ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တပါးဟာ သူဆင်းရဲ တယောက်လို အယောင်ဆောင် ရုပ်ဖျက်ပြီး တိုင်းပြည် အခြေအနေ လေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ် ထွက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ ပထမဆုံး အလွန်ဆင်းရဲတဲ့ အဖိုးအို လင်မယားနေတဲ့ တဲအိမ် အစုတ်လေးဆီကို ရောက်လာခဲ့ပါတယ်။

အဖိုးအို လင်မယားဟာ ပင်ပန်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာကို အယောင်ဆောင် ဘုရင်ကြီးတွေ့ရပါ တယ်။ ဒီမှာ တညအိပ် တည်းဖို့ခွင့် တောင်းတော့ အဖိုးအို လင်မယားက ခွင့်ပြုပြီး လိုလေးသေး မရှိအောင်လည်း ရှိတာလေးနဲ့ ဧည့်ခံကျွေးမွေး ကြပါတယ်။

လူဆင်းရဲပေမယ့် စေတနာမဆင်းရဲတဲ့ အဖိုးအို လင်မယားကို အယောင်ဆောင် ဘုရင်ကြီးက စိတ်ထဲကနေ ကြိတ်ပြီး ကျေးဇူးတင်နေမိတာပေါ့။ ညကျတော့ အိပ်ယာ မဝင်ခင် အတူထိုင် စကားစမြီပြောကြတဲ့အခါ ဘုရင်ကြီး က "အဖိုးတို့မှာ စားမယ့်သောက်မယ့် လူလည်းမရှိပဲ ဘာလို့ ဒီလောက် ပင်ပန်းကြီးစွာ အလုပ်တွေ လုပ်နေရတာလဲ။ ဒီအရွယ်ဆိုတာ သားထောက် သမီးခံ အလုပ်လွှဲထားပြီး ဘုရားသွား ကျောင်းတက် လုပ်နေရမှာမဟုတ်လော" ဟု ပြောပါတယ်။

ဒီအခါအဖိုးအိုက ဒီလိုပြန်ပြီး ပြောပါတယ် "အမောင်ပြောတာ ဟုတ်တော့လည်း ဟုတ်ပါရဲ့၊ ဒါပေမယ့် သားသမီးဆိုတာလဲ သူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာကလား ကျုပ်တို့မှာလည်း ကိုယ် စားဖို့တင်မက ခိုးမှူးကြီးကိုလည်း ပေးရသေးတယ်၊ အာဂန္တု ဧည့်သည်ကိုလည်း ကျွေးရတယ်၊ သမုဒ္ဒရာထဲလည်း ပစ်ချနေရသေးတယ်၊ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေရပါတယ်"

အဖိုးအိုစကားက ဘုရင်ကြီးအတွက် ထူးဆန်းနေပါတယ်။ အဓိပ္ပါယ်ကိုလည်း သဘောမပေါက်တာကြောင့် အဖိုးအိုကို ပြန်မေးမိတော့တယ်။ "အဖိုးစကားရဲ့ အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလားခင်ဗျာ"

ထိုအခါ အဖိုးအိုက အဓိပ္ပါယ်ကို ရှင်းပြပါတယ်။ "ဒီလိုပါအမောင် ခိုးမှူးကြီးကို ပေးရတယ် ဆိုတာက တိုင်းပြည်ကို ဓားပြ သူခိုး ရန်သူမျိုးတွေရဲ့ ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ် လို့ ဖြစ်ပါတယ်"

"ဘုရင်ကို ဘာလို့ ခိုးမှူးကြီး ဆိုရပါသလဲ အဖိုး"

"ကျုပ်တို့တွေ နဖူးကချွေး ခြေမ ကျအောင် ရှာဖွေထားရတဲ့ ဥစ္စာတွေကို သူခိုးဓားပြလက် မပါရအောင် ကာကွယ ထိန်းသိမ်းပေးနိုင်စွမ်း ရှိလို့ ခိုးသူတို့ရဲ့ အကြီးအမှူးလို့ ဆိုလိုတာပါ" ဘုရင်ကြီးဟာ အဖိုးအိုရဲ့ အဖြေကို သဘောကျသွား ပါတယ်။ ဒါနဲ့ နောက်ထပ် စကားတခွန်းကို ထပ်မေးပြန် ပါတယ်။ "အာဂန္တု ဧည့်သည်ကို ကျွေးမွေးရတယ်ဆို တာကရော ဘယ်လို အဓိပ္ပါယ်ပါလိမ့်ဗျာ"

"လောကမယ် မိဘက ကျွေးမွေး စောင့်ရှောက် ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ ဧည့်သည်တွေပါပဲ အမောင်။ အချိန်တန် အရွယ် ရောက်တဲ့အခါ သူတို့လမ်း သူတို့ လျှောက်ကြတာပဲ မဟုတ်လား။ ဒါကြောင့် သူတို့ကို အာဂန္တု့လို့ ဆိုရတာပါမောင်"

ဒီစကားကိုလည်း ဘုရင်ကြီး သဘောကျပြန် ပါတယ်။ နောက်ထပ် စကားအဓိပ္ပါယ်ကိုလည်း ထပ်မေးလိုက်ပြန်တယ်။ "သမုဒ္ဒရာထဲ ချရတယ် ဆိုတာကရော ဘာအဓိပ္ပါယ်ပါလဲ အဖိုး"

"ဒါကဒီလိုပါ၊ ချောင်းမြစ် အသွယ်သွယ်တို့က လာတဲ့ ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာထဲ စီးဝင်ကြပေမဲ့ ပြည့်ရိုးထုံးစံ မရှိသလိုဘဲ၊ တနေ့တနေ့ ကျုပ်တို့ စားသမျှ အားလုံး ဝမ်းခေါင်းထဲမှာ ပြည့်တယ်လို့ မရှိတာ အမောင် အသိပဲ မဟုတ်လား။ ဒါကြောင့် သမုဒ္ဒရာထဲ ပစ်ထဲ့ရ တယ် ဆိုတာ ရှာဖွေရသမျှ ကျုပ်တို့ အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲ အစာစားပြီး ဖြည့်ထဲ့နေရတယ် လို့ ဆိုလိုတာပါပဲ"

"ဒါဆို နောက်ဆုံးစကား ရန်သူကို ရှာဖွေကျွေး မွေးနေရတယ် ဆိုကရော"

"ဒါက ပိုအရေးကြီးပါတယ် အမောင်၊ ကိုယ်က ချစ်ကြင်လို့ ပေါင်းသင်းနေထိုင်နေတဲ့ ဇနီးမယားဟာ ကိုယ့်ရဲ့ ရန်သူပါဘဲ"

"အလို ဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦး အဖိုးရဲ့"

"စိတ်တူကိုယ်တူ ဆိုပြီး ကိုယ်က ချစ်ခင် ပေါင်းသင်းနေပေမဲ့ ကိုယ့်ရဲ့ အသက်စည်းစိမ်ကို အများဆုံး ဒုက္ခပေးနိုင်ချေ ရှိတာ ဒီဇနီးမယားပါပဲ အမောင်။ ဒီစကားကတော့ အရေးကြုံလာတဲ့ အခါမှ အမောင် သိပါလိမ့်မယ်။ အခုကတော့ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ် သားလိုက်ပါအမောင်"

နောက်ဆုံးစကားကို ဘဝင်မကျပေမယ့် မှတ်သားလောက်စရာမို့ လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါတော့တယ်။

"မကြောက်ကြပါနဲ့အဖိုး တခုတော့ ပြောပါရစေ၊ အခု အဖိုးပြောတဲ့ စကားကြီးလေးခွန်းကိုတော့ ဘယ်သူကိုမှ မပြောမိစေဖို့ မှာခဲ့ပါရစေ။ တကယ်လို့ ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကို သဘောပေါက်စေချင်တယ်"

