မြေခွေး နဲ့ စပျစ်သီး

တခါတုန်းက တောအုပ်တခုထဲမှာ မြေခွေးတကောင်ဟာ အစာရှာ ထွက်လာခဲ့တယ်။ သားကောင်ကလည်း မတွေ့၊ ဗိုက်ကလည်းစာ နေချိန်မှာ စပျစ်ပင်ကြီး တပင်ကို တွေ့တော့ စပျစ်သီးပဲ စားလိုက်ရင် အဆင်ပြေမယ် ထင်တယ်လို့ တွေးမိသတဲ့။ စပျစ်သီး ကိုလည်း မြေခွေးက တခါမှ မစားဖူးဘူးလေ။ အသီးအခက်တွေ ဝေဆာနေတဲ့ စပျစ်ပင်ကြီး ကလည်း ဆွဲဆောင် တာကိုး။

အဲ့ဒါနဲ့ မြေခွေးလည်း မထူးဘူး ဆိုပြီး စပျစ်သီးကို ခူးဖို့ ကြိုးစားတော့တာပေါ့။ ခက်တာက မြေခွေးက သစ်ပင်လည်း မတက်တတ်။ ခုန်ခူးတော့လည်း မမှီနဲ့ ဆိုတော့ မြေခွေးခမျာ တော်တော် စိတ်ဓာတ် ကျလာတယ်။ ဒါပေမယ့် မြေခွေးဆိုတာ တော်ရုံနဲ့ ဇွဲမလျှော့တတ်တဲ့ သတ္တဝါပဲလေ။ အကြံထုတ်တော့တာပေါ့။

အဲဒီအချိန်မှာ စပျစ်ပင်ပေါ်က အသံကြားလို့ ကြည့်လိုက်တော့ စပျစ်သီးကို လာစားနေတဲ့ ရှဉ့်ကလေးကို မြေခွေးက တွေ့သွားတယ်။ အဲ့မှာတင် မြေခွေးလည်း စဉ်းစားရတော့တာပေါ့။ မြေခွေးကြီး တန်မယ့် စားစရာ မရှိလို့ စပျစ်သီး လာခူးစားတယ် ဆိုတာ ရှဉ့်ကလေး သိသွားရင် သူ အရှက်ကွဲတော့ မှာကိုး။

စပျစ်သီးကိုလည်း စားချင်သေးတယ်၊ ခူးဖို့ကလည်း မမှီ ဒီကြားထဲ ရှဉ့်ကပါ ရောက်လာတယ် ဆိုတော့ မြေခွေး ခေါင်းနည်းနည်း ရှုပ်သွားတယ်။ ဒါပေမယ့် မြေခွေး ဆိုတာက အကြံသမား ဉာဏ်သမား ပေမို့ မကြာခင်မှာ အကြံရသွားပြီး..

"ဟေ့ ရှဉ့်ကလေး ငါ သားကောင် တကောင်ကို ဖမ်းယူ စားသောက်ရင်းနဲ့ သားကောင်ရဲ့ သည်းခြေအိတ်ဟာ စပျစ်ပင်ပေါ် လွင့်သွားတယ်ကွ။ မင်း အဲ့သည်းခြေအိတ်ကို ယူစားလိုက်တယ် ဆိုတော့ မင်းကို ငါပြန်စားရတော့ မှာပေါ့" လို့ ခြောက်လိုက်တယ်။

ရှဉ့်ကလေးလည်း တော်တော် ကြောက်သွားတာပေါ့။ "ကျွန်တော် အသင်မြေခွေးရဲ့ အစာကို လုစားသူ မဟုတ်ပါဘူးဗျာ" လို့ တောင်းပန်သတဲ့။ မြေခွေးလည်း "မင်းငါ့ကို လာမလိမ်နဲ့၊ မင်းစားနေတာ ငါ့သားကောင်ရဲ့ သည်းခြေအိတ်ကွ" လို့ ပြန်ဟောက်တယ်။

"မဟုတ်ရပါဘူးဗျာ ကျွန်တော် စားနေတာ စပျစ်သီးပါ ခင်ဗျာ" လို့ ပြန်ဖြေသတဲ့။ မြေခွေးလည်း ဒေါသကြီးတဲ့ မျက်နှာ အမူအရာနဲ့ ငါမယုံဘူးဟေ့။ "ငါ့ဆီ ယူလာပေး ငါ ဟုတ်မဟုတ် ကြည့်မယ်" လို့ ဂွင်ဆင်တော့ တာပေါ့။

အဲဒီနောက်မှာတော့ ရှဉ့်ကလေးက စဉ်းစားတယ်။ ငါက စပျစ်သီးတွေ ယူသွားပေးရင် အလွန်ချိုတဲ့ စပျစ်သီးတွေ စားပြီး မြေခွေးက မပြန်ဘဲ ငါ့ကို နေ့တိုင်း ခူးခိုင်းနေရင် ခက်ပြီ။ မမှည့်သေးတဲ့ စပျစ်သီးတွေ ယူသွားပေးရင်လည်း ချဉ်လို့ ဆိုပြီး ငါ့ကို ဖမ်းယူ စားသောက်လိုက်ရင် ဒုက္ခ လို့ တွေးတယ်။

အဲ့မှာတင် ရှဉ့်ကလေးလည်း "အသင်မြေခွေး ကျွန်ုပ်၏ အမြှီးသည် စပျစ်နွယ်နှင့် ငြိနေပါသည်။ ထို့ကြောင့် အောက်ဆင်းလို့ ရမည် မဟုတ်ပါ။ အသင်၏ အစာကို ကျွန်ုပ်စားသည်ဟု ထင်ပါလျှင် ကျွန်ပ်စားသော စပျစ်သီးတို့ကို ပစ်ချပေးပါမည်" ဟု ဆိုကာ မမှည့်သေးသော စပျစ်သီးများကို ပြစ်ချပေးလိုက် တယ်ကွယ်။

မြေခွေးလည်း ငါ့အကြံအောင်ပြီ၊ ရှဉ့်အသား မစားရသော်လည်း ငါစားချင်သော စပျစ်သီး ကိုတော့ စားရပေပြီ ဟုတွေးကာ အားရပါးရ စပျစ်သီးကို ကိုက်စားလိုက်တာ ပေါ့ကွယ်။ ဒါပေမယ့် မမှည့်သေးတဲ့ စပျစ်သီး ဆိုတော့ သွားကျိန်းလောက်အောင် ချဉ်သွားတာပေါ့။ မြေခွေးလည်းဒေါသထွက်ပြီး..

"စပျစ်သီးတွေက ဘာလို့ အဲ့သလောက်တောင် ချဉ်တာလဲကွာ" လို့ လှမ်းမေးလိုက်တယ်။ ရှဉ့်ကလေး လည်း "ဒါဟာ သင့်ရဲ့ သဲခြေအိတ်မှ မဟုတ်တာ စပျစ်သီးပဲလေ၊ စပျစ်သီးမို့ ချဉ်တာပါ" လို့ ပြန်ပြောလိုက်တာပေါ့။

မြေခွေးလည်း ဒေါသလည်းထွက် ချဉ်လွန်းတဲ့ စပျစ်သီးကိုလည်း စိတ်နာပြီး အဲ့နေရာက ထွက်သွားတော့ တာပေါ့။ အဲ့အချိန်က စလို့ မြေခွေးလည်း စပျစ်ပင် မြင်ရင် ချဉ်တယ်လို့ တွေးပြီး ဘယ်တော့မှ မစားတော့ဘူး။

