မျက်နှာကြီးရာဟင်းဖတ်ပါ

ဟိုးရှေးရှေးတုန်းက လူတယောက်ဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး လမ်းစရိတ်တွေ ပြတ်ကာ အစာရေစာ ကလည်း မစားရနဲ့ အဝတ်အစားတွေ ကလည်း စုတ်ပြတ် ညစ်ပေနေတာပေါ့။

ဒီလိုနဲ့ "ငါ့ဝမ်းပူဆာ မနေသာ" ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တအိမ်ဝင် တအိမ်ထွက် စားစရာ လိုက်တောင်း တော့တယ်။

"ကျွန်တော့်ကို စားစရာလေး နည်းနည်းလောက် ကျွေးပါ ခင်ဗျာ၊ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ် ပြတ်လာလို့ပါ" လူတွေက သူ့ရဲ့ ဟောင်းနွမ်း စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲလို့ ထင်ခဲ့ကြ တော့တယ်။

တအိမ်ကဆို သူ့ကို "ဝေးဝေးသွားစမ်း" လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ် ခဲ့တယ်။ ဒါကြောင့် သူဟာ တနေ့လုံး ဘာကိုမှ မစားရဘူး။

နောက်တနေ့ ရောက်တော့ သူဌေးတယောက်ဟာ လမ်းမှာ လျှောက်သွားနေတဲ့ သူ့ကို အင်မတန်မှ တန်ဖိုးရှိတဲ့ အဝတ်အစား တစုံကို ပေးကမ်း လိုက်တယ်။ တန်ဖိုးကြီး အဝတ်သစ်တွေကို ဝတ်ပြီး အရင်နေ့လိုပဲ စားစရာ ရလို့ရငြား လိုက်တောင်းခဲ့ ပြန်တယ်။

မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ "ဒီနေ့ ထပ်တောင်းကြည့်ဦးမှ" လို့ စိတ်ကူးရပြီး "ကျွန်တော့်ကို စားစရာလေး နည်းနည်းလောက်" ပြောစကား မဆုံးခင်မှာပဲ အိမ်ရှင်က သူ့ရဲ့ ဝတ်စားထားပုံကို ကြည့်ပြီး

"ကြွပါခင်ဗျာ ဘယ့်နှယ့် တံခါးအဝမှာ ရပ်နေရပါလိမ့်၊ အိမ်ထဲမှာ ဝင်ပါခင်ဗျာ" လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်း ဧည့်ခံပါတော့တယ်။ စားပွဲပေါ်မှာ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်။

အဲ့ဒါနဲ့ သူလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တခုကို လက်နဲ့ လှမ်းယူပြီး သူ့အဝတ်အစား တွေကို ကျွေးခဲ့တယ်။ "စား စား စား"

အိမ်ရှင်က သူရဲ့ အပြုအမူကို မြင်တော့ "မဟုတ်တာဗျာ အဝတ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့် ကျွေးရတာလဲဗျာ" လို့ မေးတဲ့အခါ ခရီးသွားက မျက်ရည်တွေ ကျပြီး ပြန်ဖြေခဲ့တယ်။

"ဒီအဝတ်အစား သစ်သစ် လွင်လွင်နဲ့ တန်ဖိုး ရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ။ မနေ့က ကျွန်တော် ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ် ခံခဲ့ရတယ်။

ဒါကြောင့် ဒီအဝတ်အစားတွေကို ကျွန်တော် ကျေးဇူးတင်လွန်းလို့ သူနဲ့ ထိုက်တန်တဲ့ အစာတွေကို ကျွေးနေတာပါဗျာ" တဲ့။

လူအများစုဟာ သူတပါးရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ်တယ် "မျက်နှာကြီးရာ ဟင်းဖတ်ပါ" ဆိုတာကို ဒီစာစုလေးနဲ့ မျှဝေပေးလိုက် ပါတယ်။

crd phoomyatchal

Zawgyi

မ်က္ႏွာႀကီးရာဟင္းဖတ္ပါ

ဟိုးေရွးေရွးတုန္းက လူတေယာက္ဟာ ခရီးသြားရင္း မ်က္စိလည္ လမ္းမွားၿပီး လမ္းစရိတ္ေတြ ျပတ္ကာ အစာေရစာ ကလည္း မစားရနဲ႔ အဝတ္အစားေတြ ကလည္း စုတ္ျပတ္ ညစ္ေပေနတာေပါ့။

ဒီလိုနဲ႔ "ငါ့ဝမ္းပူဆာ မေနသာ" ဆိုသလို ဗိုက္ဆာဆာနဲ႔ နီးစပ္ရာ ႐ြာေလးေတြဆီ တအိမ္ဝင္ တအိမ္ထြက္ စားစရာ လိုက္ေတာင္း ေတာ့တယ္။

"ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္းေလာက္ ေကြၽးပါ ခင္ဗ်ာ၊ ကြၽန္ေတာ္ ခရီးသြားရင္း လမ္းစရိတ္ ျပတ္လာလို႔ပါ" လူေတြက သူ႔ရဲ႕ ေဟာင္းႏြမ္း စုတ္ၿပဲေနတဲ့ အဝတ္အစားေတြကို ၾကည့္ၿပီး ဒီလူ အ႐ူးပဲလို႔ ထင္ခဲ့ၾက ေတာ့တယ္။

တအိမ္ကဆို သူ႔ကို "ေဝးေဝးသြားစမ္း" လို႔ ေအာ္ဟစ္ၿပီး ေမာင္းႏွင္ထုတ္ ခဲ့တယ္။ ဒါေၾကာင့္ သူဟာ တေန႔လုံး ဘာကိုမွ မစားရဘူး။

ေနာက္တေန႔ ေရာက္ေတာ့ သူေဌးတေယာက္ဟာ လမ္းမွာ ေလွ်ာက္သြားေနတဲ့ သူ႔ကို အင္မတန္မွ တန္ဖိုးရွိတဲ့ အဝတ္အစား တစုံကို ေပးကမ္း လိုက္တယ္။ တန္ဖိုးႀကီး အဝတ္သစ္ေတြကို ဝတ္ၿပီး အရင္ေန႔လိုပဲ စားစရာ ရလို႔ရျငား လိုက္ေတာင္းခဲ့ ျပန္တယ္။

မေန႔က သူ႔ကို ေအာ္ခဲ့တဲ့ အိမ္ေရာက္ေတာ့ "ဒီေန႔ ထပ္ေတာင္းၾကည့္ဦးမွ" လို႔ စိတ္ကူးရၿပီး "ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္းေလာက္" ေျပာစကား မဆုံးခင္မွာပဲ အိမ္ရွင္က သူ႔ရဲ႕ ဝတ္စားထားပုံကို ၾကည့္ၿပီး

"ႂကြပါခင္ဗ်ာ ဘယ့္ႏွယ့္ တံခါးအဝမွာ ရပ္ေနရပါလိမ့္၊ အိမ္ထဲမွာ ဝင္ပါခင္ဗ်ာ" လို႔ တ႐ိုတေသ ေျပာၿပီး စားစရာေတြနဲ႔ တည္ခင္း ဧည့္ခံပါေတာ့တယ္။ စားပြဲေပၚမွာ စြပ္ျပဳတ္မ်ိဳးစုံ၊ အခ်ိဳပြဲေတြ၊ ထမင္းဟင္းေတြ အျပည့္။

အဲ့ဒါနဲ႔ သူလည္း အရင္ဆုံး ဆုေတာင္းေမတၱာ ပို႔သလိုက္ၿပီး မုန႔္တခုကို လက္နဲ႔ လွမ္းယူၿပီး သူ႔အဝတ္အစား ေတြကို ေကြၽးခဲ့တယ္။ "စား စား စား"

အိမ္ရွင္က သူရဲ႕ အျပဳအမူကို ျမင္ေတာ့ "မဟုတ္တာဗ်ာ အဝတ္အစားက ဘယ္စားပါ့မလဲ၊ ဘာေၾကာင့္ ေကြၽးရတာလဲဗ်ာ" လို႔ ေမးတဲ့အခါ ခရီးသြားက မ်က္ရည္ေတြ က်ၿပီး ျပန္ေျဖခဲ့တယ္။

"ဒီအဝတ္အစား သစ္သစ္ လြင္လြင္နဲ႔ တန္ဖိုး ရွိလြန္းတာေၾကာင့္ ကြၽန္ေတာ္ ဒီေန႔ စားစရာ ရခဲ့တာပါ။ မေန႔က ကြၽန္ေတာ္ ဒီအိမ္ကို အစာနည္းနည္းေလာက္ လာေတာင္းတုန္းက ေခြးေမာင္းသလို ေမာင္းထုတ္ ခံခဲ့ရတယ္။

ဒါေၾကာင့္ ဒီအဝတ္အစားေတြကို ကြၽန္ေတာ္ ေက်းဇူးတင္လြန္းလို႔ သူနဲ႔ ထိုက္တန္တဲ့ အစာေတြကို ေကြၽးေနတာပါဗ်ာ" တဲ့။

လူအမ်ားစုဟာ သူတပါးရဲ႕ အေပၚယံ အျပင္အဆင္ကို ၾကည့္ၿပီး အဆင့္အတန္း ခြဲျခားတတ္တယ္ "မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ" ဆိုတာကို ဒီစာစုေလးနဲ႔ မွ်ေဝေပးလိုက္ ပါတယ္။

crd phoomyatchal

Post a Comment

0 Comments