"မပေါက်ကြားစေဖို့ ဂတိပေးပါတယ် မင်းကြီး"

ဤသို့ဖြင့် ဘုရင်ကြီးလည်း နန်းတွင်းပြန်သွားပြီး နောက်တနေ့ ညီလာခံတွင် အဖိုးအို ပြောဆိုခဲ့သော စကားကြီးလေးခွန်းကို မှူးမတ်တွေကို ပြောဆို မေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်း ပါတော့တယ်။ မှူးမတ်တွေ အားလုံး မဖြေဆိုနိုင် ကြပါဘူး။ ဒီတော့ဘုရင်ကြီးက ဖြေဆိုဖို့အ ချိန် ၇ ရက် ပေးလိုက်ပါတယ်။

မှူးမတ်တွေ အားလုံး အကြပ်ရိုက် နေချိန်မှာ လူလည် အမတ်တယောက်ကတော့ ဘုရင်ကြီး ခရီးထွက်ပြီး ပြန်လာမှ ဒီစကားလေးခွန်း ကိုမေးတာ ဆိုတော့ အကြောင်းရှိရမယ်လို့ စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်းကို စုံစမ်းပြီး ရှာဖွေရာက အဖိုးအို လင်မယား ရှိရာကို ရောက်သွားပါတော့တယ်။

အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင် ပေးပြီး စကားလေးခွန်းကို မေးပေမယ့် အဖိုးအိုဟာ လုံးဝ မပြောပါဘူး။ နောက်ဆုံး အဖိုးအိုရဲ့ ဇနီး ဖွားအိုကို အသပြာငွေ ၁၀၀၀ ပေးပြီး မေးတဲ့အခါ ဖွားအိုက ငွေကို ယူပြီး စကားလေးခွန်း အဓိပ္ပါယ်ကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ ရက်ချိန်း ၇ ရက် ပြည့်လို့ ညီလာခံ ပြန်ဝင်တဲ့အခါ ဘုရင်ကြီးကို ဘယ်သူမှ အဖြေမပေးနိုင် ကြပေမယ့် လူလည် အမတ်ကတော့ ခပ် ကြွားကြွားလေး ဖြေနိုင်လိုက်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာ မဟုတ်ဘူးဆိုတာ သိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်၊ ဘယ်လိုသိလာတာလဲ ဆိုတာ မှန်မှန်ပြော ဆိုပြီး အကြပ်ကိုင် မေးတော့မှ အဖိုးအို လင်မယားဆီက သိလာတာလို့ အမှန် အတိုင်း ပြောပါတော့တယ်။

ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး ရှေ့တော် ဆင့်ခေါ်လိုက်ပါတယ်။ ရှေ့တော် ရောက်တဲ့ အခါ "အဖိုး ပေးခဲ့တဲ့ ဂတိကို ဖျ က်ပြီး ဘာလို့တား မြစ်ချက်ကို လွန်ဆန်ရတာလဲ၊ သေဒဏ် ပေးခံရမှာကို မကြောက်ဖူးလား"

"မင်းကြီး ကျွန်တော်မျိုးဟာ ဆင်းရဲ နုံခြာပေမယ့် ဂတိတလုံးကို အသက်ထက် ကာကွယ်ပါတယ်။ ကျွန်တော်မျိုး၏ ဇနီး ပြောကြားခြင်းသာဖြစ်ပါတယ်။ အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့် ဇနီးသည်ဟာ အနီးဆုံး ရန်သူဖြစ်ကြောင်း မင်းကြီး ဒီလောက်ဆို သဘောပေါက် နားလည်ပြီ ယုံကြည်ပါတယ်"

ဒီတော့မှ ဘုရင်ကြီးဟာ စိတ်ထဲ ဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပါယ်ကို နားလည် လက်ခံသွားပြီး သူဆင်းရဲ အဖိုးအိုလင်မယား ကို ဆုလာဘ်များ ပေးသနားလိုက် ပါတော့တယ်။

phoomyatchal

Crd

Zawgyi

အဘိုးအို၏ စကားႀကီး ေလးခြန္း

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ အုပ္ခ်ဳပ္ေနတဲ့ ဘုရင္ႀကီး တပါးဟာ သူဆင္းရဲ တေယာက္လို အေယာင္ေဆာင္ ႐ုပ္ဖ်က္ၿပီး တိုင္းျပည္ အေျခအေန ေလ့လာဖို႔ မင္းေနျပည္က တိတ္တဆိတ္ ထြက္ခဲ့ပါတယ္။ ဘုရင္ႀကီးဟာ ပထမဆုံး အလြန္ဆင္းရဲတဲ့ အဖိုးအို လင္မယားေနတဲ့ တဲအိမ္ အစုတ္ေလးဆီကို ေရာက္လာခဲ့ပါတယ္။

အဖိုးအို လင္မယားဟာ ပင္ပန္းဆင္းရဲစြာနဲ႔ ယာခင္းထဲမွာ စိုက္ပ်ိဳးလုပ္ကိုင္ စားေသာက္ ေနရတာကို အေယာင္ေဆာင္ ဘုရင္ႀကီးေတြ႕ရပါ တယ္။ ဒီမွာ တညအိပ္ တည္းဖို႔ခြင့္ ေတာင္းေတာ့ အဖိုးအို လင္မယားက ခြင့္ျပဳၿပီး လိုေလးေသး မရွိေအာင္လည္း ရွိတာေလးနဲ႔ ဧည့္ခံေကြၽးေမြး ၾကပါတယ္။

လူဆင္းရဲေပမယ့္ ေစတနာမဆင္းရဲတဲ့ အဖိုးအို လင္မယားကို အေယာင္ေဆာင္ ဘုရင္ႀကီးက စိတ္ထဲကေန ႀကိတ္ၿပီး ေက်းဇူးတင္ေနမိတာေပါ့။ ညက်ေတာ့ အိပ္ယာ မဝင္ခင္ အတူထိုင္ စကားစၿမီေျပာၾကတဲ့အခါ ဘုရင္ႀကီး က "အဖိုးတို႔မွာ စားမယ့္ေသာက္မယ့္ လူလည္းမရွိပဲ ဘာလို႔ ဒီေလာက္ ပင္ပန္းႀကီးစြာ အလုပ္ေတြ လုပ္ေနရတာလဲ။ ဒီအ႐ြယ္ဆိုတာ သားေထာက္ သမီးခံ အလုပ္လႊဲထားၿပီး ဘုရားသြား ေက်ာင္းတက္ လုပ္ေနရမွာမဟုတ္ေလာ" ဟု ေျပာပါတယ္။

ဒီအခါအဖိုးအိုက ဒီလိုျပန္ၿပီး ေျပာပါတယ္ "အေမာင္ေျပာတာ ဟုတ္ေတာ့လည္း ဟုတ္ပါရဲ႕၊ ဒါေပမယ့္ သားသမီးဆိုတာလဲ သူ႔မီးနဲ႔ သူ႔အပူ ျဖစ္ေနၾကတာကလား က်ဳပ္တို႔မွာလည္း ကိုယ္ စားဖို႔တင္မက ခိုးမႉးႀကီးကိုလည္း ေပးရေသးတယ္၊ အာဂႏၲဳ ဧည့္သည္ကိုလည္း ေကြၽးရတယ္၊ သမုဒၵရာထဲလည္း ပစ္ခ်ေနရေသးတယ္၊ ရန္သူကိုလည္း ရွာေဖြ ေကြၽးေမြးေနရပါတယ္"

