နေ့လယ်စာမစားတဲ့ သမီးလေးအတွက် စာ (၈၂၆) စောင် ကြိုတင်ရေးပေးခဲ့တဲ့ ကင်ဆာရောဂါသည်အဖေ

Emma Claire Callaghan လို့ခေါ်တဲ့ မိန်းကလေးဟာ အသက် (၁၄) နှစ်ပဲ ရှိပါသေးတယ်။ သူမဟာ နေ့လယ်စာ စားတတ်တဲ့ အကျင့်မရှိတာကြောင့် အချိန်သိပ်မကျန်တော့တဲ့ ဖခင်က သူ့သမီးလေး နေ့လယ်စာ စားချိန်တိုင်း ဖတ်ရအောင်လို့ စာပေါင်း (၈၂၆) စောင်ရေးခဲ့ပါတယ်။

စာကိုလည်း တစ်သျှူးစက္ကူလေးတွေ ပေါ်မှာ ရေးခဲ့ပါတယ်။ သူမ အထက်တန်းကျောင်းပြီးတဲ့အချိန်အထိ နေ့စဉ်စာတစ်စောင်ဖတ်နိုင်အောင် ရေးပေးခဲ့တာပဲဖြစ်ပါတယ်။ သူဟာ လူမှုရေးလှုပ်ရှားမှု တစ်ခုဖြစ်တဲ့ "Because I Said I Will" ကနေ အကြံရခဲ့တာ ဖြစ်ပြီးတော့ "ကတိတစ်ခု၏ စွမ်းအားဖြင့် လူသားမျိုးနွယ်ကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ထားတယ်"လို့ ဆိုပါတယ်။

သူကတော့ Emma ရဲ့ အဖေ Garth ပါ။ သူ့မှာ terminal cancer ရောဂါဖြစ်ပြီးကတည်းက လူ့လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့ အချိန်သိပ်မကျန်တော့ဘူး ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

Garth ဟာ သူသေဆုံးသွားခဲ့ရင် သမီးလေး မစားနိုင်မသောက်နိုင် ဖြစ်မှာကို စိတ်ပူနေခဲ့ပါတယ်။ ဒါကြောင့် သမီးလေး အထက်တန်းပြီးတဲ့အထိ တိုင်အောင် ဖတ်လို့ရမယ့် စာလေးတွေကို တစ်သျှူးစက္ကူပေါ်မှာ သေချာလေး ရေးပေးခဲ့ပါတယ်။

ဒီနေ့အချိန်ထိ Garthဟာ အစောင်ရေ (၇၄၀) ထိ ရေးပြီးခဲ့ပါပြီ။ နောက်ထပ် (၈၆) စောင်ကို ထပ်ရေးဖို့အတွက် ကြိုးစားနေပါတယ်။ သူဟာ Emma တတိယတန်းကျောင်းသူ အရွယ်ကတည်းကနေ နေ့လယ်စာ ထမင်းဗူးမှာ စာလေးတွေ ရေးပေးခဲ့တာပဲ ဖြစ်ပါတယ်။

စာလေးတွေထဲမှာ အားပေးစကားတွေ ပါတဲ့အပြင် အလုပ်နှင့် ကျောင်းမှာပါ လူတိုင်းနှင့် အဆင်ပြေပြေ နေထိုင်တတ်အောင်၊ တခြားအရာတွေကိုပါ ထည့်ရေးပေးထားပါတယ်။

ဒါတွေဟာ Garth ဟာ သူ့သမီးလေးအတွက် ဘေးနားမှာ သူအချိန်တိုင်း ရှိနေတယ်ဆိုတဲ့ အတွေးကိုတွေးမိအောင် ရေးပေးခဲ့တာပဲဖြစ်ပါတယ်။

ပြီးတော့ သမီးလေးကို အရမ်းချစ်ပြီးတော့ အားမငယ်၊ ဝမ်းမနည်းအောင် ချန်ထားခဲ့ချင်တာပဲဖြစ်ပါတယ်။ စာတစ်စောင်စီတိုင်းကို ဂရုတစိုက် သေချာစဉ်းစားပြီး တစ်နေ့တာကို ဖြတ်သန်းဖို့ လိုအပ်တဲ့ အားအင်တွေ၊ အားပေးမှုတွေကို Emma အတွက် သေချာလေး ရေးပေးခဲ့ပါတယ်။

