ဗိုက်ကြီးသည်သမင်မ
တခါတုန်းက ကိုယ်ဝန်နေ့စေ့လစေ့နဲ့ မွေးဖွားခါနီး သမင်မကြီးတကောင်ဟာ မီးဖွားစရာနေရာ ရှာရင်း ရေစီးသန်တဲ့ မြစ်တခုရဲ့ဘေးကို ရောက် လာပါတယ် ။
မိုးကောင်းကင်တခုလုံး တိမ်မဲတွေနဲ့ ပြည့်လာပြီး လျှပ်စီးတွေ မိုးကြိုးတွေကလဲ ပစ်ချနေတယ် ။ သမင်မကြီးမှာလည်း မွေးခါနီးဗိုက်နာတဲ့ ဝေဒနာ စ ခံစားလာရတယ် ။
အဲ့ဒီအချိန်မှာ သမင်မ သတိထားမိ လိုက်တာက သူ့ရဲ့ ဘယ်ဘက်ခြမ်းမှာ မုဆိုးတယောက်ဟာ လေးကိုချိန်ရင်း သူ့အနားချည်းကပ်လာတာကိုပေါ့ ။ ညာဘက်ကို ကြည့်ပြန်တော့ သွေးဆာနေတဲ့ ကျားတကောင် ကလည်း မာန်ဖီပြီး သူ့ကို ခုန်အုပ်တော့မယ် ပေါ့ဗျာ။
လောလောဆယ်မှာ ရှေ့က ရေစီးသန်တဲ့မြစ် ဘယ်ညာမှာက မုဆိုးနဲ့ကျား ဆိုတော့ နောက်ပြန်လှည့်ဖို့ စဉ်းစားစဉ် မှာဘဲ သူမ လာခဲ့တဲ့ အနောက်တောအုပ်ကလည်း တောမီးတွေ လောင်လာပါလေရော ပေါ့ဗျာ။
သမင်မကြီး စဉ်းစားရပါပြီ ။ မီးဖွားရမလား? ကျားနဲ့ မုဆိုးရန်က လွတ်ဖို့ ဆိုရင် ရှေ့က ချောင်းထဲခုန်ချပြီး သေမည်ရှင်မည် မသိတာကိုကြိုးစားရမလား။
(သေဖို့ကများ) တောမီးကို ဖြတ်ပြေးရမလား။ ဒါလည်းမသေချာ။ သင်ဆိုရင်ရော ဘာလုပ်ပါမလဲ? သမင်မကြီး ဘာလုပ်မယ် ထင်ပါသလဲ?
ဗိုက်ကြီးသည်သမင်မဟာ ကလေးကိုဘဲ မွေးချလိုက်ပါတယ်။ ကလေးရော အမေရော အသက်ရှင်ကြပါတယ်တဲ့။
ဇာတ်လမ်းက ဒီလိုပါ။ သမင်မကြီးက ကလေးကိုဘဲမွေးမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ကိုယ်ကို လှဲအချ မုဆိုးကလည်း လေးအပစ် မှာ မြှားလွတ်သွားပြီး အဲ့ဒီမြှားက ဆန့်ကျင်ဘက် ကျားကို တည့်တည့် မှန်ပါလေရောတဲ့ဗျာ။
တပြိုင်နက်တည်းမှာဘဲ ကောင်းကင်လာတဲ့ မိုးကြိုးတစင်းကလည်း မုဆိုးကို မှန်သွားသတဲ့။ မည်းနေတဲ့ တိမ်တိုက်ကြီးကလည်း မိုးအဖြစ်ပြောင်းပြီး အားရပါးရရွာချလိုက်တာ တောမီးလည်း ငြိမ်းသွားလေရောပေါ့ဗျာ။
(စိတ်ကူးယဉ်ဆန်တယ် ပြောလို့ရပေမယ့် ဘဝမှာ တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် ဆန်းကျယ်တတ်ပါတယ်။)
စီမံခန့်ခွဲမှု သင်ခန်းစာ တခါတရံ ဘေးကျပ်နံကျပ် အခြေအနေတွေ ကြုံရရင် ဒီပုံပြင်လေးကို သတိရပေးပါ။ သမင်မရဲ့ အဓိက အခြေအနေက ကလေးမွေးဖို့ပါ။ ကျန်တဲ့ အခြေအနေ ၃ ခုက သူမ မပိုင်မဆိုင်တဲ့ ကိစ္စတွေပါ။
သဘာဝဘေးနဲ့ အခြားသူတွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို ကိုယ်ဝင်ပါလို့ မရပါ။ ကိုယ့်ကိုယ်ကို အမြဲ ပြန်မေးပါ။ သင်ဘာကို တန်ဖိုးထားမှာလဲ။ သင်တန်ဖိုးထားတဲ့ အရာရဲ့ နောက်မှာ ကံကြမ္မာနဲ့ မျှော်လင့်ခြင်း အလင်းရောင်တွေ ကိန်းအောင်းနေပါတယ် ။
