စိန်အစစ်

တခါတုန်းက ပန်းတိမ်ဆရာ တယောက်ဟာ သေခါနီး ဆဲဆဲမှာ သူ၏ သားဖြစ်သူကို အနားကို ခေါ်ပြီး ပြောတယ်။ "သား၊ ဒီသေတ္တာကို ဖွင့်လိုက်ပါ အထဲမှာ ပုံစံတူ စိန်၂ လုံးကို တွေ့လိမ့်မယ်။ တလုံးဟာ စိန်အစစ် ဖြစ်တယ်။ နောက်တလုံးက ပုလင်းကွဲနဲ့ လုပ်ထားတဲ့ စိန်အတု ဖြစ်တယ်"

အဖေဖြစ်သူဟာ စိန်အတုနှင့် အစစ်ကို ပြသကာ သားကို ပြောပြတယ်။ ဒီ စိန်၂ တုံးဟာ မင်းအဖိုးက လက်ဆောင် ပေးခဲ့တာ ဖြစ်တယ်။ မကြာခင်မှာ အဖေဖြစ်သူ ပန်းတိမ်ဆရာ သေဆုံးသွားတော့ သားဖြစ်သူဟာ စိန်၂ လုံးကို ယူကာ ဘုရင်ထံကို ရောက်သွားတယ်။ သူဟာ ဘုရင်ကို ပြောတယ်။

"ဘုရင်ကြီး ခများ၊ ဒီစိန်၂ တုံးအနက် တတုံးဟာ အစစ်ဖြစ်ပြီး တတုံးဟာ အတုဖြစ်တယ်။ ဘုရင်ကြီးရဲ့ နိုင်ငံက ဘယ်သူမဆို အတုနဲ့ အစစ်ကို ခွဲခြားနိုင်ရင် စိန်အစစ်ကို အပိုင်ပေးလိုက်မှာ ဖြစ်တယ်။ တကယ်လို့ မခွဲနိုင်ရင်တော့ စိန်အစစ်ရဲ့ တန်ကြေးကို ပေးရမှာ ဖြစ်ပါတယ်" လို့ ဘုရင်ကို ဖိတ်ခေါ်လိုက်တယ်။

ဘုရင်ကြီးက သဘောတူ လိုက်ပြီး နိုင်ငံမှာရှိနေတဲ့ ပညာရှင်များကို ကြည့်ခိုင်းသောလည်း တယောက်မှ အတုနဲ့ အစစ်ကို မခွဲနိုင်ကြပေ။နောက်ဆုံး စိန်အစစ်ရဲ့ တန်ကြေးကို ပေးလိုက်ရပါတယ်။

စိန်ပိုင်ရှင်ဟာ ဒီလိုနဲ့ပဲ နိုင်ငံတကာကို လှည့်လည်ကာ စိန်ခေါ်ပြီး စိန်ကို မပေးရပဲ ပိုက်ဆံတွေ အများကြီး ယူကာ မိမိနေရပ်သို့ ပြန်လာစဉ် တနေရာမှာ နန်းတော်အသေးလေး တခုကို တွေ့တယ်။ ဘုရင်ဟာ ကွင်းပြင်ကြီးမှာ နန်းတော် အသေးလေး ဆောက်ထားတာ ဖြစ်တယ်။

၎င်းဘုရင်ကိုလည်း အစောကလို ပြောတော့ ဘုရင်က သူနန်းတော်မှာရှိတဲ့ ပညာရှင်များကို ကြည့်ခိုင်းတယ်။ သူတို့လည်း အတုနဲ့ အစစ်ကို မခွဲခြားနိုင် ကြဘူး။

နောက်ဆုံးမှာ မျက်မမြင် အဖိုးအိုတယောက်က ပြောတယ်။ ကျနော့်ကို အတု အစစ် ခွဲခြားဖို့ အခွင့်အရေး ပေးပါ ဆိုတော့ ဘုရင်က ခွင့်ပြုလိုက်တယ်။ မျက်မမြင် အဖိုးအိုက စိန်ကို လက်နဲ့ ကိုင်ပြီး ပြောတယ်။ ဒါဟာ အတု ဖြစ်တယ်၊ ဒါဟာ အစစ် ဖြစ်တယ်။

