တချို့သော အရာတွေကို ဘယ်တော့မှ သက်တမ်း ကုန်ဆုံးသွားမှာ မဟုတ်ဘူးလို့ သင်တွေးချင် တွေးမိပါလိမ့်မယ်။ တကယ်တော့ အရာအားလုံးဟာ တစ်ချိန်ချိန်မှာ ပျက်စီးရမှာပါပဲ။ လက်ရှိသုံးနေတဲ့ ခေါင်းဖြီးတွေ၊ တခြားအရာတွေက သက်တမ်းကုန်ဆုံးရက် မရှိဘူးလို့ သင်ထင်နေပါလိမ့်မယ်။

ဒါတွေကို သင်က ကျိုးတဲ့ပျက်တဲ့အထိ သုံးနေမှာပါပဲ။ သုံးလို့ အဆင်မပြေမှသာ လွှင့်ပစ်တတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ခေါင်းအုံး ( ၂ နှစ်မှ ၃ နှစ်အထိ)

သင်ငယ်ငယ်က သုံးခဲ့တဲ့ ခေါင်းအုံးတွေကို အခုအချိန်မှာ သုံးလို့ အဆင်မပြေနိုင်တော့သလို ပြန်ရှာတွေ့ဖို့ကလည်း မလွယ်တော့ပါဘူး။ တွေ့ခဲ့မယ်ဆိုရင်တောင် သင်အသုံးပြုလို့ မရတော့ပါဘူး။ လည်ပင်းနာတာတွေ၊ ဓာတ်မတည့်တာတွေပါ ဖြစ်စေနိုင်ပါတယ်။

၂။ ညှပ်ဖိနပ် ( ၆ လ)

ရေချိုးခန်းသုံး ဖိနပ်တစ်ရံကို နှစ်ရှည်လများ သုံးစွဲတာက ချွေတာရာ ရောက်ပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဖိနပ်မှာ ပိုးမွှားအမျိုးမျိုး ကပ်နေနိုင်တာကြောင့် ခြေထောက်ကို မှိုဆွဲတာတွေ၊ ရောဂါပိုးဝင်တာတွေ စတဲ့ အရေပြား ပြဿနာတွေကို ဖြစ်စေနိင်ပါတယ်။

ပြီးတော့ နေ့တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

၃။ Sponges နှင့် Shower Poufs (၂ ပတ်နှင့် ၆ လ)

သူတို့က ခန္ဓာကိုယ်ကအညစ်အကြေးတွေကို သန့်စင်ပေးရတာဖြစ်တာကြောင့် ရောဂါပိုးမွှားတွေက အဲ့မှာပဲကပ်နေပါတယ်။ ဒါကြောင့် အချိန်တွေကြာလာရင် ရောဂါပိုးတွေများလာပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ပိုးတွေသေစေဖို့ မကြာခဏ ရေနွေးနဲ့ ဆေးကြောသန့်စင် သင့်ပါတယ်။

၄။ တဘက် ( ၁ နှစ်)

တစ်နှစ်ကျော် ကြာရင်တော့ သင့်ရဲ့ မျက်နှာသုတ်ပုဝါဟာ အရောင်တွေ ဖျော့သွားပြီးတော့ သာမန်ချည်ထည် ဖြစ်သွားပါလိမ့်မယ်။ ထိန်းသိမ်းချင်ရင်တော့ ပုံမှန်ဆေးကြောပေးပါ။

၅။ သွားတိုက်တံ (၃ လ)

သွားတိုက်တံကို အမွှေးတွေ ကျွတ်ပြီး ကျိုးသွားတဲ့အထိ အသုံးမပြုသင့်ပါဘူး။ သွားတိုက်တံ မကောင်းတာက သွားဖုံးနှင့်သွားကို ထိခိုက်စေပါတယ်။ ဖြစ်နိုင်ရင် (၃ လ) မပြည့်ခင်တိုင်း ပြောင်းလဲပေးတာက အကောင်းဆုံးပါပဲ။

၆။ Hydrogen Peroxide (၂ လ)

အလုံပိတ်မထားတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ နှစ်လအတွင်းမှာပဲ ရေအဖြစ်ကို ပြောင်းလဲသွားနိုင်တာကြောင့် (၁ လ) မတိုင်ခင်အချိန်အတွင်းမှာပဲ အသုံးပြုသင့်ပါတယ်။ အလုံပိတ်ထားရင်တော့ ၁ နှစ်အထိကို သိမ်းဆည်းထား နိုင်ပါတယ်။

၇။ Hairbrush (၁ နှစ်)

အကောင်းဆုံးတံဆိပ် ခေါင်းလျှော်ရည်ကို သုံးတယ် ဆိုရင်တော့ ဆံပင်ကို သေချာလေး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ဖုန်တွေ၊ ဂျေးတွေကို ခေါင်းပေါ်မှာ မစုမိချင်ရင်တော့ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ဆံပင်ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ခေါင်းမှာသုံးတဲ့ ခေါင်းဖြီးတွေ၊ တခြားအရာတွေကိုလည်း သေချာလေး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

၈။ ရေမွှေး ( ၁ နှစ်မှ ၃ နှစ်အထိ)

တချို့ ရေမွှေးတွေမှာဆိုရင် သက်တမ်းကုန်ဆုံးရက် မပါလာတာကို သင်သတိထားမိ ပါလိမ့်မယ်။ ဒါကြောင့် နာမည်ရှိတဲ့ ရေမွှေးတွေဆိုရင် (၃) နှစ်နှင့် နာမည် မရှိတဲ့ ရေမွှေးဆိုရင် (၂) နှစ်အတွင်းမှာပဲ အသုံးပြုသင့်ပါတယ်။

၉။ ချိုလိမ် ( ၂ ပတ်ကနေ ၅ ပတ်)

ချိုလိမ်အများစုဟာ ပလတ်စတစ်တွေ၊ ဆီလီကွန်တွေနဲ့ ပြုလုပ်ထားတာကြောင့် အန္တရာယ် များပါတယ်။ ပြီးတော့ ရောဂါပိုးမွှားတွေကလည်း ကပ်နေနိုင်တာကြောင့် အလွန်ဆုံး (၅) ပတ်လောက်သုံးပြီး လွှင့်ပစ်လိုက်တာက အကောင်းဆုံးပါပဲ။

၁၀။ ကလေးကားထိုင်ခုံ ( ၆ နှစ်မှ ၁၀ နှစ်)

ထိုင်ခုံမှာပါတဲ့ ခါးပတ်က ကောင်းနေသေးပေမယ့်လည်း အချိန်တွေကြာလာရင် တစ်ခုမဟုတ်တစ်ခုက ချို့ယွင်းတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို လုံခြုံစိတ်ချစေဖို့ သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိပဲ အသုံးပြုတာ ကောင်းပါတယ်။

၁၁။ Bras ( ၁ နှစ်မှ ၂ နှစ်)

ကောင်းနေသေးတယ် ဆိုပြီး ဆက်မဝတ် သင့်တော့ပါဘူး။ ကိုယ်နဲ့အဆင်ပြေနေသေးတယ် ဆိုပေမယ့် ကြိုးတွေက မကောင်းတော့တာတွေ ဖြစ်လာနိုင်ပါတယ်။

၁၂။ အပြေးဖိနပ် ( ၁ နှစ်)

ဖိနပ်က ကြည့်လို့အဆင်ပြေပြီး နောက်ထပ် (၂) နှစ်လောက် ဆက်သုံးလို့ ရနိုင်တယ်လို့ သင်တွေးကောင်း တွေးနေပါလိမ့်မယ်။ ဒါပေမယ့် ဖိနပ်မှာပါတဲ့ ပွိုင့်တွေကပါးလာတာတွေ၊ ကုပ်အားမရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သင်ပြေးနေရင်းတန်းလန်း ချော်လဲသွားခဲ့ရင် ခြေလက်တွေထိခိုက်နိုင်ပါတယ်။

