ခွေးလေးတွေ စိတ်မပျော်ဘဲ စိတ်ဖိစီးနေရင် ပြလာတတ်တဲ့ လက္ခဏာ (၆) ခု

ခွေးလေးတွေမှာလည်း စိတ်ဖိစီးမှု၊ စိုးရိမ်သောကတွေ ရှိပါတယ်။ သူတို့မှာ စိတ်ဖိစီးမှု ရှိလာရင် လုပ်တတ်တဲ့ အမူအရာတွေ ရှိပါတယ်။ အဲဒီ အမူအရာတွေကို သိထားရင် သင့်ရဲ့ခွေးလေး စိတ်မဖိစီးအောင် နှစ်သိမ့်ပေးနိုင်မှာပါ။

၁။ မြေကြီးတူးခြင်း

ခွေးလေးတွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာတဲ့ အနေနဲ့ မြေကြီးတွေကို တူးနေတတ်ပါတယ်။

၂။ ညည်းညူပြီး ဟောင်ခြင်း

ခွေးတွေက ဟောင်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့် သူ့မှာ စိတ်ဖိစီးမှုတွေ ရှိလာရင်၊ သင့်ရဲ့ အာရုံစိုက်မှုကို လိုချင်လာရင် ညည်းညူသံပေးပြီး ဟောင်နေမှာပါ။

၃။ ကိုယ်အမူအရာ ပုံမှန်မဟုတ်ခြင်း

ကျန်းမာရေး မကောင်းတဲ့ ခွေးလေးတွေ၊ စိတ်မပျော်ရွှင်တဲ့ ခွေးလေးတွေဆိုရင် ခန္ဓာကိုယ်က ကုပ်နေတတ်ပါတယ်။ ကိုယ်အလေးချိန်ကလည်း ရုတ်တရက် ကျသွားတတ်ပါတယ်။ အမြဲလိုလို ငူငူငိုင်ငိုင်နဲ့ ဖြစ်နေတတ်ပါတယ်။

၄။ ပစ္စည်းတွေကို ဝါးခြင်း

ခွေးလေးတွေမှာ စိတ်အခြေအနေ မကျန်းမာရင် တံခါးဘောင်၊ ပြတင်းပေါင်ဘောင်၊ ထိုင်ခုံခြေထောက် စတဲ့ပစ္စည်းတွေကို ကိုက်ဝါးနေတတ်ပါတယ်။

၅။ ထွက်ပြေးဖို့ ကြိုးစားခြင်း

ခွေးလေးတွေမှာ စိတ်ဖိစီးမှုတွေ အရမ်းများလာရင် ထွက်ပေါက်အနေနဲ့ ထွက်ပြေးဖို့ ကြိုးစားတတ် ကြပါတယ်။ အိမ်ကနေ ဘယ်သူမှ မသိအောင် ထွက်ပြေးတာ၊ ပျောက်သွားတာမျိုးက စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ပါ။

၆။ လျှာတန်းလန်းနဲ့ အမောတကောဖြစ်ခြင်း

သင့်ခွေးလေးက မပြေးမဆော့ဘဲ ထိုင်နေရင်း လျှာတန်းလန်း ထွက်ပြီး အမောတကေ ာဖြစ်နေရင် ဂရုစိုက်သင့်ပါတယ်။ သင့်ခွေးလေးမှာ ဒီလို လက္ခဏာတွေဖြစ်လာရင် သူကြိုက်တဲ့ အရုပ်တွေနဲ့ ဆော့ပေးတာ၊ ကြိုက်တဲ့မုန့်လေးတွေ ကျွေးတာ စတဲ့နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