ပိုင်ရှင်က တအံ့တသြဖြင့် မေးတယ်။ "အဖိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အတုနဲ့ အစစ် ဘယ်လိုခွဲလဲ သိလိုပါတယ်" လို့ ပြောတော့ အဖိုးကပြောတယ်။

"ငါတို့အားလုံး နေပူထဲမှာ ရှိနေသလို ဒီစိန်၂ တုံးလည်း နေပူထဲ မှာပဲ။ ဒါပေမယ့် စိန်အစစ်ဟာ နေဘယ်လောက် ပူပူ မပူပဲ အေးမြဲ အေးနေပြီး ပုလင်းကွဲဟာ နေဒဏ်ကို မခံနိုင်ပဲ ပူလာပါတယ်။ ဒါ့ကြောင့် စိန် အစစ်အတု ခွဲခြားနိုင်ခြင်း ဖြစ်တယ်" လို့ အဖိုးအိုက ပြောလိုက်ပါတော့တယ်။

ကျနော်တို့ လူ့လောကမှာ ထိုနည်းတူပါပဲ။ လူတယောက်ဟာ အကျင့် စာရိတ္တ ချို့ယွင်းတယ်၊ ထစ်ခနဲ ဒေါသ ထွက်တယ်၊ စိတ်ဆိုးတယ်၊ သဘောထား သေးသိမ်တယ် ဆိုရင် သူဟာ စိန်မဟုတ်ပါဘူး သူဟာ ပုလင်းကွဲလိုလူ ပဲဖြစ်ပါတယ်။

အဲ့ဒီတော့ ကိုယ်ဟာ ထစ်ခနဲဆို ပူလောင်၊ ဒေါသထွက် နေတဲ့ ပုလင်းကွဲလား၊ အမြဲတမ်းအေးပဲ အေးပြီး တန်ဖိုးရှိတဲ့ စိန်လား ဆိုတာ ကွဲကွဲပြားပြား သိနိုင်ပါစေ။

crd

Zawgyi

စိန္အစစ္

တခါတုန္းက ပန္းတိမ္ဆရာ တေယာက္ဟာ ေသခါနီး ဆဲဆဲမွာ သူ၏ သားျဖစ္သူကို အနားကို ေခၚၿပီး ေျပာတယ္။ "သား၊ ဒီေသတၱာကို ဖြင့္လိုက္ပါ အထဲမွာ ပုံစံတူ စိန္၂ လုံးကို ေတြ႕လိမ့္မယ္။ တလုံးဟာ စိန္အစစ္ ျဖစ္တယ္။ ေနာက္တလုံးက ပုလင္းကြဲနဲ႔ လုပ္ထားတဲ့ စိန္အတု ျဖစ္တယ္"

အေဖျဖစ္သူဟာ စိန္အတုႏွင့္ အစစ္ကို ျပသကာ သားကို ေျပာျပတယ္။ ဒီ စိန္၂ တုံးဟာ မင္းအဖိုးက လက္ေဆာင္ ေပးခဲ့တာ ျဖစ္တယ္။ မၾကာခင္မွာ အေဖျဖစ္သူ ပန္းတိမ္ဆရာ ေသဆုံးသြားေတာ့ သားျဖစ္သူဟာ စိန္၂ လုံးကို ယူကာ ဘုရင္ထံကို ေရာက္သြားတယ္။ သူဟာ ဘုရင္ကို ေျပာတယ္။

"ဘုရင္ႀကီး ခမ်ား၊ ဒီစိန္၂ တုံးအနက္ တတုံးဟာ အစစ္ျဖစ္ၿပီး တတုံးဟာ အတုျဖစ္တယ္။ ဘုရင္ႀကီးရဲ႕ ႏိုင္ငံက ဘယ္သူမဆို အတုနဲ႔ အစစ္ကို ခြဲျခားႏိုင္ရင္ စိန္အစစ္ကို အပိုင္ေပးလိုက္မွာ ျဖစ္တယ္။ တကယ္လို႔ မခြဲႏိုင္ရင္ေတာ့ စိန္အစစ္ရဲ႕ တန္ေၾကးကို ေပးရမွာ ျဖစ္ပါတယ္" လို႔ ဘုရင္ကို ဖိတ္ေခၚလိုက္တယ္။