၁၃။ အမွှေးနံ့သာများ ( ၁ နှစ်မှ ၃ နစ်)

ဟင်းခတ်အမွှေးအကြိုင် အမျိုးအစားပေါ် မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ ကာလမကုန်ခင်အထိ အသုံးပြုသင့်ပါတယ်။ အမျိုးအစားညံ့တဲ့ ဟင်းခတ်အမွှေးအကြိုင်မျိုး ဆိုရင်တော့ သက်တမ်းမကုန်ဆုံးမီ (၆) လလောက်ကတည်းက လွှင့်ပစ်သင့်ပါတယ်။

၁၄။ ဂျုံမှုန့် ( ၆ လမှ ၁ နှစ်)

ရိုးရိုးဂျုံမှုန့်မျိုး ဆိုရင်တော့ သင် (၆လ) လောက်အထိ သိမ်းထားနိုင်ပြီးတော့ အမျိုးအစားကောင်းတဲ့ ဂျုံမှုန့်မျိုး ဆိုရင်တော့ သင် တစ်နှစ်လောက်အထိ သိမ်းထားနိုင်ပါတယ်။

၁၅။ မီးသတ်ဆေးဘူး (၁၅ နှစ်)

၁၅ နှစ် ကန့်သတ်ချက် ရှိနေပေမယ့်လည်း မီးသတ်ဆေးဘူးက ပျက်စီးနေရင် အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အစွန်းအထင်း၊ ယိုစိမ့်မှု အစရှိတဲ့ လက္ခဏာတွေကို စစ်ဆေးသင့်ပါတယ်။

၁၆။ ဝါယာကြိုးများ ( ၁ နှစ်မှ ၂ နှစ်)

ကြိုးတွေကို သူနိုင်တဲ့အားနဲ့ သုံးတာက အဆင်ပြေပါတယ်။ ကြိုးကလည်း ဆွေးပြီးဟောင်းနေမယ်၊ မနိုင်တဲ့အားကိုလည်း ထမ်းထားရမယ် ဆိုရင်တော့ ရှော့ဖြစ်ပြီး သင့်အိမ် မီးထလောင်ပါလိမ့်မယ်။

၁၇။ ပိုးသတ်ဆေးများ ( ၃ လ)

ပိုးသတ်ဆေးတွေဟာ ၃ လ ကြာပြီးသွားတဲ့အခါမှာ သူတို့ရဲ့ ပိုးသတ်နိုင်တဲ့ စွမ်းအားတွေ ကုန်ဆုံးသွားပါတယ်။ ဒါကြောင့် သုံးမယ်ဆိုရင် အချိန်မတိုင်ခင် ကုန်အောင်သုံးသင့်ပါတယ်။

၁၈။ ခြင်ဆေးများ ( ၂ နှစ်)

ခြင်ဆေးတွေဟာလည်း ပိုးသတ်ဆေးတွေ လိုပါပဲ။ ကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ တကယ်လို့ သင့်အိမ်က ခြင်တွေက ခြင်ဆေးတွေကို မမှုတော့ဘူး ဆိုရင်တော့ နောက်တစ်ဗူး ထပ်ဝယ်သင့်နေပါပြီ။

၁၉။ ရေစစ်ဗူးများ ( ဝယ်သောအခါ စက္ကူဘူးတွင် ပြထားသည့်ရက်စွဲ)

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မတူညီနိုင်တာကြောင့် ကုန်ဆုံးတဲ့ ရက်စွဲတွေကလည်း မတူညီနိုင်ပါဘူး။ ဘယ်ကပဲ ထုတ်ထုတ် ကုန်ဆုံးရက်ဆိုတာ ပါပါတယ်။ ဒါကြောင့် ကုန်ဆုံးရက်ကို ကြည့်ပြီးတော့ လဲစရာရှိတာတွေ လဲသင့်ပါတယ်။ မဟုတ်ရင် ရေသန့်သောက်နေတာ မဟုတ်ပဲ ရေညစ်တွေ သောက်နေတာမျိုး ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် သင့်အိမ်မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေကို သေချာလေး လိုက်စစ်ပြီးတော့ သက်တမ်းကုန်နေတာတွေကို ဆက်အသုံးမပြု သင့်တော့ပါဘူး။ တစ်ခုတည်းက ကိစ္စမရှိပေမယ့် များလာရင် ထိခိုက်မှာက သင့်ကိုပါ။

Zombie (lovemedia)

for zawgyi

သင္သတိမထားမိတဲ့ ေန႔စဥ္သုံးပစၥည္း (၁၉) ခုရဲ႕ သက္တမ္းမ်ား

တခ်ိဳ႕ေသာ အရာေတြကို ဘယ္ေတာ့မွ သက္တမ္း ကုန္ဆုံးသြားမွာ မဟုတ္ဘူးလို႔ သင္ေတြးခ်င္ ေတြးမိပါလိမ့္မယ္။ တကယ္ေတာ့ အရာအားလုံးဟာ တစ္ခ်ိန္ခ်ိန္မွာ ပ်က္စီးရမွာပါပဲ။ လက္ရွိသုံးေနတဲ့ ေခါင္းၿဖီးေတြ၊ တျခားအရာေတြက သက္တမ္းကုန္ဆုံးရက္ မရွိဘူးလို႔ သင္ထင္ေနပါလိမ့္မယ္။

ဒါေတြကို သင္က က်ိဳးတဲ့ပ်က္တဲ့အထိ သုံးေနမွာပါပဲ။ သုံးလို႔ အဆင္မေျပမွသာ လႊင့္ပစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေန႔စဥ္သုံးေနတဲ့ ပစၥည္းေတြရဲ႕ သက္တမ္းကို ေဖာ္ျပလိုက္ပါတယ္ေနာ္။

၁။ ေခါင္းအုံး ( ၂ ႏွစ္မွ ၃ ႏွစ္အထိ)

သင္ငယ္ငယ္က သုံးခဲ့တဲ့ ေခါင္းအုံးေတြကို အခုအခ်ိန္မွာ သုံးလို႔ အဆင္မေျပႏိုင္ေတာ့သလို ျပန္ရွာေတြ႕ဖို႔ကလည္း မလြယ္ေတာ့ပါဘူး။ ေတြ႕ခဲ့မယ္ဆိုရင္ေတာင္ သင္အသုံးျပဳလို႔ မရေတာ့ပါဘူး။ လည္ပင္းနာတာေတြ၊ ဓာတ္မတည့္တာေတြပါ ျဖစ္ေစႏိုင္ပါတယ္။

၂။ ညႇပ္ဖိနပ္ ( ၆ လ)

ေရခ်ိဳးခန္းသုံး ဖိနပ္တစ္ရံကို ႏွစ္ရွည္လမ်ား သုံးစြဲတာက ေခြၽတာရာ ေရာက္ေပမယ့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဖိနပ္မွာ ပိုးမႊားအမ်ိဳးမ်ိဳး ကပ္ေနႏိုင္တာေၾကာင့္ ေျခေထာက္ကို မႈိဆြဲတာေတြ၊ ေရာဂါပိုးဝင္တာေတြ စတဲ့ အေရျပား ျပႆနာေတြကို ျဖစ္ေစနိင္ပါတယ္။

ၿပီးေတာ့ ေန႔တိုင္းသန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

၃။ Sponges ႏွင့္ Shower Poufs (၂ ပတ္ႏွင့္ ၆လ)

