သင့်ခွေးလေး အိမ်က ပစ္စည်းတွေကို လျှောက်ကိုက်နေတယ်ဆိုရင် ဒီနည်းလမ်း (၆) ခုကို အသုံးပြုကြည့်ပါ

ခွေးလေးတွေက အိမ်မှာ အရမ်းဆော့ပြီး ပစ္စည်းတွေကို ခဏခဏ လိုက်ကိုက်တတ်ကြပါတယ်။ ပစ္စည်းတွေ လိုက်ကိုက်တတ်တဲ့ အကျင့်ကို မဖျောက်ပေးရင် ကြာလာရင် ဖိနပ်တွေ၊ အိမ်အသုံးအဆောင် ပစ္စည်းတွေက အကောင်းအတိုင်း ကျန်တော့မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ခွေးလေးတွေက အိမ်က ပစ္စည်းတွေကို လိုက်ကိုက်နေရင် ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါနော်။

၁။ တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်ပါ။

ခွေးလေးတွေ ပစ္စည်းကိုက်တာက သဘာဝပါ။ ဒါပေမယ့် ခွေးလေးရဲ့စိတ်ထဲ စိုးရိမ်ပူပန်မှုတွေရှိပြီး ပစ္စည်းတွေ လိုက်ကိုက်နေတယ် ဆိုရင်၊ ရောဂါတစ်ခုခုကြောင့် လိုက်ကိုက်နေတယ် ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၂။ ခွေးလေးတွေ ကိုက်ဖို့ ထုတ်လုပ်ထားတဲ့ အရုပ်တွေ ဝယ်ပေးပါ။

သင့်ခွေးလေးအသက်က ၄ွ ကနေ ၆ လအတွင်း ရှိတယ်ဆိုရင် ဖိနပ်တွေ၊ အဝတ်အစားတွေ၊ တခြားပစ္စည်းတွေကို လိုက်ကိုက်နေမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီအရွယ်က သွားတွေ ဖွံ့ဖြိုးတဲ့အရွယ် ဖြစ်လို့ပါ။

အဲဒါကြောင့် ခွေးလေးတွေ ကိုက်ဖို့ ထုတ်လုပ်ထားတဲ့ အရုပ်လေးတွေကို ဝယ်ပေးပါ။ အဲဒီ အရုပ်လေးတွေကို သူတို့ မကစားခင်မှာ အိတ်တစ်အိတ်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အဲဒီအခါ ရေအအေးဓါတ်ကြောင့် သွားဖုံးတွေ ရောင်ရမ်းတာလည်း သက်သာသွားမှာပါ။

၃။ ခွေးနဲ့အတူ ဆော့ပေးပါ။

ခွေးကို အချိန်အကြာကြီး အိမ်မှာ သော့ခတ်ခဲ့တာ၊ တစ်ကောင်တည်း ထားခဲ့တာမျိုးက အထီးကျန်စိတ် ဖြစ်စေပါတယ်။ အဲဒါကြောင့် သူတို့နား ရောက်လာသမျှအရာတွေကို လိုက်ကိုက်တာပါ။ ခွေးလေးနဲ့အတူတူ အချိန်ပေးပြီးပေးတာက ပိုပျော်စရာ ကောင်းပါတယ်။

၄။ အကျင့်ဆိုးတွေကို ဖျောက်ပေးပါ။

သင့်ခွေးက သင်နဲ့ ကစားနေတုန်း လာကိုက်ရင် မကိုက်ရဘူး ဆိုပြီး လေသံမာမာနဲ့ပြောပါ။ ပြီးရင် သူ့ကို မခေါ်ချင်ယောင်ဆောင်ပြီး စက္ကန့် ၂၀ လောက် ခဏပစ်ထားလိုက်ပါ။ ဒီနည်းကို သူနားလည်လာလောက်တဲ့အထိ ပြင်ပေးပါ။ သူ့ကို ပေးထားတဲ့ အရုပ်လေးနဲ့ဆော့ပြီး အိမ်က ပစ္စည်းတွေကို မကိုက်တော့ရင် ဆုချတဲ့အနေနဲ့ မုန့်ကျွေးလို့ ရပါတယ်။