ေခြးေလးေတြ စိတ္မေပ်ာ္ဘဲ စိတ္ဖိစီးေနရင္ ျပလာတတ္တဲ့ လကၡဏာ (၆) ခု

ေခြးေလးေတြမွာလည္း စိတ္ဖိစီးမႈ၊ စိုးရိမ္ေသာကေတြ ရွိပါတယ္။ သူတို႔မွာ စိတ္ဖိစီးမႈ ရွိလာရင္ လုပ္တတ္တဲ့ အမူအရာေတြ ရွိပါတယ္။ အဲဒီ အမူအရာေတြကို သိထားရင္ သင့္ရဲ႕ေခြးေလး စိတ္မဖိစီးေအာင္ ႏွစ္သိမ့္ေပးႏိုင္မွာပါ။

၁။ ေျမႀကီးတူးျခင္း

ေခြးေလးေတြက စိတ္ဖိစီးမႈေတြကို ထြက္ေပါက္ရွာတဲ့ အေနနဲ႔ ေျမႀကီးေတြကို တူးေနတတ္ပါတယ္။

၂။ ညည္းညဴၿပီး ေဟာင္ျခင္း

ေခြးေတြက ေဟာင္တတ္တာ သဘာဝပါပဲ။ ဒါေပမယ့္ သူ႔မွာ စိတ္ဖိစီးမႈေတြ ရွိလာရင္၊ သင့္ရဲ႕ အာ႐ုံစိုက္မႈကို လိုခ်င္လာရင္ ညည္းညဴသံေပးၿပီး ေဟာင္ေနမွာပါ။

၃။ ကိုယ္အမူအရာ ပုံမွန္မဟုတ္ျခင္း

က်န္းမာေရး မေကာင္းတဲ့ ေခြးေလးေတြ၊ စိတ္မေပ်ာ္႐ႊင္တဲ့ ေခြးေလးေတြဆိုရင္ ခႏၶာကိုယ္က ကုပ္ေနတတ္ပါတယ္။ ကိုယ္အေလးခ်ိန္ကလည္း ႐ုတ္တရက္ က်သြားတတ္ပါတယ္။ အၿမဲလိုလို ငူငူငိုင္ငိုင္နဲ႔ ျဖစ္ေနတတ္ပါတယ္။

၄။ ပစၥည္းေတြကို ဝါးျခင္း

ေခြးေလးေတြမွာ စိတ္အေျခအေန မက်န္းမာရင္ တံခါးေဘာင္၊ ျပတင္းေပါင္ေဘာင္၊ ထိုင္ခုံေျခေထာက္ စတဲ့ပစၥည္းေတြကို ကိုက္ဝါးေနတတ္ပါတယ္။

၅။ ထြက္ေျပးဖို႔ ႀကိဳးစားျခင္း

ေခြးေလးေတြမွာ စိတ္ဖိစီးမႈေတြ အရမ္းမ်ားလာရင္ ထြက္ေပါက္အေနနဲ႔ ထြက္ေျပးဖို႔ ႀကိဳးစားတတ္ ၾကပါတယ္။ အိမ္ကေန ဘယ္သူမွ မသိေအာင္ ထြက္ေျပးတာ၊ ေပ်ာက္သြားတာမ်ိဳးက စိတ္ဖိစီးမႈေတြ အရမ္းမ်ားေနလို႔ပါ။

၆။ လွ်ာတန္းလန္းနဲ႔ အေမာတေကာျဖစ္ျခင္း

သင့္ေခြးေလးက မေျပးမေဆာ့ဘဲ ထိုင္ေနရင္း လွ်ာတန္းလန္း ထြက္ၿပီး အေမာတေက ာျဖစ္ေနရင္ ဂ႐ုစိုက္သင့္ပါတယ္။ သင့္ေခြးေလးမွာ ဒီလို လကၡဏာေတြျဖစ္လာရင္ သူႀကိဳက္တဲ့ အ႐ုပ္ေတြနဲ႔ ေဆာ့ေပးတာ၊ ႀကိဳက္တဲ့မုန႔္ေလးေတြ ေကြၽးတာ စတဲ့နည္းလမ္းနဲ႔ စိတ္ဖိစီးမႈကို သက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments