တခါတုန်းက ရွာတရွာမှာ ပေပေ တေတေ နေတတ်တဲ့ မိန်းကလေး တယောက် ရှိတယ် ။ ဆံပင်တွေကလည်း မသပ်မရပ်၊ အဝတ်အစားလည်း ပိုသီဖတ်သီနဲ့ စည်းမရှိ ကမ်းမရှိ နေထိုင်သူလေးပေါ့ ။

အဲဒီရွာလေးမှာ ဓလေ့ထုံးစံလေး တခု ရှိတယ် ။ အဲဒါကတော့ ရွာက မိန်းကလေးတွေကို အမျိုးသားတွေက လက်ထပ်ချင်တယ် ဆိုရင် နွားအကောင် အရေအတွက် နဲ့ တင်တောင်းရ ပါတယ်တဲ့ ။ မိန်းကလေးတွေရဲ့ တန်ဖိုးကို နွားတကောင်မှ ဆယ်ကောင် အထိ သတ်မှတ် ကြတယ်။

အစောက မိန်းကလေးရဲ့ တန်ဖိုးကိုတော့ နွား ၁ ကောင်သာ ရွာက သတ်မှတ်ထား ပါတယ် ။ သူမ ကလည်း သူ့ကိုယ်သူ တန်ဖိုး သိပ်မရှိတဲ့သူ လို့ သတ်မှတ်ထား ပါတယ် ။

ဒါပေမယ့် တနေ့မှာ အဲဒီရွာလေးကို ကုန်သည်လေး တယောက် ရောက်လာပါတယ်။ ကုန်သည်လေးဟာ အဲဒီ မိန်းကလေးကို မြင်တော့ မြင်မြင်ချင်း နှစ်သက်မိ ခဲ့တယ် ။ ကုန်သည်လေးက မိန်းကလေးကို နွား ၁၂ ကောင်နဲ့ တင်တောင်းလိုက် ပါတယ် ။

ရွာက လူတွေအကုန်လုံး လှုပ်လှုပ် ရှားရှား ဖြစ်သွားကြတယ် ။ ဒီမိန်းကလေးက နွား ၁၂ ကောင် တောင် တန်သလားပေါ့ ။ မိန်းကလေးကလည်း မိမိကို တန်ဖိုးထားတဲ့သူ ရှိတဲ့အတွက် အဲဒိတန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင်ဆင်ဆင် နေလိုက်ပါတယ် ။

သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်လိုက်တဲ့ အတွက် မိန်းကလေးဟာ အဲ့ရွာမှာ တကယ်ကို တန်ဖိုး အရှိဆုံး၊ အလှပဆုံး မိန်းကလေး တယောက် ဖြစ်သွားပါတော့တယ် ။

တကယ်တော့ လူတွေ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ တန်ဖိုးထားတတ်ဖို့ပဲ လိုပါတယ် ။ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ သူဟာ သူတပါးကိုလည်း တန်ဖိုးထားတတ် လာပါလိမ့်မယ် ။ လူတဦးနဲ့ တဦး တန်ဖိုးထား ဆက်ဆံခြင်းဟာ လောကကြီးကို အလှဆင်ခြင်း တမျိုးပါပဲ ။

ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြည့်မယ် ဆိုရင် နေရာတကာ ကွမ်းတံတွေး ထွေးခြင်း၊ အမှိုက်ပစ်ခြင်း၊ စည်းကမ်း မပြည့်ဝခြင်း အစရှိတဲ့ အမူအကျင့်များကို စွန့်လွှတ်ပြီး နိုင်ငံကြီးသား ပီသတဲ့ အပြုအမူများကို ပြုလုပ်ကြမှာပါ ။

တခြားသူကို တန်ဖိုးထားတတ်မယ် ဆိုလျှင်လည်း ထစ်ခနဲ ရှိ ရန်ဖြစ်ခြင်း၊ လူသတ်ခြင်း အစရှိတဲ့ မကောင်းမှုများကို အလိုလို ရှောင်ကြဉ် လာကြမှာပါ ။

ကိုယ့်ဘဝကို တန်ဖိုးထားတတ်လျှင် ပညာတတ်အောင် သင်ကြားကြ မှာပါ ။ ကိုယ့်နိုင်ငံကို တန်ဖိုးထားလျှင် နိုင်ငံ တိုးတက်အောင် ကြံဆောင်ကြမှာပါ ။ အဓိက ကတော့ တန်ဖိုးထားတတ်ခြင်း ပါပဲ ။

crd

Zawgyi

တန္ဖိုးမရွိတဲ့ မိန္းကေလး

တခါတုန္းက ႐ြာတ႐ြာမွာ ေပေပ ေတေတ ေနတတ္တဲ့ မိန္းကေလး တေယာက္ ရွိတယ္ ။ ဆံပင္ေတြကလည္း မသပ္မရပ္၊ အဝတ္အစားလည္း ပိုသီဖတ္သီနဲ႔ စည္းမရွိ ကမ္းမရွိ ေနထိုင္သူေလးေပါ့ ။

