သမင်၊ ကျီးကန်းနှင့် မြေခွေး

ဟိုး ရှေးရှေးတုန်းက မာဂဓတိုင်းမှာ စကားပင်တွေ များစွာ ပေါက်နေတာကြောင့် စမ္ပကဝတီ အမည်ရှိတဲ့ တောအုပ်ကြီး တခုရှိတယ်။ အဲဒီတောအုပ်ကြီးထဲမှာ သမင်နှင့် ကျီးတို့ ဟာ အလွန် ချစ်ခင် ရင်းနှီးစွာဖြင့် နေထိုင်ကြတယ်။ တနေ့တော့ သမင်ဟာ တကောင်ထဲ အစား အစာကို လှည့်လည် ရှာဖွေ စားသောက်နေစဉ် မြေခွေး တကောင်က မြင်တွေ့ပြီး စိတ်ထဲကနေ စဉ်းစားတယ်။

" ဒီလောက် ဆူဖြိုးပြီး စာကောင်းမဲ့ သမင်သားကို ငါဘယ်လို စားရအောင် ကြံရမလဲ။ လောလောဆယ် ဟန်ဆောင် မိတ်ဆွေဖွဲ့ပြီး ရင်းနှီး အောင်လုပ်မှ အဆင်ပြေလိမ့်မယ် " လို့ ကြံပြီး သမင်းနား သို့သွားကာ " မိတ်ဆွေ နေကောင်းရဲ့လား " လို့ မေးလိုက်တယ်။ သမင်က " သင်ဘယ်သူလဲ " လို့ မေးတော့ မြေခွေးက..

" ကျွန်ုပ်နာမည်က ခုဒ္ဒဗုဒ္ဓိပါ။ ဒီတောအုပ်ကြီးထဲမှာ မိတ်ဆွေ အပေါင်းအသင်း မရှိတာကြောင့် သူသေတဦးလို နေနေရ ပါတယ် ။ အခုတော့ သင့်လို မိတ်ဆွေမျိုးကို တွေ့ ရလို့ သေရွာကနေ ပြန်လာရသလို ခံစားရပါတယ် ။ ဒါကြောင့်မို့ အဆွေ့ရဲ့ အခြွေရံ အခစားဖြင့် အနားမှာ နေခွင့်ပြုစေချင် ပါတယ် " လို့ ပြောလိုက်တော့ သမင်က သဘောတွေ ကျပြီး

" အင်း ဒါဆိုလည်း သင့်သဘောလေ နေကြတာပေါ့ " လို့ ခွင့်ပြုလိုက်တယ် ။ နေဝင်ခါနီးတဲ့ အခါ နှစ်ဦးသား သမင်နေထိုင်တဲ့ နေရာသို့ ပြန်လာကြတယ်။ သမင်နေတဲ့ နေရာမှာက စကားပင်ကြီး တပင်ရှိတယ်။ စကားပင်ကြီးရဲ့ အကိုင်းမှာက ကျီးနေတယ်။ ကျီးကသစ်ကိုင်းထက်ကနေ သမင်နှင့် မြေခွေးတို့ အတူလာတာကို တွေ့တော့ သမင်ကို လှမ်းမေးတယ်။

" အဆွေသမင်၊ သင်နှင့်ပါလာတာ ဘယ်သူလဲ " တဲ့ ။ သမင်က " သူက မြေခွေးပါ " လို့ ဖြေတော့ ကျီးက " အဆွေ ၊ သူစိမ်းတရံနဲ့ အကြောင်းမရှိပဲ အပေါင်း အသင်း မလုပ်သင့်ဘူး ၊ မျိုးရိုးနဲ့ အကျင့်စာရိတ္တ ကောင်းမကောင်း မသိရသေးတဲ့ သူကို နေထိုင်ခွင့် မပေးသင့်ဘူး။ အဲဒီလို မသိပဲ ပေးခဲ့မိလို့ ကြောင်ကြောင့် ဇရဂ္ဂဝ အမည်ရှိတဲ့ လင်းတကြီး အသတ်ခံရဘူးတယ် "

ကျီးက အဲဒီလိုပြောပြီး လင်းတကြီးနဲ့ ကြောင်တို့ရဲ့ပုံပြင် ကို ပြောပြတယ် ။ ကျီးရဲ့ စကားကို ကြားတော့ မြေခွေက ဒေါသထွက်ပြီး ပြန်ပြောတယ်။