သူတို႔က ခႏၶာကိုယ္ကအညစ္အေၾကးေတြကို သန႔္စင္ေပးရတာျဖစ္တာေၾကာင့္ ေရာဂါပိုးမႊားေတြက အဲ့မွာပဲကပ္ေနပါတယ္။ ဒါေၾကာင့္ အခ်ိန္ေတြၾကာလာရင္ ေရာဂါပိုးေတြမ်ားလာၿပီး က်န္းမာေရးကို ထိခိုက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုးေတြေသေစဖို႔ မၾကာခဏ ေရေႏြးနဲ႔ ေဆးေၾကာသန႔္စင္ သင့္ပါတယ္။

၄။ တဘက္ ( ၁ ႏွစ္)

တစ္ႏွစ္ေက်ာ္ ၾကာရင္ေတာ့ သင့္ရဲ႕ မ်က္ႏွာသုတ္ပုဝါဟာ အေရာင္ေတြ ေဖ်ာ့သြားၿပီးေတာ့ သာမန္ခ်ည္ထည္ ျဖစ္သြားပါလိမ့္မယ္။ ထိန္းသိမ္းခ်င္ရင္ေတာ့ ပုံမွန္ေဆးေၾကာေပးပါ။

၅။ သြားတိုက္တံ (၃ လ)

သြားတိုက္တံကို အေမႊးေတြ ကြၽတ္ၿပီး က်ိဳးသြားတဲ့အထိ အသုံးမျပဳသင့္ပါဘူး။ သြားတိုက္တံ မေကာင္းတာက သြားဖုံးႏွင့္သြားကို ထိခိုက္ေစပါတယ္။ ျဖစ္ႏိုင္ရင္ (၃ လ) မျပည့္ခင္တိုင္း ေျပာင္းလဲေပးတာက အေကာင္းဆုံးပါပဲ။

၆။ Hydrogen Peroxide (၂ လ)

အလုံပိတ္မထားတဲ့ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ဟာ ႏွစ္လအတြင္းမွာပဲ ေရအျဖစ္ကို ေျပာင္းလဲသြားႏိုင္တာေၾကာင့္ (၁ လ) မတိုင္ခင္အခ်ိန္အတြင္းမွာပဲ အသုံးျပဳသင့္ပါတယ္။ အလုံပိတ္ထားရင္ေတာ့ ၁ ႏွစ္အထိကို သိမ္းဆည္းထား ႏိုင္ပါတယ္။

၇။ Hairbrush (၁ ႏွစ္)

အေကာင္းဆုံးတံဆိပ္ ေခါင္းေလွ်ာ္ရည္ကို သုံးတယ္ ဆိုရင္ေတာ့ ဆံပင္ကို ေသခ်ာေလး သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။ ဖုန္ေတြ၊ ေဂ်းေတြကို ေခါင္းေပၚမွာ မစုမိခ်င္ရင္ေတာ့ တစ္ပတ္မွာ အနည္းဆုံး တစ္ႀကိမ္ ဆံပင္ေဆးေၾကာသန႔္စင္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ေခါင္းမွာသုံးတဲ့ ေခါင္းၿဖီးေတြ၊ တျခားအရာေတြကိုလည္း ေသခ်ာေလး သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

၈။ ေရေမႊး ( ၁ ႏွစ္မွ ၃ ႏွစ္အထိ)

တခ်ိဳ႕ ေရေမႊးေတြမွာဆိုရင္ သက္တမ္းကုန္ဆုံးရက္ မပါလာတာကို သင္သတိထားမိ ပါလိမ့္မယ္။ ဒါေၾကာင့္ နာမည္ရွိတဲ့ ေရေမႊးေတြဆိုရင္ (၃) ႏွစ္ႏွင့္ နာမည္ မရွိတဲ့ ေရေမႊးဆိုရင္ (၂) ႏွစ္အတြင္းမွာပဲ အသုံးျပဳသင့္ပါတယ္။

၉။ ခ်ိဳလိမ္ ( ၂ ပတ္ကေန ၅ ပတ္)

