သူဌေးအတု နှင့် သူဌေးအစစ်

တခါတုန်းက အရမ်းချမ်းသာတဲ့ သူဌေးကြီးတဦးဟာ သူ့သားကို ဆင်းရဲသား လယ်သမားတွေ နေထိုင်တဲ့ ကျေးလက်ဒေသကို ခေါ်သွားတယ်။ ရည်ရွယ်ချက် ကတော့ သူ့သားအနေနဲ့ ဆင်းရဲသားတွေ ရုန်းကန် လှုပ်ရှားနေရတဲ့ ဘဝတွေကို သိစေချင်လို့ပါ။

ဒီလိုနဲ့ သူဌေးကြီး သားအဖဟာ အဆင်းရဲဆုံးလို့ ထင်ရတဲ့ မိသားစုတစု ထံမှာ ရက်အနည်းငယ် နေထိုင်ပြီး ပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ သူဌေးကြီးက သူ့သားကို မေးတယ်။

"ဒီခရီးက ဘယ်လိုနေလဲ သား"

"အရမ်းကောင်းပါတယ် အဖေ"

"သား တွေ့ခဲ့တယ်မလား၊ သူတို့ ဘယ်လောက်အထိ ဆင်းဆင်းရဲရဲ နေထိုင် နေကြရသလဲ ဆိုတာကို"

"ဟုတ်၊ သားတွေ့ပါတယ် အဖေ"

"ကိုင်း၊ ဒါဖြင့် ငါ့သား သူတို့ဘဝတွေ ကနေ ဘာတွေသိခဲ့ရလဲ ဆိုတာကို ပြောပြစမ်းပါဦး"

သူဌေးကြီးက အဲ့ဒီလို မေးလိုက်တဲ့အခါ သားလုပ်သူက အခုလို ဖြေပါတယ်။

"သားတို့အိမ်မှာ ခွေးတကောင်ပဲ ရှိတယ်၊ သူတို့မှာတော့ ၄ ကောင်တောင် ရှိတယ်။ သားတို့မှာ ဥယျာဉ် အလယ်လောက်ထိပဲ ရောက်တဲ့ ရေကူးကန် ရှိတယ်၊ သူတို့မှာတော့ အဆုံးမရှိတဲ့ စမ်းချောင်းကြီး ရှိတယ်။

သားတို့ ဥယျာဉ်ထဲမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ မီးတိုင်တွေပဲ ရှိတယ်၊ သူတို့မှာတော့ ညဘက်ဆို ကြယ်တွေ ရှိတယ်။ သားတို့မှာ ခြံရှေ့အထိပဲ ရောက်တဲ့ ဝရန်တာ ရှိတယ်၊ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်း တခုလုံးကို ရှိနေတယ်။

သားတို့မှာ နေစရာ ခြံ သေးသေးပဲ ရှိတယ်၊ သူတို့မှာတော့ မျက်စိတဆုံး ကျယ်တဲ့ လယ်ကွင်းတွေ ရှိတယ်။ သားတို့မှာ သားတို့ကို ပြုစုပေးမယ့် အစေခံတွေ ရှိတယ်၊ သူတို့ကတော့ အခြားသူတွေကို ပြန်ပြုစုပေး နိုင်တယ်။

သားတို့က အစားအသောက်တွေကို ဝယ်စားရတယ်၊ သူတို့ကတော့ ကိုယ်တိုင် စိုက်ပျိုး စားသောက်တယ်။ သားတို့မှာ သားတို့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးမယ့် နံရံကြီးတွေ ရှိတယ်၊ သူတို့မှာတော့ သူတို့ကို ကာကွယ်ပေးမယ့် မိတ်ဆွေကောင်းတွေ ရှိတယ်"

သားလုပ်သူရဲ့ အဖြေကြောင့် သူဌေးကြီးခမျာ ဘာမှ ပြန်မပြောနိုင် ရှာပါဘူး။

"ကျေးဇူးတင်ပါတယ် အဖေ၊ သားတို့ဘယ်လောက် ဆင်းရဲသလဲ ဆိုတာကို သိအောင် ပြသပေးခဲ့လို့။ သားတို့က ရှိသူဌေး (သူဌေးအတု) သူတို့က မရှိသူဌေး (သူဌေးအစစ်) ပါ အဖေ"

မေတ္တာတရား၊ စည်းလုံးမှု၊ ဂရုစိုက်ကြင်နာမှုနဲ့ စိတ်ချမ်းသာမှု ဆိုတာ ငွေကြေးကြောင့် ရတဲ့ အရာတွေထက် အများကြီး သာပါတယ်။

Crd

Zawgyi

သူေဌးအတု ႏွင့္ သူေဌးအစစ္

တခါတုန္းက အရမ္းခ်မ္းသာတဲ့ သူေဌးႀကီးတဦးဟာ သူ႔သားကို ဆင္းရဲသား လယ္သမားေတြ ေနထိုင္တဲ့ ေက်းလက္ေဒသကို ေခၚသြားတယ္။ ရည္႐ြယ္ခ်က္ ကေတာ့ သူ႔သားအေနနဲ႔ ဆင္းရဲသားေတြ ႐ုန္းကန္ လႈပ္ရွားေနရတဲ့ ဘဝေတြကို သိေစခ်င္လို႔ပါ။