CRD

Zawgyi

ေျမေခြး နဲ႔ စပ်စ္သီး

တခါတုန္းက ေတာအုပ္တခုထဲမွာ ေျမေခြးတေကာင္ဟာ အစာရွာ ထြက္လာခဲ့တယ္။ သားေကာင္ကလည္း မေတြ႕၊ ဗိုက္ကလည္းစာ ေနခ်ိန္မွာ စပ်စ္ပင္ႀကီး တပင္ကို ေတြ႕ေတာ့ စပ်စ္သီးပဲ စားလိုက္ရင္ အဆင္ေျပမယ္ ထင္တယ္လို႔ ေတြးမိသတဲ့။ စပ်စ္သီး ကိုလည္း ေျမေခြးက တခါမွ မစားဖူးဘူးေလ။ အသီးအခက္ေတြ ေဝဆာေနတဲ့ စပ်စ္ပင္ႀကီး ကလည္း ဆြဲေဆာင္ တာကိုး။

အဲ့ဒါနဲ႔ ေျမေခြးလည္း မထူးဘူး ဆိုၿပီး စပ်စ္သီးကို ခူးဖို႔ ႀကိဳးစားေတာ့တာေပါ့။ ခက္တာက ေျမေခြးက သစ္ပင္လည္း မတက္တတ္။ ခုန္ခူးေတာ့လည္း မမွီနဲ႔ ဆိုေတာ့ ေျမေခြးခမ်ာ ေတာ္ေတာ္ စိတ္ဓာတ္ က်လာတယ္။ ဒါေပမယ့္ ေျမေခြးဆိုတာ ေတာ္႐ုံနဲ႔ ဇြဲမေလွ်ာ့တတ္တဲ့ သတၱဝါပဲေလ။ အႀကံထုတ္ေတာ့တာေပါ့။

အဲဒီအခ်ိန္မွာ စပ်စ္ပင္ေပၚက အသံၾကားလို႔ ၾကည့္လိုက္ေတာ့ စပ်စ္သီးကို လာစားေနတဲ့ ရွဥ့္ကေလးကို ေျမေခြးက ေတြ႕သြားတယ္။ အဲ့မွာတင္ ေျမေခြးလည္း စဥ္းစားရေတာ့တာေပါ့။ ေျမေခြးႀကီး တန္မယ့္ စားစရာ မရွိလို႔ စပ်စ္သီး လာခူးစားတယ္ ဆိုတာ ရွဥ့္ကေလး သိသြားရင္ သူ အရွက္ကြဲေတာ့ မွာကိုး။

စပ်စ္သီးကိုလည္း စားခ်င္ေသးတယ္၊ ခူးဖို႔ကလည္း မမွီ ဒီၾကားထဲ ရွဥ့္ကပါ ေရာက္လာတယ္ ဆိုေတာ့ ေျမေခြး ေခါင္းနည္းနည္း ရႈပ္သြားတယ္။ ဒါေပမယ့္ ေျမေခြး ဆိုတာက အႀကံသမား ဉာဏ္သမား ေပမို႔ မၾကာခင္မွာ အႀကံရသြားၿပီး

"ေဟ့ ရွဥ့္ကေလး ငါ သားေကာင္ တေကာင္ကို ဖမ္းယူ စားေသာက္ရင္းနဲ႔ သားေကာင္ရဲ႕ သည္းေျခအိတ္ဟာ စပ်စ္ပင္ေပၚ လြင့္သြားတယ္ကြ။ မင္း အဲ့သည္းေျခအိတ္ကို ယူစားလိုက္တယ္ ဆိုေတာ့ မင္းကို ငါျပန္စားရေတာ့ မွာေပါ့" လို႔ ေျခာက္လိုက္တယ္။

ရွဥ့္ကေလးလည္း ေတာ္ေတာ္ ေၾကာက္သြားတာေပါ့။ "ကြၽန္ေတာ္ အသင္ေျမေခြးရဲ႕ အစာကို လုစားသူ မဟုတ္ပါဘူးဗ်ာ" လို႔ ေတာင္းပန္သတဲ့။ ေျမေခြးလည္း "မင္းငါ့ကို လာမလိမ္နဲ႔၊ မင္းစားေနတာ ငါ့သားေကာင္ရဲ႕ သည္းေျခအိတ္ကြ" လို႔ ျပန္ေဟာက္တယ္။

