သိုး၊ ဖားနှင့် မိကျောင်း

ဟိုးရှေးရှေးတုန်းက အစားကြီးတဲ့ မိချောင်းကြီး တကောင် ရှိတယ်။ မိချောင်းက သူငယ်ချင်း ဖွဲ့တယ်။ သူငယ်ချင်း ရလာတော့ သူကို ယုံကြည်အောင် လုပ်တယ်။ ကစားကြတယ်။

ပထမဆုံးက ပြေးတမ်း လိုက်တမ်း ဆော့ကြတယ်။ နောက်တခါ ကျတော့ အပင်ပေါ် တက်တိုင်းဆော့ တယ်။ နောက်ဆုံး တခါကျတော့ တူတူပုန်းတိုင်း ဆော့ကြတယ်။ ပထမရက် ကျတော့ သိုးကလေးနဲ့ ဖားကလေးကို သူငယ်ချင်းဖွဲ့ တယ်။ ပြေးတမ်း လိုက်တမ်း ဆော့ကြတာပေါ့။

မိချောင်းက သိုးကို အလျော့ပေးပြီး သိုးလေးကို အနိုင်ပေး လိုက်တယ်။ သိုးလေး အရမ်း ပျော်တာပေါ့။ ဒုတိယ ရက် နောက်တခါ ကျတော့ အပင်ပေါ် တက်တိုင်း ဆော့တော့ ဖားကို အပင်ပေါ်ကို မြှောက်ပင့်ပေးပြီး တင်ပေးလိုက်တော့ ဖားက အနိုင်ရသွားတယ်။ ဖားလေးလည်း အရမ်း ပျော်သွားတယ်။

တတိယနေ့ တူတူ ပုန်းတမ်းဆော့မယ်။ သိုးက ရှာရမယ့်အလှည့် ဖားကို မိချောင်းက အကြံပေးတယ်။ "ဖားကလေး ငါ့ပါးစပ်ထဲ ဝင်နေ၊ မင်းကို သိုးလေး မမြင်စေရဘူး စိတ်ချ"

ဖားလေးက "အင်း ကောင်းသားဘဲ၊ ဒါပေမယ့် ငါ့ကို မမြိုပါဘူးလို့ ကတိပေးရမယ်" မိချောင်းက ရယ်ပြီး "ငါက မင်းကို မမြိုပါဘူးကွာ စိတ်ချ" ဖားကလည်း ယုံပြီး ပါးစပ်ထဲ ဝင်နေတယ်။

သိုးလေး ရှာတယ်။ မိချောင်းကိုပဲ တွေ့ပြီး ဖားကို ရှာမရဘူး။ ရှာတယ် ရှာတယ် မတွေ့ဘူး။ ထပ်ရှာတယ် ဘယ်မှာမှ မတွေ့ဘူး။ နောက်ဆုံး မတွေ့တဲ့အဆုံး ပန်းပေးပြီး ဖားကို ထွက်လာခိုင်းတယ်။ မိချောင်းက ပါးစပ် ဟပြီး ဖားလေးကို ထွက်လာခိုင်းတယ်။ ဖားလေးက မိကျောင်းပါးစပ်ထဲက ထွက်လာတဲ့အခါ ပိုပြီး ယုံကြည် သွားကြတာပေါ့။

မိချောင်း ရှာရမယ့် အလှည့်။ ဖားလေးကို အရင်ရှာတယ်။ ပြီးမှ သိုးလေးကို ရှာတယ်။ ဖားလေး ရှာရမယ့် အလှည့်ပေါ့နော်။ ထိုအခါ မိကျောင်းက သိုးလေးကို "ငါ့ပါးစပ်ထဲ ဝင်ပုန်းပါလား၊ ခုဏကလိုပေါ့"

သိုးလေးလည်း "အင်း၊ ကောင်းသားပဲ။ မင်းငါ့ကို မမြိုဘူးလို့ ကတိပေးပါ"

"အင်းပါကွာ ငါမမြိုပါဘူး။ မင်းဟာမင်းပဲ ဝင်သွားပါ" လို့ မိချောင်းက ပြောတယ်။

အဲဒါနဲ့ သိုးလေးလည်း ဝင်ရင်းဝင်ရင်းနဲ့ အစာအိမ်ထဲရောက် သွားတော့ အစာခြေ အက်စစ်တွေနဲ့ သိုးလေး အသက်ရှူ ကြပ်လာတယ်။ နောက်ဆုံး ထွက်သက် ရောက်တဲ့ အချိန်အထိ သိုးလေးက မိချောင်းကြီးကို ယုံကြည် နေတုန်းပဲ။

ဖားက သိုးလေးကို မတွေ့တော့ "ပန်းပေးပါပြီ ထွက်ခဲ့ပါတော့" လို့ အော်ခေါ်တယ်။ မိချောင်းကို မေးတော့ "မင်းကလည်း ငါမသိဘူး လေ။ ငါ့ပါးစပ်ထဲ ဝင်ရှာကွာ မင်းကိုငါ မမြို ပါဘူး။ မင်းဟာမင်းပဲ ဝင်သွားပါ" လို့ ပြောလိုက်တယ်။

ဖားလေးလည်း သိုးလေးလို နောက်ဆုံး ထွက်သက်အထိ မိချောင်းကြီးကို ယုံကြည် နေတုန်းပဲ။ နောက်ဆုံး သိုးလေးရော ဖားလေးပါ အစားခံ လိုက်ရတာ မသိဘူး။ မိချောင်းကြီးကတော့ အစာဝ သွားပြီပေါ့။

ပုံပြင်လေးက ဒါလောက်ပါပဲ။ တချို့ လူတွေဟာ အဲဒီ့ မိချောင်းကြီးလိုပဲ ဉာဏ်များကြပါတယ်။ ဘယ်သူ့ကိုမှ သိုးလေးနဲ့ ဖားလေးလို အယုံ မလွယ်ကြပါနဲ့ လို့မှာကြားပါရစေ။

Crd

Zawgyi

သိုး၊ ဖားႏွင့္ မိေက်ာင္း

ဟိုးေရွးေရွးတုန္းက အစားႀကီးတဲ့ မိေခ်ာင္းႀကီး တေကာင္ ရွိတယ္။ မိေခ်ာင္းက သူငယ္ခ်င္း ဖြဲ႕တယ္။ သူငယ္ခ်င္း ရလာေတာ့ သူကို ယုံၾကည္ေအာင္ လုပ္တယ္။ ကစားၾကတယ္။

ပထမဆုံးက ေျပးတမ္း လိုက္တမ္း ေဆာ့ၾကတယ္။ ေနာက္တခါ က်ေတာ့ အပင္ေပၚ တက္တိုင္းေဆာ့ တယ္။ ေနာက္ဆုံး တခါက်ေတာ့ တူတူပုန္းတိုင္း ေဆာ့ၾကတယ္။ ပထမရက္ က်ေတာ့ သိုးကေလးနဲ႔ ဖားကေလးကို သူငယ္ခ်င္းဖြဲ႕ တယ္။ ေျပးတမ္း လိုက္တမ္း ေဆာ့ၾကတာေပါ့။

မိေခ်ာင္းက သိုးကို အေလ်ာ့ေပးၿပီး သိုးေလးကို အႏိုင္ေပး လိုက္တယ္။ သိုးေလး အရမ္း ေပ်ာ္တာေပါ့။ ဒုတိယ ရက္ ေနာက္တခါ က်ေတာ့ အပင္ေပၚ တက္တိုင္း ေဆာ့ေတာ့ ဖားကို အပင္ေပၚကို ေျမႇာက္ပင့္ေပးၿပီး တင္ေပးလိုက္ေတာ့ ဖားက အႏိုင္ရသြားတယ္။ ဖားေလးလည္း အရမ္း ေပ်ာ္သြားတယ္။

တတိယေန႔ တူတူ ပုန္းတမ္းေဆာ့မယ္။ သိုးက ရွာရမယ့္အလွည့္ ဖားကို မိေခ်ာင္းက အႀကံေပးတယ္။ "ဖားကေလး ငါ့ပါးစပ္ထဲ ဝင္ေန၊ မင္းကို သိုးေလး မျမင္ေစရဘူး စိတ္ခ်"

ဖားေလးက "အင္း ေကာင္းသားဘဲ၊ ဒါေပမယ့္ ငါ့ကို မၿမိဳပါဘူးလို႔ ကတိေပးရမယ္" မိေခ်ာင္းက ရယ္ၿပီး "ငါက မင္းကို မၿမိဳပါဘူးကြာ စိတ္ခ်" ဖားကလည္း ယုံၿပီး ပါးစပ္ထဲ ဝင္ေနတယ္။

သိုးေလး ရွာတယ္။ မိေခ်ာင္းကိုပဲ ေတြ႕ၿပီး ဖားကို ရွာမရဘူး။ ရွာတယ္ ရွာတယ္ မေတြ႕ဘူး။ ထပ္ရွာတယ္ ဘယ္မွာမွ မေတြ႕ဘူး။ ေနာက္ဆုံး မေတြ႕တဲ့အဆုံး ပန္းေပးၿပီး ဖားကို ထြက္လာခိုင္းတယ္။ မိေခ်ာင္းက ပါးစပ္ ဟၿပီး ဖားေလးကို ထြက္လာခိုင္းတယ္။ ဖားေလးက မိေက်ာင္းပါးစပ္ထဲက ထြက္လာတဲ့အခါ ပိုၿပီး ယုံၾကည္ သြားၾကတာေပါ့။

မိေခ်ာင္း ရွာရမယ့္ အလွည့္။ ဖားေလးကို အရင္ရွာတယ္။ ၿပီးမွ သိုးေလးကို ရွာတယ္။ ဖားေလး ရွာရမယ့္ အလွည့္ေပါ့ေနာ္။ ထိုအခါ မိေက်ာင္းက သိုးေလးကို "ငါ့ပါးစပ္ထဲ ဝင္ပုန္းပါလား၊ ခုဏကလိုေပါ့"

သိုးေလးလည္း "အင္း၊ ေကာင္းသားပဲ။ မင္းငါ့ကို မၿမိဳဘူးလို႔ ကတိေပးပါ"

"အင္းပါကြာ ငါမၿမိဳပါဘူး။ မင္းဟာမင္းပဲ ဝင္သြားပါ" လို႔ မိေခ်ာင္းက ေျပာတယ္။

အဲဒါနဲ႔ သိုးေလးလည္း ဝင္ရင္းဝင္ရင္းနဲ႔ အစာအိမ္ထဲေရာက္ သြားေတာ့ အစာေျခ အက္စစ္ေတြနဲ႔ သိုးေလး အသက္ရႉ ၾကပ္လာတယ္။ ေနာက္ဆုံး ထြက္သက္ ေရာက္တဲ့ အခ်ိန္အထိ သိုးေလးက မိေခ်ာင္းႀကီးကို ယုံၾကည္ ေနတုန္းပဲ။

ဖားက သိုးေလးကို မေတြ႕ေတာ့ "ပန္းေပးပါၿပီ ထြက္ခဲ့ပါေတာ့" လို႔ ေအာ္ေခၚတယ္။ မိေခ်ာင္းကို ေမးေတာ့ "မင္းကလည္း ငါမသိဘူး ေလ။ ငါ့ပါးစပ္ထဲ ဝင္ရွာကြာ မင္းကိုငါ မၿမိဳ ပါဘူး။ မင္းဟာမင္းပဲ ဝင္သြားပါ" လို႔ ေျပာလိုက္တယ္။

ဖားေလးလည္း သိုးေလးလို ေနာက္ဆုံး ထြက္သက္အထိ မိေခ်ာင္းႀကီးကို ယုံၾကည္ ေနတုန္းပဲ။ ေနာက္ဆုံး သိုးေလးေရာ ဖားေလးပါ အစားခံ လိုက္ရတာ မသိဘူး။ မိေခ်ာင္းႀကီးကေတာ့ အစာဝ သြားၿပီေပါ့။

ပုံျပင္ေလးက ဒါေလာက္ပါပဲ။ တခ်ိဳ႕ လူေတြဟာ အဲဒီ့ မိေခ်ာင္းႀကီးလိုပဲ ဉာဏ္မ်ားၾကပါတယ္။ ဘယ္သူ႔ကိုမွ သိုးေလးနဲ႔ ဖားေလးလို အယုံ မလြယ္ၾကပါနဲ႔ လို႔မွာၾကားပါရေစ။

Crd

Post a Comment

0 Comments