တံငါသည်လင်မယားနှင့် ရွှေငါး

ဟိုးရှေးရှေးတုန်းက တံငါသည် တံငါသည် လင်မယားနှစ်ယောက် ရှိတယ်။ ဒါပေမယ့် သူတို့မှာ နေစရာအိမ် မရှိဘူး။ သစ်ပင်အောက်မှာ ကြုံသလို ဖြစ်သလို နေရတယ်။ သူတို့လင်မယားဟာ သိပ်ကို ဆင်းရဲ ကြတာပေါ့။ သူ ငါးဖမ်းလိုက်လို့ ရတာလေးနဲ့ပဲ စားသောက် နေကြရ တယ်။

"အိမ်ဆိုတာ ဘာလုပ်ဖို့လဲ၊ သစ်ပင်အောက်မှာ အိပ်ရတာ ဘယ်လောက် လွတ်လပ်သလဲ၊ အိမ်မှာ အိပ်ယာနဲ့ အိပ်ရတာ စိတ်ကျဉ်းကျပ်တယ်။ မြေပြင်ပေါ်မှာ အိပ်ရတာ ဘယ်လောက် ကျယ်ပြန့်သလဲ" ဆိုပြီး တံငါသည်ဟာ သူ့ဘဝ သူပျော်နေတယ်။ ဒါပေမယ့် သူ့မိန်းမကတော့ မပျော်ဘူးပေါ့။

"ငါ ဘာဖြစ်လို့ ဒီလောက်ဆင်းရဲတဲ့ တံငါသည်နဲ့ အိမ်ထောင်ပြုမိပါလိမ့်၊ ငါ့မှာ အိမ်လည်းမရှိ၊ အိပ်တော့လည်း မြေကြီးပေါ်မှာ တနေ့တနေ့ ငါးကင်နဲ့ပဲ စားနေရတယ်" ဆိုပြီး မိန်းမဟာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ညည်း လေ့ရှိတယ်။

တနေ့တော့ တံငါသည်ဟာ ပင်လယ်ကမ်းခြေကို သွားပြီး ငါးဖမ်းတယ်။ သူ့ပိုက်ကွန်ကို ရေထဲပစ်ချပြီး ကျောက်ဆောင်ပေါ်မှာ ထိုင်နေတယ်။ နေကလည်း ခြစ်ခြစ်တောက် ပူနေတာပေါ့။ ဒါကြောင့် သူဟာ ပင်ပန်းနွမ်းနယ်လာပြီး နေပူထဲက ကျောက်ဆောင်ပေါ်မှာ အိပ်ပျော်သွားပါရော။

အိပ်ရာက နိုးတော့ သူ့ပိုက်ကို ဆွဲတင်တယ်။ ပိုက်ထဲမှာ ငါးတကောင်ပဲ တွေ့ရတယ်။ ဒါပေမယ့် အဲဒီ ငါးက အကြီးကြီးပဲ။ ပြီးတော့ ရွှေရောင်တောက်ပနေတယ်။ လှလည်း အင်မတန် လှတယ်။ ဒါကြောင့် တံငါသည်ဟာ အရမ်း ပျော်သွားတာပေါ့ကွယ်။

"ဒီရွှေရောင်တောက်နေတဲ့ ငါးကြီးကိုတွေ့ရင် ငါ့မိန်းမ သိပ်ပျော်မှာပဲ။ ဟန်ကျပြီ။ ဒီလောက်ကြီးတဲ့ ငါးကို တို့လင်မယား နှစ်ယောက် ညစာ မနက်စာ နှစ်နှပ်စား နိုင်ပြီ" တံငါသည်ဟာ ဝမ်းသာအားရ တယောက်တည်း ပြောနေတုန်းမှာ ငါးကြီးက စကားပြောတယ်။

"ကျွန်ုပ်ကို မသတ်ပါနဲ့ဗျာ။ ကျွန်ုပ်ကို ပင်လယ်ထဲ ပြန် လွှတ်လိုက်ပါ" ငါးကြီးရဲ့ စကားပြောသံကို ကြားတော့ တံငါသည်ဟာ သိပ်အံ့သြသွားတာပေါ့။ "အသင်ငါးက လူစကား ပြောတတ်တယ် ဟုတ်လား၊ လူစကား ပြောတတ်တဲ့ ငါးကို ကျွန်ုပ်တခါမှ မတွေ့ဖူးဘူး။ ကျွန်ုပ် လူမှန် သိကတည်းက ငါးဖမ်းလာတာ၊ ဒီတခါပဲ ငါးက လူစကားပြောတာ ကြားဖူးတယ်"

တံငါသည်က ထူးထူးဆန်းဆန်း တွေ့ရလို့ ပျော်နေတယ်။ "ဟုတ်ပါတယ်၊ ကျွန်ုပ် လူစကား ပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ကို ပင်လယ်ထဲပြန်လွှတ်ပေးဖို့ တောင်းပန်နေတာ ပေါ့ဗျာ" လို့ ရွှေရောင်တောက်နေတဲ့ ငါးကြီးက ထပ်ပြောပြန်တယ်။

"အင်း ဟုတ်တယ်၊ လူစကားပြောတတ်တဲ့ ငါးကို ကျွန်ုပ် သတ်မစားသင့်ဘူး၊ ဒါကြောင့် သင့်ကို ပြန်လွှတ်လိုက်တော့မယ်" တံငါသည်က ပိုက်ကွန်ထဲမှ ငါးကြီးကို ပင်လယ်ထဲပြန်လွှတ် လိုက်တာပေါ့ကွယ်။

ညကျတော့ တံငါသည်ဟာ သူ့မိန်းမကို လူစကား ပြောတတ်တဲ့ ငါးကြီးအကြောင်း ပြောပြဖို့ စဉ်းစားနေတယ်။ အဲဒီညက သူတို့လင်မယားအတွက် ဘာမှစားစရာ မရှိဘူး။ ရှင် ဒီနေ့ ဘာငါးမှ မရခဲ့ဘူးလား လို့ သူ့မိန်းမကမေးတော့ "ရတာပေါ့ကွာ၊ ဒါပေမယ့် တကောင်တည်းပါ၊ အဲ့ဒီ ငါးက လူစကား ပြောတတ်တယ်၊ ဒါကြောင့် ငါမသတ်ရက်လို့ ပင်လယ်ထဲကို ပြန်လွှတ်လိုက်တယ်"

