ရွှေတွင်းကြီးကို တူးယူလှည့်ပါ

တခါတုန်းက လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေ လိုက်ရှာတယ်။ တနေ့မှာတော့ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက်ရ တယ်။ သူလည်း ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။

ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။ ရွာသားတွေလည်း ပျော်ပျော် ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေ ကြတယ်။

ဒါပေမဲ့ လူတယောက်ကတော့ ရွှေမတူးပဲ သူများတွေ တူးယူနေ ကြတာကို ဘေးက ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။ ဒါနဲ့ ရွှေတွင်းကို တွေ့တဲ့သူက "ဟေ့လူ၊ ရွှေတွေ ဘာလို့ မတူးတာလဲ"

ရွာသားက "ကျနော့်မှာ တူးစရာ ပေါက်ချွန်း မရှိလို့ပါ"

" ဒါဆိုလည်း ရော့ ပေါက်ချွန်း၊ ကြိုက်သလောက်သာ တူးယူပေတော့"

အဲ့ဒီအခါမှာ ရွာသားက "တူးရမှာလည်း ပျင်းလို့ပါ" တဲ့။

ပုံပြင်လေးက ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့ လောကကြီးမှာလည်း နေ့စဉ် ဒီအတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြ ပါလိမ့်မယ်။

တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွား ကြတယ်။ ကြီးပွားချမ်း သာသွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။

ဒီတော့ သူတို့ဟာ သူတို့ကို အကျိုးရှိစေတာ စာဖတ်ခြင်းကြောင့် ဆိုတာကို သိလို့ လူငယ်တွေကိုလည်း သူတို့လို ကြီးပွား အောင်မြင်စေချင်လို့ စာဖတ်ကြပါ လို့ တိုက်တွန်းတယ်။ လူငယ်တွေကတော့ မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။

သူတို့ ဘဝတလျှောက်မှာ စိတ်အေးချမ်းသာစွာ နေစေနိုင်မဲ့ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့စ်ဘွတ်ခ် ပွတ်နေရလို့၊ ဂိမ်းကစား နေရလို့၊ လက်ဖက်ရည်ဆိုင် ထိုင်နေရလို့ မအားပါဘူး ဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ တပတ်ကို အနည်းဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ် လို့ ဖတ်ဖူးပါတယ်။

ဗန်းမော်သိန်းဖေ

Zawgyi

ေ႐ႊတြင္းႀကီးကို တူးယူလွည့္ပါ

တခါတုန္းက လူတေယာက္ဟာ ေတာထဲေတာင္ထဲမွာ ေ႐ႊ လိုက္ရွာတယ္။ တေန႔မွာေတာ့ အလြန္ႀကီးမားတဲ့ ေ႐ႊတြင္းႀကီးကို ေတြ႕လိုက္ရ တယ္။ သူလည္း ရသေလာက္ ေ႐ႊေတြကို တူးတယ္။ ဒါေပမဲ့ သူ ဘယ္ေလာက္တူးတူး ေ႐ႊတြင္းႀကီးက ေ႐ႊဟာ မကုန္ႏိုင္ဘူး။

ဒါေၾကာင့္ သူဟာ သူ႔႐ြာကို ျပန္ၿပီး ႐ြာသားေတြကို ေ႐ႊတြင္းႀကီးဆီကို ေခၚသြားၿပီး ႀကိဳက္သေလာက္ တူးယူၾကလို႔ ေျပာလိုက္တယ္။ ႐ြာသားေတြလည္း ေပ်ာ္ေပ်ာ္ ပါးပါးႀကီးနဲ႔ ႀကိဳက္သေလာက္ တူးယူေန ၾကတယ္။

ဒါေပမဲ့ လူတေယာက္ကေတာ့ ေ႐ႊမတူးပဲ သူမ်ားေတြ တူးယူေန ၾကတာကို ေဘးက ရပ္ၾကည့္ေနတယ္။ ဘာမွ မလုပ္ဘူး။ ဒါနဲ႔ ေ႐ႊတြင္းကို ေတြ႕တဲ့သူက "ေဟ့လူ၊ ေ႐ႊေတြ ဘာလို႔ မတူးတာလဲ"

႐ြာသားက "က်ေနာ့္မွာ တူးစရာ ေပါက္ခြၽန္း မရွိလို႔ပါ"

"ဒါဆိုလည္း ေရာ့ ေပါက္ခြၽန္း၊ ႀကိဳက္သေလာက္သာ တူးယူေပေတာ့"

အဲ့ဒီအခါမွာ ႐ြာသားက "တူးရမွာလည္း ပ်င္းလို႔ပါ" တဲ့။

ပုံျပင္ေလးက ရီစရာလို႔ ထင္ရေပမဲ့ လက္ေတြ႕ ေလာကႀကီးမွာလည္း ေန႔စဥ္ ဒီအတိုင္း ျဖစ္ေနတယ္လို႔ ေျပာလိုက္ရင္ အံ့ၾသသြားၾက ပါလိမ့္မယ္။

တခ်ိဳ႕က စာအုပ္ေတြ ဖတ္ၾကတယ္။ စာအုပ္ေတြက ရတဲ့ အသိဉာဏ္ေတြေၾကာင့္ ေအာင္ျမင္သြား ၾကတယ္။ ႀကီးပြားခ်မ္း သာသြားၾကတယ္။ လူ႔ေလာကႀကီးကို ေကာင္းေကာင္းႀကီး အက်ိဳးျပဳသြားၾကတယ္။

ဒီေတာ့ သူတို႔ဟာ သူတို႔ကို အက်ိဳးရွိေစတာ စာဖတ္ျခင္းေၾကာင့္ ဆိုတာကို သိလို႔ လူငယ္ေတြကိုလည္း သူတို႔လို ႀကီးပြား ေအာင္ျမင္ေစခ်င္လို႔ စာဖတ္ၾကပါ လို႔ တိုက္တြန္းတယ္။ လူငယ္ေတြကေတာ့ မအားလို႔၊ ပ်င္းလို႔ စာမဖတ္ခ်င္ဘူးတဲ့။

သူတို႔ ဘဝတေလွ်ာက္မွာ စိတ္ေအးခ်မ္းသာစြာ ေနေစႏိုင္မဲ့ ေ႐ႊတြင္းႀကီးကို မ်က္စိေရွ႕မွာ ေတြ႕ေနပါလ်က္နဲ႔ ေဖ့စ္ဘြတ္ခ္ ပြတ္ေနရလို႔၊ ဂိမ္းကစား ေနရလို႔၊ လက္ဖက္ရည္ဆိုင္ ထိုင္ေနရလို႔ မအားပါဘူး ဆိုတဲ့ သူေတြ စဥ္းစားဖို႔ပါ။

ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာ သူေ႒းႀကီး ဘီလ္ဂိတ္ဟာ တပတ္ကို အနည္းဆုံး စာအုပ္တအုပ္ကို ၿပီးေအာင္ ဖတ္ေလ့ရွိတယ္ လို႔ ဖတ္ဖူးပါတယ္။

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments