ခွေးလေးတွေက လူတွေအပေါ် သစ္စာရှိပြီး သခင်အပေါ် အရမ်းချစ်ကြပါတယ်။ စကားမပြောတတ်ပေမယ့် သူတို့ရဲ့ အချစ်တွေက ပေါ်လွင်ပါတယ်။

Maria Isabel Benites Chamba လို့ခေါ်တဲ့ အမျိုူသမီးဟာ အီကွေဒေါဒေသလေးမှာ ဆုံးပါးသွားခဲ့ပါတယ်။ သူမ သေဆုံးချိန်မှာ အသက် (၉၅) နှစ် ရှိနေခဲ့ပါပြီ။

သူမရဲ့ ဈာပနာကို ချစ်ခင်တဲ့သူတွေ၊ မိတ်ဆွေဟောင်းတွေ၊ အသိတွေအကုန်လုံးက တက်ရောက်ခဲ့ကြပါတယ်။ အကုန်လုံးထဲမှာ ထူးခြားတာက Bumer ဆိုတဲ့ ခွေးလေးပါပဲ။

ခွေးလေးက သူချစ်ရတဲ့ ပိုင်ရှင်နားမှာ အချိန်တိုင်း ကပ်နေခဲ့ပြီးတော့ တော်တော်ကို ဝမ်းနည်းပူဆွေး နေခဲ့ပါတယ်။ ထုတ်သာပြောလို့ မရပေမယ့် သူခံစားနေရတာကို မြင်တွေ့နိုင်ပါတယ်။

အသုဘကိုတော့ Funeraria Santa Rosa က စီစဉ်ပေးခဲ့တာဖြစ်ပြီး ခွေးလေးဟာ သေဆုံးသွားတဲ့ ပိုင်ရှင်နားကနေ မခွာပဲ အမြဲတမ်း ကပ်နေခဲ့တယ်လို့ ဆိုပါတယ်။

" ခွေးလေးဟာ သူ့သခင်နားကနေ လုံးဝကို မခွာခဲ့ဘူး။ သူ့သခင်နဲ့ ခွေးလေးကြားက မေတ္တာတွေကတော့ တကယ်ကို အံ့မခန်းပါပဲ။ နောက်ဆုံးအချိန်အထိတောင် အတူတူ ရှိနေပေးတယ်" လို့ ပြောပါတယ်။

အခမ်းအနား ပြီးတဲ့အခါမှာ Chamba ရဲ့ရုပ်အလောင်းကို သုသာန်ကို လိုက်ပို့ဖို့ စီတန်းလှည့်လည် ခဲ့ကြပါတယ်။ Bumer လေးကလည်း ဘေးကနေ လိုက်လာခဲ့ပါတယ်။

ခွေးလေးဟာ " ကျွန်တော်သူ့ကို လိုက်ပို့ချင်တယ်။ အမေ့ကို နှုတ်ဆက်ချင်တယ်" လို့ ပြောနေသလိုပါပဲ။

ခွေးလေးဟာ သူ့အချစ်တွေကို ပိုင်ရှင် သေဆုံးသွားပြီး မရှိတော့တာတောင် အဆုံးစွန်ထိ ထုတ်ပြခဲ့ပါတယ်။ ဒါဟာ လူသားတွေမှာသာမက တိရစ္ဆာန်လေးတွေမှာပါ ချစ်တတ် ခံစားတတ်ကြောင်း ပြသနေသလိုပါပဲ။

သူချစ်ရတဲ့ ပိုင်ရှင်ရဲ့ နောက်ဆုံး ဈာပန အခမ်းအနားမှာလည်း လိမ်လိမ်မာမာနဲ့ နေထိုင်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှလည်း အလုပ် မရှုပ်စေခဲ့တဲ့အပြင် ငြိမ်ငြိမ်လေးနဲ့ပဲ ဝမ်းနည်းနေခဲ့ပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

ဘယ္လိုမွႏွင္ထုတ္လို႔မရဘဲ သခင္ရဲ႕အေခါင္းေဘးမွာ တစ္ခ်ိန္လုံးရွိေနတဲ့ ေခြးေလး (႐ုပ္သံ)