ဘုရင္ႀကီးက သေဘာတူ လိုက္ၿပီး ႏိုင္ငံမွာရွိေနတဲ့ ပညာရွင္မ်ားကို ၾကည့္ခိုင္းေသာလည္း တေယာက္မွ အတုနဲ႔ အစစ္ကို မခြဲႏိုင္ၾကေပ။ေနာက္ဆုံး စိန္အစစ္ရဲ႕ တန္ေၾကးကို ေပးလိုက္ရပါတယ္။

စိန္ပိုင္ရွင္ဟာ ဒီလိုနဲ႔ပဲ ႏိုင္ငံတကာကို လွည့္လည္ကာ စိန္ေခၚၿပီး စိန္ကို မေပးရပဲ ပိုက္ဆံေတြ အမ်ားႀကီး ယူကာ မိမိေနရပ္သို႔ ျပန္လာစဥ္ တေနရာမွာ နန္းေတာ္အေသးေလး တခုကို ေတြ႕တယ္။ ဘုရင္ဟာ ကြင္းျပင္ႀကီးမွာ နန္းေတာ္ အေသးေလး ေဆာက္ထားတာ ျဖစ္တယ္။

၎ဘုရင္ကိုလည္း အေစာကလို ေျပာေတာ့ ဘုရင္က သူနန္းေတာ္မွာရွိတဲ့ ပညာရွင္မ်ားကို ၾကည့္ခိုင္းတယ္။ သူတို႔လည္း အတုနဲ႔ အစစ္ကို မခြဲျခားႏိုင္ ၾကဘူး။

ေနာက္ဆုံးမွာ မ်က္မျမင္ အဖိုးအိုတေယာက္က ေျပာတယ္။ က်ေနာ့္ကို အတု အစစ္ ခြဲျခားဖို႔ အခြင့္အေရး ေပးပါ ဆိုေတာ့ ဘုရင္က ခြင့္ျပဳလိုက္တယ္။ မ်က္မျမင္ အဖိုးအိုက စိန္ကို လက္နဲ႔ ကိုင္ၿပီး ေျပာတယ္။ ဒါဟာ အတု ျဖစ္တယ္၊ ဒါဟာ အစစ္ ျဖစ္တယ္။

ပိုင္ရွင္က တအံ့တၾသျဖင့္ ေမးတယ္။ "အဖိုးေျပာတာ မွန္ပါတယ္။ ဒါေပမယ့္ အတုနဲ႔ အစစ္ ဘယ္လိုခြဲလဲ သိလိုပါတယ္" လို႔ ေျပာေတာ့ အဖိုးကေျပာတယ္။

"ငါတို႔အားလုံး ေနပူထဲမွာ ရွိေနသလို ဒီစိန္၂ တုံးလည္း ေနပူထဲ မွာပဲ။ ဒါေပမယ့္ စိန္အစစ္ဟာ ေနဘယ္ေလာက္ ပူပူ မပူပဲ ေအးၿမဲ ေအးေနၿပီး ပုလင္းကြဲဟာ ေနဒဏ္ကို မခံႏိုင္ပဲ ပူလာပါတယ္။ ဒါ့ေၾကာင့္ စိန္ အစစ္အတု ခြဲျခားႏိုင္ျခင္း ျဖစ္တယ္" လို႔ အဖိုးအိုက ေျပာလိုက္ပါေတာ့တယ္။

က်ေနာ္တို႔ လူ႔ေလာကမွာ ထိုနည္းတူပါပဲ။ လူတေယာက္ဟာ အက်င့္ စာရိတၱ ခ်ိဳ႕ယြင္းတယ္၊ ထစ္ခနဲ ေဒါသ ထြက္တယ္၊ စိတ္ဆိုးတယ္၊ သေဘာထား ေသးသိမ္တယ္ ဆိုရင္ သူဟာ စိန္မဟုတ္ပါဘူး သူဟာ ပုလင္းကြဲလိုလူ ပဲျဖစ္ပါတယ္။

အဲ့ဒီေတာ့ ကိုယ္ဟာ ထစ္ခနဲဆို ပူေလာင္၊ ေဒါသထြက္ ေနတဲ့ ပုလင္းကြဲလား၊ အၿမဲတမ္းေအးပဲ ေအးၿပီး တန္ဖိုးရွိတဲ့ စိန္လား ဆိုတာ ကြဲကြဲျပားျပား သိႏိုင္ပါေစ။

crd

Post a Comment

0 Comments