မြေခွေးမြီးပြတ်

တခါတုန်းက ထောင်ချောက်တခုမှာ မိနေတဲ့ မြေခွေးတကောင် ရှိတယ်။ မြေခွေးဟာ ထောင်ချောက်က လွတ်အောင် ရုန်းနိုင်ပေမယ့် သူ့ရဲ့ အမြီးကတော့ ထောင်ချောက်ထဲမှာ မြဲမြဲကြီး ငြိနေတုန်းဘဲ။

အမြီးကို ညှပ်မိတဲ့ နာကျင်မှုဟာ ပြင်းထန်လှပေမယ့် မြေခွေးက အားစိုက်ပြီး ရုန်းတော့ သူ့အမြီးဟာ ပြတ်သွားပါလေရော။ မြေခွေးဟာ အမွေးထူလှတဲ့ သူ့အမြီးပြတ်ကြီးကို ထောင်ချောက်ထဲမှာ ဒီအတိုင်း ထားခဲ့ပြီး ထွက်ပြေးသွားတယ်။

မြေခွေးဟာ သူ့အသက်သူ ကယ်တင်နိုင်ခဲ့တဲ့ အတွက် အလွန်ဘဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတယ်။ ဒါပေမယ့် သူဟာ တခြား မြေခွေးတွေကြားထဲ ရောက်သွားတဲ့အခါ တခြားမြေခွေးတွေက သူ့ကို ဟားတိုက် ရယ်မေားကြတာမို့ အမြီးမရှိတဲ့ သူ့ရဲ့ အဖြစ်ကို ရှက်လာမိတယ်။

နောက်ဆုံး သူ့ခေါင်းထဲမှာ အကြံတခု ရလာတယ်။ အမြီးပြတ်နေတဲ့ မြေခွေးဟာ တခြား မြေခွေးတွေ ကိုလည်း သူနဲ့တူတဲ့ မြေခွေးတွေ ဖြစ်အောင် လုပ်နိုင်မယ့် စီမံကိန်းတခုကို အကွက်ချ အကောင်အထည် ဖေါ်လိုက်ပါတယ်။ ဒီတော့ သူဟာ မြေခွေးတွေ အားလုံးကို အစည်းအဝေး ဖိတ်ခေါ်လိုက်တယ်။

သူ့ရဲ့ ပတ်ပတ်လည်မှာ မြေခွေးတွေ အားလုံး စထိုင်မိပြီ ဆိုတော့မှ သူက စပြောတယ်။ "ချစ်လှစွာသော မိတ်ဆွေတို့ ကျွန်ုပ်မှ အမြီး မထားတော့ဘူးဆိုတာ မိတ်ဆွေတို့ အမြင်ပါဘဲ။ ဒါကြောင့်မို့ မိတ်ဆွေတို့ အနေနဲ့လည်း အမြီးတွေကို ဖြတ်ပစ်ဖို့ အမြော်အမြင်တွေ ရှိကြမယ်လို့ ကျွန်ုပ်အနေနဲ့ အသေအချာ သိနေပါတယ်။

အမြီးမရှိခြင်းရဲ့ အရသာဟာ ဘယ်လောက်ကောင်းတယ် ဆိုတာ သင်တို့ သိကြမှာ မဟုတ်ပါဘူး။ ကျွန်ုပ် အမြီးဖြတ်ပြီးချိန်မှာ ခံစားရတဲ့ ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုမျိုး အရင်တုန်းက တခါမှ မခံစားခဲ့ရ ဖူးဘူး။ ကျွန်ုပ်ရဲ့ ပုံစံဟာလည်း ဟိုယခင်တုန်းကဆို အခုလို လှပပြီး သပ်သပ်ရပ်ရပ် မရှိခဲ့မှာ သေချာတယ်။

ဒါကြောင့် မိတ်ဆွေများ ခင်ဗျာ၊ မိတ်ဆွေတို့ကို ကျွန်ုပ် တောင်းခံချင်တာက ကျွန်ုပ်ကို ချက်ချင်း အတုယူကြဖို့ ပါဘဲ။ အရူးပုံစံ ပေါက်စေတဲ့ သင်တို့ရဲ့ ရုပ်ဆိုးဆိုး အမြီးတွေကို ဖြတ်ပစ်ကြပါ။ အမြီးတွေဟာ ဘာမှလည်း အသုံးမဝင်ပါဘူး"

အမြီးပြတ်နေတဲ့ မြေခွေးဟာ သူ့ရဲ့မိတ်ဆွေတွေကို အမြီးဖြတ်အောင် လုပ်နိုင်ရင် သူတို့မှာလည်း အမြီးမရှိတဲ့ အတွက် လှောင်ပြောင်ကြမှာ မဟုတ်တော့ဘူးလို့ သူ့အနေနဲ့ မျှော်လင့်ထားတယ်။

ဒါပေမယ့် တခြားမြေခွေးတွေက သူ့ရဲ့ လှည့်စားမှုကို ချက်ချင်း ရိပ်မိသွားကြတယ်။ သူတို့ရဲ့ လှပတဲ့ အမြီးတွေ သူတို့ ဂုဏ်ယူနေကြတာမို့ ဖြတ်ပစ်ဖို့လည်း စိတ်မကူးကြဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ မြေခွေးတကောင်က ထပြောလိုက်တယ်။

"သင်က အမြီးမရှိရင် လှတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်ုပ်တို့က မြေခွေးတကောင်ရဲ့ အလှပဆုံး အစိတ်အပိုင်းဟာ သူရဲ့ ကောင်းမွန်လှတဲ့ အမွှေးထူထူ အမြီးဘဲလို့ ထင်တယ်။ တကယ်လို့ သင့်ရဲ့ အမြီးဟာ ထောင်ချောက်ထဲမှာသာ ပြတ်မသွားခဲ့ရင် ကျွန်ုပ်တို့ရဲ့ လှပတဲ့ အမြီးတွေကိုလည်း သင်ဖြတ်ခိုင်း လိမ့်မယ်လို့ မထင်မိပါဘူး"

ထိုအခါမှာတော့ အမြီးပြတ်နေတဲ့ မြေခွေးဟာ သူ့စကားကိုသူ အရှက်ရပြီး ထွက်ပြေးသွားပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။

အကျိုးအကြောင်း မဆီလျော်တဲ့ စကားလုံး၊ အချက်အလက်နဲ့ လှည့်ကွက်တွေဟာ တကယ့် လက်တွေ့ဘဝမှာ အသုံးဝင်မှု မရှိဘူး ဆိုတာ အမြီးပြတ်နေတဲ့ မြေခွေးပုံပြင်လေးက ပြောပြနေတာပဲ ဖြစ်ပါတယ်။

crd

Zawgyi

ေျမေခြးျမီးျပတ္

တခါတုန္းက ေထာင္ေခ်ာက္တခုမွာ မိေနတဲ့ ေျမေခြးတေကာင္ ရွိတယ္။ ေျမေခြးဟာ ေထာင္ေခ်ာက္က လြတ္ေအာင္ ႐ုန္းႏိုင္ေပမယ့္ သူ႔ရဲ႕ အၿမီးကေတာ့ ေထာင္ေခ်ာက္ထဲမွာ ၿမဲၿမဲႀကီး ၿငိေနတုန္းဘဲ။

အၿမီးကို ညႇပ္မိတဲ့ နာက်င္မႈဟာ ျပင္းထန္လွေပမယ့္ ေျမေခြးက အားစိုက္ၿပီး ႐ုန္းေတာ့ သူ႔အၿမီးဟာ ျပတ္သြားပါေလေရာ။ ေျမေခြးဟာ အေမြးထူလွတဲ့ သူ႔အၿမီးျပတ္ႀကီးကို ေထာင္ေခ်ာက္ထဲမွာ ဒီအတိုင္း ထားခဲ့ၿပီး ထြက္ေျပးသြားတယ္။

ေျမေခြးဟာ သူ႔အသက္သူ ကယ္တင္ႏိုင္ခဲ့တဲ့ အတြက္ အလြန္ဘဲ ဝမ္းေျမာက္ဝမ္းသာ ျဖစ္မိတယ္။ ဒါေပမယ့္ သူဟာ တျခား ေျမေခြးေတြၾကားထဲ ေရာက္သြားတဲ့အခါ တျခားေျမေခြးေတြက သူ႔ကို ဟားတိုက္ ရယ္ေမားၾကတာမို႔ အၿမီးမရွိတဲ့ သူ႔ရဲ႕ အျဖစ္ကို ရွက္လာမိတယ္။

ေနာက္ဆုံး သူ႔ေခါင္းထဲမွာ အႀကံတခု ရလာတယ္။ အၿမီးျပတ္ေနတဲ့ ေျမေခြးဟာ တျခား ေျမေခြးေတြ ကိုလည္း သူနဲ႔တူတဲ့ ေျမေခြးေတြ ျဖစ္ေအာင္ လုပ္ႏိုင္မယ့္ စီမံကိန္းတခုကို အကြက္ခ် အေကာင္အထည္ ေဖၚလိုက္ပါတယ္။ ဒီေတာ့ သူဟာ ေျမေခြးေတြ အားလုံးကို အစည္းအေဝး ဖိတ္ေခၚလိုက္တယ္။