ခ်ိဳလိမ္အမ်ားစုဟာ ပလတ္စတစ္ေတြ၊ ဆီလီကြန္ေတြနဲ႔ ျပဳလုပ္ထားတာေၾကာင့္ အႏၲရာယ္ မ်ားပါတယ္။ ၿပီးေတာ့ ေရာဂါပိုးမႊားေတြကလည္း ကပ္ေနႏိုင္တာေၾကာင့္ အလြန္ဆုံး (၅) ပတ္ေလာက္သုံးၿပီး လႊင့္ပစ္လိုက္တာက အေကာင္းဆုံးပါပဲ။

၁၀။ ကေလးကားထိုင္ခုံ ( ၆ ႏွစ္မွ ၁၀ ႏွစ္)

ထိုင္ခုံမွာပါတဲ့ ခါးပတ္က ေကာင္းေနေသးေပမယ့္လည္း အခ်ိန္ေတြၾကာလာရင္ တစ္ခုမဟုတ္တစ္ခုက ခ်ိဳ႕ယြင္းတတ္ပါတယ္။ ဒါေၾကာင့္ သင့္ကေလးကို လုံၿခဳံစိတ္ခ်ေစဖို႔ သတ္မွတ္ထားတဲ့ ကာလတစ္ခုအထိပဲ အသုံးျပဳတာ ေကာင္းပါတယ္။

၁၁။ Bras ( ၁ ႏွစ္မွ ၂ ႏွစ္)

ေကာင္းေနေသးတယ္ ဆိုၿပီး ဆက္မဝတ္ သင့္ေတာ့ပါဘူး။ ကိုယ္နဲ႔အဆင္ေျပေနေသးတယ္ ဆိုေပမယ့္ ႀကိဳးေတြက မေကာင္းေတာ့တာေတြ ျဖစ္လာႏိုင္ပါတယ္။

၁၂။ အေျပးဖိနပ္ ( ၁ ႏွစ္)

ဖိနပ္က ၾကည့္လို႔အဆင္ေျပၿပီး ေနာက္ထပ္ (၂) ႏွစ္ေလာက္ ဆက္သုံးလို႔ ရႏိုင္တယ္လို႔ သင္ေတြးေကာင္း ေတြးေနပါလိမ့္မယ္။ ဒါေပမယ့္ ဖိနပ္မွာပါတဲ့ ပြိဳင့္ေတြကပါးလာတာေတြ၊ ကုပ္အားမရွိေတာ့တာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေတြဟာ သင္ေျပးေနရင္းတန္းလန္း ေခ်ာ္လဲသြားခဲ့ရင္ ေျခလက္ေတြထိခိုက္ႏိုင္ပါတယ္။

၁၃။ အေမႊးနံ႔သာမ်ား ( ၁ ႏွစ္မွ ၃ နစ္)

ဟင္းခတ္အေမႊးအႀကိဳင္ အမ်ိဳးအစားေပၚ မူတည္ၿပီးေတာ့ သတ္မွတ္ထားတဲ့ ကာလမကုန္ခင္အထိ အသုံးျပဳသင့္ပါတယ္။ အမ်ိဳးအစားညံ့တဲ့ ဟင္းခတ္အေမႊးအႀကိဳင္မ်ိဳး ဆိုရင္ေတာ့ သက္တမ္းမကုန္ဆုံးမီ (၆) လေလာက္ကတည္းက လႊင့္ပစ္သင့္ပါတယ္။

၁၄။ ဂ်ဳံမႈန႔္ ( ၆ လမွ ၁ ႏွစ္)

႐ိုး႐ိုးဂ်ဳံမႈန႔္မ်ိဳး ဆိုရင္ေတာ့ သင္ (၆လ) ေလာက္အထိ သိမ္းထားႏိုင္ၿပီးေတာ့ အမ်ိဳးအစားေကာင္းတဲ့ ဂ်ဳံမႈန႔္မ်ိဳး ဆိုရင္ေတာ့ သင္ တစ္ႏွစ္ေလာက္အထိ သိမ္းထားႏိုင္ပါတယ္။

၁၅။ မီးသတ္ေဆးဘူး (၁၅ ႏွစ္)

၁၅ ႏွစ္ ကန႔္သတ္ခ်က္ ရွိေနေပမယ့္လည္း မီးသတ္ေဆးဘူးက ပ်က္စီးေနရင္ အျမန္ဆုံး ဖယ္ရွားပစ္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အစြန္းအထင္း၊ ယိုစိမ့္မႈ အစရွိတဲ့ လကၡဏာေတြကို စစ္ေဆးသင့္ပါတယ္။

၁၆။ ဝါယာႀကိဳးမ်ား ( ၁ ႏွစ္မွ ၂ ႏွစ္)

ႀကိဳးေတြကို သူႏိုင္တဲ့အားနဲ႔ သုံးတာက အဆင္ေျပပါတယ္။ ႀကိဳးကလည္း ေဆြးၿပီးေဟာင္းေနမယ္၊ မႏိုင္တဲ့အားကိုလည္း ထမ္းထားရမယ္ ဆိုရင္ေတာ့ ေရွာ့ျဖစ္ၿပီး သင့္အိမ္ မီးထေလာင္ပါလိမ့္မယ္။

၁၇။ ပိုးသတ္ေဆးမ်ား ( ၃ လ)

ပိုးသတ္ေဆးေတြဟာ ၃ လ ၾကာၿပီးသြားတဲ့အခါမွာ သူတို႔ရဲ႕ ပိုးသတ္ႏိုင္တဲ့ စြမ္းအားေတြ ကုန္ဆုံးသြားပါတယ္။ ဒါေၾကာင့္ သုံးမယ္ဆိုရင္ အခ်ိန္မတိုင္ခင္ ကုန္ေအာင္သုံးသင့္ပါတယ္။

၁၈။ ျခင္ေဆးမ်ား ( ၂ ႏွစ္)

ျခင္ေဆးေတြဟာလည္း ပိုးသတ္ေဆးေတြ လိုပါပဲ။ ကုန္ဆုံးရက္ ဆိုတာ ရွိပါတယ္။ တကယ္လို႔ သင့္အိမ္က ျခင္ေတြက ျခင္ေဆးေတြကို မမႈေတာ့ဘူး ဆိုရင္ေတာ့ ေနာက္တစ္ဗူး ထပ္ဝယ္သင့္ေနပါၿပီ။

၁၉။ ေရစစ္ဗူးမ်ား ( ဝယ္ေသာအခါ စကၠဴဘူးတြင္ ျပထားသည့္ရက္စြဲ)

ထုတ္လုပ္တဲ့ ကုမၸဏီေတြက မတူညီႏိုင္တာေၾကာင့္ ကုန္ဆုံးတဲ့ ရက္စြဲေတြကလည္း မတူညီႏိုင္ပါဘူး။ ဘယ္ကပဲ ထုတ္ထုတ္ ကုန္ဆုံးရက္ဆိုတာ ပါပါတယ္။ ဒါေၾကာင့္ ကုန္ဆုံးရက္ကို ၾကည့္ၿပီးေတာ့ လဲစရာရွိတာေတြ လဲသင့္ပါတယ္။ မဟုတ္ရင္ ေရသန႔္ေသာက္ေနတာ မဟုတ္ပဲ ေရညစ္ေတြ ေသာက္ေနတာမ်ိဳး ျဖစ္သြားပါလိမ့္မယ္။

ဒါေၾကာင့္ သင့္အိမ္မွာ အသုံးျပဳေနတဲ့ ပစၥည္းေတြကို ေသခ်ာေလး လိုက္စစ္ၿပီးေတာ့ သက္တမ္းကုန္ေနတာေတြကို ဆက္အသုံးမျပဳ သင့္ေတာ့ပါဘူး။ တစ္ခုတည္းက ကိစၥမရွိေပမယ့္ မ်ားလာရင္ ထိခိုက္မွာက သင့္ကိုပါ။

Zombie (lovemedia)