အဲဒီစာလေးတွေက နေ့လယ်စာ စားချိန်မှာ အမ်မာရဲ့ မျက်လုံးတွေကို မျက်ရည်ဝဲမိစေမှာတော့ သေချာပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်ရတာ အရမ်းကို ကံကောင်းတယ်လို့လည်း ဆိုထားပါတယ်။

Garth ဟာ တကယ်ကိုကောင်းတဲ့ ဖခင်တစ်ယောက်ပါပဲ။ Emma ရဲ့ဘဝတစ်သက်တာလုံးမှာလည်း ဒီစာလေးတွေက အမှတ်တရအဖြစ် ရှိနေဦးမှာပါ။ သူ့အဖေရဲ့ အကြံဉာဏ်နဲ့ ဟာသတွေက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ဉာဏ်တွေထဲမှာ အမှတ်တရအဖြစ် ရှင်သန်နေဦးမှာပါ။

အထူးသဖြင့် ကင်ဆာလို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုကြောင့် မိဘကို ဆုံးရှုံးရတာ မခံသာပါဘူး။ ဒီတစ်ရှူးလေးတွေ ကနေတစ်ဆင့် သူ့အဖေ သူ့ကိုဘယ်လောက်ချစ်ကြောင်း Emma ကို အမှတ်ရစေမှာ သေချာပါတယ်။

Zombie (lovemedia)

for zawgyi

ေန႔လယ္စာမစားတဲ့ သမီးေလးအတြက္ စာ (၈၂၆) ေစာင္ ႀကိဳတင္ေရးေပးခဲ့တဲ့ ကင္ဆာေရာဂါသည္အေဖ

Emma Claire Callaghan လို႔ေခၚတဲ့ မိန္းကေလးဟာ အသက္ (၁၄) ႏွစ္ပဲ ရွိပါေသးတယ္။ သူမဟာ ေန႔လယ္စာ စားတတ္တဲ့ အက်င့္မရွိတာေၾကာင့္ အခ်ိန္သိပ္မက်န္ေတာ့တဲ့ ဖခင္က သူ႔သမီးေလး ေန႔လယ္စာ စားခ်ိန္တိုင္း ဖတ္ရေအာင္လို႔ စာေပါင္း (၈၂၆) ေစာင္ေရးခဲ့ပါတယ္။

စာကိုလည္း တစ္သွ်ဴးစကၠဴေလးေတြ ေပၚမွာ ေရးခဲ့ပါတယ္။ သူမ အထက္တန္းေက်ာင္းၿပီးတဲ့အခ်ိန္အထိ ေန႔စဥ္စာတစ္ေစာင္ဖတ္ႏိုင္ေအာင္ ေရးေပးခဲ့တာပဲျဖစ္ပါတယ္။ သူဟာ လူမႈေရးလႈပ္ရွားမႈ တစ္ခုျဖစ္တဲ့ "Because I Said I Will" ကေန အႀကံရခဲ့တာ ျဖစ္ၿပီးေတာ့ "ကတိတစ္ခု၏ စြမ္းအားျဖင့္ လူသားမ်ိဳးႏြယ္ကို ပိုမိုေကာင္းမြန္လာေစဖို႔ ရည္႐ြယ္ထားတယ္"လို႔ ဆိုပါတယ္။

သူကေတာ့ Emma ရဲ႕ အေဖ Garth ပါ။ သူ႔မွာ terminal cancer ေရာဂါျဖစ္ၿပီးကတည္းက လူ႔ေလာကႀကီးမွာ အသက္ရွင္ေနထိုင္ဖို႔ အခ်ိန္သိပ္မက်န္ေတာ့ဘူး ဆိုတာကို သေဘာေပါက္ခဲ့ပါတယ္။

Garth ဟာ သူေသဆုံးသြားခဲ့ရင္ သမီးေလး မစားႏိုင္မေသာက္ႏိုင္ ျဖစ္မွာကို စိတ္ပူေနခဲ့ပါတယ္။ ဒါေၾကာင့္ သမီးေလး အထက္တန္းၿပီးတဲ့အထိ တိုင္ေအာင္ ဖတ္လို႔ရမယ့္ စာေလးေတြကို တစ္သွ်ဴးစကၠဴေပၚမွာ ေသခ်ာေလး ေရးေပးခဲ့ပါတယ္။

ဒီေန႔အခ်ိန္ထိ Garthဟာ အေစာင္ေရ (၇၄၀) ထိ ေရးၿပီးခဲ့ပါၿပီ။ ေနာက္ထပ္ (၈၆) ေစာင္ကို ထပ္ေရးဖို႔အတြက္ ႀကိဳးစားေနပါတယ္။ သူဟာ Emma တတိယတန္းေက်ာင္းသူအ႐ြယ္ကတည္းကေန ေန႔လယ္စာ ထမင္းဗူးမွာ စာေလးေတြ ေရးေပးခဲ့တာပဲ ျဖစ္ပါတယ္။

စာေလးေတြထဲမွာ အားေပးစကားေတြ ပါတဲ့အျပင္ အလုပ္ႏွင့္ ေက်ာင္းမွာပါ လူတိုင္းႏွင့္ အဆင္ေျပေျပ ေနထိုင္တတ္ေအာင္၊ တျခားအရာေတြကိုပါ ထည့္ေရးေပးထားပါတယ္။

ဒါေတြဟာ Garth ဟာ သူ႔သမီးေလးအတြက္ ေဘးနားမွာ သူအခ်ိန္တိုင္း ရွိေနတယ္ဆိုတဲ့ အေတြးကိုေတြးမိေအာင္ ေရးေပးခဲ့တာပဲျဖစ္ပါတယ္။

ၿပီးေတာ့ သမီးေလးကို အရမ္းခ်စ္ၿပီးေတာ့ အားမငယ္၊ ဝမ္းမနည္းေအာင္ ခ်န္ထားခဲ့ခ်င္တာပဲျဖစ္ပါတယ္။ စာတစ္ေစာင္စီတိုင္းကို ဂ႐ုတစိုက္ ေသခ်ာစဥ္းစားၿပီး တစ္ေန႔တာကို ျဖတ္သန္းဖို႔ လိုအပ္တဲ့ အားအင္ေတြ၊ အားေပးမႈေတြကို Emma အတြက္ ေသခ်ာေလး ေရးေပးခဲ့ပါတယ္။

အဲဒီစာေလးေတြက ေန႔လယ္စာ စားခ်ိန္မွာ အမ္မာရဲ႕ မ်က္လုံးေတြကို မ်က္ရည္ဝဲမိေစမွာေတာ့ ေသခ်ာပါတယ္။ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ဆုံခြင့္ရတာ အရမ္းကို ကံေကာင္းတယ္လို႔လည္း ဆိုထားပါတယ္။

Garth ဟာ တကယ္ကိုေကာင္းတဲ့ ဖခင္တစ္ေယာက္ပါပဲ။ Emma ရဲ႕ဘဝတစ္သက္တာလုံးမွာလည္း ဒီစာေလးေတြက အမွတ္တရအျဖစ္ ရွိေနဦးမွာပါ။ သူ႔အေဖရဲ႕ အႀကံဉာဏ္နဲ႔ ဟာသေတြက သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ မွတ္ဉာဏ္ေတြထဲမွာ အမွတ္တရအျဖစ္ ရွင္သန္ေနဦးမွာပါ။

အထူးသျဖင့္ ကင္ဆာလို ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခုေၾကာင့္ မိဘကို ဆုံးရႈံးရတာ မခံသာပါဘူး။ ဒီတစ္ရႉးေလးေတြ ကေနတစ္ဆင့္ သူ႔အေဖ သူ႔ကိုဘယ္ေလာက္ခ်စ္ေၾကာင္း Emma ကို အမွတ္ရေစမွာ ေသခ်ာပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments