မတန်လို့ပါ

တခါတုန်းက အလွန်ကိုမှ ဆင်းရဲတဲ့ သူတောင်းစား လင်မယားနှစ်ယောက် ရှိတယ်။ တနေ့ သူဖုန်းစားမ ကိုယ်ဝန်ရတော့ ဘုရင့် ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ် ။ အဲ့တော့ သူ့ယောက်ျား သူဖုန်းစားကို ပူဆာတယ် ။

“ မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော် ချဉ်ချင်းတပ်တယ် ၊ ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်။ မောင်တော် ရအောင်ယူပေးပါ ”

“ ဪ နှမတော်ရယ် သူဖုန်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို တော်သေး ။ တို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ ”

“ မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ်၊ မဟုတ်လို့ ကတော့ နှမတော် ဒေါသကို သိတယ်နော် ”

အဲ့ဒီတော့ သူဖုန်းစားက စဉ်းစားတယ်။ နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး ။ မိရင် ငါသေမှာ အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ် ။ ခေါင်းတုံး၊ သင်္ကန်းပတ်၊ သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ ။ သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ် ။

နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတာ ဘုရင်က တွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့ ။ ဘုရင်က “ ငါ ဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ် ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ် ” ´ဒီတော့ ဘုရင်က အမတ်ကိုပြောတယ်

“ ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့စိမ်းလို့ ဣန္ဒြေအပြည့်နဲ့ ၊ ဒါနဲ့ အမတ်တယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျောက်လိုက်စမ်း ” ဆိုပြီးခိုင်းတယ် ။ အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကို ပြန်လျောက် တင်တယ် ။

“ ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့ ” ´ဘုရားပေါ့ လျောက်တယ်။ ဘုရင်က “ ဒါဆို ယူပြီးကပ်လိုက်စမ်း ” ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ် “ ဒီရဟန်းထူးခြားတယ်၊ အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲသိရအောင် ” ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်း မြင်ကော “ ဒီကောင်သူဖုန်းစားပဲ ” ဆိုတာ သိလိုက်တယ် ။

အမတ်ကလဲ ပညာရှိအမတ် ဆိုတော့ စဉ်းစားတယ် “ ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီ သူတောင်းစားကို သတ်လိမ့်မယ် ၊ ဒီ သူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ်ဖြစ်ရတာ “ မတန်ပါဘူး ” လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ် ။

နန်းတော် ပြန်ရောက်တော့ ဘုရင်က မေးတယ် “ ဟိုရဟန်း အခြေနေ ဘာထူးလဲအမတ် " လို့ မေးတော့ အမတ်က “ မှန်လှပါ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တနေရာမှ ာကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား " လို့ လျောက်တင်တော့.. အရေးတယူ လုပ်ရမည့် ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ် ။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့တဲ့ ”

တချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် .. အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးပါ

crd

Zawgyi

မတန္လိဳ႔ပါ

တခါတုန္းက အလြန္ကိုမွ ဆင္းရဲတဲ့ သူေတာင္းစား လင္မယားႏွစ္ေယာက္ ရွိတယ္။ တေန႔ သူဖုန္းစားမ ကိုယ္ဝန္ရေတာ့ ဘုရင့္ ပြဲေတာ္အုပ္မွ စားခ်င္တယ္လို႔ ခ်ဥ္ခ်င္းတပ္တယ္ ။ အဲ့ေတာ့ သူ႔ေယာက္်ား သူဖုန္းစားကို ပူဆာတယ္ ။

“ ေမာင္ေတာ္ ဘုရင့္ပြဲေတာ္အုပ္ စားခ်င္တယ္လို႔ ႏွမေတာ္ ခ်ဥ္ခ်င္းတပ္တယ္ ၊ ဘုရင့္ပြဲေတာ္အုပ္မွ မစားရရင္ ႏွမေတာ္ ေသရပါလိမ့္မယ္။ ေမာင္ေတာ္ ရေအာင္ယူေပးပါ ”

“ ဪ ႏွမေတာ္ရယ္ သူဖုန္းစားနဲ႔ ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ တျခားဟာဆို ေတာ္ေသး ။ တို႔က သူေတာင္းစား ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ ဘယ္လိုယူလို႔ရမလဲ ”

“ ေမာင္ေတာ္ ႏွမေတာ္ကို ခ်စ္ရင္ ယူေပးရမယ္၊ မဟုတ္လို႔ ကေတာ့ ႏွမေတာ္ ေဒါသကို သိတယ္ေနာ္ ”

အဲ့ဒီေတာ့ သူဖုန္းစားက စဥ္းစားတယ္။ နန္းေတာ္ထဲ ဝင္ခိုးလို႔ မလြယ္ဘူး ။ မိရင္ ငါေသမွာ အဲ့ဒီေတာ့ ရဟန္းအသြင္ေဆာင္ၿပီး ဆြမ္းခံႂကြရင္ အဆင္ေျပမယ္ ။ ေခါင္းတုံး၊ သကၤန္းပတ္၊ သပိတ္လြယ္ၿပီး နန္းေတာ္ေရွ႕ကိုႂကြ ။ သူေတာင္းစားဆိုေတာ့ ဟန္ေဆာင္ေကာင္းတယ္ ။

