ဘုရားသခင် ရောင်းပါသလား

တခါတုန်းက ကောင်လေးတယောက်ဟာ ပိုက်ဆံ တဒေါ်လာ ကိုင်ပြီး တဆိုင်ဝင် တဆိုင်ထွက်နဲ့ သူလိုချင်တဲ့ အရာကို မေးနေခဲ့တယ်။ "ဒီဆိုင်မှာ ဘုရားသခင် ရောင်းပါသလား" သူ အဲ့ဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူ ထင်ပြီး ဆိုင်အပြင်ဘက်ကို မောင်းထုတ်လိုက်ကြတယ်။

ဒီလိုနဲ့ နေဝင်မိုးချုပ်ခါနီး အချိန်မှာ ၂၉ ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။ ဆိုင်ပိုင်ရှင်က ဆံပင်တွေ ဖြူဖွေးနေတဲ့ အသက် ၆၀ ကျော် အဘိုးအိုတဦး ဖြစ်တယ်။

ကလေးငယ်ရဲ့ အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။ "ကလေး၊ ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ။ အဘိုးကို ပြောပြနိုင်မလား"

အဘိုးအိုရဲ့ ကြင်နာတဲ့စကားကို ကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်က ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးခဲ့လို ဦးလေးဖြစ်သူနဲ့ နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတဦး ဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံ ရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊ ဆရာဝန်က ဘုရားသခင် သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။

ဘွန်နီက ဘုရားသခင် ဆိုတာ အရမ်းထူးဆန်းတဲ့အရာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေး အသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကို ပြောပြခဲ့တယ်။ အဘိုးအိုက ဂရုဏာသက်စွာနဲ့ ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ လို့ ဘွန်နီကို မေးတယ်။ တဒေါ်လာ ရှိပါတယ်"

"ကလေး၊ ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တဒေါ်လာပဲကွ" အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ Kiss of God တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။ "ယူသွားကလေး၊ မင်းဦးလေး ဒီဘုရားသခင်ကို သောက်ပြီးသွားရင် နေကောင်းသွားလိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာ ပွေ့ပြီး ဆေးရုံကို ပြေးသွားခဲ့တယ်။ လူနာခန်းထဲ ရောက်တာနဲ့ "ဦးဦး ဦးဦး ဘုရားသခင်ကို သားဝယ်ခဲ့ပြီ၊ ဦးမကြာခင် နေကောင်းသွားလိမ့်မယ် လို့ ပြောတယ်။

နောက်တရက်မှာ အထူးကုအဖွဲ့တဖွဲ့ ဆေးရုံကို ရောက်လာခဲ့ပြီး ဘွန်နီဦးလေးကို ဆေးကုပေးခဲ့တယ်။ အဲ့ဒီအဖွဲ့က အကောင်းဆုံး ကုသမှု၊ ခေတ်အမှီဆုံး ကိရိရာတွေနဲ့ ဘွန်နီဦးလေး နေကောင်းသွားတဲ့ အထိ ကုသပေးခဲ့တယ်။ ဆေးရုံက မဆင်းခင် ကြီးမြင့်တဲ့ ကုန်ကျစရိတ်တွေကိုမြင်တော့ ဘွန်နီဦးလေးဟာ ပြန်မေ့မျောသွား မတတ်ပါ။

ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတဦး ရှင်းပေးခဲ့ကြောင်း၊ အဲ့ဒီအဘိုးအိုဟာ သူဌေးသူကြွယ်တဦး ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီတခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစား ယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေး ဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ ကိုလည်း သူပဲ ငှါးရမ်းပေးခဲ့ကြောင်း ပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိပြီး အဘိုးအိုကို သွားရောက် ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့ စာတစောင်ကို သူတို့ လက်ခံရရှိခဲ့တယ်။ စာထဲမှာ..

