ဇွဲစိတ်ဓာတ်

တခါတုန်းက အလုပ်ရှင်တယောက်သည် လူငယ် အလုပ်သမားတဦး အလိုရှိကြောင်း ကြော်ငြာသည့်အခါ ယောက်ျားလေး ၃၀ ခန့် အလုပ် လျှောက်ကြသည်။

သူက ဘောလုံးတလုံးနှင့် ဘောလုံးပေါက်ရန် စက်ကွင်းတခု စီစဉ်ထားပြီး အလုပ်လျှောက်သူ အားလုံး တယောက်လျှင် ၇ ချက်စီ ပစ်ပေါက်စေသည်။

စက်ကွင်း အလယ်ဗဟိုကို အများဆုံး ထိမှန်သူအား ရွေးချယ်ရန် ရည်ရွယ်ထားရာ မည်သူ တဦးတယောက်မျှ တချက်တလေ မထိမှန်သည့်အခါ သူ ရွေးချယ်၍ မရ ဖြစ်သွားသည်။

"ကဲ မနက်ဖြန် ပြန်လာပြီး ပေါက်ကြဦးပေါ့ကွာ" ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။ နောက်နေ့တွင် သည်လူစုထဲမှ ခပ်ငယ်ငယ်ကောင်လေး တယောက်သာ ပြန်ရောက်လာသည်။

သူ့အား ပထမနေ့က အတိုင်း ဘောလုံး ပေါက်ခိုင်းသည့် အခါ၌ စက်ကွင်း အလယ်ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။

"ဟ၊ တယ်ဟုတ်ပါလားကွ၊ ဘယ်လိုဖြစ်သွားတာလဲ" အလုပ်ရှင်က အံ့သြစွာ မေးသည့်အခါ "ကျနော်က အမေ့ကို မဖြစ်မနေ ကူညီရမှာ ဆိုတော့ ဒီအလုပ်ကို သိပ်လိုချင်ပါတယ်။ ဒါ့ကြောင့် ညက ကျနော် အိမ်ဘေး အဖီထဲမှာ တညလုံး ဘောလုံးပေါက် လေ့ကျင့်ပါတယ်"

ကောင်လေးအကြောင်းက ဒီလောက်ဆို လုံလောက်ပါပြီ။ ဒီလိုစိတ်ဓာတ်မျိုး ရှိသည့် လူငယ်တယောက်သည် အလုပ်မရမှာ ပူစရာ မလိုပါ။ ရာထူး မတိုးမှာလည်း စိုးရိမ်စရာ မရှိပါ။

ဒီစိတ်ဓါတ်ကိုသာ ဆက်လက် မွေးမြူထားမည်ဆိုက မုဆိုးမ မိခင်နှင့် ကြီးပြင်းခဲ့ရသည် ဖြစ်စေ၊ ကျောင်းပညာ အခြေခံ နည်းပါးခဲ့သည် ဖြစ်စေ ညှိုးငယ် တိမ်မြုပ်နေစရာ အကြောင်းမရှိပါ။

တပန်းရှုံးသော မူလ အနေအထားမှ ရုန်းထွက်ကာ တနေ့သော အခါ၌ သူတပါး အံ့သြရလောက်အောင် ထူခြားအောင်မြင်သူများ ဖြစ်လာမှာ မုချဖြစ်သည်။

လူတယောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသည့် အရာက ကိုယ်ဘာအလိုရှိသလဲ၊ ဘာဖြစ်ချင်သလဲ၊ အဲဒီ့အတွက် ဘာလုပ်ရမလဲ၊ ဘယ်လို အရည်အချင်းတွေ ရှိဖို့ လိုအပ်သလဲ ဆိုတာ ရှင်းလင်း ပြတ်သားစွာ သိဖို့နဲ့ လိုအပ်သမျှကို ဖြည့်ဆည်းမည် ဆိုသော စိတ်၊ ဇွဲ ရှိဖို့ပဲ လိုအပ်ပါတယ်။

Crd Origin

Zawgyi

ဇြဲစိတ္ဓာတ္

တခါတုန္းက အလုပ္ရွင္တေယာက္သည္ လူငယ္ အလုပ္သမားတဦး အလိုရွိေၾကာင္း ေၾကာ္ျငာသည့္အခါ ေယာက္်ားေလး ၃၀ ခန႔္ အလုပ္ေလွ်ာက္ၾကသည္။

