ကြောင်တွေမှာ ပုံမှန်ဆိုရင် နားရွက်က နှစ်ဖက်ပဲ ပါလေ့ ရှိပါတယ်။ နားရွက် လေးဖက်ပါတဲ့ ကြောင်လေးကတော့ ရှားရှားပါးပါးပါပဲ။ အသက် ၄ လအရွယ် ရုရှားကြောင်လေး တစ်ကောင်ဖြစ်တဲ့ MIDAS မှာ နားရွက် လေးဖက် ပါပါတယ်။
ကြောင်က ကြောင်မလေးပါ။ သူ့မိဘတွေရဲ့ ငုပ်နေတဲ့ ဗီဇရလဒ်ကြောင့် နားရွက်လေးဖက် ပါတာလို့ ယူဆကြပါတယ်။
ကြောင်အမည်း အများစုကို လူတွေက သိပ်ပြီးတော့ မမွေးစားချင်ကြပါဘူး။ MIDAS ရဲ့ အရောင်ကလည်း သိပ်မလှတဲ့အပြင် နားရွက်ကလည်း ၄ ဖက် ပါနေတာကြောင့် သူ့ကို ဘယ်သူကမှ မမွေးစားချင် ခဲ့ကြပါဘူး။
ဒါပေမယ့် Cemrepolat ဆိုတဲ့ အမျိုးသမီးကတော့ MIDAS ကို မြင်မြင်ချင်း ချစ်သွားပါတယ်။ MIDAS ကလည်း Cemrepolat ကို ပွတ်သီးပွတ်သပ် လာလုပ်နေပါတယ်။
Cemrepolat ရဲ့အပြောစကားအရ MIDAS မှာ နားရွက် အပိုတစ်စုံ ပါပေမယ့် ဘာမှ အကျိုးသက်ရောက်မှု ထူးထူးခြားခြား မရှိပါဘူး။ သူက တခြားကြောင်လေးတွေလို အဆော့မက်တဲ့ ကြောင်လေးပါ။ သူ့ရဲ့ အကြားအာရုံကလည်း ပုံမှန်ပါပဲ။
MIDAS မှာ နားရွက်လေးဖက် ပါလို့ လူတွေက မမွေးစားချင် ခဲ့ကြပေမယ့် သူဟာ ပုံမှန်ကြောင်လေး တစ်ကောင်သာ ဖြစ်ကြောင်း၊ လူတွေက တိရစ္ဆာန်တွေရဲ့ သွင်ပြင်အပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲလာမယ် လို့ မျှော်လင့်ကြောင်း Cemrepolat က ပြောပါတယ်။
ပုံပန်းသွင်ပြင် ထူးခြားတဲ့ ကြောင်လေးတွေနဲ့ တခြား တိရစ္ဆာန်လေးတွေကလည်း မွေးစားခံရဖို့ မျှော်လင့်နေကြဆဲပါပဲ။
Zombie (lovemedia)
for zawgyi
နားရွက် ၄ ဖက်ပါလို့ ဘယ်သူကမှ မမွေးစားချင်ကြတဲ့ ကြောင်လေး
Zombie (lovemedia)