ကိုယ့်ဆိတ်ကိုယ်ထမ်း အိမ်ပြန်ပါ

ရှေးရှေးတုန်းက ရွာတရွာမှာ ပုဏ္ဏားတဦး နေထိုင်ပါသတဲ့။ ထိုပုဏ္ဏားဟာ ရွာတကာ လှည့်ပြီး ဗေဒင် ဟောပြောခြင်း၊ ရိုးရာဓလေ့ အရ ရွတ်ဖတ် ဆုတောင်းခြင်းများကို ပြုလုပ်ပြီး အသက်မွေးလေ့ ရှိတယ်။

တနေ့မှာတော့ သူဟာ သူဋ္ဌေးကြီးတဦးရဲ့ အိမ်မှာ ရွတ်ဖတ်ဆုတောင်းခြင်း အမှုကို ပြုပါသတဲ့။ အဲဒီလို ရွတ်ဖတ်ပြီးတဲ့ နောက်မှာတော့ သူဋ္ဌေးကြီးဟာ အဖိုးအခ အဖြစ် ဝဖီးတဲ့ ဆိတ်တကောင်ကို ပေးအပ်ခဲ့တယ်။ ပုဏ္ဏားဟာ ဝမ်းသာအားရနဲ့ ဆိတ်ကို ကြိုးနဲ့ခိုင်မာစွာ တုပ်ဆိုင်း၊ ပုခုံးပေါ်မှာ ထမ်းပြီး အိမ်ကို ပြန်လာခဲ့သတဲ့။

အဲဒီလို ပုဏ္ဏားဟာ ဆိတ်ကို ထမ်းပြီးပြန်လာတာကို လူလိမ်သုံးယောက်က တွေ့မြင်လိုက်ပါတယ် ။ ပုဏ္ဏားကတော့ သူ့အတွေးနဲ့ သူမို့ လူလိမ်တွေကို သတိမထားမိခဲ့ပဲ ဖြစ်နေခဲ့တယ်။ လူလိမ်တွေဟာ ပုဏ္ဏားရဲ့ဆိတ်ကို လိုချင်တာကြောင့် အချင်းချင်း တိုင်ပြင်ကြပြန်တယ်။

အဲဒီနောက်မှာတော့ အကြံအစည်အတိုင်း ပုဏ္ဏားသွားရာလမ်းရဲ့ တော်တော်ဝေးဝေးကို ကြိုတင်ပြီး သွားကြတယ်။ ပြီးတဲ့အခါ တယောက်နဲ့တယောက် တော်တော်ဝေးဝေး အထိ ခွဲပြီးနေရာယူ စောင့်ဆိုင်းနေကြ သတဲ့။

အဲဒီလိုနဲ့ ပုဏ္ဏားဟာ လူခြေပြတ်လတ်တဲ့ လမ်းခုလတ် တနေရာကို ရောက်လာခဲ့တယ်။ အဲဒီအခါမှာတော့ လူလိမ်တယောက်ဟာ ရိုးအတဲ့ ရွာသားအသွင်နဲ့ ပုဏ္ဏားနဲ့ မျက်နှာခြင်းဆိုင်ကနေ လမ်းလျှောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ လူလိမ်ဟာ အံ့သြတဲ့အမူအရာနဲ့..

" ပုဏ္ဏားကြီး၊ ခွေးကို ဘာလို့များ အလေးခံပြီး ကျောပေါ်မှာ ထမ်းလာရတာတုန်း ဗျ " လို့ နှုတ်ဆက်တယ်။ အဲဒီအခါ ပုဏ္ဏားက " မင်းမျက်လုံးများ ကန်းနေသလားကွ၊ ငါထမ်းလာတာ ဆိတ်ကွ ဆိတ် ဆိတ်၊ ရူးများ ရူးနေသလား မသိပါဘူး " လို့ ပြန်ပြောလိုက်တယ်။

အဲဒီအခါ လူလိမ်က " ကျွန်တော်မြင်တာကို ကျွန်တော်ပြောတာပါဗျာ၊ ဆရာသမားက မယုံလည်း မတတ်နိုင်ဘူးပေါ့။ စိတ်ဆိုးသွားရင် တောင်းပန်ပါတယ် " လို့ပြောပြီး ထွက်ခွာသွား တော့တယ်။ အဲဒီလိုနဲ့ ပုဏ္ဏားဟာ ဆက်လက်ထွက်ခွာလာပြန်တယ်။

