မျက်နှာအသားအရေ ကောင်းလာစေမယ့် ဂျပန်တွေရဲ့ မျက်နှာသစ်နည်း လျှို့ဝှက်ချက်

စိုပြေတောက်ပတဲ့ မျက်နှာအသားအရေအတွက် ဂျပန်လူမျိုးတွေမှာ လျှို့ဝှက်ချက် ရှိပါတယ်။ ဒီနည်းလမ်းက အချိန် ၁၀ မိနစ်ပဲ ကြာမြင့်ပြီး အဆင့် ၃ ဆင့် ပါဝင်ပါတယ်။

ဒီနည်းလမ်းကို 4-2-4 နည်းလမ်းလို့လည်း ခေါ်ပါတယ်။ အဆင့် ၁ မှာ မျက်နှာကို ဆီနဲ့ ၄ မိနစ်ကြာ နှိပ်နယ်ပေးရမှာပါ။ အဆင့် ၂ မှာ cream cleanser နဲ့ ၂ မိနစ်ကြာ မျက်နှာကို ပွတ်တိုက်ပေးရမှာပါ။ အဆင့် ၃ မှာတော့ မျက်နှာကို ၄ မိနစ်ကြာအောင် သစ်ရမှာပါ။

ဒီနည်းလမ်းကို မနက်ပိုင်းမှာ လုပ်ဖို့ မလိုအပ်ပါဘူး။ ညပိုင်းမှသာ လုပ်ဖို့ လိုအပ်တာပါ။ နေ့တိုင်းလည်း ပြုလုပ်ပေးစရာ မလိုပါဘူး။ တစ်ပတ်ကို ၄ ကြိမ်ခန့် ပြုလုပ်ပေးရင် လုံလောက်ပါပြီ။

အဆင့် ၁

မျက်နှာကို ကြက်ဆူဆီနဲ့ ၄ မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ မျက်နှာက နူးညံ့လာပြီး ချွေးပေါက်တွေလည်း ကျဉ်းလာမှာပါ။ ဒါပေမယ့် ကောင်းမွန်တဲ့ ကြက်ဆူဆီ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ Jojoba oil ကလည်း မျက်နှာအသားအရေထဲကို စိမ့်ဝင်သွားစေပါတယ်။ ကြက်ဆူဆီကတော့ မျက်နှာပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။

အဆင့် ၂

မျက်နှာကို ကြက်ဆူဆီနဲ့ နှိပ်နယ်ပြီးရင် cleanser တစ်ခုခုနဲ့ ၂ မိနစ်ကြာအောင် မျက်နှာသစ်ပါ။ Cream cleanser သို့မဟုတ် gel cleanser က အသားအရေကို မခြောက်သွေ့စေလို့ ပိုကောင်းပါတယ်။

အဆင့် ၃

ဒီအဆင့်မှာတော့ မျက်နှာကို ရေနွေးနဲ့ ၂ မိနစ်၊ ရေအေးနဲ့ ၂ မိနစ်သစ်ပါ။ ရေနွေးက မျက်နှာပေါ်က အဆီတွေကို ဆေးချပေးပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ရေအေးကတော့ ချွေးပေါက်တွေကို ကျဉ်းစေတာပါ။ ဒီနည်းကတော့ အသားအရေကို ရေဓါတ်ပြည့်စေပြီး နူးညံ့တောက်ပ နေစေမှာပါ။

Zombie (Lovemedia)

for zawgyi

မ်က္ႏွာအသားအေရ ေကာင္းလာေစမယ့္ ဂ်ပန္ေတြရဲ႕ မ်က္ႏွာသစ္နည္း လွ်ိဳ႕ဝွက္ခ်က္

စိုေျပေတာက္ပတဲ့ မ်က္ႏွာအသားအေရအတြက္ ဂ်ပန္လူမ်ိဳးေတြမွာ လွ်ိဳ႕ဝွက္ခ်က္ ရွိပါတယ္။ ဒီနည္းလမ္းက အခ်ိန္ ၁၀ မိနစ္ပဲ ၾကာျမင့္ၿပီး အဆင့္ ၃ ဆင့္ ပါဝင္ပါတယ္။

ဒီနည္းလမ္းကို 4-2-4 နည္းလမ္းလို႔လည္း ေခၚပါတယ္။ အဆင့္၁မွာ မ်က္ႏွာကို ဆီနဲ႔ ၄ မိနစ္ၾကာ ႏွိပ္နယ္ေပးရမွာပါ။ အဆင့္ ၂ မွာ cream cleanser နဲ႔ ၂ မိနစ္ၾကာ မ်က္ႏွာကို ပြတ္တိုက္ေပးရမွာပါ။ အဆင့္ ၃ မွာေတာ့ မ်က္ႏွာကို ၄ မိနစ္ၾကာေအာင္ သစ္ရမွာပါ။

ဒီနည္းလမ္းကို မနက္ပိုင္းမွာ လုပ္ဖို႔ မလိုအပ္ပါဘူး။ ညပိုင္းမွသာ လုပ္ဖို႔ လိုအပ္တာပါ။ ေန႔တိုင္းလည္း ျပဳလုပ္ေပးစရာ မလိုပါဘူး။ တစ္ပတ္ကို ၄ ႀကိမ္ခန႔္ ျပဳလုပ္ေပးရင္ လုံေလာက္ပါၿပီ။

အဆင့္ ၁

မ်က္ႏွာကို ၾကက္ဆူဆီနဲ႔ ၄ မိနစ္ၾကာေအာင္ ႏွိပ္နယ္ေပးပါ။ မ်က္ႏွာက ႏူးညံ့လာၿပီး ေခြၽးေပါက္ေတြလည္း က်ဥ္းလာမွာပါ။ ဒါေပမယ့္ ေကာင္းမြန္တဲ့ ၾကက္ဆူဆီ ျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ Jojoba oil ကလည္း မ်က္ႏွာအသားအေရထဲကို စိမ့္ဝင္သြားေစပါတယ္။ ၾကက္ဆူဆီကေတာ့ မ်က္ႏွာေပၚက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတာပါ။

အဆင့္ ၂

မ်က္ႏွာကို ၾကက္ဆူဆီနဲ႔ ႏွိပ္နယ္ၿပီးရင္ cleanser တစ္ခုခုနဲ႔ ၂ မိနစ္ၾကာေအာင္ မ်က္ႏွာသစ္ပါ။ Cream cleanser သို႔မဟုတ္ gel cleanser က အသားအေရကို မေျခာက္ေသြ႕ေစလို႔ ပိုေကာင္းပါတယ္။

အဆင့္ ၃

ဒီအဆင့္မွာေတာ့ မ်က္ႏွာကို ေရေႏြးနဲ႔ ၂ မိနစ္၊ ေရေအးနဲ႔ ၂ မိနစ္သစ္ပါ။ ေရေႏြးက မ်က္ႏွာေပၚက အဆီေတြကို ေဆးခ်ေပးၿပီး ေသြးလည္ပတ္မႈကိုလည္း ေကာင္းေစပါတယ္။ ေရေအးကေတာ့ ေခြၽးေပါက္ေတြကို က်ဥ္းေစတာပါ။ ဒီနည္းကေတာ့ အသားအေရကို ေရဓါတ္ျပည့္ေစၿပီး ႏူးညံ့ေတာက္ပ ေနေစမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments