သားအဖနှစ်ယောက်နှင့် မြည်း

တခါတုန်းက သားအဖနှစ်ယောက်ဟာ သူ့တို့ရဲ့ မြည်းကို ရောင်းချဖို့ မြည်းကို ကြိုးနဲ့ဆွဲပြီး ဈေးကို ထွက်လာခဲ့တယ်။ သိပ်မကြာခင် လမ်းမှာ မြို့က ပြန်လာတဲ့ မိန်ကလေးတချို့နဲ့ တွေ့ကြတယ်။

"ကြည့်ကြပါဦးဟယ်၊ ဒီလောက် မိုက်မဲတဲ့ လူမျိုး တွေ့ဖူးကြလား။ တယောက်က မြည်းကိုစီးရင် ရသားနဲ့ နှစ်ယောက်စလုံး လမ်းလျှောက်လာ ကြတယ်" လို့ မိန်းကလေး တယောက်က ပြောတယ်။ အဲဒီစကားကို ကြားတဲ့ အဖေဖြစ်သူက သူ့သားကို မြည်းပေါ် တက်ခိုင်းပြီး သူကတော့ ဘေးကနေ ခြေလျင်လိုက်လာတယ်။

မကြာခင်မှာပဲလမ်းဘေးရပ်ပြီး အုပ်စုဖွဲ့ စကားပြောနေကြတဲ့ အဘိုးအိုတွေအနား ရောက်လာတယ်။ "ကြည့်စမ်းပါဦးကွယ်၊ သားမိုက်ကတော့ မြည်းပေါ်မှာ သနားစရာ ဖခင်ကတော့ လမ်းလျှောက်ရ ရှာတယ်။ ဟဲ့ ငပျင်းလေး ဆင်းစမ်း။ မင်းအဖေပဲ စီးစမ်းပါစေ" လို့ အဘိုးအိုတယောက်က ဆိုတယ်။

အဲဒီစကားကို ဖခင်ဖြစ်သူ ကြားတော့ သူ့သားကို မြည်းပေါ်က ချပြီး သူက တက်စီးတယ်။ သူတို့ ခပ်ဝေးဝေးတောင် မရောက်သေးဘူး။ ဈေးက ပြန်လာတဲ့ အမျိုးသမီး တချို့နဲ့ တွေ့ပြန်တယ်။ "ဟယ် အပျင်းကြီးတဲ့ လူကြီး၊ ကလေးက ရှင်နဲ့ မြည်းကို မနည်းမီအောင် လျှောက်နေရတာတောင် ရှင်က မြည်းကို စီးဝံ့သေးသလား" လို့ အမျိုးသမီးတွေက ဝိုင်းအော်ကြတယ်။

အဲဒီ့စကားကို ကြားတဲ့ ဖခင်ဟာ သူ့သားကို သူ့နောက်မှာ တက်ထိုင်ခိုင်းပြီး မြို့ကို ခရီးဆက်တယ်။ လမ်းမှာ မြို့သားတယောက်နဲ့ သူတို့တွေ့တယ်။ "ဟေ့ ရောင်းရင်းကြီး၊ ဒီမြည်းက ခင်ဗျားပိုင်တာလား" လို့ မြို့သားက မေးတယ်။ "ဟုတ်ပါတယ်" လို့ ဖခင်ဖြစ်သူက ဆိုတယ်။

မြို့သားက "မြည်းကို ခင်ဗျားတို့နှစ်ယောက် စီးတော့ မြည်း ခါးကျိုးသွားမှာပေါ့။ မြည်းက ခင်ဗျားတို့ကို တင်သွားတာထက် ခင်ဗျားတို့ မြည်းကို ထမ်းသွားတာ ပိုကောင်းတာပေါ့" လို့ မြို့သားက ဆိုတယ်။

ဒီလိုနဲ့ သူတို့ဟာ မြည်းပေါ်က ဆင်းပြီး မြည်းရဲ့ ခြေထောက်တွေကို စုပြီး ကြိုးနဲ့ချည်တယ်။ မြည်းကို ဇောက်ထိုးထားပြီး ထမ်ပိုး တချောင်းလျှိုလို့ ပုခုံးပေါ်တင် ထမ်းလာကြတယ်။ မြင်ကွင်းဟာ ရယ်စရာ ကောင်းတာမို့ တွေ့တဲ့ လူတိုင်းက ရယ်မောကာ နောက်ပြောင် ကျီစယ်ကြပါလေရော။

သနားစရာ မြည်းခမျာ မှာလည်း အလွန်ကို အနေရခက်ရမို့ ရှိသမျှ အားအကုန်သုံးပြီး ထမ်းပိုးနဲ့လွတ်အောင် ကြိုးစား ရုန်းကန်ရှာတယ်။ နောက်ဆုံးတော့ သူတို့ တံတားတခုကို ဖြတ်ကြရတယ်။

