မဖြည့်နိုင်တဲ့ ခွက်တလုံး

တခါတုန်းက ဘုရင်တပါးဟာ အခြွေအရံတွေနဲ့ အတူ မြို့ထဲမှာ လှည့်လည် ကြည့်ရှုနေတယ်။ အဲဒီလို သွားလာ ကြည့်ရှု နေရင်းနဲ့ လမ်းတနေရာမှာ ခွက်တလုံးကို ရှေ့မှာ ချလို့ ထိုင်ပြီး တောင်းစားနေတဲ့ သူတောင်းစား တယောက်ကို တွေ့လိုက်တယ် ။ ဘုရင်က သူ့ကို မေးလိုက်တယ် ။

" ပိုက်ဆံ ဘယ်လောက် ထည့်ရမလဲ " တဲ့။ သူတောင်းစားက " သူ့ရဲ့ ခွက်ထဲကို ပြည့်အောင် ထည့်နိုင်မှာ မဟုတ်ပါဘူး " လို့ ပြန်ပြောတယ် ။ ဘုရင်က စိတ်ဆိုးသွားပြီး..

" အဲဒီခွက်မှာ ပိုက်ဆံပြည့်အောင် ထည့်မယ် " လို့ စိမ်ခေါ်လိုက်တယ် ။ သူတောင်းစားက ကြည့်ကြသေးတာပေါ့ လို့ ပြန်ပြောလိုက်တယ်။

ဘုရင်ဟာ သူ့ရဲ့ ဘဏ္ဍာရေး အရာရှိကို သူတောင်းစားရဲ့ ခွက်ထဲကို ပိုက်ဆံတွေ ထည့်ခိုင်း လိုက်တယ်။ အရာရှိကလည်း ပါလာတဲ့ ပိုက်ဆံတွေကို ခွက်ထဲ ထည့်လိုက်တယ် ။ ထည့်လိုက်တဲ့ ပိုက်ဆံတွေဟာ ခွက်ထဲမှာ ပျောက်သွားတယ်။

အရာရှိက ထပ်ထည့်တယ်။ ပိုက်ဆံတွေ ပျောက်သွား ပြန်တယ်။ သူတောင်းစားက ဘုရင်ကို ဘယ့်နှယ်ရှိစ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတယ်။

လူတွေလည်း ဝိုင်းကြည့်နေကြလို့ ဘုရင်ဟာ ရှက်လာပြီး သူ့အရာရှိတွေကို ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေနဲ့ ရွှေငွေ ရတနာတွေ အများကြီးယူခဲ့လို့ ခိုင်းလိုက်တယ်။

အရာရှိတွေလည်း ဘဏ္ဍာတိုက်က ယူလာတဲ့ ပိုက်ဆံ၊ ရတနာတွေကို ခွက်ထဲ ထည့်ကြတယ်။ ထည့်သမျှ ဘဏ္ဍာတွေဟာ ခွက်ထဲမှာ ပျောက်ပျောက်သွားတယ်။ ဘုရင်ကလည်း မခံချင်စိတ်နဲ့ ဘဏ္ဍာတိုက်ထဲက ကျန်တာတွေ ယူခိုင်းပြန်တယ်။ အဲဒါတွေလည်း ခွက်ထဲမှာ ပျောက်ကုန် ပြန်တယ်။

ညနေ စောင်းလာပြီမို့ ဘုရင်လည်း သူတောင်းစားကို အရှုံးပေးလိုက်တယ်။ ဘုရင်ဟာ သူတောင်းစားကို ဦးညွှတ် အလေးပြုပြီး မထွက်သွားခင်မှာ မေးခွန်းတခု မေးလိုက်ပါတယ်။

" အဲဒီခွက်ဟာ ဘာနဲ့ လုပ်ထားတာလဲ " တဲ့။ သူတောင်းစားက ပြန်ပြောတယ်။ " ခွက်ဟာ လူ့လောဘနဲ့ လုပ်ထားတာပါ " တဲ့။

လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားလို ပါပဲ ။

crd

Zawgyi

မျဖည့္ႏိုင္တဲ့ ခြက္တလုံး

တခါတုန္းက ဘုရင္တပါးဟာ အေႁခြအရံေတြနဲ႔ အတူ ၿမိဳ႕ထဲမွာ လွည့္လည္ ၾကည့္ရႈေနတယ္။ အဲဒီလို သြားလာ ၾကည့္ရႈ ေနရင္းနဲ႔ လမ္းတေနရာမွာ ခြက္တလုံးကို ေရွ႕မွာ ခ်လို႔ ထိုင္ၿပီး ေတာင္းစားေနတဲ့ သူေတာင္းစား တေယာက္ကို ေတြ႕လိုက္တယ္ ။ ဘုရင္က သူ႔ကို ေမးလိုက္တယ္ ။

" ပိုက္ဆံ ဘယ္ေလာက္ ထည့္ရမလဲ " တဲ့။ သူေတာင္းစားက " သူ႔ရဲ႕ ခြက္ထဲကို ျပည့္ေအာင္ ထည့္ႏိုင္မွာ မဟုတ္ပါဘူး " လို႔ ျပန္ေျပာတယ္ ။ ဘုရင္က စိတ္ဆိုးသြားၿပီး " အဲဒီခြက္မွာ ပိုက္ဆံျပည့္ေအာင္ ထည့္မယ္ " လို႔ စိမ္ေခၚလိုက္တယ္ ။ သူေတာင္းစားက ၾကည့္ၾကေသးတာေပါ့ လို႔ ျပန္ေျပာလိုက္တယ္။

ဘုရင္ဟာ သူ႔ရဲ႕ ဘ႑ာေရး အရာရွိကို သူေတာင္းစားရဲ႕ ခြက္ထဲကို ပိုက္ဆံေတြ ထည့္ခိုင္း လိုက္တယ္။ အရာရွိကလည္း ပါလာတဲ့ ပိုက္ဆံေတြကို ခြက္ထဲ ထည့္လိုက္တယ္ ။ ထည့္လိုက္တဲ့ ပိုက္ဆံေတြဟာ ခြက္ထဲမွာ ေပ်ာက္သြားတယ္။

အရာရွိက ထပ္ထည့္တယ္။ ပိုက္ဆံေတြ ေပ်ာက္သြား ျပန္တယ္။ သူေတာင္းစားက ဘုရင္ကို ဘယ့္ႏွယ္ရွိစ ဆိုတဲ့ အၾကည့္နဲ႔ ၾကည့္ေနတယ္။ လူေတြလည္း ဝိုင္းၾကည့္ေနၾကလို႔ ဘုရင္ဟာ ရွက္လာၿပီး သူ႔အရာရွိေတြကို ဘ႑ာတိုက္ထဲက ပိုက္ဆံေတြနဲ႔ ေ႐ႊေငြ ရတနာေတြ အမ်ားႀကီးယူခဲ့လို႔ ခိုင္းလိုက္တယ္။

အရာရွိေတြလည္း ဘ႑ာတိုက္က ယူလာတဲ့ ပိုက္ဆံ၊ ရတနာေတြကို ခြက္ထဲ ထည့္ၾကတယ္။ ထည့္သမွ် ဘ႑ာေတြဟာ ခြက္ထဲမွာ ေပ်ာက္ေပ်ာက္သြားတယ္။ ဘုရင္ကလည္း မခံခ်င္စိတ္နဲ႔ ဘ႑ာတိုက္ထဲက က်န္တာေတြ ယူခိုင္းျပန္တယ္။ အဲဒါေတြလည္း ခြက္ထဲမွာ ေပ်ာက္ကုန္ ျပန္တယ္။

ညေန ေစာင္းလာၿပီမို႔ ဘုရင္လည္း သူေတာင္းစားကို အရႈံးေပးလိုက္တယ္။ ဘုရင္ဟာ သူေတာင္းစားကို ဦးၫႊတ္ အေလးျပဳၿပီး မထြက္သြားခင္မွာ ေမးခြန္းတခု ေမးလိုက္ပါတယ္။ " အဲဒီခြက္ဟာ ဘာနဲ႔ လုပ္ထားတာလဲ " တဲ့။ သူေတာင္းစားက ျပန္ေျပာတယ္။ " ခြက္ဟာ လူ႔ေလာဘနဲ႔ လုပ္ထားတာပါ " တဲ့။

လူ႔အလို နတ္မလိုက္ႏိုင္ ဆိုတဲ့ စကားလို ပါပဲ ။

crd

Post a Comment

0 Comments