ပစ္စည်းတင်လေယာဉ်ပေါ်မှာ ခိုးလိုက်လာမိလို့ အဖမ်းခံလိုက်ရတဲ့ ကြောင်လေးကောင်

ကြောင်လေးတွေလည်း လေယာဉ်စီးပြီး ခရီးသွားတတ် ကြပါတယ်နော်။ နိုဝင်ဘာ ၆ ရက်နေ့တုန်းက စင်ကာပူကနေ ဟောင်ကောင်ကို ပြေးဆွဲတဲ့ ပစ္စည်းတင်လေယာဉ်ပေါ်မှာ ကြောင်ကလေး လေးကောင် ပါလာပါတယ်။ ကြောင်လေး လေးကောင်က အဖြူနှစ်ကောင်၊ အနက်နှစ်ကောင်ပါ။

ဟောင်ကောင်ကို ရောက်တဲ့အခါ သူတို့လေးကောင် ပါလာတာကို ရဲတွေက သိသွားပြီး ကြောင်လေးတွေ အဖမ်းခံလိုက်ရပါတယ်။ ပြီးတော့ ရဲတွေက စိုက်ပျိုးရေး၊ ငါးမွေးမြူရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန (AFCD) ကို အကြောင်းကြားလိုက်ပါတယ်။

အရင်က ဟောင်ကောင် AFCD က quarantine မဝင်တဲ့ တိရစ္ဆာန်တွေကို ရှင်းလင်းပစ်လေ့ ရှိပါတယ်။ အဲဒါကြောင့် ဟောင်ကောင် တိရစ္ဆာန်ကာကွယ်ရေးအသင်းတွေက ကြောင်လေးကောင်ရဲ့ အသက်ကိုကယ်ဖို့ အသနားခံစာတွေကို social media တွေမှာ လှုံ့ဆော်ပေးနေပါတယ်။

" ကြောင်လေးတွေက quarantine မဝင်ရသေးပေမယ့် စင်ကာပူမှာ ခွေးရူးပြန်ရောဂါ မရှိပါဘူး။ ကြောင်လေးတွေ quarantine ဝင်ပြီးရင် AFCD က ကြောင်လေးတွေကို မွေးစားမယ့်သူတွေကို ရအောင် စီစဉ်ပေးနိုင်တယ်" လို့ AFCD က ပြောပါတယ်။

ကျန်းမာရေး စစ်ဆေးကြည့်လိုက်တဲ့အခါ ကြောင်လေးတွေ ကျန်းမာရေး ကောင်းကြောင်း တွေ့ရပါတယ်။ အခုတော့ ကြောင်လေးတွေ ဟောင်ကောင်မှာ quarantine ဝင်နေပါပြီ။ Quarantine ဝင်ပြီးရင်တော့ တိရစ္ဆာန်စောင့်ရှောက်ရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီး ကြောင်လေးတွေကို မွေးစားမယ့် သခင်အသစ်တွေကို ရှာဖွေပေးသွားမှာပါ။

Zombie (lovemedia)

for zawgyi

ပစၥည္းတင္ေလယာဥ္ေပၚမွာ ခိုးလိုက္လာမိလို႔ အဖမ္းခံလိုက္ရတဲ့ ေၾကာင္ေလးေကာင္

ေၾကာင္ေလးေတြလည္း ေလယာဥ္စီးၿပီး ခရီးသြားတတ္ ၾကပါတယ္ေနာ္။ ႏိုဝင္ဘာ ၆ ရက္ေန႔တုန္းက စင္ကာပူကေန ေဟာင္ေကာင္ကို ေျပးဆြဲတဲ့ ပစၥည္းတင္ေလယာဥ္ေပၚမွာ ေၾကာင္ကေလး ေလးေကာင္ ပါလာပါတယ္။ ေၾကာင္ေလး ေလးေကာင္က အျဖဴႏွစ္ေကာင္၊ အနက္ႏွစ္ေကာင္ပါ။

ေဟာင္ေကာင္ကို ေရာက္တဲ့အခါ သူတို႔ေလးေကာင္ ပါလာတာကို ရဲေတြက သိသြားၿပီး ေၾကာင္ေလးေတြ အဖမ္းခံလိုက္ရပါတယ္။ ၿပီးေတာ့ ရဲေတြက စိုက္ပ်ိဳးေရး၊ ငါးေမြးျမဴေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဌာန (AFCD) ကို အေၾကာင္းၾကားလိုက္ပါတယ္။

အရင္က ေဟာင္ေကာင္ AFCD က quarantine မဝင္တဲ့ တိရစာၦန္ေတြကို ရွင္းလင္းပစ္ေလ့ ရွိပါတယ္။ အဲဒါေၾကာင့္ ေဟာင္ေကာင္ တိရစာၦန္ကာကြယ္ေရးအသင္းေတြက ေၾကာင္ေလးေကာင္ရဲ႕ အသက္ကိုကယ္ဖို႔ အသနားခံစာေတြကို social media ေတြမွာ လႈံ႕ေဆာ္ေပးေနပါတယ္။

" ေၾကာင္ေလးေတြက quarantine မဝင္ရေသးေပမယ့္ စင္ကာပူမွာ ေခြး႐ူးျပန္ေရာဂါ မရွိပါဘူး။ ေၾကာင္ေလးေတြ quarantine ဝင္ၿပီးရင္ AFCD က ေၾကာင္ေလးေတြကို ေမြးစားမယ့္သူေတြကို ရေအာင္ စီစဥ္ေပးႏိုင္တယ္" လို႔ AFCD က ေျပာပါတယ္။

က်န္းမာေရး စစ္ေဆးၾကည့္လိုက္တဲ့အခါ ေၾကာင္ေလးေတြ က်န္းမာေရး ေကာင္းေၾကာင္း ေတြ႕ရပါတယ္။ အခုေတာ့ ေၾကာင္ေလးေတြ ေဟာင္ေကာင္မွာ quarantine ဝင္ေနပါၿပီ။ Quarantine ဝင္ၿပီးရင္ေတာ့ တိရစာၦန္ေစာင့္ေရွာက္ေရးအသင္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေၾကာင္ေလးေတြကို ေမြးစားမယ့္ သခင္အသစ္ေတြကို ရွာေဖြေပးသြားမွာပါ။

Zombie (lovemedia)

Post a Comment

0 Comments