လမ်းတနေရာ အရောက်မှာတော့ လူလိမ်နောက်တယောက်ဟာ ရိုးသားတဲ့ ထင်းခုတ်သမားအသွင်နဲ့ ထွက်လာပြန်တယ်။ " ဟိုးဟိုး ပုဏ္ဏားကြီးက နွားပေါက်စ အသေကောင်ပုပ်ကြီး ကိုများ အလေးခံပြီး ထမ်းလာသေးတယ်နော " လို့ နှုတ်ဆက်ပြန်တယ်။ ပုဏ္ဏားလည်း " လာပြန်ပြီ ငကန်းတကောင်၊ ငါထမ်းလာတာ နွားသေကောင်ပုပ် ဟုတ်ဘူးကွ၊ ဆိတ် ဆိတ်။ ငပေါတွေပဲ " လို့ ပြန်ပြောပြန်တယ်။

အဲဒီအခါ လူလိမ်က " နွားပေါက်လေး မြင်ရဲ့သားနဲ့ ဆိတ်တဲ့ ။ ထားပါလေ ကျွန်တော်မြင်တာ ကျွန်တော်ပြောမိတာပါ။ လွန်တာရှိ ဝန္ဒာမိပါဗျာ။ စိတ်မဆိုးပါနဲ့ " လို့ ပြောဆို ထွက်ခွာသွားပြန်တယ်။

ပုဏ္ဏားဟာ သူ့ခရီးကို ဆက်လက် ထွက်ခွာလာပြန်တယ်။ ဒါပေမယ့် သူဟာ တွေဝေစွာနဲ့ ဒီလိုမျိုး စဉ်းစားနေမိတယ် " အင်း တခုခုတော့ တခုခုပဲ။ ငါ့ကျောကုန်းပေါ်က ဆိတ်ဟာ ထူးဆန်းနေတာတော့ သေချာတယ်။ တွေ့တဲ့မြင်တဲ့ လူတွေတိုင်းက ၊ ခွေးပြောလိုက်၊ နွားပေါက်ပြောလိုက်နဲ့၊ ဒီဆိတ်ဟာ နာနာဘာဝ ဝိနာဘာဝ များဖြစ်နေမလား၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ " ပုဏ္ဏားဟာ အဲဒီလို စဉ်းစားပြီး ဆက်လက် ထွက်ခွာလာပြန်တယ်။

အဲဒီလိုနဲ့ အတော်အတန် ဝေးတဲ့နေရာကိုလည်း ရောက်ရော တတိယမြောက် လူလိမ်ဟာ ထပ်မံ ထွက်ပေါ်လာပြန်တယ်။ သူဟာ ရိုးအတဲ့ ရွာသားအသွင်နဲ့ ပုဏ္ဏားကို နှုတ်ဆက်ပြန်တယ်။ " ဟားဟား... ပုဏ္ဏားကြီးတို့များ မြည်းကို ထမ်းလာပုံက လူရယ်စရာကြီးပဲဗျ ။ ဘာလို့များ မြည်းကို ထမ်းလာရတာတုန်းဗျ "

အဲဒီလို နှုတ်ဆက်စကားကို ကြားတဲ့အခါ မှာတော့ ပုဏ္ဏားဟာ ဘာမှ ပြန်ပြောနိုင်တော့ပဲ " သေချာပြီ နာနာဘာဝ တကောင်က ငါ့ဂုတ်ပေါ်ခွစီးနေပြီ ကယ်ကြပါအုံးဗျ " လို့ အော်ဟစ်ပြီး ကျောပေါ်က ဆိတ်ကို ဘုန်းခနဲ ပစ်ချကာ တချိုးတည်း ထွက်ပြေးခဲ့ပါသတဲ့။

အဲဒီအခါမှာတော့ လူလိမ်သုံးယောက်ဟာ ပုဏ္ဏားရဲ့ဆိတ်ကို ကောက်ယူ ပြီး အိမ်ကိုရောက်တဲ့အခါ ပျော်ရွှင်စွာနဲ့ ချက်ပြုတ် စားသောက်ကြပါသတဲ့ ။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ့်လုပ်ရပ်၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အောင်မြင်မှု မှန်ကန်နေပါလျက် သူတပါး စကားကြောင့် တွေဝေတတ်ကြ ပြန်တယ်။ သင်ဘယ်လောက်ပဲ ကောင်းတဲ့လူ ဖြစ်နေပါစေ ဝေဖန်ကဲ့ရဲ့ မယ့်သူကတော့ အမြဲတမ်း ရှိစမြဲပဲ ဖြစ်တယ်။

ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားနေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်နေပါစေ ၊ ဘယ်လောက်ပဲ ဖြောင့်မတ် မှန်ကန်နေပါစေ ၊ ကျနော်တို့ကို ကျရှုံးအောင် ဝေဖန် ကဲ့ရဲ့သူတွေ ကတော့ ရှိနေဦးမှာပဲ ဖြစ်တယ်။ တကယ်တော့ ဘယ်သူတွေ ဘာပဲပြောပါစေ ကိုယ့်ဆိတ်ကို ထမ်းပြီး အိမ်ရောက်အောင် ပြန်ဖို့သာလျှင် ပဓါနပဲ ဖြစ်တယ်။

Crd

Zawgyi

ကိုယ့္ဆိတ္ကိုယ္ထမ္း အိမ္ျပန္ပါ

ေရွးေရွးတုန္းက ႐ြာတ႐ြာမွာ ပုဏၰားတဦး ေနထိုင္ပါသတဲ့။ ထိုပုဏၰားဟာ ႐ြာတကာ လွည့္ၿပီး ေဗဒင္ ေဟာေျပာျခင္း၊ ႐ိုးရာဓေလ့ အရ ႐ြတ္ဖတ္ ဆုေတာင္းျခင္းမ်ားကို ျပဳလုပ္ၿပီး အသက္ေမြးေလ့ ရွိတယ္။

တေန႔မွာေတာ့ သူဟာ သူေ႒းႀကီးတဦးရဲ႕ အိမ္မွာ ႐ြတ္ဖတ္ဆုေတာင္းျခင္း အမႈကို ျပဳပါသတဲ့။ အဲဒီလို ႐ြတ္ဖတ္ၿပီးတဲ့ ေနာက္မွာေတာ့ သူေ႒းႀကီးဟာ အဖိုးအခ အျဖစ္ ဝဖီးတဲ့ ဆိတ္တေကာင္ကို ေပးအပ္ခဲ့တယ္။ ပုဏၰားဟာ ဝမ္းသာအားရနဲ႔ ဆိတ္ကို ႀကိဳးနဲ႔ခိုင္မာစြာ တုပ္ဆိုင္း၊ ပုခုံးေပၚမွာ ထမ္းၿပီး အိမ္ကို ျပန္လာခဲ့သတဲ့။

အဲဒီလို ပုဏၰားဟာ ဆိတ္ကို ထမ္းၿပီးျပန္လာတာကို လူလိမ္သုံးေယာက္က ေတြ႕ျမင္လိုက္ပါတယ္ ။ ပုဏၰားကေတာ့ သူ႔အေတြးနဲ႔ သူမို႔ လူလိမ္ေတြကို သတိမထားမိခဲ့ပဲ ျဖစ္ေနခဲ့တယ္။ လူလိမ္ေတြဟာ ပုဏၰားရဲ႕ဆိတ္ကို လိုခ်င္တာေၾကာင့္ အခ်င္းခ်င္း တိုင္ျပင္ၾကျပန္တယ္။

အဲဒီေနာက္မွာေတာ့ အႀကံအစည္အတိုင္း ပုဏၰားသြားရာလမ္းရဲ႕ ေတာ္ေတာ္ေဝးေဝးကို ႀကိဳတင္ၿပီး သြားၾကတယ္။ ၿပီးတဲ့အခါ တေယာက္နဲ႔တေယာက္ ေတာ္ေတာ္ေဝးေဝး အထိ ခြဲၿပီးေနရာယူ ေစာင့္ဆိုင္းေနၾက သတဲ့။

အဲဒီလိုနဲ႔ ပုဏၰားဟာ လူေျချပတ္လတ္တဲ့ လမ္းခုလတ္ တေနရာကို ေရာက္လာခဲ့တယ္။ အဲဒီအခါမွာေတာ့ လူလိမ္တေယာက္ဟာ ႐ိုးအတဲ့႐ြာသားအသြင္နဲ႔ ပုဏၰားနဲ႔ မ်က္ႏွာျခင္းဆိုင္ကေန လမ္းေလွ်ာက္လာခဲ့တယ္။ အဲဒီေနာက္မွာေတာ့ လူလိမ္ဟာ အံ့ၾသတဲ့အမူအရာနဲ႔

" ပုဏၰားႀကီး၊ ေခြးကို ဘာလို႔မ်ား အေလးခံၿပီး ေက်ာေပၚမွာ ထမ္းလာရတာတုန္း ဗ် " လို႔ ႏႈတ္ဆက္တယ္။ အဲဒီအခါ ပုဏၰားက " မင္းမ်က္လုံးမ်ား ကန္းေနသလားကြ၊ ငါထမ္းလာတာ ဆိတ္ကြ ဆိတ္ ဆိတ္၊ ႐ူးမ်ား ႐ူးေနသလား မသိပါဘူး " လို႔ ျပန္ေျပာလိုက္တယ္။

အဲဒီအခါ လူလိမ္က " ကြၽန္ေတာ္ျမင္တာကို ကြၽန္ေတာ္ေျပာတာပါဗ်ာ၊ ဆရာသမားက မယုံလည္း မတတ္ႏိုင္ဘူးေပါ့။ စိတ္ဆိုးသြားရင္ ေတာင္းပန္ပါတယ္ " လို႔ေျပာၿပီး ထြက္ခြာသြား ေတာ့တယ္။ အဲဒီလိုနဲ႔ ပုဏၰားဟာ ဆက္လက္ထြက္ခြာလာျပန္တယ္။

လမ္းတေနရာ အေရာက္မွာေတာ့ လူလိမ္ေနာက္တေယာက္ဟာ ႐ိုးသားတဲ့ ထင္းခုတ္သမားအသြင္နဲ႔ ထြက္လာျပန္တယ္။ " ဟိုးဟိုး ပုဏၰားႀကီးက ႏြားေပါက္စ အေသေကာင္ပုပ္ႀကီး ကိုမ်ား အေလးခံၿပီး ထမ္းလာေသးတယ္ေနာ " လို႔ ႏႈတ္ဆက္ျပန္တယ္။ ပုဏၰားလည္း " လာျပန္ၿပီ ငကန္းတေကာင္၊ ငါထမ္းလာတာ ႏြားေသေကာင္ပုပ္ ဟုတ္ဘူးကြ၊ ဆိတ္ ဆိတ္။ ငေပါေတြပဲ " လို႔ ျပန္ေျပာျပန္တယ္။

အဲဒီအခါ လူလိမ္က " ႏြားေပါက္ေလး ျမင္ရဲ႕သားနဲ႔ ဆိတ္တဲ့ ။ ထားပါေလ ကြၽန္ေတာ္ျမင္တာ ကြၽန္ေတာ္ေျပာမိတာပါ။ လြန္တာရွိ ဝႏၵာမိပါဗ်ာ။ စိတ္မဆိုးပါနဲ႔ " လို႔ ေျပာဆို ထြက္ခြာသြားျပန္တယ္။

ပုဏၰားဟာ သူ႔ခရီးကို ဆက္လက္ ထြက္ခြာလာျပန္တယ္။ ဒါေပမယ့္ သူဟာ ေတြေဝစြာနဲ႔ ဒီလိုမ်ိဳး စဥ္းစားေနမိတယ္ " အင္း တခုခုေတာ့ တခုခုပဲ။ ငါ့ေက်ာကုန္းေပၚက ဆိတ္ဟာ ထူးဆန္းေနတာေတာ့ ေသခ်ာတယ္။ ေတြ႕တဲ့ျမင္တဲ့ လူေတြတိုင္းက ၊ ေခြးေျပာလိုက္၊ ႏြားေပါက္ေျပာလိုက္နဲ႔၊ ဒီဆိတ္ဟာ နာနာဘာဝ ဝိနာဘာဝ မ်ားျဖစ္ေနမလား၊ ဖြဟဲ့ လြဲပါေစ၊ ဖယ္ပါေစ " ပုဏၰားဟာ အဲဒီလို စဥ္းစားၿပီး ဆက္လက္ ထြက္ခြာလာျပန္တယ္။

