ချွေတာလွန်းတဲ့ မြေခွေး

ရှေးရှေးတုန်းက ကလျာဏကဋကရွာမှာ ဘေရဝဆိုတဲ့ မုဆိုးတယောက် ရှိတယ်။ တနေ့တော့ မုဆိုးဟာ ဝိန္ဒျာဋဝီတောအုပ်ထဲ သားကောင်လှည့်လည် ရှာဖွေရင်း သမင်တကောင်ကို တွေ့တော့ ပစ်သတ်ပြီး သမင်သေကို ထမ်းပြီး ပြန်လာတယ်။

အဲဒီလို ပြန်လာစဉ် လမ်းမှာ တောဝက်ကြီး တကောင်ကို တွေ့တာနဲ့ သမင်သေကို အောက်ချပြီး တောဝက်ကြီးကို မြားနဲ့ပစ်တယ်။

မြားမှန်သွားတဲ့ တောဝက်ဟာ မုဆိုးဆီ တဟုန်ထိုး ပြေးလာပြီး ပက်လိုက်တာ ဝှေးစေ့ကို အပက်ခံရပြီး မုဆိုးကြီးခမျာ အမြစ်က ကော်လဲတဲ့ သစ်ပင်လို လဲကျ သေဆုံးသွား တော့တယ်။

ရေ၊ မီး ၊အဆိပ် ၊ လက်နက်၊ ငတ်မွတ်ခြင်း၊ အနာရောဂါ၊ တောင်ပေါ်မှ ကျခြင်း ဆိုတဲ့ သေခြင်း အကြောင်းတရား တို့တွင် တခုခုသော သေကြောင်း ကြုံတွေ့တဲ့အခါ သတ္တဝါတွေဟာ သေကြေ ပျက်စီးကြရတယ်။

တိုက်ခိုက်မှုကြောင့် တောဝက်ရော မုဆိုးပါ သေဆုံးသွားတဲ့ အပြင် တောဝက်နဲ့ မုဆိုးတို့ရဲ့ ခြေထောက်တွေနဲ့ နင်းမိပြီး မြွေတကောင်ပါ အဆစ် သေသွားရတယ်။

ထိုအချိန်မှာပဲ ဒီဃာရဝ အမည်ရှိတဲ့ မြေခွေးတကောင်ဟာ အစာရှာ ထွက်လာရင်း မုဆိုး၊ တောဝက်၊ သမင်၊ မြွေဆိုတဲ့ အသေကောင် လေးခု ကို တွေ့ပြီး စိတ်ထဲကနေ တွေးတယ်။ "ဒီနေ့ ငါတော်တော် ကံကောင်းတာပဲ။ အစားအစာတွေ အများကြီးကို ငါ့ရတာပဲ"

ဆင်းရဲဒုက္ခတွေဟာ မမျှော်လင့်ပဲ ရောက်လာတတ် ကြသလို၊ ချမ်းသာသုခတွေ ဟာလည်း မမျှော်လင့်ပဲ ရောက်လာတတ် ကြတယ်။ ဒီလိုဆင်းရဲချမ်းသာ ဖြစ်ပေါ်လာတာဟာ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှု၊ မကောင်းမှု ကံကြောင့်သာလျှင် အဓိက အကြောင်းလို့ ထင်မိပါတယ်။

"ဒီ အစာအာဟာရတွေနဲ့ ငါ ၅ လ လောက် ချမ်းချမ်း သာသာ အေးအေးဆေးဆေး စားသောက်နေလို့ ရတယ်။ လူသေကောင်က တလစာ လုံလောက်တယ်။ သမင်နှင့် ဝက်သေကောင်က ၃ လစာ လုံလောက်တယ်။ မြွေသေကောင် ကတော့ တရက်စာ လုံလောက်တယ်။ ဒီနေ့တော့ ချွေတာတဲ့ အနေနဲ့ လေးညို့သားရေကိုသာ စားသင့်တယ်"

မြေခွေးဟာ အဲဒီလို ကြံပြီး လေးညို့ကြိုးကို စားမလို့ ကိုက်ဖြတ် လိုက်တဲ့အခါ ကြိုးပြတ်ပြီး လေးကိုင်းက ရင်ဝကို ရိုက်မိကာ နေရာတွင်ပွဲချင်းပြီး သေသွားလေတော့ သတည်း။

ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းသင့် ပါတယ်။ ဒါပေမဲ့ လွန်လွန် ကဲကဲ မစုဆောင်း သင့်ဘူး။ လွန်လွန် ကဲကဲ ချွေတာ စုဆောင်းမိလို့ ဒီဃာရဝဆိုတဲ့ မြေခွေးဟာ မုဆိုးရဲ့ လေးကိုင်း ရိုက်ချက်ကြောင့် အသက်ထွက်ခဲ့ရ ဖူးပါတယ်။

crd

Zawgyi

ေခြၽတာလြန္းတဲ့ ေျမေခြး

ေရွးေရွးတုန္းက ကလ်ာဏကဋက႐ြာမွာ ေဘရဝဆိုတဲ့ မုဆိုးတေယာက္ ရွိတယ္။ တေန႔ေတာ့ မုဆိုးဟာ ဝိႏၵ်ာဋဝီေတာအုပ္ထဲ သားေကာင္လွည့္လည္ ရွာေဖြရင္း သမင္တေကာင္ကို ေတြ႕ေတာ့ ပစ္သတ္ၿပီး သမင္ေသကို ထမ္းၿပီး ျပန္လာတယ္။

