လေးကြိမ်မြောက်

တခါတုန်းက အသက် ၈၀ အရွယ် အဘိုးအိုတဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူနဲ့ ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။

"အဲဒါ ဘာကောင်လဲ သား"

သားက ဖြေတယ် "အဲဒါကျီးကန်းပါ အဖေ"

မိနစ် အနည်းငယ် ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ် ထပ်မေးပါတယ်။ "အဲဒါ ဘာကောင်လဲ သား"

သားကဖြေတယ် "အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း"

ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ "သား အဲဒါ ဘာကောင်လဲ"

ဒီတကြိမ်မှာတော့ သားဖြစ်ရဲ့ လေသံထဲမှာ စိတ်ဆိုးသံ ပါလာပြီး ဖခင်ဖြစ်သူကို မညာမတာ ပြန်ပြောလိုက်ပါတယ်။ "အဲဒါ ကျီးကန်း၊ ကျီးကန်း"

ခဏလောက် အကြာမှာ ဖခင်ဟာ သားကို ၄ ကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ "အဲဒါ ဘာကောင်လဲ သား"

ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ် ပြောဆိုပါတော့တယ်။ "အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲ မေးနေရတာလဲ၊ ကျွန်တော် အကြိမ် မရေတွက်နိုင်အောင် ပြောပြီးပြီလေ၊ အဲဒါ ကျီးကန်း သိလား၊ ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား"

ခဏကြာပြီး နောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကို ဝင်သွားပြီး ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သား မွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့ စာအုပ်ပါ။

အဘိုးအိုဟာ စာမျက်နှာတရွက်ကို ဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါ စာလုံးတွေကို တွေ့လိုက်ရပါတယ်။

"ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတကောင် လာနားတယ်။ ကျွန်တော့်သားက အဲဒါ ဘာကောင်လဲ ဆိုတာကို ၂၃ ကြိမ် မေးပါတယ်။ ကျွန်တော် ၂၃ ကြိမ် လုံးလုံး ဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါ ဆိုတာကို။

မေးခွန်းတခုတည်း ကိုပဲ ထပ်ခါ ထပ်ခါ သားက မေးလိုက်တဲ့ အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ ပါတယ်။ ကျွန်တော် လုံးဝကို စိတ်ဆိုးမှု မဖြစ်တဲ့ အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာ သက်မိပါတယ် "တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် "အဲဒါ ဘာကောင်လဲ" လို့ မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင် ဖြေပေးခဲ့ပေမယ့် ဒီနေ့ အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ ၄ ကြိမ် မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။

ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီ ဆိုရင် သူတို့ကို ဝန်ထုပ် ဝန်ပိုးသဖွယ် သဘောထားပြီး၊ မနှစ်မြို့စရာလို့ ကြည့်မြင် မယူဆလိုက်ပါနဲ့။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာ ပြောဆို ဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့ အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။

ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအဝိုင်းမှာ ရပ်တည်နိုင်အောင် လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကို ဖြတ်လာခဲ့ကြရ သူတွေပါ။

Crd မူရင်းရေးသူ

phoomyatchal

Zawgyi

ေလးႀကိမ္ေျမာက္

တခါတုန္းက အသက္ ၈၀ အ႐ြယ္ အဘိုးအိုတဦးဟာ အိမ္ထဲက ဆိုဖာမွာ အသက္ ၄၅ ႏွစ္အ႐ြယ္ ပညာတတ္ သားျဖစ္သူနဲ႔ ထိုင္ေနတုန္းမွာ ႐ုတ္တရက္ ျပတင္းေပါက္မွာ က်ီးကန္းတေကာင္ လာနားပါတယ္။ ဖခင္ျဖစ္သူက သားကိုေမးတယ္။

"အဲဒါ ဘာေကာင္လဲ သား"

သားက ေျဖတယ္ "အဲဒါက်ီးကန္းပါ အေဖ"

မိနစ္ အနည္းငယ္ ၾကာေတာ့ ဖခင္ျဖစ္သူက သားကို ဒုတိယအႀကိမ္ ထပ္ေမးပါတယ္။ "အဲဒါ ဘာေကာင္လဲ သား"

သားကေျဖတယ္ "အခုေလးပဲ ေျပာၿပီးၿပီေလ အဲဒါက်ီးကန္း"

ခဏအၾကာမွာ ဖခင္ဟာ သားကို တတိယအႀကိမ္ ထပ္ေမးလိုက္ပါတယ္။ "သား အဲဒါ ဘာေကာင္လဲ"

ဒီတႀကိမ္မွာေတာ့ သားျဖစ္ရဲ႕ ေလသံထဲမွာ စိတ္ဆိုးသံ ပါလာၿပီး ဖခင္ျဖစ္သူကို မညာမတာ ျပန္ေျပာလိုက္ပါတယ္။ "အဲဒါ က်ီးကန္း၊ က်ီးကန္း"

ခဏေလာက္ အၾကာမွာ ဖခင္ဟာ သားကို ၄ ႀကိမ္ေျမာက္ ထပ္ေမးလိုက္ပါတယ္။ "အဲဒါ ဘာေကာင္လဲ သား"

ဒီအႀကိမ္မွာေတာ့ သားဟာ ဖခင္ကို ေအာ္ဟစ္ ေျပာဆိုပါေတာ့တယ္။ "အေဖ ဘာေၾကာင့္ ဒီေမးခြန္းကို ထပ္တလဲလဲ ေမးေနရတာလဲ၊ ကြၽန္ေတာ္ အႀကိမ္ မေရတြက္ႏိုင္ေအာင္ ေျပာၿပီးၿပီေလ၊ အဲဒါ က်ီးကန္း သိလား၊ ခင္ဗ်ား ဒါေလးမွ နားမလည္ႏိုင္ဘူးလား"

ခဏၾကာၿပီး ေနာက္မွာေတာ့ ဖခင္ျဖစ္သူဟာ သူ႔အခန္းထဲကို ဝင္သြားၿပီး ေဟာင္းႏြမ္း စုတ္ျပတ္ေနတဲ့ ဒိုင္ယာရီ စာအုပ္ေလးနဲ႔ ျပန္ထြက္လာပါ။ အဲဒီစာအုပ္ေလးဟာ သူ႔သား ေမြးကတည္းက ထိန္းသိမ္းလာခဲ့တဲ့ စာအုပ္ပါ။

အဘိုးအိုဟာ စာမ်က္ႏွာတ႐ြက္ကို ဖြင့္ၿပီး သူ႔ရဲ႕သားကို ဖတ္ၾကည့္ဖို႔ ေျပာပါတယ္။ သားျဖစ္သူက ဖတ္တဲ့အခါမွာ ေအာက္ပါ စာလုံးေတြကို ေတြ႕လိုက္ရပါတယ္။

"ဒီကေန႔ ကြၽန္ေတာ့္သားေလးနဲ႔ ကြၽန္ေတာ္ ဆိုဖာေပၚမွာထိုင္ေနတုန္း ျပတင္းေပါက္မွာ က်ီးကန္းတေကာင္ လာနားတယ္။ ကြၽန္ေတာ့္သားက အဲဒါ ဘာေကာင္လဲ ဆိုတာကို ၂၃ ႀကိမ္ ေမးပါတယ္။ ကြၽန္ေတာ္ ၂၃ ႀကိမ္ လုံးလုံး ေျဖပါတယ္။ အဲဒါ က်ီးကန္းဆိုတဲ့ ငွက္ပါ ဆိုတာကို။

ေမးခြန္းတခုတည္း ကိုပဲ ထပ္ခါ ထပ္ခါ သားက ေမးလိုက္တဲ့ အခ်ိန္တိုင္းမွာ ကြၽန္ေတာ္သူ႔ကို ၾကင္ၾကင္နာနာ ေပြ႕ဖက္ထားခဲ့ ပါတယ္။ ကြၽန္ေတာ္ လုံးဝကို စိတ္ဆိုးမႈ မျဖစ္တဲ့ အျပင္ ႐ိုးသားတဲ့ ကြၽန္ေတာ့္သားေလးအတြက္ ဂ႐ုဏာ သက္မိပါတယ္ "တဲ့။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ကေလးျဖစ္သူက ၂၃ ႀကိမ္တိုင္တိုင္ "အဲဒါ ဘာေကာင္လဲ" လို႔ ေမးခဲ့စဥ္က ဖခင္ျဖစ္သူဟာ စိတ္မဆိုးဘဲ ၂၃ ႀကိမ္တိုင္တိုင္ ေျဖေပးခဲ့ေပမယ့္ ဒီေန႔ အခ်ိန္မွာ ဖခင္ျဖစ္သူက သားကို ဒီေမးခြန္းကိုပဲ ၄ ႀကိမ္ ေမး႐ုံနဲ႔ စိတ္ဆိုး ေဒါသထြက္ပါသတဲ့။

ဒါေၾကာင့္မို႔ သင့္မိဘေတြဟာ အ႐ြယ္ရလာၿပီ ဆိုရင္ သူတို႔ကို ဝန္ထုပ္ ဝန္ပိုးသဖြယ္ သေဘာထားၿပီး၊ မႏွစ္ၿမိဳ႕စရာလို႔ ၾကည့္ျမင္ မယူဆလိုက္ပါနဲ႔။ သူတို႔ကို ႐ို႐ိုေသေသ ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ၾကင္ၾကင္နာနာ ေျပာဆို ဆက္ဆံေပးပါ။ သူတို႔ေတြဟာ အတၱကင္းတဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ကြၽန္ေတာ္တို႔ အေပၚကို သြန္းေလာင္းခဲ့သူေတြပါ။

ဒီကေန႔ ကြၽန္ေတာ္တို႔ေတြကို လူ႔အသိုင္းအဝိုင္းမွာ ရပ္တည္ႏိုင္ေအာင္ လုပ္ေပးဖို႔ သူတို႔ဟာ မုန္တိုင္းမျမင္ အပူဒဏ္မျမင္နဲ႔ ေတာင္ေတြကိုေက်ာ္ၿပီး ေခ်ာက္ကမ္းပါးေတြကို ျဖတ္လာခဲ့ၾကရ သူေတြပါ။

Crd မူရင္းေရးသူ

phoomyatchal

Post a Comment

0 Comments