အဖိုးအိုစကားက ဘုရင္ႀကီးအတြက္ ထူးဆန္းေနပါတယ္။ အဓိပၸါယ္ကိုလည္း သေဘာမေပါက္တာေၾကာင့္ အဖိုးအိုကို ျပန္ေမးမိေတာ့တယ္။ "အဖိုးစကားရဲ႕ အဓိပၸါယ္ကို တဆိတ္ေလာက္ ရွင္းျပပါလားခင္ဗ်ာ"

ထိုအခါ အဖိုးအိုက အဓိပၸါယ္ကို ရွင္းျပပါတယ္။ "ဒီလိုပါအေမာင္ ခိုးမႉးႀကီးကို ေပးရတယ္ ဆိုတာက တိုင္းျပည္ကို ဓားျပ သူခိုး ရန္သူမ်ိဳးေတြရဲ႕ ရန္က ကာကြယ္ေပးထားတဲ့ ဘုရင္မင္းျမတ္တို႔အား အခြန္ဘ႑ာ ဆက္သေပးေနရတယ္ လို႔ ျဖစ္ပါတယ္"

"ဘုရင္ကို ဘာလို႔ ခိုးမႉးႀကီး ဆိုရပါသလဲ အဖိုး"

"က်ဳပ္တို႔ေတြ နဖူးကေခြၽး ေျခမ က်ေအာင္ ရွာေဖြထားရတဲ့ ဥစၥာေတြကို သူခိုးဓားျပလက္ မပါရေအာင္ ကာကြယ ထိန္းသိမ္းေပးႏိုင္စြမ္း ရွိလို႔ ခိုးသူတို႔ရဲ႕ အႀကီးအမႉးလို႔ ဆိုလိုတာပါ" ဘုရင္ႀကီးဟာ အဖိုးအိုရဲ႕ အေျဖကို သေဘာက်သြား ပါတယ္။ ဒါနဲ႔ ေနာက္ထပ္ စကားတခြန္းကို ထပ္ေမးျပန္ ပါတယ္။ "အာဂႏၲဳ ဧည့္သည္ကို ေကြၽးေမြးရတယ္ဆို တာကေရာ ဘယ္လို အဓိပၸါယ္ပါလိမ့္ဗ်ာ"

"ေလာကမယ္ မိဘက ေကြၽးေမြး ေစာင့္ေရွာက္ ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ့ ဧည့္သည္ေတြပါပဲ အေမာင္။ အခ်ိန္တန္ အ႐ြယ္ ေရာက္တဲ့အခါ သူတို႔လမ္း သူတို႔ ေလွ်ာက္ၾကတာပဲ မဟုတ္လား။ ဒါေၾကာင့္ သူတို႔ကို အာဂႏၲဳ့လို႔ ဆိုရတာပါေမာင္"

ဒီစကားကိုလည္း ဘုရင္ႀကီး သေဘာက်ျပန္ ပါတယ္။ ေနာက္ထပ္ စကားအဓိပၸါယ္ကိုလည္း ထပ္ေမးလိုက္ျပန္တယ္။ "သမုဒၵရာထဲ ခ်ရတယ္ ဆိုတာကေရာ ဘာအဓိပၸါယ္ပါလဲ အဖိုး"

"ဒါကဒီလိုပါ၊ ေခ်ာင္းျမစ္ အသြယ္သြယ္တို႔က လာတဲ့ ေရမွန္သမွ်ဟာ ပင္လယ္သမုဒၵရာထဲ စီးဝင္ၾကေပမဲ့ ျပည့္႐ိုးထုံးစံ မရွိသလိုဘဲ၊ တေန႔တေန႔ က်ဳပ္တို႔ စားသမွ် အားလုံး ဝမ္းေခါင္းထဲမွာ ျပည့္တယ္လို႔ မရွိတာ အေမာင္ အသိပဲ မဟုတ္လား။ ဒါေၾကာင့္ သမုဒၵရာထဲ ပစ္ထဲ့ရ တယ္ ဆိုတာ ရွာေဖြရသမွ် က်ဳပ္တို႔ အသက္ရွင္သန္ဖို႔ ဒီဝမ္းေခါင္းထဲ အစာစားၿပီး ျဖည့္ထဲ့ေနရတယ္ လို႔ ဆိုလိုတာပါပဲ"

"ဒါဆို ေနာက္ဆုံးစကား ရန္သူကို ရွာေဖြေကြၽး ေမြးေနရတယ္ ဆိုကေရာ"

"ဒါက ပိုအေရးႀကီးပါတယ္ အေမာင္၊ ကိုယ္က ခ်စ္ၾကင္လို႔ ေပါင္းသင္းေနထိုင္ေနတဲ့ ဇနီးမယားဟာ ကိုယ့္ရဲ႕ ရန္သူပါဘဲ"

"အလို ဒီစကားကေတာ့ အဆန္းပါလား ရွင္းျပေပးပါဦး အဖိုးရဲ႕"

"စိတ္တူကိုယ္တူ ဆိုၿပီး ကိုယ္က ခ်စ္ခင္ ေပါင္းသင္းေနေပမဲ့ ကိုယ့္ရဲ႕ အသက္စည္းစိမ္ကို အမ်ားဆုံး ဒုကၡေပးႏိုင္ေခ် ရွိတာ ဒီဇနီးမယားပါပဲ အေမာင္။ ဒီစကားကေတာ့ အေရးႀကဳံလာတဲ့ အခါမွ အေမာင္ သိပါလိမ့္မယ္။ အခုကေတာ့ ရန္သူကိုလည္း ရွာေဖြ ေကြၽးေမြးေနတယ္ပဲ မွတ္ သားလိုက္ပါအေမာင္"

ေနာက္ဆုံးစကားကို ဘဝင္မက်ေပမယ့္ မွတ္သားေလာက္စရာမို႔ လက္ခံလိုက္ၿပီး သူဟာ ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုးအိုလင္မယားဟာ ျပဴးျပဴးပ်ာပ်ာ ျဖစ္သြားပါေတာ့တယ္။

"မေၾကာက္ၾကပါနဲ႔အဖိုး တခုေတာ့ ေျပာပါရေစ၊ အခု အဖိုးေျပာတဲ့ စကားႀကီးေလးခြန္းကိုေတာ့ ဘယ္သူကိုမွ မေျပာမိေစဖို႔ မွာခဲ့ပါရေစ။ တကယ္လို႔ ေပါက္ၾကားခဲ့ရင္ ေသဒဏ္သင့္မွာကို သေဘာေပါက္ေစခ်င္တယ္"

"မေပါက္ၾကားေစဖို႔ ဂတိေပးပါတယ္ မင္းႀကီး"

ဤသို႔ျဖင့္ ဘုရင္ႀကီးလည္း နန္းတြင္းျပန္သြားၿပီး ေနာက္တေန႔ ညီလာခံတြင္ အဖိုးအို ေျပာဆိုခဲ့ေသာ စကားႀကီးေလးခြန္းကို မႉးမတ္ေတြကို ေျပာဆို ေမးခြန္းထုတ္ၿပီး အဓိပၸါယ္ကို ေမးျမန္း ပါေတာ့တယ္။ မႉးမတ္ေတြ အားလုံး မေျဖဆိုႏိုင္ ၾကပါဘူး။ ဒီေတာ့ဘုရင္ႀကီးက ေျဖဆိုဖို႔အ ခ်ိန္ ၇ ရက္ ေပးလိုက္ပါတယ္။

မႉးမတ္ေတြ အားလုံး အၾကပ္႐ိုက္ ေနခ်ိန္မွာ လူလည္ အမတ္တေယာက္ကေတာ့ ဘုရင္ႀကီး ခရီးထြက္ၿပီး ျပန္လာမွ ဒီစကားေလးခြန္း ကိုေမးတာ ဆိုေတာ့ အေၾကာင္းရွိရမယ္လို႔ စဥ္းစားၿပီး ဘုရင္ႀကီးသြားခဲ့တဲ့ လမ္းေၾကာင္းကို စုံစမ္းၿပီး ရွာေဖြရာက အဖိုးအို လင္မယား ရွိရာကို ေရာက္သြားပါေတာ့တယ္။

အမတ္လူလည္ဟာ အဖိုးအိုကို တံစိုးလက္ေဆာင္ ေပးၿပီး စကားေလးခြန္းကို ေမးေပမယ့္ အဖိုးအိုဟာ လုံးဝ မေျပာပါဘူး။ ေနာက္ဆုံး အဖိုးအိုရဲ႕ ဇနီး ဖြားအိုကို အသျပာေငြ ၁၀၀၀ ေပးၿပီး ေမးတဲ့အခါ ဖြားအိုက ေငြကို ယူၿပီး စကားေလးခြန္း အဓိပၸါယ္ကို ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။

ဒါနဲ႔ ရက္ခ်ိန္း ၇ ရက္ ျပည့္လို႔ ညီလာခံ ျပန္ဝင္တဲ့အခါ ဘုရင္ႀကီးကို ဘယ္သူမွ အေျဖမေပးႏိုင္ ၾကေပမယ့္ လူလည္ အမတ္ကေတာ့ ခပ္ ႂကြားႂကြားေလး ေျဖႏိုင္လိုက္ပါတယ္။ ဒါေပမယ့္ ဘုရင္ႀကီးက သူ႔အစြမ္းအစနဲ႔ ေျဖႏိုင္တာ မဟုတ္ဘူးဆိုတာ သိေနေတာ့ မွန္မွန္မေျပာ ေသဒဏ္ေပးမယ္၊ ဘယ္လိုသိလာတာလဲ ဆိုတာ မွန္မွန္ေျပာ ဆိုၿပီး အၾကပ္ကိုင္ ေမးေတာ့မွ အဖိုးအို လင္မယားဆီက သိလာတာလို႔ အမွန္ အတိုင္း ေျပာပါေတာ့တယ္။

ဘုရင္ႀကီးဟာ အဖိုးအိုလင္မယားကို အမ်က္မာန္ရွၿပီး ေရွ႕ေတာ္ ဆင့္ေခၚလိုက္ပါတယ္။ ေရွ႕ေတာ္ ေရာက္တဲ့ အခါ "အဖိုး ေပးခဲ့တဲ့ ဂတိကို ဖ် က္ၿပီး ဘာလို႔တား ျမစ္ခ်က္ကို လြန္ဆန္ရတာလဲ၊ ေသဒဏ္ ေပးခံရမွာကို မေၾကာက္ဖူးလား"

"မင္းႀကီး ကြၽန္ေတာ္မ်ိဳးဟာ ဆင္းရဲ ႏုံျခာေပမယ့္ ဂတိတလုံးကို အသက္ထက္ ကာကြယ္ပါတယ္။ ကြၽန္ေတာ္မ်ိဳး၏ ဇနီး ေျပာၾကားျခင္းသာျဖစ္ပါတယ္။ အသျပာေငြ ၁၀၀၀ အတြက္ ကြၽန္ေတာ္မ်ိဳး၏ အသက္ကို ေရာင္းစားသည့္ ဇနီးသည္ဟာ အနီးဆုံး ရန္သူျဖစ္ေၾကာင္း မင္းႀကီး ဒီေလာက္ဆို သေဘာေပါက္ နားလည္ၿပီ ယုံၾကည္ပါတယ္"

ဒီေတာ့မွ ဘုရင္ႀကီးဟာ စိတ္ထဲ ဘဝင္မက်ခဲ့တဲ့ ေနာက္ဆုံးစကားရဲ႕ အဓိပၸါယ္ကို နားလည္ လက္ခံသြားၿပီး သူဆင္းရဲ အဖိုးအိုလင္မယား ကို ဆုလာဘ္မ်ား ေပးသနားလိုက္ ပါေတာ့တယ္။

phoomyatchal

Crd