ပံ့သကူ

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူ ပစ်ပေးပါ။ ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘကို မမျှော်ကိုးပဲ စိတ် စေတနာ သန့်ရှင်းစွာ ပံ့သကူ ပစ်ပါ။

အစစ အရာရာ ကြပ်တည်းလာတဲ့ အခုလို အချိန်မှာ ပံ့သကူ ပစ်ပါ။ ရတဲ့သူ ပျော်ရွှင်ပါစေ။ ငွေပမာဏ နဲသည် ဖြစ်စေ များသည်ဖြစ်စေ၊ ပစ္စည်း နဲသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ်တတ်နိုင်တဲ့ ပမာဏလေးကို ပံ့သကူ ပစ်ပါ။

နောင်ဘဝ ရမယ့်ကုသိုလ်၊ ယခုရမယ့် ကုသိုလ် အသာထား၊ ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့်ပံ့သကူ လေးကြောင့် ရတဲ့သူ ပျော်သွားရင် ကိုယ်ပီတိ ဖြစ်ရတာက အခုချက်ခြင်းရတဲ့ အကျိုးကျေးဇူးပါပဲ။

သူခိုးကြီး ညမှာ စနောက်ပြီး ကျီးမနိုးပွဲ လုပ်ကြသလို ပံ့သကူပစ်ပွဲ အစဉ်အလာလေးလည်း ဆက်ထိန်းသိမ်း ကြပါ။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ် သေးသေးလေးဖြစ်စေ ဖန်ခွက်လေး တခုဖြစ်စေ ပံ့သကူ ပစ်ပါသည် လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါ။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါ ပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲ ဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။ သူလည်း လွတ်လွပ်စွာ ပျော်၊ ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ မသမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက

၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည် သုံးပေးပါ။

၂။ အိတ် မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်၊ အထူး အရေးကြီးတာက "ပံ့သကူ ပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးပါ။ ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။

တန်ဆောင်မုန်း လပြည့်ညမှာ ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီး တွင်ကျယ်လာအောင် တဖက်တလမ်းက ပါဝင်ကြရအောင်။

ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။

တန်ဆောင်မုန်း လပြည့်နေ့ ၁၃၈၃ ခုနှစ်၊ 18.11.2021 ကြာသပတေးနေ့

Crd

Zawgyi

ပံ့သကူ

တန္ေဆာင္မုန္း လျပည့္ည ၁၂ နာရီမွာ ပံ့သကူ ပစ္ေပးပါ။ ကိုယ္ျပန္ရမယ့္ စီးပြား လာဘ္လာဘကို မေမွ်ာ္ကိုးပဲ စိတ္ ေစတနာ သန႔္ရွင္းစြာ ပံ့သကူ ပစ္ပါ။

အစစ အရာရာ ၾကပ္တည္းလာတဲ့ အခုလို အခ်ိန္မွာ ပံ့သကူ ပစ္ပါ။ ရတဲ့သူ ေပ်ာ္႐ႊင္ပါေစ။ ေငြပမာဏ နဲသည္ ျဖစ္ေစ မ်ားသည္ျဖစ္ေစ၊ ပစၥည္း နဲသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစ ကိုယ္တတ္ႏိုင္တဲ့ ပမာဏေလးကို ပံ့သကူ ပစ္ပါ။

ေနာင္ဘဝ ရမယ့္ကုသိုလ္၊ ယခုရမယ့္ ကုသိုလ္ အသာထား၊ ၾကပ္တည္းေနၾကတဲ့ အခ်ိန္မွာ ကိုယ့္ပံ့သကူ ေလးေၾကာင့္ ရတဲ့သူ ေပ်ာ္သြားရင္ ကိုယ္ပီတိ ျဖစ္ရတာက အခုခ်က္ျခင္းရတဲ့ အက်ိဳးေက်းဇူးပါပဲ။

သူခိုးႀကီး ညမွာ စေနာက္ၿပီး က်ီးမႏိုးပြဲ လုပ္ၾကသလို ပံ့သကူပစ္ပြဲ အစဥ္အလာေလးလည္း ဆက္ထိန္းသိမ္း ၾကပါ။

ေငြ ၅၀၀ ျဖစ္ေစ၊ ဆန္အိပ္ ေသးေသးေလးျဖစ္ေစ ဖန္ခြက္ေလး တခုျဖစ္ေစ ပံ့သကူ ပစ္ပါသည္ လို႔ စာေလးေရးၿပီး ပံ့သကူပစ္ၾကပါ။

ပံ့သကူရတဲ့ သူကလည္း မည္သူမည္ဝါ ေပးမွန္းမသိေတာ့ ဦးဘယ္သူက၊ ေဒၚဘယ္သူက ငါ့ကို ေပးကမ္းထားတာပဲ ဆိုတဲ့ အေႂကြးလို ခံစားရမည့္အသိ ေက်းဇူးေႂကြး ဝန္ထုပ္ဝန္ပိုးလည္း မရွိေတာ့ဘူး။ သူလည္း လြတ္လြပ္စြာ ေပ်ာ္၊ ကိုယ္လည္း ပုဂၢိဳလ္စြဲမရွိ ျဖဴစင္စြာလႉ ဘယ္ေလာက္ ျဖဴစင္ ေအးခ်မ္းလိုက္သလဲ။

ပံ့သကူပစ္တဲ့ အခါ မသမာတဲ့ ပစၥည္းလား ဆိုၿပီး ျမင္တဲ့သူ စိတ္မပူရေအာင္ ကိုယ္လႉမယ့္ ပစၥည္းက

၁။ အိတ္နဲ႔ ထည့္မွ ရမည္ဆိုလွ်င္ ႂကြပ္ႂကြပ္အိတ္ အၾကည္ သုံးေပးပါ။

၂။ အိတ္ မလိုရင္ ဒီအတိုင္းေလး ပစ္ပါေနာ္၊ အထူး အေရးႀကီးတာက "ပံ့သကူ ပစ္ပါသည္" ဆိုတဲ့ စာေလး ကပ္ထားေပးပါ။ ရတဲ့သူေတြ ေဘးကင္းၿပီး ေသာက ကင္းစြာ ရယူႏိုင္ၾကပါေစ။

တန္ေဆာင္မုန္း လျပည့္ညမွာ ပံ့သကူပစ္တဲ့ အစဥ္အလာေလး ပိုၿပီး တြင္က်ယ္လာေအာင္ တဖက္တလမ္းက ပါဝင္ၾကရေအာင္။

ရယူတဲ့ ေပ်ာ္႐ႊင္မႈထက္ ေပးကမ္းလို႔ ရတဲ့ ေပ်ာ္႐ႊင္မႈက ပိုေအးခ်မ္းရတယ္ မဟုတ္လား။

တန္ေဆာင္မုန္း လျပည့္ေန႔ ၁၃၈၃ ခုႏွစ္၊ 18.11.2021 ၾကာသပေတးေန႔

Crd

Post a Comment

0 Comments