သူ႔ရဲ႕ ပတ္ပတ္လည္မွာ ေျမေခြးေတြ အားလုံး စထိုင္မိၿပီ ဆိုေတာ့မွ သူက စေျပာတယ္။ "ခ်စ္လွစြာေသာ မိတ္ေဆြတို႔ ကြၽႏ္ုပ္မွ အၿမီး မထားေတာ့ဘူးဆိုတာ မိတ္ေဆြတို႔ အျမင္ပါဘဲ။ ဒါေၾကာင့္မို႔ မိတ္ေဆြတို႔ အေနနဲ႔လည္း အၿမီးေတြကို ျဖတ္ပစ္ဖို႔ အေျမာ္အျမင္ေတြ ရွိၾကမယ္လို႔ ကြၽႏ္ုပ္အေနနဲ႔ အေသအခ်ာ သိေနပါတယ္။

အၿမီးမရွိျခင္းရဲ႕ အရသာဟာ ဘယ္ေလာက္ေကာင္းတယ္ ဆိုတာ သင္တို႔ သိၾကမွာ မဟုတ္ပါဘူး။ ကြၽႏ္ုပ္ အၿမီးျဖတ္ၿပီးခ်ိန္မွာ ခံစားရတဲ့ ေပါ့ပါးလြတ္လပ္တဲ့ ခံစားမႈမ်ိဳး အရင္တုန္းက တခါမွ မခံစားခဲ့ရ ဖူးဘူး။ ကြၽႏ္ုပ္ရဲ႕ ပုံစံဟာလည္း ဟိုယခင္တုန္းကဆို အခုလို လွပၿပီး သပ္သပ္ရပ္ရပ္ မရွိခဲ့မွာ ေသခ်ာတယ္။

ဒါေၾကာင့္ မိတ္ေဆြမ်ား ခင္ဗ်ာ၊ မိတ္ေဆြတို႔ကို ကြၽႏ္ုပ္ ေတာင္းခံခ်င္တာက ကြၽႏ္ုပ္ကို ခ်က္ခ်င္း အတုယူၾကဖို႔ ပါဘဲ။ အ႐ူးပုံစံ ေပါက္ေစတဲ့ သင္တို႔ရဲ႕ ႐ုပ္ဆိုးဆိုး အၿမီးေတြကို ျဖတ္ပစ္ၾကပါ။ အၿမီးေတြဟာ ဘာမွလည္း အသုံးမဝင္ပါဘူး"

အၿမီးျပတ္ေနတဲ့ ေျမေခြးဟာ သူ႔ရဲ႕မိတ္ေဆြေတြကို အၿမီးျဖတ္ေအာင္ လုပ္ႏိုင္ရင္ သူတို႔မွာလည္း အၿမီးမရွိတဲ့ အတြက္ ေလွာင္ေျပာင္ၾကမွာ မဟုတ္ေတာ့ဘူးလို႔ သူ႔အေနနဲ႔ ေမွ်ာ္လင့္ထားတယ္။

ဒါေပမယ့္ တျခားေျမေခြးေတြက သူ႔ရဲ႕ လွည့္စားမႈကို ခ်က္ခ်င္း ရိပ္မိသြားၾကတယ္။ သူတို႔ရဲ႕ လွပတဲ့ အၿမီးေတြ သူတို႔ ဂုဏ္ယူေနၾကတာမို႔ ျဖတ္ပစ္ဖို႔လည္း စိတ္မကူးၾကဘူး။ ဒီလိုနဲ႔ ေနာက္ဆုံးမွာ ေျမေခြးတေကာင္က ထေျပာလိုက္တယ္။

"သင္က အၿမီးမရွိရင္ လွတယ္လို႔ ထင္တယ္။ ဒါေပမယ့္ ကြၽႏ္ုပ္တို႔က ေျမေခြးတေကာင္ရဲ႕ အလွပဆုံး အစိတ္အပိုင္းဟာ သူရဲ႕ ေကာင္းမြန္လွတဲ့ အေမႊးထူထူ အၿမီးဘဲလို႔ ထင္တယ္။ တကယ္လို႔ သင့္ရဲ႕ အၿမီးဟာ ေထာင္ေခ်ာက္ထဲမွာသာ ျပတ္မသြားခဲ့ရင္ ကြၽႏ္ုပ္တို႔ရဲ႕ လွပတဲ့ အၿမီးေတြကိုလည္း သင္ျဖတ္ခိုင္း လိမ့္မယ္လို႔ မထင္မိပါဘူး"

ထိုအခါမွာေတာ့ အၿမီးျပတ္ေနတဲ့ ေျမေခြးဟာ သူ႔စကားကိုသူ အရွက္ရၿပီး ထြက္ေျပးသြားပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။

အက်ိဳးအေၾကာင္း မဆီေလ်ာ္တဲ့ စကားလုံး၊ အခ်က္အလက္နဲ႔ လွည့္ကြက္ေတြဟာ တကယ့္ လက္ေတြ႕ဘဝမွာ အသုံးဝင္မႈ မရွိဘူး ဆိုတာ အၿမီးျပတ္ေနတဲ့ ေျမေခြးပုံျပင္ေလးက ေျပာျပေနတာပဲ ျဖစ္ပါတယ္။

Post a Comment

0 Comments