သူက ေဘာလုံးတလုံးႏွင့္ ေဘာလုံးေပါက္ရန္ စက္ကြင္းတခု စီစဥ္ထားၿပီး အလုပ္ေလွ်ာက္သူ အားလုံး တေယာက္လွ်င္ ၇ ခ်က္စီ ပစ္ေပါက္ေစသည္။ စက္ကြင္း အလယ္ဗဟိုကို အမ်ားဆုံး ထိမွန္သူအား ေ႐ြးခ်ယ္ရန္ ရည္႐ြယ္ထားရာ မည္သူ တဦးတေယာက္မွ် တခ်က္တေလ မထိမွန္သည့္အခါ သူ ေ႐ြးခ်ယ္၍ မရ ျဖစ္သြားသည္။

"ကဲ မနက္ျဖန္ ျပန္လာၿပီး ေပါက္ၾကဦးေပါ့ကြာ" ဟု သူေျပာၿပီး လူငယ္မ်ားအား ျပန္ခိုင္းလိုက္သည္။ ေနာက္ေန႔တြင္ သည္လူစုထဲမွ ခပ္ငယ္ငယ္ေကာင္ေလး တေယာက္သာ ျပန္ေရာက္လာသည္။ သူ႔အား ပထမေန႔က အတိုင္း ေဘာလုံး ေပါက္ခိုင္းသည့္ အခါ၌ စက္ကြင္း အလယ္ဗဟိုကို အႀကိမ္ႀကိမ္ ထိမွန္တာ ေတြ႕ရသည္။

"ဟ တယ္ဟုတ္ပါလားကြ၊ ဘယ္လိုျဖစ္သြားတာလဲ" အလုပ္ရွင္က အံ့ၾသစြာ ေမးသည့္အခါ "က်ေနာ္က အေမ့ကို မျဖစ္မေန ကူညီရမွာ ဆိုေတာ့ ဒီအလုပ္ကို သိပ္လိုခ်င္ပါတယ္။ ဒါ့ေၾကာင့္ ညက က်ေနာ္ အိမ္ေဘး အဖီထဲမွာ တညလုံး ေဘာလုံးေပါက္ ေလ့က်င့္ပါတယ္"

ေကာင္ေလးအေၾကာင္းက ဒီေလာက္ဆို လုံေလာက္ပါၿပီ။

ဒီလိုစိတ္ဓာတ္မ်ိဳး ရွိသည့္ လူငယ္တေယာက္သည္ အလုပ္မရမွာ ပူစရာ မလိုပါ။ ရာထူး မတိုးမွာလည္း စိုးရိမ္စရာ မရွိပါ။ ဒီစိတ္ဓါတ္ကိုသာ ဆက္လက္ ေမြးျမဴထားမည္ဆိုက မုဆိုးမ မိခင္ႏွင့္ ႀကီးျပင္းခဲ့ရသည္ ျဖစ္ေစ၊ ေက်ာင္းပညာ အေျခခံ နည္းပါးခဲ့သည္ ျဖစ္ေစ ညႇိဳးငယ္ တိမ္ျမဳပ္ေနစရာ အေၾကာင္းမရွိပါ။

တပန္းရႈံးေသာ မူလ အေနအထားမွ ႐ုန္းထြက္ကာ တေန႔ေသာ အခါ၌ သူတပါး အံ့ၾသရေလာက္ေအာင္ ထူျခားေအာင္ျမင္သူမ်ား ျဖစ္လာမွာ မုခ်ျဖစ္သည္။ လူတေယာက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔တြင္ အေရးႀကီးသည့္အရာက ကိုယ္ဘာအလိုရွိသလဲ၊ ဘာျဖစ္ခ်င္သလဲ၊ အဲဒီ့အတြက္ ဘာလုပ္ရမလဲ၊ ဘယ္လို အရည္အခ်င္းေတြ ရွိဖို႔ လိုအပ္သလဲ ဆိုတာ ရွင္းလင္း ျပတ္သားစြာ သိဖို႔နဲ႔ လိုအပ္သမွ်ကို ျဖည့္ဆည္းမည္ ဆိုေသာ စိတ္၊ ဇြဲ ရွိဖို႔ပဲ လိုအပ္ပါတယ္။

Crd Origin

Post a Comment

0 Comments