Crd
Zawgyi
ဗိုက္ႀကီးသည္သမင္မ
တခါတုန္းက ကိုယ္ဝန္ေန႔ေစ့လေစ့နဲ႔ ေမြးဖြားခါနီး သမင္မႀကီးတေကာင္ဟာ မီးဖြားစရာေနရာ ရွာရင္း ေရစီးသန္တဲ့ ျမစ္တခုရဲ႕ေဘးကို ေရာက္ လာပါတယ္ ။ မိုးေကာင္းကင္တခုလုံး တိမ္မဲေတြနဲ႔ ျပည့္လာၿပီး လွ်ပ္စီးေတြ မိုးႀကိဳးေတြကလဲ ပစ္ခ်ေနတယ္ ။ သမင္မႀကီးမွာလည္း ေမြးခါနီးဗိုက္နာတဲ့ ေဝဒနာ စ ခံစားလာရတယ္ ။
အဲ့ဒီအခ်ိန္မွာ သမင္မ သတိထားမိ လိုက္တာက သူ႔ရဲ႕ ဘယ္ဘက္ျခမ္းမွာ မုဆိုးတေယာက္ဟာ ေလးကိုခ်ိန္ရင္း သူ႔အနားခ်ည္းကပ္လာတာကိုေပါ့ ။ ညာဘက္ကို ၾကည့္ျပန္ေတာ့ ေသြးဆာေနတဲ့ က်ားတေကာင္ ကလည္း မာန္ဖီၿပီး သူ႔ကို ခုန္အုပ္ေတာ့မယ္ ေပါ့ဗ်ာ။
ေလာေလာဆယ္မွာ ေရွ႕က ေရစီးသန္တဲ့ျမစ္ ဘယ္ညာမွာက မုဆိုးနဲ႔က်ား ဆိုေတာ့ ေနာက္ျပန္လွည့္ဖို႔ စဥ္းစားစဥ္ မွာဘဲ သူမ လာခဲ့တဲ့ အေနာက္ေတာအုပ္ကလည္း ေတာမီးေတြ ေလာင္လာပါေလေရာ ေပါ့ဗ်ာ။
သမင္မႀကီး စဥ္းစားရပါၿပီ ။ မီးဖြားရမလား? က်ားနဲ႔ မုဆိုးရန္က လြတ္ဖို႔ ဆိုရင္ ေရွ႕က ေခ်ာင္းထဲခုန္ခ်ၿပီး ေသမည္ရွင္မည္ မသိတာကိုႀကိဳးစားရမလား။(ေသဖို႔ကမ်ား) ေတာမီးကို ျဖတ္ေျပးရမလား။ ဒါလည္းမေသခ်ာ။ သင္ဆိုရင္ေရာ ဘာလုပ္ပါမလဲ? သမင္မႀကီး ဘာလုပ္မယ္ ထင္ပါသလဲ?
ဗိုက္ႀကီးသည္သမင္မဟာ ကေလးကိုဘဲ ေမြးခ်လိုက္ပါတယ္။ ကေလးေရာ အေမေရာ အသက္ရွင္ၾကပါတယ္တဲ့။
ဇာတ္လမ္းက ဒီလိုပါ။ သမင္မႀကီးက ကေလးကိုဘဲေမြးမယ္လို႔ ခိုင္ခိုင္မာမာ ဆုံးျဖတ္ၿပီး ကိုယ္ကို လွဲအခ် မုဆိုးကလည္း ေလးအပစ္ မွာ ျမႇားလြတ္သြားၿပီး အဲ့ဒီျမႇားက ဆန႔္က်င္ဘက္ က်ားကို တည့္တည့္ မွန္ပါေလေရာတဲ့ဗ်ာ။
တၿပိဳင္နက္တည္းမွာဘဲ ေကာင္းကင္လာတဲ့ မိုးႀကိဳးတစင္းကလည္း မုဆိုးကို မွန္သြားသတဲ့။ မည္းေနတဲ့ တိမ္တိုက္ႀကီးကလည္း မိုးအျဖစ္ေျပာင္းၿပီး အားရပါးရ႐ြာခ်လိုက္တာ ေတာမီးလည္း ၿငိမ္းသြားေလေရာေပါ့ဗ်ာ။ (စိတ္ကူးယဥ္ဆန္တယ္ ေျပာလို႔ရေပမယ့္ ဘဝမွာ တကယ့္အျဖစ္အပ်က္ေတြက စိတ္ကူးယဥ္ထက္ ဆန္းက်ယ္တတ္ပါတယ္။)
စီမံခန႔္ခြဲမႈသင္ခန္းစာ တခါတရံ ေဘးက်ပ္နံက်ပ္ အေျခအေနေတြ ႀကဳံရရင္ ဒီပုံျပင္ေလးကိုသတိရေပးပါ။ သမင္မရဲ႕ အဓိက အေျခအေနက ကေလးေမြးဖို႔ပါ။ က်န္တဲ့ အေျခအေန ၃ ခုက သူမ မပိုင္မဆိုင္တဲ့ ကိစၥေတြပါ။
သဘာဝေဘးနဲ႔ အျခားသူေတြရဲ႕ ျပဳမူေဆာင္႐ြက္မႈေတြကို ကိုယ္ဝင္ပါလို႔ မရပါ။ ကိုယ့္ကိုယ္ကို အၿမဲ ျပန္ေမးပါ။ သင္ဘာကို တန္ဖိုးထားမွာလဲ။ သင္တန္ဖိုးထားတဲ့ အရာရဲ႕ ေနာက္မွာ ကံၾကမၼာနဲ႔ ေမွ်ာ္လင့္ျခင္း အလင္းေရာင္ေတြ ကိန္းေအာင္းေနပါတယ္ ။
Crd
0 Comments