"အမောင်လူငယ်၊ ခင်ဗျားမှာ ဘွန်နီလို တူတယောက် ရှိတဲ့အတွက် အရမ်း ကံကောင်းပါတယ်။ ခင်များအသက်ကို ကယ်ဖို့ ငွေတဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ။ ခင်များအသက်ကို သူကယ်လိုက်ပါတယ်။

ဒါပေမယ့် ခင်များ မှတ်ထားရမှာက တကယ့်ဘုရားသခင် ဆိုတာ လူတွေရဲ့မေတ္တာစိတ်ပဲ ဖြစ်တယ်" လို့ ရေးထားတယ်။ မေတ္တာအားဖြင့် ငြိမ်းချမ်းကြပါစေ။

crd

Zawgyi

ဘုရားသခင္ ေရာင္းပါသလား

တခါတုန္းက ေကာင္ေလးတေယာက္ဟာ ပိုက္ဆံ တေဒၚလာ ကိုင္ၿပီး တဆိုင္ဝင္ တဆိုင္ထြက္နဲ႔ သူလိုခ်င္တဲ့ အရာကို ေမးေနခဲ့တယ္။ "ဒီဆိုင္မွာ ဘုရားသခင္ ေရာင္းပါသလား" သူ အဲ့ဒီလို သူေမးလိုက္တိုင္း ဆိုင္ရွင္ေတြက သူ႔ကိုေနာက္ေျပာင္သူ၊ က်ပ္မျပည့္သူ ထင္ၿပီး ဆိုင္အျပင္ဘက္ကို ေမာင္းထုတ္လိုက္ၾကတယ္။

ဒီလိုနဲ႔ ေနဝင္မိုးခ်ဳပ္ခါနီး အခ်ိန္မွာ ၂၉ ဆိုင္ေျမာက္ ဆိုင္ပိုင္ရွင္က သူ႔ကို ေႏြးေႏြးေထြးေထြး ႀကိဳဆိုခဲ့တယ္။ ဆိုင္ပိုင္ရွင္က ဆံပင္ေတြ ျဖဴေဖြးေနတဲ့ အသက္ ၆၀ ေက်ာ္ အဘိုးအိုတဦး ျဖစ္တယ္။ ကေလးငယ္ရဲ႕ အေမးကို ၾကားေတာ့ အဘိုးအိုက ၿပဳံးၿပဳံးရယ္ရယ္နဲ႔ ျပန္ေမးခဲ့တယ္။ "ကေလး၊ ဘုရားသခင္ကို ဝယ္ၿပီး ဘာလုပ္မလဲ။ အဘိုးကို ေျပာျပႏိုင္မလား"

အဘိုးအိုရဲ႕ ၾကင္နာတဲ့စကားကို ၾကားေတာ့ ကေလးငယ္က မ်က္ရည္အဝဲသားနဲ႔ သူ႔နာမည္က ဘြန္နီျဖစ္ေၾကာင္း၊ ငယ္စဥ္ကတည္းက မိဘေတြ ဆုံးခဲ့လို ဦးေလးျဖစ္သူနဲ႔ ေနေၾကာင္း ေျပာျပတယ္။ ဦးေလးက လက္သမားတဦး ျဖစ္ေၾကာင္း၊ ေရွ႕ရက္က ဦးေလးဟာ အျမင့္ေပၚကျပဳတ္က်ၿပီး ေဆး႐ုံ ေရာက္ေနရေၾကာင္း၊ အခုခ်ိန္ထိ ေမ့ေမ်ာေနေသးေၾကာင္း၊ ဆရာဝန္က ဘုရားသခင္ သာလွ်င္ ဦးေလးကို ကယ္တင္ႏိုင္မယ့္အေၾကာင္း ေျပာတယ္။

ဘြန္နီက ဘုရားသခင္ ဆိုတာ အရမ္းထူးဆန္းတဲ့အရာ ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ ဦးေလး အသက္ရွင္ဖို႔ ဘုရားသခင္ကို သူလိုက္ဝယ္ေနေၾကာင္း အဘိုးအိုကို ေျပာျပခဲ့တယ္။ အဘိုးအိုက ဂ႐ုဏာသက္စြာနဲ႔ ကေလးမွာ ပိုက္ဆံဘယ္ေလာက္ရွိလဲ လို႔ ဘြန္နီကို ေမးတယ္။ တေဒၚလာ ရွိပါတယ္"

"ကေလး၊ ဘုရားသခင္ရဲ႕ တန္ဖိုးကလည္း တေဒၚလာပဲကြ" အဘိုးအိုဟာ ေျပာေျပာဆိုဆို စင္ေပၚမွာရွိတဲ့ Kiss of God တံဆိပ္ အခ်ိဳရည္ပုလင္းယူၿပီး ဘြန္နီကို လွမ္းေပးလိုက္တယ္။ "ယူသြားကေလး၊ မင္းဦးေလး ဒီဘုရားသခင္ကို ေသာက္ၿပီးသြားရင္ ေနေကာင္းသြားလိမ့္မယ္"

