လှောင်အိမ်ထဲက မျောက်ငါးကောင်

တခါတုန်းက သိပ္ပံပညာရှင် တဖွဲ့ဟာ မျောက် ၅ ကောင်ကို လှောင်အိမ်ထဲ ထည့်ပြီး စမ်းသပ်မှု တခုကို ပြုလုပ်ကြပါတယ်။ လှောင်အိမ်ရဲ့ အလယ်မှာတော့ လှေခါးတခုကို ထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီး တဖီးကို တင်ထားပါတယ်။

မျောက်တကောင်က လှေခါးထိပ်မှာရှိတဲ့ ငှက်ပျောသီးကို တက်ယူတဲ့ အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့ လောင်းချပါတယ်။ မျောက်တကောင်ကောင်က ငှက်ပျောသီးယူဖို့ ကြိုးစားတိုင်း မျောက်အားလုံးဟာ ရေခဲရေ အလောင်း ခံရတာပေါ့။

ခဏအကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီး တက်ယူရင် ရေခဲရေ လောင်းချခံရတာကို သတိထားမိ လာကြပါတယ်။ ငှက်ပျောသီးကို ယူဖို့လည်း လက်လျော့ လိုက်ကြတယ်။ သူတို့ထဲက တကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ၊ ထုကြ ထောင်းကြသတဲ့။

သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တကောင်ကို ထုတ်ပြီး အစားထိုး မျောက်အသစ် တကောင်ကို ထည့်လိုက်ပါတယ်။ မျောက်အသစ်က ရေခဲရေအကြောင်းကို မသိတော့ ငှက်ပျောသီး မြင်တာနဲ့ တက်ယူဖို့ ကြိုးစားတာပေါ့။ အဒီအချိန်မှာ ရေခဲရေနဲ့ မလောင်းတော့ပါဘူး။

ဒါပေမယ့် သူ လှေခါးပေါ်တက်တိုင်း ကျန်တဲ့ မျောက်တွေက ဆွဲချ ရိုက်နှက်ကြ ပါတော့တယ်။ ဒီတော့ နောက်ရောက်လာတဲ့ မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်း ခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်။

နောက်တခါ မျောက်အဟောင်းထဲက တကောင်ကို အခြားမျောက်သစ် တကောင်နဲ့ လဲလိုက်ပြန်တယ်။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီး တက်ယူတာနဲ့ အထောင်းခံရတာပါ။

စိတ်ဝင်စားစရာ ကောင်းတာက ပထမဆုံး အလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့။ ဘာလို့လဲ ဆိုတော့ သူ့တုန်းကလည်း ဒီလိုပဲ အထောင်းခံရလို့ သူကလည်း ပြန်ထောင်းတာပါ။ ဒီလိုနဲ့မျောက်တွေကို တကောင်ချင်း အစားထိုးလိုက်တာ နောက်ဆုံးမှာ မျောက်အသစ်တွေ ချည်းပဲ ကျန်ပါတော့တယ်။

သူတို့ဟာ ရေခဲရေ အကြောင်းကို မသိပါဘူး။ ဒါပေမယ့် "ငှက်ပျောသီးကို မယူရ၊ ယူတဲ့ မျောက်ကို ထုထောင်းရမယ်" ဆိုတဲ့ အယူကိုတော့ ဆက်လက် ကျင့်သုံးနေမြဲ ပါပဲတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချနေကြရပါတယ်။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတပါး အတွေ့အကြုံတွေ ဓလေ့ထုံးတမ်း လုပ်ရိုး လုပ်စဉ်တွေရဲ့ လောင်းရိပ် မိနေတတ် ကြပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေး ၂ ခုလောက် မေးကြည့်ဖို့ လိုပါလိမ့်မယ်။

၁။ သင်ခံယူထားတဲ့ အတွေးအခေါ် အယူအဆတွေဟာ ကိုယ်တိုင် စိစစ်ပြီးအမှန်တရားကို မြင်လို့ ကျင့်သုံးနေတာလား

၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာ တွေ့လို့ လိုက်လုပ်နေ တာလား ၊ ကိုယ်တိုင် စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့ ကျုပ်တို့ဟာ ပုံပြင်ထဲက မျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျနော်တို့ နိုင်ငံက လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက် ခံထားရပါတယ်။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလို မျိုးပါပဲ။

