပဲ ဝယ်သွားပါတယ်။

အဲဒီတော့မှ အဘွားကြီးက အဘိုးကြီးရဲ့ ရက်လည်မှာ နွားရောင်းရငွေ ၂၀၀၀ ကျပ်ထဲက တဝက်ကို ခွဲ၊ ၁၀၀၀ ဖိုး ဆန်ပြုတ် ပြုတ်ပြီး ဘုန်းကြီးကို ကပ်လိုက်တယ်။

ကြက်ရောင်းရငွေ ၂၀၀၀၀၀ ကိုတော့ နွားလေးတကောင် ပြန်ဝယ်ပြီး အရင်အတိုင်းပဲ လုပ်ကိုင် စားနေပါတယ်။ သူမ ကတိ မပျက်ခဲ့ ဘူးလေ။

မိန်းမ ဆိုတဲ့ အမျိုးက ခေတ်အဆက်ဆက် ကတည်းက ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ အမျိုးဆိုတာ လက်ခံသွားပြီမလား။

crd


Zawgyi

ဉာဏ္ေကာင္းေသာ အဘြားအို

တခါတုန္းက ႐ြာေလးတ႐ြာမွာ အဘိုးအိုနဲ႔ အဘြားအို လင္မယားႏွစ္ေယာက္ ရွိတယ္။ သူတို႔မွာ သားသမီးလည္း မရွိရွာဘူး။ တေန႔ေတာ့ အဘိုးအိုက အသည္းအသန္ ျဖစ္ၿပီး ေသဆုံးခါနီးမွာ အဘြားအိုကို မွာတယ္။

"ငါ အရင္က ဘာကုသိုလ္ ဘာေကာင္းမႈမွ လုပ္ခဲ့ဖူးတာ မရွိဘူး။ ငါေသသြားရင္ ဘဝကူး ေကာင္းေအာင္ အိမ္က ႏြားေလးကို ေရာင္းၿပီး တဝက္ကို ငါ့အတြက္ ရည္စူးၿပီး ကုသိုလ္ ေကာင္းမႈ လုပ္ေပးပါ။ တဝက္ ကိုေတာ့ ငါမရွိခ်ိန္ နင္ လုပ္ကိုင္စားဖို႔ ယူေပါ့"

အဘြားအိုလည္း စိတ္မေကာင္းစြာ မ်က္ရည္စက္လက္နဲ႔ ေျပာတဲ့ အတိုင္း လုပ္ပါမယ္ လို႔ ကတိေပးလိုက္တယ္။ ဒီလိုနဲ႔ အဘိုးအို ေသဆုံးသြားၿပီး ၂ ရက္ေလာက္ ေနေတာ့ အဘြားအိုက အဘိုးအို မွာခဲ့တာကို ျပန္ေတြးၿပီး ကပ္ေစးနည္းစိတ္ ဝင္လာတယ္။

ဒီႏြားေလး တေကာင္ ရွိလို႔ ငွားစား ေနရတာကို ေရာင္းၿပီး တဝက္ကို လႉလိုက္ရမယ္ ဆိုေတာ့ ငါ့မွာလည္း လုပ္စားစရာက မရွိေတာ့။ ဒုကၡပဲ။ ဒါေပမယ့္ အဘိုးအိုကို ေပးခဲ့တဲ့ ကတိကိုလည္း မဖ်က္ခ်င္ဘူး။ ဒါနဲ႔ ဘယ္လို လုပ္ရမလဲ အႀကံထုတ္ေန သတဲ့။

ေနာက္ေတာ့ အႀကံရသြားၿပီး အိမ္ေရွ႕မွာ ဆိုင္းဘုတ္တခု ေကာက္ေရးၿပီး ေထာင္ထားလိုက္တယ္။ ႏြားတေကာင္ ေရာင္းမည္ ၂၀၀၀ က်ပ္၊ ၾကက္တေကာင္ ေရာင္းမည္ ၂၀၀၀၀၀ က်ပ္။ မွတ္ခ်က္ အတြဲလိုက္သာ ေရာင္းမည္။ လုံးဝ လုံးဝ ခြဲမေရာင္းပါ။

သူ သတ္မွတ္ထားတဲ့ ေဈးက ေျပာင္ျပန္ႀကီးမို႔ ဖတ္မိၾကတဲ့ လူေတြ ရယ္ၾကတယ္။ ဒါေပမယ့္ အဲဒါကို ဖတ္မိၿပီး ေဈးကို သေဘာက်တဲ့ လူတေယာက္က ေဈးမစစ္ပဲ အတြဲလိုက္ပဲ ဝယ္သြားပါတယ္။

အဲဒီေတာ့မွ အဘြားႀကီးက အဘိုးႀကီးရဲ႕ ရက္လည္မွာ ႏြားေရာင္းရေငြ ၂၀၀၀ က်ပ္ထဲက တဝက္ကို ခြဲ၊ ၁၀၀၀ ဖိုး ဆန္ျပဳတ္ ျပဳတ္ၿပီး ဘုန္းႀကီးကို ကပ္လိုက္တယ္။ ၾကက္ေရာင္းရေငြ ၂၀၀၀၀၀ ကိုေတာ့ ႏြားေလးတေကာင္ ျပန္ဝယ္ၿပီး အရင္အတိုင္းပဲ လုပ္ကိုင္ စားေနပါတယ္။

သူမ ကတိ မပ်က္ခဲ့ ဘူးေလ။

မိန္းမ ဆိုတဲ့ အမ်ိဳးက ေခတ္အဆက္ဆက္ ကတည္းက ထက္ျမက္ၿပီး ဉာဏ္ေကာင္းတဲ့ အမ်ိဳးဆိုတာ လက္ခံသြားၿပီမလား။

crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတတ်သူ နည်းတဲ့ခေတ်ဆိုးကြီးမှာ စာကို မှန်အောင်ရေးတယ်။ ကွန်ဂရက်ကျူလေးရှင်း။ အဆုံးစကားစုက (မဟုတ်လား) လို့ ရေးတာက ပိုပြီး သင့်မှန်ပါမယ်။

    ReplyDelete