ဘြန္နီက ဝမ္းသာအားရ အခ်ိဳရည္ပုလင္းကို ရင္ခြင္ထက္မွာ ေပြ႕ၿပီး ေဆး႐ုံကို ေျပးသြားခဲ့တယ္။ လူနာခန္းထဲ ေရာက္တာနဲ႔ "ဦးဦး ဦးဦး ဘုရားသခင္ကို သားဝယ္ခဲ့ၿပီ၊ ဦးမၾကာခင္ ေနေကာင္းသြားလိမ့္မယ္ လို႔ ေျပာတယ္။

ေနာက္တရက္မွာ အထူးကုအဖြဲ႕တဖြဲ႕ ေဆး႐ုံကို ေရာက္လာခဲ့ၿပီး ဘြန္နီဦးေလးကို ေဆးကုေပးခဲ့တယ္။ အဲ့ဒီအဖြဲ႕က အေကာင္းဆုံး ကုသမႈ၊ ေခတ္အမွီဆုံး ကိရိရာေတြနဲ႔ ဘြန္နီဦးေလး ေနေကာင္းသြားတဲ့ အထိ ကုသေပးခဲ့တယ္။ ေဆး႐ုံက မဆင္းခင္ ႀကီးျမင့္တဲ့ ကုန္က်စရိတ္ေတြကိုျမင္ေတာ့ ဘြန္နီဦးေလးဟာ ျပန္ေမ့ေမ်ာသြား မတတ္ပါ။

ဒါေပမယ့္ ေဆး႐ုံတာဝန္ခံက ကုန္က်စရိတ္ေတြကို အဘိုးအိုတဦး ရွင္းေပးခဲ့ေၾကာင္း၊ အဲ့ဒီအဘိုးအိုဟာ သူေဌးသူႂကြယ္တဦး ျဖစ္ၿပီး ႏိုင္ငံျခား ကုမၸဏီတခုရဲ႕ ဥကၠဌရာထူးကေန အၿငိမ္းစား ယူထားေၾကာင္း၊ သူ႔အားလပ္ရက္ကို ကုန္စုံဆိုင္ေလး ဖြင့္ၿပီး ကုန္ဆုံးခဲ့ေၾကာင္း၊ အထူးကုအဖြဲ႕ ကိုလည္း သူပဲ ငွါးရမ္းေပးခဲ့ေၾကာင္း ေျပာျပတယ္။

အဘိုးအိုကို ဘြန္နီတို႔ အရမ္းေက်းဇူးတင္မိၿပီး အဘိုးအိုကို သြားေရာက္ ရွာေဖြခဲ့တယ္။ ဒါေပမယ့္ အဘိုးအိုက ဆိုင္ကိုေရာင္းၿပီး ခရီးထြက္သြားခဲ့ပါတယ္။ ရက္သိပ္မၾကာခင္မွာပဲ အဘိုးအိုရဲ႕ စာတေစာင္ကို သူတို႔ လက္ခံရရွိခဲ့တယ္။ စာထဲမွာ

"အေမာင္လူငယ္၊ ခင္ဗ်ားမွာ ဘြန္နီလို တူတေယာက္ ရွိတဲ့အတြက္ အရမ္း ကံေကာင္းပါတယ္။ ခင္မ်ားအသက္ကို ကယ္ဖို႔ ေငြတေဒၚလာနဲ႔ ေနရာအႏွံ႔ ဘုရားသခင္ကို သူလိုက္ဝယ္ခဲ့တယ္။ ဘုရားသခင္ကို ေက်းဇူးတင္ပါ။ ခင္မ်ားအသက္ကို သူကယ္လိုက္ပါတယ္။

ဒါေပမယ့္ ခင္မ်ား မွတ္ထားရမွာက တကယ့္ဘုရားသခင္ ဆိုတာ လူေတြရဲ႕ေမတၱာစိတ္ပဲ ျဖစ္တယ္" လို႔ ေရးထားတယ္။ ေမတၱာအားျဖင့္ ၿငိမ္းခ်မ္းၾကပါေစ။

crd

Post a Comment

0 Comments