ဘာလို့လဲဆိုတော့ "တို့လူလေးများ ဆိုသလေး" လို့ ဆိုလိုက်ရင်၊ "ဝေ လေ လေး" ဆိုတာတွေ များပါတယ်။ ဝေလေလေတွေ များတယ်။

ဘယ်သူမှ ရှေ့မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေ ဆဲတယ်။

ပတ်ဝန်းကျင်ရဲ့ မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင် ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစစ်ကြဖို့ အမှန်တရားကို ရှာဖွေကြဖို့ လိုပါတယ်။

Credit to origin

Zawgyi

ေလွာင္အိမ္ထဲက ေမ်ာက္ငါးေကာင္

တခါတုန္းက သိပၸံပညာရွင္ တဖြဲ႕ဟာ ေမ်ာက္ ၅ ေကာင္ကို ေလွာင္အိမ္ထဲ ထည့္ၿပီး စမ္းသပ္မႈ တခုကို ျပဳလုပ္ၾကပါတယ္။ ေလွာင္အိမ္ရဲ႕ အလယ္မွာေတာ့ ေလွခါးတခုကို ေထာင္ထားၿပီး ေလွခါးထိပ္မွာ ငွက္ေပ်ာသီး တဖီးကို တင္ထားပါတယ္။

ေမ်ာက္တေကာင္က ေလွခါးထိပ္မွာရွိတဲ့ ငွက္ေပ်ာသီးကို တက္ယူတဲ့ အခါတိုင္း ေမ်ာက္ေလွာင္အိမ္ကို အေပၚကေန ေရခဲေရနဲ႔ ေလာင္းခ်ပါတယ္။ ေမ်ာက္တေကာင္ေကာင္က ငွက္ေပ်ာသီးယူဖို႔ ႀကိဳးစားတိုင္း ေမ်ာက္အားလုံးဟာ ေရခဲေရ အေလာင္း ခံရတာေပါ့။

ခဏအၾကာမွာေတာ့ ေမ်ာက္ေတြဟာ ငွက္ေပ်ာသီး တက္ယူရင္ ေရခဲေရ ေလာင္းခ်ခံရတာကို သတိထားမိ လာၾကပါတယ္။ ငွက္ေပ်ာသီးကို ယူဖို႔လည္း လက္ေလ်ာ့ လိုက္ၾကတယ္။ သူတို႔ထဲက တေကာင္ေကာင္က ေလွခါးေပၚတက္တိုင္း က်န္ေမ်ာက္ေတြက ဆြဲခ်၊ ထုၾက ေထာင္းၾကသတဲ့။

သိပၸံပညာရွင္ေတြဟာ ေလွာင္အိမ္ထဲက ေမ်ာက္တေကာင္ကို ထုတ္ၿပီး အစားထိုး ေမ်ာက္အသစ္ တေကာင္ကို ထည့္လိုက္ပါတယ္။ ေမ်ာက္အသစ္က ေရခဲေရအေၾကာင္းကို မသိေတာ့ ငွက္ေပ်ာသီး ျမင္တာနဲ႔ တက္ယူဖို႔ ႀကိဳးစားတာေပါ့။ အဒီအခ်ိန္မွာ ေရခဲေရနဲ႔ မေလာင္းေတာ့ပါဘူး။

ဒါေပမယ့္ သူ ေလွခါးေပၚတက္တိုင္း က်န္တဲ့ ေမ်ာက္ေတြက ဆြဲခ် ႐ိုက္ႏွက္ၾက ပါေတာ့တယ္။ ဒီေတာ့ ေနာက္ေရာက္လာတဲ့ ေမ်ာက္ကလည္း ငွက္ေပ်ာသီးယူရင္ အေထာင္း ခံရတယ္ဆိုတာသိၿပီး လက္ေလ်ာ့လိုက္တယ္။

ေနာက္တခါ ေမ်ာက္အေဟာင္းထဲက တေကာင္ကို အျခားေမ်ာက္သစ္ တေကာင္နဲ႔ လဲလိုက္ျပန္တယ္။ အလားတူပဲ ဒီေမ်ာက္သစ္လည္း ငွက္ေပ်ားသီး တက္ယူတာနဲ႔ အေထာင္းခံရတာပါ။