"ရှင် မဖြစ်နိုင်တာတွေ လာမပြောပါနဲ့၊ ရှင် အသုံးမကျလို့ ငါးမရတာကို တွေ့ကရာ လျှောက်ပြောနေတယ်" လို့ မိန်းမက အပြစ်တင်တယ်။ "မင်း မယုံရင်လည်း မတတ်နိုင်ဘူးကွာ၊ လူစကား ပြောတတ်တဲ့ ငါးကို တကယ် ဖမ်းမိခဲ့တာပဲ၊ မင်းကိုငါ လိမ်ပြောစရာ အကြောင်းမရှိပါဘူး" လို့ တံငါသည်က ထပ်ပြောတယ်။

"ရှင် အမှန်အတိုင်း ပြောနေတာ ဆိုရင်တော့ ဒါဟာ အင်မတန် ထူးဆန်းနေတာပဲ၊ အဲဒီ ငါးဟာ အစွမ်းသတ္တိရှိမှာ အမှန်ပဲ၊ ရှင် သူ့အသက်ကို မသတ်ရက်ဘဲ ပြန်လွှတ်လိုက်တဲ့အတွက် သူက ရှင့်ကို ဘာပေးခဲ့သလဲ"

"ဘာမှ မပေးဘူးကွ၊ ပင်လယ်ထဲ ပြန်ဆင်းသွားတာပဲ"

"ရှင်ကကော ဘာမှမတောင်းဘူးလား"

"တောင်းရအောင် သူက ဘာပေးနိုင်မှာမို့လဲ"

"ပေးနိုင်မှာပေါ့ ရှင်၊ သူက သာမန်ငါးမှ မဟုတ်ဘဲ၊ ရှင် သိပ် အ တာပဲ၊ ကျွန်မတို့ လင်မယား ဒီလိုပဲ တသက်လုံး မြေကြီးပေါ်မှာပဲ အိပ်နေရတော့မှာလား"

"ဒါဖြင့် ငါက ဘာလုပ်ရမှာလဲ"

"လွယ်ပါတယ်ရှင်၊ အဲ့ဒီငါးကြီးကို တဲတတဲလောက်တော့ ရအောင် လုပ်ပေးပါလို့ ပြောပေါ့"

တံငါသည်က သူ့မယားရဲ့ တိုက်တွန်းမှုကြောင့် နောက်တနေ့ မနက်မှာ ပင်လယ်ပြင်ကို ထွက်လာခဲ့တယ်။ မနေ့က သူအိပ်ပျော်ခဲ့တဲ့ ကျောက်ဆောင်ပေါ်မှာ ကျကျနနထိုင်ပြီး လှမ်းပြောလိုက်တယ်။ "ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီး ကျွန်ုပ်ဆီကို လာခဲ့ပါဦး" တံငါသည်က သုံးခွန်းတိတိ လှမ်းခေါ်တယ်။ သုံးခွန်းခေါ် လို့မှ မရရင် သူစိတ်လျှော့လိုက်တော့ မှာပေါ့လေ။

သူ့မိန်းမဟာ အဓိပ္ပာယ် မရှိတာတွေ ခိုင်းနေတယ် လို့ သူက ထင်နေတယ်။ ဒါပေမယ့် တတိယအခွန်း ခေါ်အပြီးမှာ ရွှေရောင်ငါးကြီး ဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဦးခေါင်းဖော်ပြီး တံငါသည်ရှေ့ကို ကူးလာခဲ့တယ်။

"သင် ဘာအလိုရှိသလဲ" လို့ မေးတယ်။ ဒီတော့ တံငါသည်က "ကျွန်ုပ်ဘာမှ မလိုပါဘူး၊ ဒါပေမယ့် ကျွန်ုပ် မိန်းမက တဲကလေးနဲ့ နေချင်တယ်ဗျာ။ အဲဒါ ရွှေငါးကြီး လုပ်ပေးနိုင်မလား" လို့ မေးလိုက်တော့ "သင့်မိန်းမဆီကို ပြန်သွားပါ၊ တဲကလေးတလုံးထဲမှာ သင့်မိန်းမကို တွေ့ရလိမ့်မယ်" လို့ ရွှေငါးကြီးက ပြန်ပြောပြီး ပင်လယ်ထဲကို ပြန်ငုပ်သွားတယ်။

တံငါသည်ဟာ သူတို့အိပ်နေကျ သစ်ပင်အောက်ကို ပြန် ရောက်တော့ သစ်ပင်နဲ့ မနီးမဝေးမှာ ထူးထူးခြားခြား တဲကလေး တတဲကို တွေ့ရတယ်။ အဲဒီတဲက အသစ်စက်စက် အတိုင်းပဲ။ သပ်သပ်ရပ်ရပ်နဲ့ ပြတင်းပေါက် နှစ်ပေါက်လည်း ပါသေးတယ်။ အိမ်ရှေ့ တံခါးကို ပင်လယ်ပြာရောင် ဆေးသုတ်ထားပြီးသား တွေ့ရတယ်။

တဲနောက်ဘက်မှာလည်း ပန်းခြံကလေး ပါတယ်။ ပန်းခြံကလေးထဲမှာ ရောင်စုံပန်းတွေ လှလှပပ ပွင့်နေတယ်။ တံငါသည်ဟာ တဲထဲကို ဝင်သွားလိုက်တယ်။ အခန်းဖွဲ့ ထားတာတော့ မရှိဘူး။ ပြတင်းပေါက်ကနေ နေရောင်ခြည်ဟာ အထဲကို ကျရောက်နေတယ်။ သူ့မိန်းမဟာ စားပွဲဘေးမှာ ထိုင်နေတာကို တွေ့ရတယ်။

"မင်း အခုပျော်သွားပြီ မဟုတ်လား၊ မင်းလိုချင်တာ ဖြစ်သွား ပြီနော်" လို့ တံငါသည်က မေးတော့ "ပျော်တာပေါ့ရှင်၊ တဲကလေးက သိပ်လှတာပဲ" သူ့မိန်းမက ဝမ်းသာအားရ ပြောလိုက်တယ်။ ဒီလိုနဲ့ တံငါသည် မိန်းမဟာ သူ့ယောက်ျားနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။

တပတ်လောက် ကြာတော့ တံငါသည်ဟာ ညမိုးချုပ်မှ ငါးဖမ်းရာက ပြန်လာတာပေါ့ကွယ်။ အဲဒီတော့ မိန်းမက ပြောသတဲ့။