အဲဒီအချိန်မှာ မြည်းရဲ့ ခြေတချောင်းက လွတ်သွားပြီး ဖရိုဖရဲ ပြုတ်ကျလာတယ်။ မြည်းဟာ ကြောက်လန့်ပြီး တံတားပေါ်ကနေ ရေထဲခုန်ချတော့ ရေနစ်ပါလေရော။

"သွားပါပြီ၊ သွားပါပြီ။ လူတိုင်း စိတ်ကျေနပ်အောင် လုပ်ဖို့ ကြိုးစားလို့ အခုလို ဖြစ်ရတာ။ မှန်တယ် ထင်တဲ့ဟာကို ဘာကြောင့် မလုပ်မိရတာလဲ။ ငါ့ရဲ့အလုပ်က ငါ့မြည်းကို ဈေးထဲ မောင်းသွားဖို့ပဲ ရှိတာ။ ဒါဆို ငါ့မြည်းကို ရောင်းလို့ ရတယ်။ အခုတော့ သွားပါပြီ။ ငါ့မြည်း ရေနစ်သွားပြီလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

နောက်တော့ သားအဖနှစ်ယောက်ဟာ ဝမ်းနည်းပက်လက်နဲ့ အိမ်ပြန်သွားရ ရှာပါတယ်။

ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာ ကတော့ ပတ်ဝန်းကျင်ကလူတွေ ပါးစပ်အမျိုးမျိုးက ထွက်တဲ့ စကားတွေကို လိုက်ခံစားနေဖို့ မလိုပါဘူး။ ကိုယ်လုပ်စရာ ရှိတာကိုသာ တစိုက်မတ်မတ် ယုံကြည်ချက်ဖြင့် လုပ်ဆောင်သွားဖို့သာ လိုပါတယ်။

crd

Zawgyi

သားအဖႏွစ္ေယာက္ႏွင့္ ျမည္း

တခါတုန္းက သားအဖႏွစ္ေယာက္ဟာ သူ႔တို႔ရဲ႕ ျမည္းကို ေရာင္းခ်ဖို႔ ျမည္းကို ႀကိဳးနဲ႔ဆြဲၿပီး ေဈးကို ထြက္လာခဲ့တယ္။ သိပ္မၾကာခင္ လမ္းမွာ ၿမိဳ႕က ျပန္လာတဲ့ မိန္ကေလးတခ်ိဳ႕နဲ႔ ေတြ႕ၾကတယ္။

"ၾကည့္ၾကပါဦးဟယ္၊ ဒီေလာက္ မိုက္မဲတဲ့ လူမ်ိဳး ေတြ႕ဖူးၾကလား။ တေယာက္က ျမည္းကိုစီးရင္ ရသားနဲ႔ ႏွစ္ေယာက္စလုံး လမ္းေလွ်ာက္လာ ၾကတယ္" လို႔ မိန္းကေလး တေယာက္က ေျပာတယ္။ အဲဒီစကားကို ၾကားတဲ့ အေဖျဖစ္သူက သူ႔သားကို ျမည္းေပၚ တက္ခိုင္းၿပီး သူကေတာ့ ေဘးကေန ေျခလ်င္လိုက္လာတယ္။

မၾကာခင္မွာပဲလမ္းေဘးရပ္ၿပီး အုပ္စုဖြဲ႕ စကားေျပာေနၾကတဲ့ အဘိုးအိုေတြအနား ေရာက္လာတယ္။ "ၾကည့္စမ္းပါဦးကြယ္၊ သားမိုက္ကေတာ့ ျမည္းေပၚမွာ သနားစရာ ဖခင္ကေတာ့ လမ္းေလွ်ာက္ရ ရွာတယ္။ ဟဲ့ ငပ်င္းေလး ဆင္းစမ္း။ မင္းအေဖပဲ စီးစမ္းပါေစ" လို႔ အဘိုးအိုတေယာက္က ဆိုတယ္။

အဲဒီစကားကို ဖခင္ျဖစ္သူ ၾကားေတာ့ သူ႔သားကို ျမည္းေပၚက ခ်ၿပီး သူက တက္စီးတယ္။ သူတို႔ ခပ္ေဝးေဝးေတာင္ မေရာက္ေသးဘူး။ ေဈးက ျပန္လာတဲ့ အမ်ိဳးသမီး တခ်ိဳ႕နဲ႔ ေတြ႕ျပန္တယ္။ "ဟယ္ အပ်င္းႀကီးတဲ့ လူႀကီး၊ ကေလးက ရွင္နဲ႔ ျမည္းကို မနည္းမီေအာင္ ေလွ်ာက္ေနရတာေတာင္ ရွင္က ျမည္းကို စီးဝံ့ေသးသလား" လို႔ အမ်ိဳးသမီးေတြက ဝိုင္းေအာ္ၾကတယ္။