ဒီလိုနဲ႔ သူေဌးႀကီး သားအဖဟာ အဆင္းရဲဆုံးလို႔ ထင္ရတဲ့ မိသားစုတစု ထံမွာ ရက္အနည္းငယ္ ေနထိုင္ၿပီး ျပန္လာခဲ့ၾကတယ္။ အျပန္လမ္းမွာ သူေဌးႀကီးက သူ႔သားကို ေမးတယ္။

"ဒီခရီးက ဘယ္လိုေနလဲ သား"

"အရမ္းေကာင္းပါတယ္ အေဖ"

"သား ေတြ႕ခဲ့တယ္မလား၊ သူတို႔ ဘယ္ေလာက္အထိ ဆင္းဆင္းရဲရဲ ေနထိုင္ ေနၾကရသလဲ ဆိုတာကို"

"ဟုတ္၊ သားေတြ႕ပါတယ္ အေဖ"

"ကိုင္း၊ ဒါျဖင့္ ငါ့သား သူတို႔ဘဝေတြ ကေန ဘာေတြသိခဲ့ရလဲ ဆိုတာကို ေျပာျပစမ္းပါဦး"

သူေဌးႀကီးက အဲ့ဒီလို ေမးလိုက္တဲ့အခါ သားလုပ္သူက အခုလို ေျဖပါတယ္။

"သားတို႔အိမ္မွာ ေခြးတေကာင္ပဲ ရွိတယ္၊ သူတို႔မွာေတာ့ ၄ ေကာင္ေတာင္ ရွိတယ္။ သားတို႔မွာ ဥယ်ာဥ္ အလယ္ေလာက္ထိပဲ ေရာက္တဲ့ ေရကူးကန္ ရွိတယ္၊ သူတို႔မွာေတာ့ အဆုံးမရွိတဲ့ စမ္းေခ်ာင္းႀကီး ရွိတယ္။

သားတို႔ ဥယ်ာဥ္ထဲမွာ ႏိုင္ငံျခားက တင္သြင္းလာတဲ့ မီးတိုင္ေတြပဲ ရွိတယ္၊ သူတို႔မွာေတာ့ ညဘက္ဆို ၾကယ္ေတြ ရွိတယ္။ သားတို႔မွာ ၿခံေရွ႕အထိပဲ ေရာက္တဲ့ ဝရန္တာ ရွိတယ္၊ သူတို႔မွာေတာ့ မိုးကုတ္စက္ဝိုင္း တခုလုံးကို ရွိေနတယ္။

သားတို႔မွာ ေနစရာ ၿခံ ေသးေသးပဲ ရွိတယ္၊ သူတို႔မွာေတာ့ မ်က္စိတဆုံး က်ယ္တဲ့ လယ္ကြင္းေတြ ရွိတယ္။ သားတို႔မွာ သားတို႔ကို ျပဳစုေပးမယ့္ အေစခံေတြ ရွိတယ္၊ သူတို႔ကေတာ့ အျခားသူေတြကို ျပန္ျပဳစုေပး ႏိုင္တယ္။

သားတို႔က အစားအေသာက္ေတြကို ဝယ္စားရတယ္၊ သူတို႔ကေတာ့ ကိုယ္တိုင္ စိုက္ပ်ိဳး စားေသာက္တယ္။ သားတို႔မွာ သားတို႔ ပိုင္ဆိုင္မႈကို ကာကြယ္ေပးမယ့္ နံရံႀကီးေတြ ရွိတယ္၊ သူတို႔မွာေတာ့ သူတို႔ကို ကာကြယ္ေပးမယ့္ မိတ္ေဆြေကာင္းေတြ ရွိတယ္"

သားလုပ္သူရဲ႕ အေျဖေၾကာင့္ သူေဌးႀကီးခမ်ာ ဘာမွ ျပန္မေျပာႏိုင္ ရွာပါဘူး။

"ေက်းဇူးတင္ပါတယ္ အေဖ၊ သားတို႔ဘယ္ေလာက္ ဆင္းရဲသလဲ ဆိုတာကို သိေအာင္ ျပသေပးခဲ့လို႔။ သားတို႔က ရွိသူေဌး (သူေဌးအတု) သူတို႔က မရွိသူေဌး (သူေဌးအစစ္) ပါ အေဖ"

ေမတၱာတရား၊ စည္းလုံးမႈ၊ ဂ႐ုစိုက္ၾကင္နာမႈနဲ႔ စိတ္ခ်မ္းသာမႈ ဆိုတာ ေငြေၾကးေၾကာင့္ ရတဲ့ အရာေတြထက္ အမ်ားႀကီး သာပါတယ္။

Crd

Post a Comment

0 Comments