အမှားထဲက သင်ခန်းစာ

တခါတုန်းက ထင်ရှားကျော်ကြားတဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီး တယောက်ကို သတင်းထောက် တယောက်က ဘာကြောင့် တီထွင်မှုတွေ အများကြီးကို လုပ်နိုင်ခဲ့တာလဲ လို့ မေးတယ်။ ပညာရှင်ကြီးက သူ အသက် ၂ နှစ်သားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်ပါ လို့ ပြောပြီး ခုလို ရှင်းပြတယ်။

တမနက်မှာ သူဟာ ရေခဲသေတ္တာထဲက နွားနို့ပုလင်းကြီးကို စားပွဲပေါ် တင်ဖို့အတွက် လက်နှစ်ဖက်နဲ့ မယူ ထုတ်လိုက်တယ်။ နို့ပုလင်းကြီးဟာ သူ့လက်တွေထဲကနေ ချောပြီး ကြမ်းပြင်ပေါ်ကို လွတ်ကျပြီး ခွမ်းကနဲ ကွဲသွားတယ်။ နို့တွေဟာ မီးဖိုခန်းရဲ့ ကြမ်းပြင်တခုလုံးမှာ ဖိတ်စင်သွားပါတယ်။

သူ့အမေဟာ ပုလင်းကျကွဲသံ ကြားလို့ မီးဖိုထဲကို ဝင်လာတယ်။ မီးဖိုတခန်းလုံး နွားနို့တွေနဲ့ အိုင်ထွန်းနေတာကို တွေ့လိုက်တယ်။ သူဟာ အမေကို မြင်လိုက်တော့ ကြောက်လန့်ပြီး ကိုယ်လုံးလေးဟာ တုန်ယင်နေပါတယ်။ ဒါပေမဲ့ အမေဟာ သူ့ကို အော်ဟစ် ငေါက်ငန်းခြင်း၊ ဆူပူကြိမ်မောင်းခြင်း၊ ဒဏ်ပေးခြင်း စတာတွေ လုံးဝ မလုပ်ဘဲ ခုလို ပြောလိုက်ပါတယ်။

"သားလေး၊ မင်းဟာ နို့ပုလင်းကို လွတ်ချလိုက်ပြီး အံ့သြစရာကောင်းတဲ့ နို့အိုင်ကြီးတခုကို ဖန်တီးလိုက်ပြီ။ ဒါတွေဟာ ဖြစ်ပြီးသွားပြီ။ ဖြစ်ပြီးသွားတာတွေ အတွက် ဝမ်းနည်းမနေနဲ့။ နောင်တ ရမနေနဲ့။ ငါတို့ မီးဖိုကို နွားနို့တွေကို ရှင်းလင်းပြီး ခြောက်သွေ့အောင် ပြန်မလုပ်ခင် မင်း နို့အိုင်ထဲမှာ လူးလိမ့်ပြီး အားရအောင် ကစားလိုက်ပါအုံး"

သူဟာ အမေပြောသလို နို့အိုင်ထဲမှာ လူးလိမ့် ကစားနေလိုက်တယ်။ မိနစ် အနည်းငယ် ကြာတော့ အမေက "သားလေး၊ မင်း ခုလို ညစ်ပတ်ပေရေအောင် လုပ်ပြီးသွားရင် သန့်ရှင်းရေး လုပ်ပြီး နဂိုမူလအတိုင်း ဖြစ်အောင် ပြန်လုပ်ရမယ်။ အဲဒီတော့ မီးဖိုကို ဘယ်လို သန်ှ့ရှင်းရေး လုပ်ကြမလဲ။ တံမြက်စည်းမလား။ အဝတ်နဲ့ သုတ်မလား။ ရေမြှုပ်နဲ့ တိုက်မလား။ မင်း ဘယ်ဟာကို ကြိုက်သလဲ"

