အားကျနေတဲ့ ဖား

တခါတုန်းက ဖားငယ်လေး တကောင်ဟာ ဘုန်းတော်ကြီးကျောင်းနဲ့ မနီး မဝေးမှာ နေထိုင်ပါတယ်။ တနေ့တော့ ဘုန်ကြီးတွေ ဆွမ်းခံကြွပီး ပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေး တခု ဝင်လာတယ် ။

" အင်း ငါသာ ဘုန်းကြီး ဖြစ်ရင် သိပ်ကောင်းမှာပဲ ၊ အလုပ်ဆိုလို့ ထွေထွေထူးထူး လုပ်စရာ မလိုပဲ မိုးလင်း လမ်းလျှောက် ထွက်ရုံ မျှနဲ့ တဝမ်းစာကို ပူပင်စရာ မလိုပဲ နေကြရတာ " လို့ တွေးပြီး အားကျနေ မိတယ် ။

ဆွမ်းဘုန်းပေး အပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေး ပြောင်းပြန်တယ် ။ ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲ အချိန်တန်လျှင် ထ စားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေမိ ပြန်တယ် ။

ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့် ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူ ကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာမလို ပန်းကန် တလုံးမှ ဆေးစရာ မလိုပဲ စားနေရတဲ့ ခွေးတွေကို အားကျမိ ပြန်တယ် ။

ခွေးများ စားပြီး မကုန်တဲ့ အရိုးအကပ် တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့ အဖြစ်ကို အားကျနေ ပြန်တယ် ။

ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တကောင် ဖားနားသို့ ပျံ၍ ဖြတ်သန်းမိရာ ဖားတို့ရဲ့ သဘာဝ အတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီး စားမိကာမှ ကိုရွှေဖားလည်း အသိတရား ဝင်လာတယ် ။

သူဆိုတာ ငါမဟုတ် ၊ ငါဆိုတာလည်း သူမဟုတ် ။ သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ သူ့ ဒုက္ခနဲ့ သူ ။ သူ့ကို အားကျနေသမျှ ငါလည်း အစာဝမည်မဟုတ် ။

လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက် သာသူတွေကို အားကျမိတတ် ကြတယ် ။ အဲသလို အားကျမှုတွေကြောင့်လည်း လုပ်သမျှ မအောင်မြင်ပဲ ဆုံးရှုံးတတ်ကြတယ် ။

လူ တဦးတယောက် စီမှာ အားကျစရာတွေ ရှိသလို စိတ်ပျက်စရာတွေ ကလည်း ကိုယ်စီနဲ့ပါ။ သူတပါး အားကျ၍ ကိုယ်ဝမ်းဝမည် မဟုတ်သလို ၊

ကိုယ်လုပ်မှ ကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခ အခက်ခဲကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တပြိုင်တည်း မြဲမြဲလျှောက်နိုင်မှ သာလျှင် ကိုယ့်ဘဝက သာယာနိုင်မှာ ပါ ။

crd

Zawgyi

အားက်ေနတဲ့ ဖား

တခါတုန္းက ဖားငယ္ေလး တေကာင္ဟာ ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ မနီး မေဝးမွာ ေနထိုင္ပါတယ္။ တေန႔ေတာ့ ဘုန္ႀကီးေတြ ဆြမ္းခံၾကြပီး ျပန္အလာ ဆြမ္းဘုန္းေပးတာကို ၾကည့္ရင္း အေတြး တခု ဝင္လာတယ္ ။

" အင္း ငါသာ ဘုန္းႀကီး ျဖစ္ရင္ သိပ္ေကာင္းမွာပဲ ၊ အလုပ္ဆိုလို႔ ေထြေထြထူးထူး လုပ္စရာ မလိုပဲ မိုးလင္း လမ္းေလွ်ာက္ ထြက္႐ုံ မွ်နဲ႔ တဝမ္းစာကို ပူပင္စရာ မလိုပဲ ေနၾကရတာ " လို႔ ေတြးၿပီး အားက်ေန မိတယ္ ။

ဆြမ္းဘုန္းေပး အၿပီးမွာ ဘုန္ႀကီးေက်ာင္းသားေတြကို ျမင္ျပန္ေတာ့ ကိုေ႐ႊဖားက အေတြး ေျပာင္းျပန္တယ္ ။ ဘုန္းႀကီးေတြလို အေစာႀကီးထစရာမလိုပဲ အခ်ိန္တန္လွ်င္ ထ စားရတဲ့ ဘုန္းႀကီးေက်ာင္းသားေတြကို အားက်ေနမိ ျပန္တယ္ ။

ဘုန္ႀကီးေက်ာင္းသားမ်ား စားမကုန္တဲ့ ထမင္းဟင္းေတြကို ေက်ာင္းေစာင့္ ေခြးမ်ားကို ေကြၽးတာ ျမင္ေတာ့လည္း ေရွ႕နည္းတူ ကိုေ႐ႊဖားက ခုံတလုံးမွ သိမ္းစရာမလို ပန္းကန္ တလုံးမွ ေဆးစရာ မလိုပဲ စားေနရတဲ့ ေခြးေတြကို အားက်မိ ျပန္တယ္ ။

ေခြးမ်ား စားၿပီး မကုန္တဲ့ အ႐ိုးအကပ္ ေတြကို လာစားတဲ့ ယင္ေကာင္ေတြ ျမင္မိေတာ့လည္း သူတို႔ေတြက ေက်ာင္းေစာင့္ၿပီး ေဟာင္ေနရတဲ့ ေခြးေလာက္ေတာင္ မပင္ပန္းပဲ စားရတဲ့ အျဖစ္ကို အားက်ေန ျပန္တယ္ ။

ထိုသို႔ အားက်ေနခိုက္ အ႐ိုးနားက ယင္တေကာင္ ဖားနားသို႔ ပ်ံ၍ ျဖတ္သန္းမိရာ ဖားတို႔ရဲ႕ သဘာဝ အတိုင္း လွ်ာထုတ္၍ ပစ္ဖမ္းၿပီး စားမိကာမွ ကိုေ႐ႊဖားလည္း အသိတရား ဝင္လာတယ္ ။

သူဆိုတာ ငါမဟုတ္ ၊ ငါဆိုတာလည္း သူမဟုတ္ ။ သူ႔အလုပ္နဲ႔သူ သူ႔ေနရာႏွင့္သူ သူ႔ ဒုကၡနဲ႔ သူ ။ သူ႔ကို အားက်ေနသမွ် ငါလည္း အစာဝမည္မဟုတ္ ။ လူအမ်ားစုက ကိုယ့္အလုပ္ကိုယ္ လုပ္ၾကေပမယ့္ ကိုယ့္ထက္ သာသူေတြကို အားက်မိတတ္ ၾကတယ္ ။ အဲသလို အားက်မႈေတြေၾကာင့္လည္း လုပ္သမွ် မေအာင္ျမင္ပဲ ဆုံးရႈံးတတ္ၾကတယ္ ။

လူ တဦးတေယာက္ စီမွာ အားက်စရာေတြ ရွိသလို စိတ္ပ်က္စရာေတြ ကလည္း ကိုယ္စီနဲ႔ပါ။ သူတပါး အားက်၍ ကိုယ္ဝမ္းဝမည္ မဟုတ္သလို ၊ ကိုယ္လုပ္မွ ကိုယ္စား ကိုယ္႐ုန္းမွ ကိုယ္လြတ္မယ့္ ဒုကၡ အခက္ခဲၾကားမွာ ကိုယ့္ဘဝ ကိုယ့္စတိုင္နဲ႔ မယိုင္မလဲ တၿပိဳင္တည္း ၿမဲၿမဲေလွ်ာက္ႏိုင္မွသာလွ်င္ ကိုယ့္ဘဝက သာယာႏိုင္မွာ ပါ ။

crd

Post a Comment

0 Comments