"ကျွန်မ ဒီတဲလေးမှာ နေရတာ မပျော်တော့ဘူး"

"ဘာဖြစ်လို့လဲ”လို့ တံငါသည်က ပြန်မေးတာပေါ့။

"ကြက်မတွေဟာ ဥ ဥပြီးတိုင်း နားညည်းအောင် ဝိုင်းအော်ကြတယ်။ နေ့ခင်း ကျွန်မ အိပ်နေတုန်းမှာလည်း တဲထဲမှာ လျှောက်ပြီး ပျံပြေးနေကြတယ်"

"ဒါဖြင့် မင်းက ဘာလုပ်ချင်လဲ"

"အိမ်ကောင်းကောင်း တလုံးနဲ့ နေချင်တယ်။ ဒါကြောင့် ရှင့်ရဲ့ လူစကား ပြောတတ်တဲ့ ရွှေငါးကြီးဆီမှာ သွားတောင်းပေး"

"မင်း သိပ်ရှုပ်တာပဲကွာ" လို့ တံငါသည်က ညည်းညည်းညူညူ ပြောလိုက်တယ်။

နောက်တနေ့မှာ တံငါသည်ဟာ ပင်လယ်ပြင်က ကျောက်ဆောင် ပေါ်ထိုင်ပြီး ရွှေငါးကြီးကို ခေါ်လိုက်တယ်။ "ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး၊ သင့်ကို တွေ့ချင်ပါတယ်" လို့ တံငါသည်က သုံးကြိမ်သုံးခါ ခေါ်လိုက်တယ်။ မလာရင်လည်း သူ့တဲကိုသူ ပြန်သွားတော့မယ်လို့ ဆုံးဖြတ် ထားတယ်။

ဒါပေမယ့် ရွှေငါးကြီးဟာ ပင်လယ်ထဲကနေ ခေါင်းကလေး ဖော်ပြီး ပေါ်လာပြန်တယ်။ "သင် ဘာများ အလိုရှိပါသလဲ" လို့ ရွှေငါးကြီးက မေးတော့ တံငါသည်က "ကျွန်ုပ် ဘာမှ အလိုမရှိပါဘူး၊ ကျွန်ုပ်မိန်းမက တိုက်အိမ် ကောင်းကောင်းနဲ့ နေချင်တယ် ဆိုလို့ ခင်ဗျားဆီမှာ လာတောင်းတာပါ" လို့ ပြောပြလိုက်တယ်။ "သင့် မိန်းမဆီကို ပြန်သွားပါ၊ တိုက်အိမ်ထဲမှာ သင့်မိန်းမကို တွေရပါလိမ့်မယ်"

တံငါသည်ဟာ သူ့တဲ ရှိရာကို ပြန်သွားခဲ့တယ်။ အစက မရှိနေခဲ့ရာမှာ တိုက်အိမ်ကလေးတလုံး ဖြစ်နေ တယ်။ တိုက်ရဲ့ ဘေးဘက် ပြတင်းပေါက်နားမှာ နှင်းဆီဥယျာဉ် ရှိတယ်။ နှင်းဆီနံ့တွေဟာ အိမ်ထဲမှာ သင်းနေတာပေါ့။ တိုက်ရှေ့မှာလည်း အရိပ်ရတဲ့ သစ်ပင်ကြီးတွေဟာ စီတန်းပြီး ပေါက်နေတယ်။ တိုက်အိမ်ကို အရိပ်မိုးထားလို့ အေးမြနေတယ်။ တံခါးနှစ် ပေါက်ဟာ ရှေ့တပေါက် နောက်တပေါက် ရှိတယ်။ ပြတင်းပေါက် ခြောက်ပေါက်က တိုက်ရဲ့ ဘေးတဖက် တချက်မှာ ရှိနေကြတယ်။ တံငါသည်ဟာ သူ့မိန်းမကို တိုက်ထဲမှာ တွေ့လိုက်တယ်။

"ကဲ တိုက်အိမ်ကလေးနဲ့ နေရလို့ အခု မင်းပျော်သွားပြီ မဟုတ်လား" လို့ တံငါသည်က မေးလိုက်တယ်။ "ပျော်တာပေါ့ရှင်၊ တိုက်ကလေးက လှလည်း လှပြီး အိမ်ဘေးက ဥယျာဉ်က နှင်းဆီပန်းနံ့တွေ ကလည်း မွှေးတယ်။ ဒါပေမယ့် အိမ်ထဲမှာ အခန်းဖွဲ့ ထားတာတွေက သိပ်မကျယ်ဘူးရှင့်" လို့ တံငါသည်ရဲ့ မိန်းမက ပြန်ပြောတယ်။

တပတ်လောက်ကြာတော့ သူ့မိန်းမက ပြောပြန်တယ်။ "တိုက်လှလှလေးနဲ့ နေရတာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ရှင်က တံငါသည် ဖြစ်နေတဲ့အတွက် ကျွန်မကလည်း တံငါသည်မယား ဖြစ်နေတာပေါ့၊ တံငါသည်မယားဆိုတော့ လူအထင်မကြီးဘူးရှင့်၊ ရွာက လူတွေက ကျွန်မကို သိပ်ပြီး ခေါ်ပြောပြော မဆက်ဆံချင်ကြဘူး၊ တံငါသည်မယားကို ဘယ်သူကမှ အပေါင်း မသင်းမလုပ်ကြဘူး"

"ဒါဖြင့် မင်းဘာဖြစ်ချင်လဲ" တံငါသည်က စိတ်ပျက်လက်ပျက်ဖြစ်ပြီး မေးလိုက်တာပေါ့။ "ရှင့်ကို ဘုရင်ကြီး ဖြစ်စေချင်တယ်။ ဒါဆို ကျွန်မက မိဖုရား ကြီးဖြစ်သွားမယ်။ နန်းတော်ကြီးနဲ့ နေပြီး ဘာမဆို လိုချင်တာ အကုန်ရမယ်၊ အစေခံတွေ အခြွေအရံတွေလည်း ပြည့်စုံမယ်၊ ကျွန်မ ဘယ်ကိုပဲ သွားသွား တခြားမိန်းမတွေက အရိုအသေ ပြုကြမယ်၊ လေးလေးစားစား ဆက်ဆံကြမယ်၊ သိပ်ပျော်စရာ ကောင်းမှာပဲရှင့်"