သင့်ခွေးက ဆော့နေတုန်း သင့်လက်နဲ့ အဝတ်အစားတွေကို လာကိုက်ရင် ခွေးတွေအတွက် အဆိပ်မဖြစ်စေတဲ့ အယ်လ်ကိုဟော၊ ရှာလကာရည်ကို လက်မှာ ပွတ်ထားလိုက်ပါ။ အဲဒီအနံ့တွေကို ခွေးတွေက မကြိုက်ပါဘူး။ ဒါမှမဟုတ် ခွေးတွေမကိုက်တဲ့ spray ဖျန်းထားလည်း ရပါတယ်။

၅။ ကောင်းကောင်းကစားတဲ့အခါ ဆုချပါ။

ခွေးတွေကိုလည်း အသိအမှတ် ပြုပေးဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အကျင့်တွေ ကောင်းလာတဲ့အခါ၊ ပစ္စည်းတွေ မကိုက်တော့တဲ့အခါ မုန့်ကျွေးတဲ့နည်းနဲ့ ဆုချပါ။

၆။ ခွေးတွေကို လေ့ကျင့်ပေးတဲ့သူဆီကို ခေါ်သွားပါ။

သင့်ခွေးက သင့်ရဲ့ မိသားစုဝင်တွေကို ရန်မူနေလို့ လိမ္မာစေချင်ရင် ခွေးတွေကို လေ့ကျင့်ပေးသူဆီ ခေါ်သွားပေးပါ။ ဒါမှမဟုတ် အိမ်အပြင်ကို ခေါ်သွားပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ထိတွေ့ပေးပါ။

Zombie (lovemedia)

for zawgyi

သင့္ေခြးေလး အိမ္က ပစၥည္းေတြကို ေလွ်ာက္ကိုက္ေနတယ္ဆိုရင္ ဒီနည္းလမ္း (၆) ခုကို အသုံးျပဳၾကည့္ပါ

ေခြးေလးေတြက အိမ္မွာ အရမ္းေဆာ့ၿပီး ပစၥည္းေတြကို ခဏခဏ လိုက္ကိုက္တတ္ၾကပါတယ္။ ပစၥည္းေတြ လိုက္ကိုက္တတ္တဲ့ အက်င့္ကို မေဖ်ာက္ေပးရင္ ၾကာလာရင္ ဖိနပ္ေတြ၊ အိမ္အသုံးအေဆာင္ ပစၥည္းေတြက အေကာင္းအတိုင္း က်န္ေတာ့မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ ေခြးေလးေတြက အိမ္က ပစၥည္းေတြကို လိုက္ကိုက္ေနရင္ ဒီနည္းလမ္းေတြကို အသုံးျပဳၾကည့္ပါေနာ္။

၁။ တိရစာၦန္ဆရာဝန္နဲ႔ တိုင္ပင္ပါ။

ေခြးေလးေတြ ပစၥည္းကိုက္တာက သဘာဝပါ။ ဒါေပမယ့္ ေခြးေလးရဲ႕စိတ္ထဲ စိုးရိမ္ပူပန္မႈေတြရွိၿပီး ပစၥည္းေတြ လိုက္ကိုက္ေနတယ္ ဆိုရင္၊ ေရာဂါတစ္ခုခုေၾကာင့္ လိုက္ကိုက္ေနတယ္ ထင္ရင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

၂။ ေခြးေလးေတြ ကိုက္ဖို႔ ထုတ္လုပ္ထားတဲ့ အ႐ုပ္ေတြ ဝယ္ေပးပါ။

သင့္ေခြးေလးအသက္က ၄ြ ကေန ၆ လအတြင္း ရွိတယ္ဆိုရင္ ဖိနပ္ေတြ၊ အဝတ္အစားေတြ၊ တျခားပစၥည္းေတြကို လိုက္ကိုက္ေနမွာပါ။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ဒီအ႐ြယ္က သြားေတြ ဖြံ႕ၿဖိဳးတဲ့အ႐ြယ္ ျဖစ္လို႔ပါ။

အဲဒါေၾကာင့္ ေခြးေလးေတြ ကိုက္ဖို႔ ထုတ္လုပ္ထားတဲ့ အ႐ုပ္ေလးေတြကို ဝယ္ေပးပါ။ အဲဒီ အ႐ုပ္ေလးေတြကို သူတို႔ မကစားခင္မွာ အိတ္တစ္အိတ္ထဲ ထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ထားပါ။ အဲဒီအခါ ေရအေအးဓါတ္ေၾကာင့္ သြားဖုံးေတြ ေရာင္ရမ္းတာလည္း သက္သာသြားမွာပါ။

၃။ ေခြးနဲ႔အတူ ေဆာ့ေပးပါ။

ေခြးကို အခ်ိန္အၾကာႀကီး အိမ္မွာ ေသာ့ခတ္ခဲ့တာ၊ တစ္ေကာင္တည္း ထားခဲ့တာမ်ိဳးက အထီးက်န္စိတ္ ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ သူတို႔နား ေရာက္လာသမွ်အရာေတြကို လိုက္ကိုက္တာပါ။ ေခြးေလးနဲ႔အတူတူ အခ်ိန္ေပးၿပီးေပးတာက ပိုေပ်ာ္စရာ ေကာင္းပါတယ္။

၄။ အက်င့္ဆိုးေတြကို ေဖ်ာက္ေပးပါ။

သင့္ေခြးက သင္နဲ႔ ကစားေနတုန္း လာကိုက္ရင္ မကိုက္ရဘူး ဆိုၿပီး ေလသံမာမာနဲ႔ေျပာပါ။ ၿပီးရင္ သူ႔ကို မေခၚခ်င္ေယာင္ေဆာင္ၿပီး စကၠန႔္ ၂၀ ေလာက္ ခဏပစ္ထားလိုက္ပါ။ ဒီနည္းကို သူနားလည္လာေလာက္တဲ့အထိ ျပင္ေပးပါ။ သူ႔ကို ေပးထားတဲ့ အ႐ုပ္ေလးနဲ႔ေဆာ့ၿပီး အိမ္က ပစၥည္းေတြကို မကိုက္ေတာ့ရင္ ဆုခ်တဲ့အေနနဲ႔ မုန႔္ေကြၽးလို႔ ရပါတယ္။

သင့္ေခြးက ေဆာ့ေနတုန္း သင့္လက္နဲ႔ အဝတ္အစားေတြကို လာကိုက္ရင္ ေခြးေတြအတြက္ အဆိပ္မျဖစ္ေစတဲ့ အယ္လ္ကိုေဟာ၊ ရွာလကာရည္ကို လက္မွာ ပြတ္ထားလိုက္ပါ။ အဲဒီအနံ႔ေတြကို ေခြးေတြက မႀကိဳက္ပါဘူး။ ဒါမွမဟုတ္ ေခြးေတြမကိုက္တဲ့ spray ဖ်န္းထားလည္း ရပါတယ္။

၅။ ေကာင္းေကာင္းကစားတဲ့အခါ ဆုခ်ပါ။

ေခြးေတြကိုလည္း အသိအမွတ္ ျပဳေပးဖို႔ လိုအပ္ပါတယ္။ သူ႔ရဲ႕အက်င့္ေတြ ေကာင္းလာတဲ့အခါ၊ ပစၥည္းေတြ မကိုက္ေတာ့တဲ့အခါ မုန႔္ေကြၽးတဲ့နည္းနဲ႔ ဆုခ်ပါ။

၆။ ေခြးေတြကို ေလ့က်င့္ေပးတဲ့သူဆီကို ေခၚသြားပါ။

သင့္ေခြးက သင့္ရဲ႕ မိသားစုဝင္ေတြကို ရန္မူေနလို႔ လိမၼာေစခ်င္ရင္ ေခြးေတြကို ေလ့က်င့္ေပးသူဆီ ေခၚသြားေပးပါ။ ဒါမွမဟုတ္ အိမ္အျပင္ကို ေခၚသြားၿပီး ပတ္ဝန္းက်င္နဲ႔ ရင္းႏွီးေအာင္ ထိေတြ႕ေပးပါ။

Zombie (lovemedia)

Post a Comment

0 Comments