နန္းေတာ္ေရွ႕မွာ ဣေျႏၵ အျပည့္နဲ႔ ရပ္ေနတာ ဘုရင္က ေတြ႕ေတာ့ ပညာရွိဘုရင္ပဲ သိတာေပါ့ ။ ဘုရင္က “ ငါ ဒီရဟန္းအတုကို ေမာင္းထုတ္လိုက္ရင္ ဒီဘုရင္ရဟန္းကို မ႐ိုမေသ လုပ္တယ္ ဆိုၿပီး အမ်ားျပည္သူေတြက ငါ့ကို ကဲ့ရဲ႕ရႈတ္ခ်ၾကမယ္ ” ´ဒီေတာ့ ဘုရင္က အမတ္ကိုေျပာတယ္

“ ဒီရဟန္းထူးျခားတယ္ ေခါင္းကလဲ ခုမွရိပ္ထားသကဲ့သို႔စိမ္းလို႔ ဣေျႏၵအျပည့္နဲ႔ ၊ ဒါနဲ႔ အမတ္တေယာက္ကို လႊတ္ၿပီး ဘာအလိုရွိလဲ ေလ်ာက္လိုက္စမ္း ” ဆိုၿပီးခိုင္းတယ္ ။ အမတ္က ရဟန္းတုကိုေမးၿပီးျပန္လာ ဘုရင္ကို ျပန္ေလ်ာက္ တင္တယ္ ။

“ ဘုရင့္ပြဲေတာ္အုပ္ အလႉခံခ်င္တယ္တဲ့ ” ´ဘုရားေပါ့ ေလ်ာက္တယ္။ ဘုရင္က “ ဒါဆို ယူၿပီးကပ္လိုက္စမ္း ” ၿပီးေတာ့ ဘုရင္က အမတ္ကိုေျပာတယ္ “ ဒီရဟန္းထူးျခားတယ္၊ အေနာက္ကေန မသိမသာ လိုက္ေခ်ာင္းစမ္း၊ ဘာလဲသိရေအာင္ ” ေပါ့။

ဒါနဲ႔အမတ္က အေနာက္ကေနလိုက္ ၿမိဳ႕ျပင္ဇရပ္နားေရာက္ေတာ့ သူေတာင္းစားက သကၤန္းကို ခြၽတ္လိုက္ေတာ့ ေအာက္ကလူဝတ္ကိုလည္း ျမင္ေကာ “ ဒီေကာင္သူဖုန္းစားပဲ ” ဆိုတာ သိလိုက္တယ္ ။

အမတ္ကလဲ ပညာရွိအမတ္ ဆိုေတာ့ စဥ္းစားတယ္ “ ငါ ဘုရင္ကို အမွန္အတိုင္း ျပန္ေလ်ာက္ရင္ ဘုရင္က ဒီ သူေတာင္းစားကို သတ္လိမ့္မယ္ ၊ ဒီ သူေတာင္းစား အဆင့္ေလာက္နဲ႔ ငါ့ဘုရင္ အကုသိုလ္ျဖစ္ရတာ “ မတန္ပါဘူး ” ´လို႔ စဥ္းစားၿပီး နန္းေတာ္ကိုျပန္တယ္ ။

နန္းေတာ္ ျပန္ေရာက္ေတာ့ ဘုရင္က ေမးတယ္ “ ဟိုရဟန္း အေျခေန ဘာထူးလဲအမတ္ " လို႔ ေမးေတာ့ အမတ္က “ မွန္လွပါ အရွင္ဘုရားရဲ႕ ဘုန္းေတာ္ေၾကာင့္ ၿမိဳ႕ျပင္ဇရပ္ တေနရာမွ ာၾကည့္ရင္း ၾကည့္ရင္းနဲ႔ ရဟန္းအသြင္ ေပ်ာက္သြားပါတယ္ ဘုရား " လို႔ ေလ်ာက္တင္ေတာ့ ... အေရးတယူ လုပ္ရမည့္ ကိစၥမဟုတ္ေတာ့ ဘုရင္ကလည္း သိလ်က္နဲ႔ ၿပဳံးေတာ္ပဲ မူလိုက္တယ္ ။

" မတန္လို႔ ဒီတိုင္းလႊတ္ထားတာကို မသိဘူးလို႔ေတာ့ မထင္ပါနဲ႔တဲ့ ”

တခ်ိဳ႕ကိစၥေတြက ကိုယ္မွန္ေပမယ့္ .. အေရးတယူလုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးပါ

crd

Post a Comment

0 Comments