အဲဒီ့စကားကို ၾကားတဲ့ ဖခင္ဟာ သူ႔သားကို သူ႔ေနာက္မွာ တက္ထိုင္ခိုင္းၿပီး ၿမိဳ႕ကို ခရီးဆက္တယ္။ လမ္းမွာ ၿမိဳ႕သားတေယာက္နဲ႔ သူတို႔ေတြ႕တယ္။ "ေဟ့ ေရာင္းရင္းႀကီး၊ ဒီျမည္းက ခင္ဗ်ားပိုင္တာလား" လို႔ ၿမိဳ႕သားက ေမးတယ္။ "ဟုတ္ပါတယ္" လို႔ ဖခင္ျဖစ္သူက ဆိုတယ္။

ၿမိဳ႕သားက "ျမည္းကို ခင္ဗ်ားတို႔ႏွစ္ေယာက္ စီးေတာ့ ျမည္း ခါးက်ိဳးသြားမွာေပါ့။ ျမည္းက ခင္ဗ်ားတို႔ကို တင္သြားတာထက္ ခင္ဗ်ားတို႔ ျမည္းကို ထမ္းသြားတာ ပိုေကာင္းတာေပါ့" လို႔ ၿမိဳ႕သားက ဆိုတယ္။

ဒီလိုနဲ႔ သူတို႔ဟာ ျမည္းေပၚက ဆင္းၿပီး ျမည္းရဲ႕ ေျခေထာက္ေတြကို စုၿပီး ႀကိဳးနဲ႔ခ်ည္တယ္။ ျမည္းကို ေဇာက္ထိုးထားၿပီး ထမ္ပိုး တေခ်ာင္းလွ်ိဳလို႔ ပုခုံးေပၚတင္ ထမ္းလာၾကတယ္။ ျမင္ကြင္းဟာ ရယ္စရာ ေကာင္းတာမို႔ ေတြ႕တဲ့ လူတိုင္းက ရယ္ေမာကာ ေနာက္ေျပာင္ က်ီစယ္ၾကပါေလေရာ။

သနားစရာ ျမည္းခမ်ာ မွာလည္း အလြန္ကို အေနရခက္ရမို႔ ရွိသမွ် အားအကုန္သုံးၿပီး ထမ္းပိုးနဲ႔လြတ္ေအာင္ ႀကိဳးစား ႐ုန္းကန္ရွာတယ္။ ေနာက္ဆုံးေတာ့ သူတို႔ တံတားတခုကို ျဖတ္ၾကရတယ္။

အဲဒီအခ်ိန္မွာ ျမည္းရဲ႕ ေျခတေခ်ာင္းက လြတ္သြားၿပီး ဖ႐ိုဖရဲ ျပဳတ္က်လာတယ္။ ျမည္းဟာ ေၾကာက္လန႔္ၿပီး တံတားေပၚကေန ေရထဲခုန္ခ်ေတာ့ ေရနစ္ပါေလေရာ။

"သြားပါၿပီ၊ သြားပါၿပီ။ လူတိုင္း စိတ္ေက်နပ္ေအာင္ လုပ္ဖို႔ ႀကိဳးစားလို႔ အခုလို ျဖစ္ရတာ။ မွန္တယ္ ထင္တဲ့ဟာကို ဘာေၾကာင့္ မလုပ္မိရတာလဲ။ ငါ့ရဲ႕အလုပ္က ငါ့ျမည္းကို ေဈးထဲ ေမာင္းသြားဖို႔ပဲ ရွိတာ။ ဒါဆို ငါ့ျမည္းကို ေရာင္းလို႔ ရတယ္။ အခုေတာ့ သြားပါၿပီ။ ငါ့ျမည္း ေရနစ္သြားၿပီလို႔ ဖခင္ျဖစ္သူက ဆိုပါတယ္။

ေနာက္ေတာ့ သားအဖႏွစ္ေယာက္ဟာ ဝမ္းနည္းပက္လက္နဲ႔ အိမ္ျပန္သြားရ ရွာပါတယ္။

ဒီပုံျပင္ေလးက ေပးခ်င္တဲ့ သင္ခန္းစာ ကေတာ့ ပတ္ဝန္းက်င္ကလူေတြ ပါးစပ္အမ်ိဳးမ်ိဳးက ထြက္တဲ့ စကားေတြကို လိုက္ခံစားေနဖို႔ မလိုပါဘူး။ ကိုယ္လုပ္စရာ ရွိတာကိုသာ တစိုက္မတ္မတ္ ယုံၾကည္ခ်က္ျဖင့္ လုပ္ေဆာင္သြားဖို႔သာ လိုပါတယ္။

crd

Post a Comment

0 Comments