သူက အဝတ်နဲ့ သုတ်မယ် ပြောလို့ သားအမိနှစ်ယောက် မီးဖိုကို အဝတ်တွေနဲ့ သုတ်ပြီး ခြောက်သွေ့အောင် လုပ်လိုက်ကြပါတယ်။ သန့်ရှင်းရေး လုပ်ပြီးသွားချိန်မှာ အမေက သူ့ကို ခုလို ပြောပါတယ်။

"သားလေး၊ အခု မင်းကြုံတွေ့ခဲ့တာဟာ မင်းဟာ မီးဖိုကို ညစ်ပေစေချင်လို့ တမင် လုပ်လိုက်တာ မဟုတ်ဘူး။ မင်းရဲ့ လက်သေးသေးလေး နှစ်ဖက်နဲ့ နွားနို့ပုလင်းကြီးကို ဘယ်လို ကိုင်ပြီး သယ်ရမယ် ဆိုတဲ့ စမ်းသပ်မှု ကျရှုံးသွားတာပါ။ ဒီတော့ နွားနို့ပုလင်း အလွတ်တလုံးနဲ့ ပန်းခြံထဲက ရေပန်းမှာ ရေဖြည့်ပြီး နို့ပုလင်းကို လွတ်မကျအောင် ကိုင်ရမလဲ ဆိုတာကို လေ့ကျင့်ကြည့်စမ်း"

သူဟာ ပန်းခြံထဲမှာ ရေအပြည့် ဖြည့်ထားတဲ့ ပုလင်းကို လွတ်မကျအောင် လေ့ကျင့်တယ်။ လက်နှစ်ဖက်ကို ပုလင်းအောက်ခြေနားမှာ ကိုင်ပြီး သယ်ရင် လွတ်မကျဘူး ဆိုတာကို သိလိုက်တယ်။ ပုလင်းသယ်တဲ့ နည်းသစ်ကို ရှာတွေ့လိုက်တယ်။ ၂ နှစ်သား ကလေးအတွက် စိတ်လှုပ်ရှားစရာ ရှာဖွေတွေ့ရှိမူပါ။ တီထွင်ပညာရှင်ကြီးက ဒီအကြောင်း သတင်းထောက်ကို ခုလို ဆက်ရှင်းပြတယ်။

သူဟာ အဲဒီအချိန်က စပြီး အမှားလုပ်မိမှာကို ကြောက်စရာ မလိုဘူး ဆိုတာကို သိလိုက်ရတယ်။ တကယ်တမ်း အမှားလုပ်တယ် ဆိုတာ အသစ်အဆန်း တခုကို တွေ့ရှိဖို့ အခွင့်အလမ်း တခု ဖြစ်တယ်။ စမ်းသပ်မှုတခု လုပ်ရင်း အမှားလုပ်မိတယ်။ မအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီအမှားကနေ သင်ခန်းစာ တခုခုတော့ ရလိုက်ပါတယ်။

ဒါကြောင့်မို့လည်း သူဟာ ကျရှုံးမှာကို မကြောက်ဘဲ စမ်းသပ်မှုတွေ အများကြီးလုပ်ရင်း အောင်မြင်မှုကြီး တွေကို ရလိုက်တာပါတဲ့။

ကိုယ့်ကလေးက အမှားတခုခု လုပ်မိတယ် ဆိုပါစို့။ ဆူ ဆဲ ငေါက်ငမ်းတာတွေ လုပ်မယ့် အစား သိပ္ပံပညာရှင်ကြီးရဲ့ အမေလို ကလေးကို ပညာပေးတတ်တဲ့ မိခင်တွေ ဖြစ်ကြပါစေ။

ဗန်းမော်သိန်းဖေ

Pink

Zawgyi

အမွားထဲက သင္ခန္းစာ

တခါတုန္းက ထင္ရွားေက်ာ္ၾကားတဲ့ တီထြင္သူ သိပၸံပညာရွင္ႀကီး တေယာက္ကို သတင္းေထာက္ တေယာက္က ဘာေၾကာင့္ တီထြင္မႈေတြ အမ်ားႀကီးကို လုပ္ႏိုင္ခဲ့တာလဲ လို႔ ေမးတယ္။ ပညာရွင္ႀကီးက သူ အသက္ ၂ ႏွစ္သားမွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေၾကာင့္ပါ လို႔ ေျပာၿပီး ခုလို ရွင္းျပတယ္။

တမနက္မွာ သူဟာ ေရခဲေသတၱာထဲက ႏြားႏို႔ပုလင္းႀကီးကို စားပြဲေပၚ တင္ဖို႔အတြက္ လက္ႏွစ္ဖက္နဲ႔ မယူ ထုတ္လိုက္တယ္။ ႏို႔ပုလင္းႀကီးဟာ သူ႔လက္ေတြထဲကေန ေခ်ာၿပီး ၾကမ္းျပင္ေပၚကို လြတ္က်ၿပီး ခြမ္းကနဲ ကြဲသြားတယ္။ ႏို႔ေတြဟာ မီးဖိုခန္းရဲ႕ ၾကမ္းျပင္တခုလုံးမွာ ဖိတ္စင္သြားပါတယ္။

သူ႔အေမဟာ ပုလင္းက်ကြဲသံ ၾကားလို႔ မီးဖိုထဲကို ဝင္လာတယ္။ မီးဖိုတခန္းလုံး ႏြားႏို႔ေတြနဲ႔ အိုင္ထြန္းေနတာကို ေတြ႕လိုက္တယ္။ သူဟာ အေမကို ျမင္လိုက္ေတာ့ ေၾကာက္လန႔္ၿပီး ကိုယ္လုံးေလးဟာ တုန္ယင္ေနပါတယ္။ ဒါေပမဲ့ အေမဟာ သူ႔ကို ေအာ္ဟစ္ ေငါက္ငန္းျခင္း၊ ဆူပူႀကိမ္ေမာင္းျခင္း၊ ဒဏ္ေပးျခင္း စတာေတြ လုံးဝ မလုပ္ဘဲ ခုလို ေျပာလိုက္ပါတယ္။

"သားေလး၊ မင္းဟာ ႏို႔ပုလင္းကို လြတ္ခ်လိုက္ၿပီး အံ့ၾသစရာေကာင္းတဲ့ ႏို႔အိုင္ႀကီးတခုကို ဖန္တီးလိုက္ၿပီ။ ဒါေတြဟာ ျဖစ္ၿပီးသြားၿပီ။ ျဖစ္ၿပီးသြားတာေတြ အတြက္ ဝမ္းနည္းမေနနဲ႔။ ေနာင္တ ရမေနနဲ႔။ ငါတို႔ မီးဖိုကို ႏြားႏို႔ေတြကို ရွင္းလင္းၿပီး ေျခာက္ေသြ႕ေအာင္ ျပန္မလုပ္ခင္ မင္း ႏို႔အိုင္ထဲမွာ လူးလိမ့္ၿပီး အားရေအာင္ ကစားလိုက္ပါအုံး"

သူဟာ အေမေျပာသလို ႏို႔အိုင္ထဲမွာ လူးလိမ့္ ကစားေနလိုက္တယ္။ မိနစ္ အနည္းငယ္ ၾကာေတာ့ အေမက "သားေလး၊ မင္း ခုလို ညစ္ပတ္ေပေရေအာင္ လုပ္ၿပီးသြားရင္ သန႔္ရွင္းေရး လုပ္ၿပီး နဂိုမူလအတိုင္း ျဖစ္ေအာင္ ျပန္လုပ္ရမယ္။ အဲဒီေတာ့ မီးဖိုကို ဘယ္လို သႏ္ွ႔ရွင္းေရး လုပ္ၾကမလဲ။ တံျမက္စည္းမလား။ အဝတ္နဲ႔ သုတ္မလား။ ေရျမႇဳပ္နဲ႔ တိုက္မလား။ မင္း ဘယ္ဟာကို ႀကိဳက္သလဲ"

သူက အဝတ္နဲ႔ သုတ္မယ္ ေျပာလို႔ သားအမိႏွစ္ေယာက္ မီးဖိုကို အဝတ္ေတြနဲ႔ သုတ္ၿပီး ေျခာက္ေသြ႕ေအာင္ လုပ္လိုက္ၾကပါတယ္။ သန႔္ရွင္းေရး လုပ္ၿပီးသြားခ်ိန္မွာ အေမက သူ႔ကို ခုလို ေျပာပါတယ္။

"သားေလး၊ အခု မင္းႀကဳံေတြ႕ခဲ့တာဟာ မင္းဟာ မီးဖိုကို ညစ္ေပေစခ်င္လို႔ တမင္ လုပ္လိုက္တာ မဟုတ္ဘူး။ မင္းရဲ႕ လက္ေသးေသးေလး ႏွစ္ဖက္နဲ႔ ႏြားႏို႔ပုလင္းႀကီးကို ဘယ္လို ကိုင္ၿပီး သယ္ရမယ္ ဆိုတဲ့ စမ္းသပ္မႈ က်ရႈံးသြားတာပါ။ ဒီေတာ့ ႏြားႏို႔ပုလင္း အလြတ္တလုံးနဲ႔ ပန္းၿခံထဲက ေရပန္းမွာ ေရျဖည့္ၿပီး ႏို႔ပုလင္းကို လြတ္မက်ေအာင္ ကိုင္ရမလဲ ဆိုတာကို ေလ့က်င့္ၾကည့္စမ္း"

သူဟာ ပန္းၿခံထဲမွာ ေရအျပည့္ ျဖည့္ထားတဲ့ ပုလင္းကို လြတ္မက်ေအာင္ ေလ့က်င့္တယ္။ လက္ႏွစ္ဖက္ကို ပုလင္းေအာက္ေျခနားမွာ ကိုင္ၿပီး သယ္ရင္ လြတ္မက်ဘူး ဆိုတာကို သိလိုက္တယ္။ ပုလင္းသယ္တဲ့ နည္းသစ္ကို ရွာေတြ႕လိုက္တယ္။ ၂ ႏွစ္သား ကေလးအတြက္ စိတ္လႈပ္ရွားစရာ ရွာေဖြေတြ႕ရွိမူပါ။ တီထြင္ပညာရွင္ႀကီးက ဒီအေၾကာင္း သတင္းေထာက္ကို ခုလို ဆက္ရွင္းျပတယ္။

သူဟာ အဲဒီအခ်ိန္က စၿပီး အမွားလုပ္မိမွာကို ေၾကာက္စရာ မလိုဘူး ဆိုတာကို သိလိုက္ရတယ္။ တကယ္တမ္း အမွားလုပ္တယ္ ဆိုတာ အသစ္အဆန္း တခုကို ေတြ႕ရွိဖို႔ အခြင့္အလမ္း တခု ျဖစ္တယ္။ စမ္းသပ္မႈတခု လုပ္ရင္း အမွားလုပ္မိတယ္။ မေအာင္ျမင္ဘူး။ ဒါေပမဲ့ အဲဒီအမွားကေန သင္ခန္းစာ တခုခုေတာ့ ရလိုက္ပါတယ္။

ဒါေၾကာင့္မို႔လည္း သူဟာ က်ရႈံးမွာကို မေၾကာက္ဘဲ စမ္းသပ္မႈေတြ အမ်ားႀကီးလုပ္ရင္း ေအာင္ျမင္မႈႀကီး ေတြကို ရလိုက္တာပါတဲ့။

ကိုယ့္ကေလးက အမွားတခုခု လုပ္မိတယ္ ဆိုပါစို႔။ ဆူ ဆဲ ေငါက္ငမ္းတာေတြ လုပ္မယ့္ အစား သိပၸံပညာရွင္ႀကီးရဲ႕ အေမလို ကေလးကို ပညာေပးတတ္တဲ့ မိခင္ေတြ ျဖစ္ၾကပါေစ။

ဗန္းေမာ္သိန္းေဖ

Pink

Post a Comment

0 Comments