အဲဒီလိုနဲ႔ အေတာ္အတန္ ေဝးတဲ့ေနရာကိုလည္း ေရာက္ေရာ တတိယေျမာက္ လူလိမ္ဟာ ထပ္မံ ထြက္ေပၚလာျပန္တယ္။ သူဟာ ႐ိုးအတဲ့ ႐ြာသားအသြင္နဲ႔ ပုဏၰားကို ႏႈတ္ဆက္ျပန္တယ္။ " ဟားဟား... ပုဏၰားႀကီးတို႔မ်ား ျမည္းကို ထမ္းလာပုံက လူရယ္စရာႀကီးပဲဗ် ။ ဘာလို႔မ်ား ျမည္းကို ထမ္းလာရတာတုန္းဗ် "

အဲဒီလို ႏႈတ္ဆက္စကားကို ၾကားတဲ့အခါ မွာေတာ့ ပုဏၰားဟာ ဘာမွ ျပန္ေျပာႏိုင္ေတာ့ပဲ " ေသခ်ာၿပီ နာနာဘာဝ တေကာင္က ငါ့ဂုတ္ေပၚခြစီးေနၿပီ ကယ္ၾကပါအုံးဗ် " လို႔ ေအာ္ဟစ္ၿပီး ေက်ာေပၚက ဆိတ္ကို ဘုန္းခနဲ ပစ္ခ်ကာ တခ်ိဳးတည္း ထြက္ေျပးခဲ့ပါသတဲ့။

အဲဒီအခါမွာေတာ့ လူလိမ္သုံးေယာက္ဟာ ပုဏၰားရဲ႕ဆိတ္ကို ေကာက္ယူ ၿပီး အိမ္ကိုေရာက္တဲ့အခါ ေပ်ာ္႐ႊင္စြာနဲ႔ ခ်က္ျပဳတ္ စားေသာက္ၾကပါသတဲ့ ။

ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို ေျပာျပတဲ့အရာေတြ ရွိပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ဟာ ကိုယ့္လုပ္ရပ္၊ ကိုယ့္ရည္မွန္းခ်က္၊ ကိုယ့္ေအာင္ျမင္မႈ မွန္ကန္ေနပါလ်က္ သူတပါး စကားေၾကာင့္ ေတြေဝတတ္ၾက ျပန္တယ္။ သင္ဘယ္ေလာက္ပဲ ေကာင္းတဲ့လူ ျဖစ္ေနပါေစ ေဝဖန္ကဲ့ရဲ႕ မယ့္သူကေတာ့ အၿမဲတမ္း ရွိစၿမဲပဲ ျဖစ္တယ္။

ကြၽန္ေတာ္တို႔ဟာ ဘယ္ေလာက္ပဲ ေကာင္းေအာင္ ႀကိဳးစားေနပါေစ၊ ဘယ္ေလာက္ပဲ ေအာင္ျမင္ေနပါေစ ၊ ဘယ္ေလာက္ပဲ ေျဖာင့္မတ္ မွန္ကန္ေနပါေစ ၊ က်ေနာ္တို႔ကို က်ရႈံးေအာင္ ေဝဖန္ ကဲ့ရဲ႕သူေတြ ကေတာ့ ရွိေနဦးမွာပဲ ျဖစ္တယ္။ တကယ္ေတာ့ ဘယ္သူေတြ ဘာပဲေျပာပါေစ ကိုယ့္ဆိတ္ကို ထမ္းၿပီး အိမ္ေရာက္ေအာင္ ျပန္ဖို႔သာလွ်င္ ပဓါနပဲ ျဖစ္တယ္။

Crd

Post a Comment

0 Comments