ေခြးေလးေတြက လူေတြအေပၚ သစၥာရွိၿပီး သခင္အေပၚ အရမ္းခ်စ္ၾကပါတယ္။ စကားမေျပာတတ္ေပမယ့္ သူတို႔ရဲ႕ အခ်စ္ေတြက ေပၚလြင္ပါတယ္။

Maria Isabel Benites Chamba လို႔ေခၚတဲ့ အမ်ိဳူသမီးဟာ အီေကြေဒါေဒသေလးမွာ ဆုံးပါးသြားခဲ့ပါတယ္။ သူမ ေသဆုံးခ်ိန္မွာ အသက္ (၉၅) ႏွစ္ ရွိေနခဲ့ပါၿပီ။

သူမရဲ႕ ဈာပနာကို ခ်စ္ခင္တဲ့သူေတြ၊ မိတ္ေဆြေဟာင္းေတြ၊ အသိေတြအကုန္လုံးက တက္ေရာက္ခဲ့ၾကပါတယ္။ အကုန္လုံးထဲမွာ ထူးျခားတာက Bumer ဆိုတဲ့ ေခြးေလးပါပဲ။

ေခြးေလးက သူခ်စ္ရတဲ့ ပိုင္ရွင္နားမွာ အခ်ိန္တိုင္း ကပ္ေနခဲ့ၿပီးေတာ့ ေတာ္ေတာ္ကို ဝမ္းနည္းပူေဆြးေနခဲ့ပါတယ္။ ထုတ္သာေျပာလို႔ မရေပမယ့္ သူခံစားေနရတာကို ျမင္ေတြ႕ႏိုင္ပါတယ္။

အသုဘကိုေတာ့ Funeraria Santa Rosaက စီစဥ္ေပးခဲ့တာျဖစ္ၿပီး ေခြးေလးဟာ ေသဆုံးသြားတဲ့ ပိုင္ရွင္နားကေန မခြာပဲ အၿမဲတမ္း ကပ္ေနခဲ့တယ္လို႔ ဆိုပါတယ္။

" ေခြးေလးဟာ သူ႔သခင္နားကေန လုံးဝကိုမခြာခဲ့ဘူး။ သူ႔သခင္နဲ႔ ေခြးေလးၾကားက ေမတၱာေတြကေတာ့ တကယ္ကို အံ့မခန္းပါပဲ။ ေနာက္ဆုံးအခ်ိန္အထိေတာင္ အတူတူ ရွိေနေပးတယ္" လို႔ ေျပာပါတယ္။

အခမ္းအနား ၿပီးတဲ့အခါမွာ Chamba ရဲ႕႐ုပ္အေလာင္းကို သုသာန္ကို လိုက္ပို႔ဖို႔ စီတန္းလွည့္လည္ ခဲ့ၾကပါတယ္။ Bumer ေလးကလည္း ေဘးကေန လိုက္လာခဲ့ပါတယ္။

ေခြးေလးဟာ " ကြၽန္ေတာ္သူ႔ကို လိုက္ပို႔ခ်င္တယ္။ အေမ့ကို ႏႈတ္ဆက္ခ်င္တယ္" လို႔ ေျပာေနသလိုပါပဲ။

ေခြးေလးဟာ သူ႔အခ်စ္ေတြကို ပိုင္ရွင္ ေသဆုံးသြားၿပီး မရွိေတာ့တာေတာင္ အဆုံးစြန္ထိ ထုတ္ျပခဲ့ပါတယ္။ ဒါဟာ လူသားေတြမွာသာမက တိရစာၦန္ေလးေတြမွာပါ ခ်စ္တတ္ ခံစားတတ္ေၾကာင္း ျပသေနသလိုပါပဲ။

သူခ်စ္ရတဲ့ ပိုင္ရွင္ရဲ႕ ေနာက္ဆုံး ဈာပန အခမ္းအနားမွာလည္း လိမ္လိမ္မာမာနဲ႔ ေနထိုင္ခဲ့ပါတယ္။ ဘယ္သူ႔ကိုမွလည္း အလုပ္ မရႈပ္ေစခဲ့တဲ့အျပင္ ၿငိမ္ၿငိမ္ေလးနဲ႔ပဲ ဝမ္းနည္းေနခဲ့ပါတယ္။

Zombie (lovemedia)