စိတ္ဝင္စားစရာ ေကာင္းတာက ပထမဆုံး အလဲခံရတဲ့ ေမ်ာက္ကလည္း ဒုတိယေမ်ာက္သစ္ကို ဝင္ေဆာ္ပါသတဲ့။ ဘာလို႔လဲ ဆိုေတာ့ သူ႔တုန္းကလည္း ဒီလိုပဲ အေထာင္းခံရလို႔ သူကလည္း ျပန္ေထာင္းတာပါ။ ဒီလိုနဲ႔ေမ်ာက္ေတြကို တေကာင္ခ်င္း အစားထိုးလိုက္တာ ေနာက္ဆုံးမွာ ေမ်ာက္အသစ္ေတြ ခ်ည္းပဲ က်န္ပါေတာ့တယ္။

သူတို႔ဟာ ေရခဲေရ အေၾကာင္းကို မသိပါဘူး။ ဒါေပမယ့္ "ငွက္ေပ်ာသီးကို မယူရ၊ ယူတဲ့ ေမ်ာက္ကို ထုေထာင္းရမယ္" ဆိုတဲ့ အယူကိုေတာ့ ဆက္လက္ က်င့္သုံးေနၿမဲ ပါပဲတဲ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ က်ေနာ္တို႔ဟာ ေန႔စဥ္ေန႔တိုင္း ဆုံးျဖတ္ခ်က္ေတြ ခ်ေနၾကရပါတယ္။ ေန႔စဥ္ဘဝမွာ ဆုံးျဖတ္ခ်က္ေတြ ခ်တဲ့အခါ ကိုယ့္အေတြ႕အႀကဳံေတြ သူတပါး အေတြ႕အႀကဳံေတြ ဓေလ့ထုံးတမ္း လုပ္႐ိုး လုပ္စဥ္ေတြရဲ႕ ေလာင္းရိပ္ မိေနတတ္ ၾကပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ကိုယ့္ကိုယ္ကို ေမးခြန္းေလး ၂ ခုေလာက္ ေမးၾကည့္ဖို႔ လိုပါလိမ့္မယ္။

၁။ သင္ခံယူထားတဲ့ အေတြးအေခၚ အယူအဆေတြဟာ ကိုယ္တိုင္ စိစစ္ၿပီးအမွန္တရားကို ျမင္လို႔ က်င့္သုံးေနတာလား

၂။ သင္လုပ္ေဆာင္ေနတဲ့ အျပဳမူေတြဟာလည္း လုပ္႐ိုးလုပ္စဥ္မို႔၊ သူမ်ားလုပ္တာ ေတြ႕လို႔ လိုက္လုပ္ေန တာလား ၊ ကိုယ္တိုင္ စီစစ္ၿပီး လုပ္သင့္လို႔ လုပ္ေနတာလား ဆိုတာ ကိုယ့္ကိုယ္ကို ေမးၾကည့္ပါ။

ဒီေမးခြန္းေတြအတြက္ အေျဖမရွိရင္ေတာ့ က်ဳပ္တို႔ဟာ ပုံျပင္ထဲက ေမ်ာက္ေတြလိုပါပဲ။ အထူးအျဖင့္ က်ေနာ္တို႔ ႏိုင္ငံက လူငယ္ေတြရဲ႕ စိတ္ဓာတ္ေတြကို ပုံသြင္းခံ၊ မႈိင္းတိုက္ ခံထားရပါတယ္။ ပုံျပင္ထဲက ေမ်ာက္ေတြကို လုပ္ထားသလို မ်ိဳးပါပဲ။

ဘာလို႔လဲဆိုေတာ့ "တို႔လူေလးမ်ား ဆိုသေလး" လို႔ ဆိုလိုက္ရင္၊ "ေဝ ေလ ေလး" ဆိုတာေတြ မ်ားပါတယ္။ ေဝေလေလေတြ မ်ားတယ္။

ဘယ္သူမွ ေရွ႕မထြက္ခ်င္ဘူး။ မထြက္ရဲဘူး။ သူမ်ားထြက္ရင္လည္း ေနာက္ကေန ဆဲတယ္။

ပတ္ဝန္းက်င္ရဲ႕ မႈိင္းတိုက္မခံရေအာင္ ပုံသြင္းမခံရေအာင္ ကိုယ့္ရဲ႕ အေတြးအေခၚနဲ႔ လုပ္ရပ္ေတြကို စိစစ္ၾကဖို႔ အမွန္တရားကို ရွာေဖြၾကဖို႔ လိုပါတယ္။

Credit to origin

Post a Comment

0 Comments