"မဟုတ္ရပါဘူးဗ်ာ ကြၽန္ေတာ္ စားေနတာ စပ်စ္သီးပါ ခင္ဗ်ာ" လို႔ ျပန္ေျဖသတဲ့။ ေျမေခြးလည္း ေဒါသႀကီးတဲ့ မ်က္ႏွာ အမူအရာနဲ႔ ငါမယုံဘူးေဟ့။ "ငါ့ဆီ ယူလာေပး ငါ ဟုတ္မဟုတ္ ၾကည့္မယ္" လို႔ ဂြင္ဆင္ေတာ့ တာေပါ့။

အဲဒီေနာက္မွာေတာ့ ရွဥ့္ကေလးက စဥ္းစားတယ္။ ငါက စပ်စ္သီးေတြ ယူသြားေပးရင္ အလြန္ခ်ိဳတဲ့ စပ်စ္သီးေတြ စားၿပီး ေျမေခြးက မျပန္ဘဲ ငါ့ကို ေန႔တိုင္း ခူးခိုင္းေနရင္ ခက္ၿပီ။ မမွည့္ေသးတဲ့ စပ်စ္သီးေတြ ယူသြားေပးရင္လည္း ခ်ဥ္လို႔ ဆိုၿပီး ငါ့ကို ဖမ္းယူ စားေသာက္လိုက္ရင္ ဒုကၡ လို႔ ေတြးတယ္။

အဲ့မွာတင္ ရွဥ့္ကေလးလည္း "အသင္ေျမေခြး ကြၽႏ္ုပ္၏ အျမႇီးသည္ စပ်စ္ႏြယ္ႏွင့္ ၿငိေနပါသည္။ ထို႔ေၾကာင့္ ေအာက္ဆင္းလို႔ ရမည္ မဟုတ္ပါ။ အသင္၏ အစာကို ကြၽႏ္ုပ္စားသည္ဟု ထင္ပါလွ်င္ ကြၽန္ပ္စားေသာ စပ်စ္သီးတို႔ကို ပစ္ခ်ေပးပါမည္" ဟု ဆိုကာ မမွည့္ေသးေသာ စပ်စ္သီးမ်ားကို ျပစ္ခ်ေပးလိုက္ တယ္ကြယ္။

ေျမေခြးလည္း ငါ့အႀကံေအာင္ၿပီ၊ ရွဥ့္အသား မစားရေသာ္လည္း ငါစားခ်င္ေသာ စပ်စ္သီး ကိုေတာ့ စားရေပၿပီ ဟုေတြးကာ အားရပါးရ စပ်စ္သီးကို ကိုက္စားလိုက္တာ ေပါ့ကြယ္။ ဒါေပမယ့္ မမွည့္ေသးတဲ့ စပ်စ္သီး ဆိုေတာ့ သြားက်ိန္းေလာက္ေအာင္ ခ်ဥ္သြားတာေပါ့။ ေျမေခြးလည္းေဒါသထြက္ၿပီး

"စပ်စ္သီးေတြက ဘာလို႔ အဲ့သေလာက္ေတာင္ ခ်ဥ္တာလဲကြာ" လို႔ လွမ္းေမးလိုက္တယ္။ ရွဥ့္ကေလး လည္း "ဒါဟာ သင့္ရဲ႕ သဲေျခအိတ္မွ မဟုတ္တာ စပ်စ္သီးပဲေလ၊ စပ်စ္သီးမို႔ ခ်ဥ္တာပါ" လို႔ ျပန္ေျပာလိုက္တာေပါ့။

ေျမေခြးလည္း ေဒါသလည္းထြက္ ခ်ဥ္လြန္းတဲ့ စပ်စ္သီးကိုလည္း စိတ္နာၿပီး အဲ့ေနရာက ထြက္သြားေတာ့ တာေပါ့။ အဲ့အခ်ိန္က စလို႔ ေျမေခြးလည္း စပ်စ္ပင္ ျမင္ရင္ ခ်ဥ္တယ္လို႔ ေတြးၿပီး ဘယ္ေတာ့မွ မစားေတာ့ဘူး။

CRD

Post a Comment

0 Comments