"ငါကတော့ ရှင်ဘုရင် မဖြစ်ချင်ဘူးကွာ၊ ငါ ရှင်ဘုရင်လို မနေတတ်ဘူး၊ တံငါသည်ဘဝမှာပဲ ပျော်တယ်၊ သစ်ပင်ရိပ်က မြေကြီးပေါ်မှာပဲ နေချင်တယ်"

"ဒါပေမယ့် ကျွန်မကတော့ ဘုရင်မကြီး ဖြစ်ချင်တယ်ရှင့်"

ဒါနဲ့ပဲ တံငါသည်ဟာ ရွှေငါးကြီးနဲ့ ထပ်တွေ့ဖို့ သွားရပြန်တယ်။ "ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး ကျွန်ုပ် သင့်ကို တွေ့ပါရစေ" လို့ သုံးခွန်းတိတိ ခေါ် အပြီးမှာ ရွှေငါးကြီးရဲ့ ဦးခေါင်းဟာ ရေမျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာတယ်။ "သင် ဘာကို အလိုရှိသလဲ"

"ကျွန်ုပ် ဘာကိုမှ မလိုချင်ပါဘူးဗျာ၊ ဒါပေမယ့် ကျုပ်မိန်းမက ဘုရင်မကြီး ဖြစ်ချင်သတဲ့"

"ကောင်းပြီး သင့်မိန်းမဆီ ပြန်သွားပါ၊ ဘုရင်မကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်"

တံငါသည်က ပြန်လာခဲ့တယ်။ တိုက်နေရာမှာ နန်းတော်ကြီး ဖြစ်နေတယ်။ တံခါးဝမှာ တံခါးမှူးနှစ်ယောက်က သူ့ကို အခန်းကြီး တခန်းထဲကို ခေါ်သွားကြတယ်။ "ရွှေသလွန်ပေါ်မှာ သူ့မိန်းမဟာ ရွှေအင်္ကျီတွေနဲ့ ထိုင်နေတယ်။ သူ့မိန်းမရဲ့ ဦးခေါင်းပေါ်မှာ စိန်စီထားတဲ့ သရဖူ ဆောင်းထားတယ်။

"မင်း အခုပျော်သွားပြီး မဟုတ်လား ဘုရင်မကြီး" လို့ တံငါသည်က မေးလိုက်တော့ သူမိန်းမက "နေရထိုင်ရတာ လွတ်လွတ်လပ်လပ် မရှိဘူးရှင့်၊ ဝတ်ထားတဲ့ ရွှေအင်္ကျီ ရွှေထဘီတွေကလည်း အိုက်စပ်စပ်နဲ့၊ စားရတာကလည်း ဟန်အမူအရာလေးနဲ့၊ ပြီးတော့ ခေါင်းပေါ်မှာကလည်း သရဖူပြုတ်မကျအောင် မနည်း ထိန်းထားရတယ်၊ စကားပြောတော့လည်း ထီးသုံးနန်းသုံး စကားတွေမတတ်လို့ အပြောရခက်တယ်၊ ကျွန်မ မပျော်ပါဘူးရှင်" လို့ ပြောတယ်။

နောက်တနေ့မှာတော့ တံငါသည်က ပင်လယ် ကျောက်ဆောင်ပေါ်ကို သွားထိုင်တယ်။ "ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီးမင်း၊ ကျွန်ုပ် သင့်ကို တွေ့ချင်ပါတယ်" လို့ သုံးကြိမ် ခေါ်အပြီးမှာ ရွှေငါးကြီး ပေါ်လာပြီး "သင် ဘာအလိုရှိပါသလဲ" လို့ မေးတယ်။ "ကျွန်ုပ် မိန်းမက ဘုရင်မကြီးဘဝမှာ မပျော်ပိုက်ဘူးလို့ ပြောပါတယ်"

"ကောင်းပြီ၊ သင့်မိန်းမနဲ့သင် ပျော်ပျော်ရွှင်ရွှင် နေရပါလိမ့် မယ်၊ ပြန်သွားပါ"

တံငါသည်ဟာ ရွှေနန်းတော်ကြီး ရှိခဲ့တဲ့ နေရာကိုပြန်သွား တယ်။ ဒါပေမယ့် ရွှေနန်းတော်ကြီးကို မတွေ့ရတော့ဘူး။ သူ့မိန်းမဟာ သစ်ပင်ရိပ်က မြေပြင်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ "ကဲ ဘယ်နှယ်လဲ၊ မင်း ကျေနပ်သွားပြီလား" လို့ တံငါသည်က မေးလိုက်တယ်။

"အခုလို လွတ်လွတ်လပ်လပ် နေရတာ အပျော်ဆုံးပါပဲ" လို့ သူ့မိန်းမကို ပြန်ဖြေတယ်။ အဲဒီဘဝမှာပဲ သူတို့လင်မယား ပျော်ပျော်ရွှင်ရွှင် နေထိုင် သွားကြပါတော့တယ်။

phoomyatchal

Zawgyi

တံငါသည္လင္မယားႏွင့္ ေ႐ႊငါး

ဟိုးေရွးေရွးတုန္းက တံငါသည္ တံငါသည္ လင္မယားႏွစ္ေယာက္ ရွိတယ္။ ဒါေပမယ့္ သူတို႔မွာ ေနစရာအိမ္ မရွိဘူး။ သစ္ပင္ေအာက္မွာ ႀကဳံသလို ျဖစ္သလို ေနရတယ္။ သူတို႔လင္မယားဟာ သိပ္ကို ဆင္းရဲ ၾကတာေပါ့။ သူ ငါးဖမ္းလိုက္လို႔ ရတာေလးနဲ႔ပဲ စားေသာက္ ေနၾကရ တယ္။

"အိမ္ဆိုတာ ဘာလုပ္ဖို႔လဲ၊ သစ္ပင္ေအာက္မွာ အိပ္ရတာ ဘယ္ေလာက္ လြတ္လပ္သလဲ၊ အိမ္မွာ အိပ္ယာနဲ႔ အိပ္ရတာ စိတ္က်ဥ္းက်ပ္တယ္။ ေျမျပင္ေပၚမွာ အိပ္ရတာ ဘယ္ေလာက္ က်ယ္ျပန႔္သလဲ" ဆိုၿပီး တံငါသည္ဟာ သူ႔ဘဝ သူေပ်ာ္ေနတယ္။ ဒါေပမယ့္ သူ႔မိန္းမကေတာ့ မေပ်ာ္ဘူးေပါ့။

"ငါ ဘာျဖစ္လို႔ ဒီေလာက္ဆင္းရဲတဲ့ တံငါသည္နဲ႔ အိမ္ေထာင္ျပဳမိပါလိမ့္၊ ငါ့မွာ အိမ္လည္းမရွိ၊ အိပ္ေတာ့လည္း ေျမႀကီးေပၚမွာ တေန႔တေန႔ ငါးကင္နဲ႔ပဲ စားေနရတယ္" ဆိုၿပီး မိန္းမဟာ တိုးတိုးတမ်ိဳး က်ယ္က်ယ္တမ်ိဳး ညည္း ေလ့ရွိတယ္။

တေန႔ေတာ့ တံငါသည္ဟာ ပင္လယ္ကမ္းေျခကို သြားၿပီး ငါးဖမ္းတယ္။ သူ႔ပိုက္ကြန္ကို ေရထဲပစ္ခ်ၿပီး ေက်ာက္ေဆာင္ေပၚမွာ ထိုင္ေနတယ္။ ေနကလည္း ျခစ္ျခစ္ေတာက္ ပူေနတာေပါ့။ ဒါေၾကာင့္ သူဟာ ပင္ပန္းႏြမ္းနယ္လာၿပီး ေနပူထဲက ေက်ာက္ေဆာင္ေပၚမွာ အိပ္ေပ်ာ္သြားပါေရာ။

အိပ္ရာက ႏိုးေတာ့ သူ႔ပိုက္ကို ဆြဲတင္တယ္။ ပိုက္ထဲမွာ ငါးတေကာင္ပဲ ေတြ႕ရတယ္။ ဒါေပမယ့္ အဲဒီ ငါးက အႀကီးႀကီးပဲ။ ၿပီးေတာ့ ေ႐ႊေရာင္ေတာက္ပေနတယ္။ လွလည္း အင္မတန္ လွတယ္။ ဒါေၾကာင့္ တံငါသည္ဟာ အရမ္း ေပ်ာ္သြားတာေပါ့ကြယ္။

"ဒီေ႐ႊေရာင္ေတာက္ေနတဲ့ ငါးႀကီးကိုေတြ႕ရင္ ငါ့မိန္းမ သိပ္ေပ်ာ္မွာပဲ။ ဟန္က်ၿပီ။ ဒီေလာက္ႀကီးတဲ့ ငါးကို တို႔လင္မယား ႏွစ္ေယာက္ ညစာ မနက္စာ ႏွစ္ႏွပ္စား ႏိုင္ၿပီ" တံငါသည္ဟာ ဝမ္းသာအားရ တေယာက္တည္း ေျပာေနတုန္းမွာ ငါးႀကီးက စကားေျပာတယ္။

"ကြၽႏ္ုပ္ကို မသတ္ပါနဲ႔ဗ်ာ။ ကြၽႏ္ုပ္ကို ပင္လယ္ထဲ ျပန္ လႊတ္လိုက္ပါ" ငါးႀကီးရဲ႕ စကားေျပာသံကို ၾကားေတာ့ တံငါသည္ဟာ သိပ္အံ့ၾသသြားတာေပါ့။ "အသင္ငါးက လူစကား ေျပာတတ္တယ္ ဟုတ္လား၊ လူစကား ေျပာတတ္တဲ့ ငါးကို ကြၽႏ္ုပ္တခါမွ မေတြ႕ဖူးဘူး။ ကြၽႏ္ုပ္ လူမွန္ သိကတည္းက ငါးဖမ္းလာတာ၊ ဒီတခါပဲ ငါးက လူစကားေျပာတာ ၾကားဖူးတယ္"

တံငါသည္က ထူးထူးဆန္းဆန္း ေတြ႕ရလို႔ ေပ်ာ္ေနတယ္။ "ဟုတ္ပါတယ္၊ ကြၽႏ္ုပ္ လူစကား ေျပာတတ္ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္ကို ပင္လယ္ထဲျပန္လႊတ္ေပးဖို႔ ေတာင္းပန္ေနတာ ေပါ့ဗ်ာ" လို႔ ေ႐ႊေရာင္ေတာက္ေနတဲ့ ငါးႀကီးက ထပ္ေျပာျပန္တယ္။

"အင္း ဟုတ္တယ္၊ လူစကားေျပာတတ္တဲ့ ငါးကို ကြၽႏ္ုပ္ သတ္မစားသင့္ဘူး၊ ဒါေၾကာင့္ သင့္ကို ျပန္လႊတ္လိုက္ေတာ့မယ္" တံငါသည္က ပိုက္ကြန္ထဲမွ ငါးႀကီးကို ပင္လယ္ထဲျပန္လႊတ္ လိုက္တာေပါ့ကြယ္။

ညက်ေတာ့ တံငါသည္ဟာ သူ႔မိန္းမကို လူစကား ေျပာတတ္တဲ့ ငါးႀကီးအေၾကာင္း ေျပာျပဖို႔ စဥ္းစားေနတယ္။ အဲဒီညက သူတို႔လင္မယားအတြက္ ဘာမွစားစရာ မရွိဘူး။ ရွင္ ဒီေန႔ ဘာငါးမွ မရခဲ့ဘူးလား လို႔ သူ႔မိန္းမကေမးေတာ့ "ရတာေပါ့ကြာ၊ ဒါေပမယ့္ တေကာင္တည္းပါ၊ အဲ့ဒီ ငါးက လူစကား ေျပာတတ္တယ္၊ ဒါေၾကာင့္ ငါမသတ္ရက္လို႔ ပင္လယ္ထဲကို ျပန္လႊတ္လိုက္တယ္"

"ရွင္ မျဖစ္ႏိုင္တာေတြ လာမေျပာပါနဲ႔၊ ရွင္ အသုံးမက်လို႔ ငါးမရတာကို ေတြ႕ကရာ ေလွ်ာက္ေျပာေနတယ္" လို႔ မိန္းမက အျပစ္တင္တယ္။ "မင္း မယုံရင္လည္း မတတ္ႏိုင္ဘူးကြာ၊ လူစကား ေျပာတတ္တဲ့ ငါးကို တကယ္ ဖမ္းမိခဲ့တာပဲ၊ မင္းကိုငါ လိမ္ေျပာစရာ အေၾကာင္းမရွိပါဘူး" လို႔ တံငါသည္က ထပ္ေျပာတယ္။

"ရွင္ အမွန္အတိုင္း ေျပာေနတာ ဆိုရင္ေတာ့ ဒါဟာ အင္မတန္ ထူးဆန္းေနတာပဲ၊ အဲဒီ ငါးဟာ အစြမ္းသတၱိရွိမွာ အမွန္ပဲ၊ ရွင္ သူ႔အသက္ကို မသတ္ရက္ဘဲ ျပန္လႊတ္လိုက္တဲ့အတြက္ သူက ရွင့္ကို ဘာေပးခဲ့သလဲ"

"ဘာမွ မေပးဘူးကြ၊ ပင္လယ္ထဲ ျပန္ဆင္းသြားတာပဲ"

"ရွင္ကေကာ ဘာမွမေတာင္းဘူးလား"

"ေတာင္းရေအာင္ သူက ဘာေပးႏိုင္မွာမို႔လဲ"

"ေပးႏိုင္မွာေပါ့ ရွင္၊ သူက သာမန္ငါးမွ မဟုတ္ဘဲ၊ ရွင္ သိပ္ အ တာပဲ၊ ကြၽန္မတို႔ လင္မယား ဒီလိုပဲ တသက္လုံး ေျမႀကီးေပၚမွာပဲ အိပ္ေနရေတာ့မွာလား"

"ဒါျဖင့္ ငါက ဘာလုပ္ရမွာလဲ"

"လြယ္ပါတယ္ရွင္၊ အဲ့ဒီငါးႀကီးကို တဲတတဲေလာက္ေတာ့ ရေအာင္ လုပ္ေပးပါလို႔ ေျပာေပါ့"

တံငါသည္က သူ႔မယားရဲ႕ တိုက္တြန္းမႈေၾကာင့္ ေနာက္တေန႔ မနက္မွာ ပင္လယ္ျပင္ကို ထြက္လာခဲ့တယ္။ မေန႔က သူအိပ္ေပ်ာ္ခဲ့တဲ့ ေက်ာက္ေဆာင္ေပၚမွာ က်က်နနထိုင္ၿပီး လွမ္းေျပာလိုက္တယ္။ "ပင္လယ္ထဲက လူစကားေျပာတဲ့ ေ႐ႊငါးႀကီး ကြၽႏ္ုပ္ဆီကို လာခဲ့ပါဦး" တံငါသည္က သုံးခြန္းတိတိ လွမ္းေခၚတယ္။ သုံးခြန္းေခၚ လို႔မွ မရရင္ သူစိတ္ေလွ်ာ့လိုက္ေတာ့ မွာေပါ့ေလ။

သူ႔မိန္းမဟာ အဓိပၸာယ္ မရွိတာေတြ ခိုင္းေနတယ္ လို႔ သူက ထင္ေနတယ္။ ဒါေပမယ့္ တတိယအခြန္း ေခၚအၿပီးမွာ ေ႐ႊေရာင္ငါးႀကီး ဟာ ပင္လယ္ေရမ်က္ႏွာျပင္ေပၚမွာ ဦးေခါင္းေဖာ္ၿပီး တံငါသည္ေရွ႕ကို ကူးလာခဲ့တယ္။

"သင္ ဘာအလိုရွိသလဲ" လို႔ ေမးတယ္။ ဒီေတာ့ တံငါသည္က "ကြၽႏ္ုပ္ဘာမွ မလိုပါဘူး၊ ဒါေပမယ့္ ကြၽႏ္ုပ္ မိန္းမက တဲကေလးနဲ႔ ေနခ်င္တယ္ဗ်ာ။ အဲဒါ ေ႐ႊငါးႀကီး လုပ္ေပးႏိုင္မလား" လို႔ ေမးလိုက္ေတာ့ "သင့္မိန္းမဆီကို ျပန္သြားပါ၊ တဲကေလးတလုံးထဲမွာ သင့္မိန္းမကို ေတြ႕ရလိမ့္မယ္" လို႔ ေ႐ႊငါးႀကီးက ျပန္ေျပာၿပီး ပင္လယ္ထဲကို ျပန္ငုပ္သြားတယ္။

တံငါသည္ဟာ သူတို႔အိပ္ေနက် သစ္ပင္ေအာက္ကို ျပန္ ေရာက္ေတာ့ သစ္ပင္နဲ႔ မနီးမေဝးမွာ ထူးထူးျခားျခား တဲကေလး တတဲကို ေတြ႕ရတယ္။ အဲဒီတဲက အသစ္စက္စက္ အတိုင္းပဲ။ သပ္သပ္ရပ္ရပ္နဲ႔ ျပတင္းေပါက္ ႏွစ္ေပါက္လည္း ပါေသးတယ္။ အိမ္ေရွ႕ တံခါးကို ပင္လယ္ျပာေရာင္ ေဆးသုတ္ထားၿပီးသား ေတြ႕ရတယ္။

တဲေနာက္ဘက္မွာလည္း ပန္းၿခံကေလး ပါတယ္။ ပန္းၿခံကေလးထဲမွာ ေရာင္စုံပန္းေတြ လွလွပပ ပြင့္ေနတယ္။ တံငါသည္ဟာ တဲထဲကို ဝင္သြားလိုက္တယ္။ အခန္းဖြဲ႕ ထားတာေတာ့ မရွိဘူး။ ျပတင္းေပါက္ကေန ေနေရာင္ျခည္ဟာ အထဲကို က်ေရာက္ေနတယ္။ သူ႔မိန္းမဟာ စားပြဲေဘးမွာ ထိုင္ေနတာကို ေတြ႕ရတယ္။

"မင္း အခုေပ်ာ္သြားၿပီ မဟုတ္လား၊ မင္းလိုခ်င္တာ ျဖစ္သြား ၿပီေနာ္" လို႔ တံငါသည္က ေမးေတာ့ "ေပ်ာ္တာေပါ့ရွင္၊ တဲကေလးက သိပ္လွတာပဲ" သူ႔မိန္းမက ဝမ္းသာအားရ ေျပာလိုက္တယ္။ ဒီလိုနဲ႔ တံငါသည္ မိန္းမဟာ သူ႔ေယာက္်ားနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနခဲ့ၾကတယ္။

တပတ္ေလာက္ ၾကာေတာ့ တံငါသည္ဟာ ညမိုးခ်ဳပ္မွ ငါးဖမ္းရာက ျပန္လာတာေပါ့ကြယ္။ အဲဒီေတာ့ မိန္းမက ေျပာသတဲ့။

"ကြၽန္မ ဒီတဲေလးမွာ ေနရတာ မေပ်ာ္ေတာ့ဘူး"

"ဘာျဖစ္လို႔လဲ”လို႔ တံငါသည္က ျပန္ေမးတာေပါ့။

"ၾကက္မေတြဟာ ဥ ဥၿပီးတိုင္း နားညည္းေအာင္ ဝိုင္းေအာ္ၾကတယ္။ ေန႔ခင္း ကြၽန္မ အိပ္ေနတုန္းမွာလည္း တဲထဲမွာ ေလွ်ာက္ၿပီး ပ်ံေျပးေနၾကတယ္"

"ဒါျဖင့္ မင္းက ဘာလုပ္ခ်င္လဲ"

"အိမ္ေကာင္းေကာင္း တလုံးနဲ႔ ေနခ်င္တယ္။ ဒါေၾကာင့္ ရွင့္ရဲ႕ လူစကား ေျပာတတ္တဲ့ ေ႐ႊငါးႀကီးဆီမွာ သြားေတာင္းေပး"

"မင္း သိပ္ရႈပ္တာပဲကြာ" လို႔ တံငါသည္က ညည္းညည္းညဴညဴ ေျပာလိုက္တယ္။

ေနာက္တေန႔မွာ တံငါသည္ဟာ ပင္လယ္ျပင္က ေက်ာက္ေဆာင္ ေပၚထိုင္ၿပီး ေ႐ႊငါးႀကီးကို ေခၚလိုက္တယ္။ "ပင္လယ္ထဲက လူစကားေျပာတတ္တဲ့ ေ႐ႊငါးႀကီး၊ သင့္ကို ေတြ႕ခ်င္ပါတယ္" လို႔ တံငါသည္က သုံးႀကိမ္သုံးခါ ေခၚလိုက္တယ္။ မလာရင္လည္း သူ႔တဲကိုသူ ျပန္သြားေတာ့မယ္လို႔ ဆုံးျဖတ္ ထားတယ္။

ဒါေပမယ့္ ေ႐ႊငါးႀကီးဟာ ပင္လယ္ထဲကေန ေခါင္းကေလး ေဖာ္ၿပီး ေပၚလာျပန္တယ္။ "သင္ ဘာမ်ား အလိုရွိပါသလဲ" လို႔ ေ႐ႊငါးႀကီးက ေမးေတာ့ တံငါသည္က "ကြၽႏ္ုပ္ ဘာမွ အလိုမရွိပါဘူး၊ ကြၽႏ္ုပ္မိန္းမက တိုက္အိမ္ ေကာင္းေကာင္းနဲ႔ ေနခ်င္တယ္ ဆိုလို႔ ခင္ဗ်ားဆီမွာ လာေတာင္းတာပါ" လို႔ ေျပာျပလိုက္တယ္။ "သင့္ မိန္းမဆီကို ျပန္သြားပါ၊ တိုက္အိမ္ထဲမွာ သင့္မိန္းမကို ေတြရပါလိမ့္မယ္"

တံငါသည္ဟာ သူ႔တဲ ရွိရာကို ျပန္သြားခဲ့တယ္။ အစက မရွိေနခဲ့ရာမွာ တိုက္အိမ္ကေလးတလုံး ျဖစ္ေန တယ္။ တိုက္ရဲ႕ ေဘးဘက္ ျပတင္းေပါက္နားမွာ ႏွင္းဆီဥယ်ာဥ္ ရွိတယ္။ ႏွင္းဆီနံ႔ေတြဟာ အိမ္ထဲမွာ သင္းေနတာေပါ့။ တိုက္ေရွ႕မွာလည္း အရိပ္ရတဲ့ သစ္ပင္ႀကီးေတြဟာ စီတန္းၿပီး ေပါက္ေနတယ္။ တိုက္အိမ္ကို အရိပ္မိုးထားလို႔ ေအးျမေနတယ္။ တံခါးႏွစ္ ေပါက္ဟာ ေရွ႕တေပါက္ ေနာက္တေပါက္ ရွိတယ္။ ျပတင္းေပါက္ ေျခာက္ေပါက္က တိုက္ရဲ႕ ေဘးတဖက္ တခ်က္မွာ ရွိေနၾကတယ္။ တံငါသည္ဟာ သူ႔မိန္းမကို တိုက္ထဲမွာ ေတြ႕လိုက္တယ္။

"ကဲ တိုက္အိမ္ကေလးနဲ႔ ေနရလို႔ အခု မင္းေပ်ာ္သြားၿပီ မဟုတ္လား" လို႔ တံငါသည္က ေမးလိုက္တယ္။ "ေပ်ာ္တာေပါ့ရွင္၊ တိုက္ကေလးက လွလည္း လွၿပီး အိမ္ေဘးက ဥယ်ာဥ္က ႏွင္းဆီပန္းနံ႔ေတြ ကလည္း ေမႊးတယ္။ ဒါေပမယ့္ အိမ္ထဲမွာ အခန္းဖြဲ႕ ထားတာေတြက သိပ္မက်ယ္ဘူးရွင့္" လို႔ တံငါသည္ရဲ႕ မိန္းမက ျပန္ေျပာတယ္။

တပတ္ေလာက္ၾကာေတာ့ သူ႔မိန္းမက ေျပာျပန္တယ္။ "တိုက္လွလွေလးနဲ႔ ေနရတာေတာ့ ေကာင္းပါရဲ႕၊ ဒါေပမယ့္ ရွင္က တံငါသည္ ျဖစ္ေနတဲ့အတြက္ ကြၽန္မကလည္း တံငါသည္မယား ျဖစ္ေနတာေပါ့၊ တံငါသည္မယားဆိုေတာ့ လူအထင္မႀကီးဘူးရွင့္၊ ႐ြာက လူေတြက ကြၽန္မကို သိပ္ၿပီး ေခၚေျပာေျပာ မဆက္ဆံခ်င္ၾကဘူး၊ တံငါသည္မယားကို ဘယ္သူကမွ အေပါင္း မသင္းမလုပ္ၾကဘူး"

"ဒါျဖင့္ မင္းဘာျဖစ္ခ်င္လဲ" တံငါသည္က စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး ေမးလိုက္တာေပါ့။ "ရွင့္ကို ဘုရင္ႀကီး ျဖစ္ေစခ်င္တယ္။ ဒါဆို ကြၽန္မက မိဖုရား ႀကီးျဖစ္သြားမယ္။ နန္းေတာ္ႀကီးနဲ႔ ေနၿပီး ဘာမဆို လိုခ်င္တာ အကုန္ရမယ္၊ အေစခံေတြ အေႁခြအရံေတြလည္း ျပည့္စုံမယ္၊ ကြၽန္မ ဘယ္ကိုပဲ သြားသြား တျခားမိန္းမေတြက အ႐ိုအေသ ျပဳၾကမယ္၊ ေလးေလးစားစား ဆက္ဆံၾကမယ္၊ သိပ္ေပ်ာ္စရာ ေကာင္းမွာပဲရွင့္"

"ငါကေတာ့ ရွင္ဘုရင္ မျဖစ္ခ်င္ဘူးကြာ၊ ငါ ရွင္ဘုရင္လို မေနတတ္ဘူး၊ တံငါသည္ဘဝမွာပဲ ေပ်ာ္တယ္၊ သစ္ပင္ရိပ္က ေျမႀကီးေပၚမွာပဲ ေနခ်င္တယ္"

"ဒါေပမယ့္ ကြၽန္မကေတာ့ ဘုရင္မႀကီး ျဖစ္ခ်င္တယ္ရွင့္"

ဒါနဲ႔ပဲ တံငါသည္ဟာ ေ႐ႊငါးႀကီးနဲ႔ ထပ္ေတြ႕ဖို႔ သြားရျပန္တယ္။ "ပင္လယ္ထဲက လူစကားေျပာတတ္တဲ့ ေ႐ႊငါးႀကီး ကြၽႏ္ုပ္ သင့္ကို ေတြ႕ပါရေစ" လို႔ သုံးခြန္းတိတိ ေခၚ အၿပီးမွာ ေ႐ႊငါးႀကီးရဲ႕ ဦးေခါင္းဟာ ေရမ်က္ႏွာျပင္ေပၚမွာ ေပၚထြက္လာတယ္။ "သင္ ဘာကို အလိုရွိသလဲ"

"ကြၽႏ္ုပ္ ဘာကိုမွ မလိုခ်င္ပါဘူးဗ်ာ၊ ဒါေပမယ့္ က်ဳပ္မိန္းမက ဘုရင္မႀကီး ျဖစ္ခ်င္သတဲ့"

"ေကာင္းၿပီး သင့္မိန္းမဆီ ျပန္သြားပါ၊ ဘုရင္မႀကီး ျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္"

တံငါသည္က ျပန္လာခဲ့တယ္။ တိုက္ေနရာမွာ နန္းေတာ္ႀကီး ျဖစ္ေနတယ္။ တံခါးဝမွာ တံခါးမႉးႏွစ္ေယာက္က သူ႔ကို အခန္းႀကီး တခန္းထဲကို ေခၚသြားၾကတယ္။ "ေ႐ႊသလြန္ေပၚမွာ သူ႔မိန္းမဟာ ေ႐ႊအက်ႌေတြနဲ႔ ထိုင္ေနတယ္။ သူ႔မိန္းမရဲ႕ ဦးေခါင္းေပၚမွာ စိန္စီထားတဲ့ သရဖူ ေဆာင္းထားတယ္။

"မင္း အခုေပ်ာ္သြားၿပီး မဟုတ္လား ဘုရင္မႀကီး" လို႔ တံငါသည္က ေမးလိုက္ေတာ့ သူမိန္းမက "ေနရထိုင္ရတာ လြတ္လြတ္လပ္လပ္ မရွိဘူးရွင့္၊ ဝတ္ထားတဲ့ ေ႐ႊအက်ႌ ေ႐ႊထဘီေတြကလည္း အိုက္စပ္စပ္နဲ႔၊ စားရတာကလည္း ဟန္အမူအရာေလးနဲ႔၊ ၿပီးေတာ့ ေခါင္းေပၚမွာကလည္း သရဖူျပဳတ္မက်ေအာင္ မနည္း ထိန္းထားရတယ္၊ စကားေျပာေတာ့လည္း ထီးသုံးနန္းသုံး စကားေတြမတတ္လို႔ အေျပာရခက္တယ္၊ ကြၽန္မ မေပ်ာ္ပါဘူးရွင္" လို႔ ေျပာတယ္။

ေနာက္တေန႔မွာေတာ့ တံငါသည္က ပင္လယ္ ေက်ာက္ေဆာင္ေပၚကို သြားထိုင္တယ္။ "ပင္လယ္ထဲက လူစကားေျပာတဲ့ ေ႐ႊငါးႀကီးမင္း၊ ကြၽႏ္ုပ္ သင့္ကို ေတြ႕ခ်င္ပါတယ္" လို႔ သုံးႀကိမ္ ေခၚအၿပီးမွာ ေ႐ႊငါးႀကီး ေပၚလာၿပီး "သင္ ဘာအလိုရွိပါသလဲ" လို႔ ေမးတယ္။ "ကြၽႏ္ုပ္ မိန္းမက ဘုရင္မႀကီးဘဝမွာ မေပ်ာ္ပိုက္ဘူးလို႔ ေျပာပါတယ္"

"ေကာင္းၿပီ၊ သင့္မိန္းမနဲ႔သင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနရပါလိမ့္ မယ္၊ ျပန္သြားပါ"

တံငါသည္ဟာ ေ႐ႊနန္းေတာ္ႀကီး ရွိခဲ့တဲ့ ေနရာကိုျပန္သြား တယ္။ ဒါေပမယ့္ ေ႐ႊနန္းေတာ္ႀကီးကို မေတြ႕ရေတာ့ဘူး။ သူ႔မိန္းမဟာ သစ္ပင္ရိပ္က ေျမျပင္မွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။ "ကဲ ဘယ္ႏွယ္လဲ၊ မင္း ေက်နပ္သြားၿပီလား" လို႔ တံငါသည္က ေမးလိုက္တယ္။

"အခုလို လြတ္လြတ္လပ္လပ္ ေနရတာ အေပ်ာ္ဆုံးပါပဲ" လို႔ သူ႔မိန္းမကို ျပန္ေျဖတယ္။ အဲဒီဘဝမွာပဲ သူတို႔လင္မယား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ သြားၾကပါေတာ့တယ္။

phoomyatchal

Post a Comment

0 Comments