အဲဒီလို ျပန္လာစဥ္ လမ္းမွာ ေတာဝက္ႀကီး တေကာင္ကို ေတြ႕တာနဲ႔ သမင္ေသကို ေအာက္ခ်ၿပီး ေတာဝက္ႀကီးကို ျမားနဲ႔ပစ္တယ္။ ျမားမွန္သြားတဲ့ ေတာဝက္ဟာ မုဆိုးဆီ တဟုန္ထိုး ေျပးလာၿပီး ပက္လိုက္တာ ေဝွးေစ့ကို အပက္ခံရၿပီး မုဆိုးႀကီးခမ်ာ အျမစ္က ေကာ္လဲတဲ့ သစ္ပင္လို လဲက် ေသဆုံးသြား ေတာ့တယ္။

ေရ၊ မီး ၊အဆိပ္ ၊ လက္နက္၊ ငတ္မြတ္ျခင္း၊ အနာေရာဂါ၊ ေတာင္ေပၚမွ က်ျခင္း ဆိုတဲ့ ေသျခင္း အေၾကာင္းတရား တို႔တြင္ တခုခုေသာ ေသေၾကာင္း ႀကဳံေတြ႕တဲ့အခါ သတၱဝါေတြဟာ ေသေၾက ပ်က္စီးၾကရတယ္။

တိုက္ခိုက္မႈေၾကာင့္ ေတာဝက္ေရာ မုဆိုးပါ ေသဆုံးသြားတဲ့ အျပင္ ေတာဝက္နဲ႔ မုဆိုးတို႔ရဲ႕ ေျခေထာက္ေတြနဲ႔ နင္းမိၿပီး ေႁမြတေကာင္ပါ အဆစ္ ေသသြားရတယ္။

ထိုအခ်ိန္မွာပဲ ဒီဃာရဝ အမည္ရွိတဲ့ ေျမေခြးတေကာင္ဟာ အစာရွာ ထြက္လာရင္း မုဆိုး၊ ေတာဝက္၊ သမင္၊ ေႁမြဆိုတဲ့ အေသေကာင္ ေလးခု ကို ေတြ႕ၿပီး စိတ္ထဲကေန ေတြးတယ္။ "ဒီေန႔ ငါေတာ္ေတာ္ ကံေကာင္းတာပဲ။ အစားအစာေတြ အမ်ားႀကီးကို ငါ့ရတာပဲ"

ဆင္းရဲဒုကၡေတြဟာ မေမွ်ာ္လင့္ပဲ ေရာက္လာတတ္ ၾကသလို၊ ခ်မ္းသာသုခေတြ ဟာလည္း မေမွ်ာ္လင့္ပဲ ေရာက္လာတတ္ ၾကတယ္။ ဒီလိုဆင္းရဲခ်မ္းသာ ျဖစ္ေပၚလာတာဟာ ေရွးက ျပဳခဲ့ဖူးတဲ့ ေကာင္းမႈ၊ မေကာင္းမႈ ကံေၾကာင့္သာလွ်င္ အဓိက အေၾကာင္းလို႔ ထင္မိပါတယ္။

"ဒီ အစာအာဟာရေတြနဲ႔ ငါ ၅ လ ေလာက္ ခ်မ္းခ်မ္း သာသာ ေအးေအးေဆးေဆး စားေသာက္ေနလို႔ ရတယ္။ လူေသေကာင္က တလစာ လုံေလာက္တယ္။ သမင္ႏွင့္ ဝက္ေသေကာင္က ၃ လစာ လုံေလာက္တယ္။ ေႁမြေသေကာင္ ကေတာ့ တရက္စာ လုံေလာက္တယ္။ ဒီေန႔ေတာ့ ေခြၽတာတဲ့ အေနနဲ႔ ေလးညိဳ႕သားေရကိုသာ စားသင့္တယ္"

ေျမေခြးဟာ အဲဒီလို ႀကံၿပီး ေလးညိဳ႕ႀကိဳးကို စားမလို႔ ကိုက္ျဖတ္ လိုက္တဲ့အခါ ႀကိဳးျပတ္ၿပီး ေလးကိုင္းက ရင္ဝကို ႐ိုက္မိကာ ေနရာတြင္ပြဲခ်င္းၿပီး ေသသြားေလေတာ့ သတည္း။

ပစၥည္းဥစၥာကို ရွာေဖြ စုေဆာင္းသင့္ပါတယ္။ ဒါေပမဲ့ လြန္လြန္ ကဲကဲ မစုေဆာင္း သင့္ဘူး။ လြန္လြန္ ကဲကဲ ေခြၽတာ စုေဆာင္းမိလို႔ ဒီဃာရဝဆိုတဲ့ ေျမေခြးဟာ မုဆိုးရဲ႕ ေလးကိုင္း ႐ိုက္ခ်က္ေၾကာင့္ အသက္ထြက္ခဲ့ရ ဖူးပါတယ္။

crd

Post a Comment

0 Comments