အဲဒီ႐ြာေလးမွာ ဓေလ့ထုံးစံေလး တခု ရွိတယ္ ။ အဲဒါကေတာ့ ႐ြာက မိန္းကေလးေတြကို အမ်ိဳးသားေတြက လက္ထပ္ခ်င္တယ္ ဆိုရင္ ႏြားအေကာင္ အေရအတြက္ နဲ႔ တင္ေတာင္းရ ပါတယ္တဲ့ ။ မိန္းကေလးေတြရဲ႕ တန္ဖိုးကို ႏြားတေကာင္မွ ဆယ္ေကာင္ အထိ သတ္မွတ္ ၾကတယ္။

အေစာက မိန္းကေလးရဲ႕ တန္ဖိုးကိုေတာ့ ႏြား ၁ ေကာင္သာ ႐ြာက သတ္မွတ္ထား ပါတယ္ ။ သူမ ကလည္း သူ႔ကိုယ္သူ တန္ဖိုး သိပ္မရွိတဲ့သူ လို႔ သတ္မွတ္ထား ပါတယ္ ။

ဒါေပမယ့္ တေန႔မွာ အဲဒီ႐ြာေလးကို ကုန္သည္ေလး တေယာက္ ေရာက္လာပါတယ္။ ကုန္သည္ေလးဟာ အဲဒီ မိန္းကေလးကို ျမင္ေတာ့ ျမင္ျမင္ခ်င္း ႏွစ္သက္မိ ခဲ့တယ္ ။ ကုန္သည္ေလးက မိန္းကေလးကို ႏြား ၁၂ ေကာင္နဲ႔ တင္ေတာင္းလိုက္ ပါတယ္ ။

႐ြာက လူေတြအကုန္လုံး လႈပ္လႈပ္ ရွားရွား ျဖစ္သြားၾကတယ္ ။ ဒီမိန္းကေလးက ႏြား ၁၂ ေကာင္ ေတာင္ တန္သလားေပါ့ ။ မိန္းကေလးကလည္း မိမိကို တန္ဖိုးထားတဲ့သူ ရွိတဲ့အတြက္ အဲဒိတန္ဖိုးနဲ႔ ကိုက္ညီေအာင္ ျပင္ျပင္ဆင္ဆင္ ေနလိုက္ပါတယ္ ။ သပ္သပ္ရပ္ရပ္ လွလွပပ ဝတ္ဆင္လိုက္တဲ့ အတြက္ မိန္းကေလးဟာ အဲ့႐ြာမွာ တကယ္ကို တန္ဖိုး အရွိဆုံး၊ အလွပဆုံး မိန္းကေလး တေယာက္ ျဖစ္သြားပါေတာ့တယ္ ။

တကယ္ေတာ့ လူေတြ အားလုံးဟာ သူ႔တန္ဖိုးနဲ႔သူ ရွိၾကပါတယ္။ တန္ဖိုးထားတတ္ဖို႔ပဲ လိုပါတယ္ ။ မိမိကိုယ္ကို တန္ဖိုးထားတတ္တဲ့ သူဟာ သူတပါးကိုလည္း တန္ဖိုးထားတတ္ လာပါလိမ့္မယ္ ။ လူတဦးနဲ႔ တဦး တန္ဖိုးထား ဆက္ဆံျခင္းဟာ ေလာကႀကီးကို အလွဆင္ျခင္း တမ်ိဳးပါပဲ ။

က်ေနာ္တို႔ဟာ ကိုယ့္ကိုယ္ကို တန္ဖိုးထားၾကည့္မယ္ ဆိုရင္ ေနရာတကာ ကြမ္းတံေတြး ေထြးျခင္း၊ အမႈိက္ပစ္ျခင္း၊ စည္းကမ္း မျပည့္ဝျခင္း အစရွိတဲ့ အမူအက်င့္မ်ားကို စြန႔္လႊတ္ၿပီး ႏိုင္ငံႀကီးသား ပီသတဲ့ အျပဳအမူမ်ားကို ျပဳလုပ္ၾကမွာပါ ။

တျခားသူကို တန္ဖိုးထားတတ္မယ္ ဆိုလွ်င္လည္း ထစ္ခနဲ ရွိ ရန္ျဖစ္ျခင္း၊ လူသတ္ျခင္း အစရွိတဲ့ မေကာင္းမႈမ်ားကို အလိုလို ေရွာင္ၾကဥ္ လာၾကမွာပါ ။

ကိုယ့္ဘဝကို တန္ဖိုးထားတတ္လွ်င္ ပညာတတ္ေအာင္ သင္ၾကားၾက မွာပါ ။ ကိုယ့္ႏိုင္ငံကို တန္ဖိုးထားလွ်င္ ႏိုင္ငံ တိုးတက္ေအာင္ ႀကံေဆာင္ၾကမွာပါ ။ အဓိက ကေတာ့ တန္ဖိုးထားတတ္ျခင္း ပါပဲ ။

crd