" သင်နဲ့ သမင် စတွေ့တုန်းကလည်း အမျိုးအနွယ် အကျင့်စာရိတ္တကို သိကြတာ မဟုတ်ပါဘူး။ အဲဒီလို မသိပါပဲ ဘယ်လို စပြီး မိတ်ဆွေ ဖြစ်ကြလဲ။ ဘာလို့ အခုအထိ ခိုင်မြဲနေကြ တာလဲ ၊ ဒါကတော့ လူရင်းပဲ ဒါကတော့ သူစိမ်းလို့ သတ်မှတ်တာဟာ အမြင်ကျဉ်းတဲ့ သူတွေရဲ့ သတ်မှတ်ချက် ပါပဲ ။ အမြင် ကျယ်တဲ့သူတွေ အဖို့ကတော့ တလောကလုံးဟာ ဆွေမျိုးတွေ ကြီးပါပဲ ။ အနှစ်မရှိတဲ့ တောမှာ ကြက်ဆူပင် မင်းမူသလို ပညာရှိသူ မရှိတဲ့ အရပ်မှာ နည်းနည်းပါးပါး သိတဲ့သူဟာ အနူတောမှာ လူချောပေါ့ " ဒီလိုမြေခွေးက ခနဲ့သလိုပြန်ပြောတော့ သမင်က..

" ဒီလို တဦးနဲ့ တဦး ငြင်းခုန်နေလို့ ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့အားလုံး ယုံယုံ ကြည်ကြည် ညီညီညွတ်ညွတ်နဲ့ တနေရာထဲမှာ အတူနေကြတာပေါ့ ၊ ဘယ်သူမှ ဘယ်သူရဲ့ မိတ်ဆွေလည်းမဟုတ် ရန်သူလည်း မဟုတ်ဘူး။ အပြုအမူ အလေ့အကျင့် နဲ့သာ မိတ်ဆွေ ရန်သူ ဖြစ်ကုန်ကြတယ် "

မပြောသာတော့တဲ့ အဆုံးကျီးကလည်း " ကောင်းပါပြီ ၊ ဒါဆိုလည်း သုံးဦးသား ညီညီညွတ်ညွတ် နေကြတာပေါ့ " ဆိုပြီး သဘောတူလိုက်ရတယ်။

တနေ့ မြေခွေးက သမင်ကို ဆိတ်ကွယ်ရာနေရာကို ခေါ်ပြီး " အဆွေသမင် ဒီတောရဲ့ အစပ်နားမှာ စပါးတွေပေါတဲ့ လယ်ကွက်တကွက် ရှိတယ်။ အဲဒီနေရာကို သင့်ကို ငါပြမယ် " ဆိုပြီး သမင်ကို လယ်ကွက်ရှိရာ ခေါ်သွားတော့တယ်။ အဲဒီနေ့က စပြီး သမင်ဟာ အဲဒီလယ်မှာ နေ့တိုင်း သွားစာတော့တယ် ။

လယ်ရှင်လည်း သမင် နေ့တိုင်း လာစားတာကို သိတော့ ကျော့ကွင်း ထောင်းထားလိုက်တာ သမင်ကျော့ကွင်းမှာ မိပါလေရော။ ကျော့ကွင်းမိနေတဲ့သမင်ဟာ " အခုအချိန်မှာငါ့ကို မုဆိုးကျော့ကွင်းမှ လွတ်အောင် ကယ်နိုင်မဲ့သူဟာ မိတ်ဆွေရင်းမှ တပါး တခြား ဘယ်သူမှ ရှိမှာမဟုတ်ဘူး " လို့ တွေးနေစဉ်မှာပဲ မြေခွေးက ရောက်လာတယ်။

မြေခွေးက အနားမှာ ရပ်ကြည့်ပြီး " ငါ့ရဲ့ အကြံကတော့ အောင်မြင်ပြီ။ မကြာခင် ငါ့အလို ပြည့်တော့မယ်။ လယ်ပိုင်ရှင် ခုတ်ထစ်ထားတဲ့ အသွေး အသားတွေနဲ့ လူးနေတဲ့ အရိုးရင်းတို့ကို ငါစားရတော့မယ် " ဟုကြံကာ ပျော်နေတယ်။ သမင်ကတော့ မြေခွေးကို တွေ့လို့ အားရဝမ်းသာနဲ့ " အဆွေ ကျော့ကွင်းကို အမြန် ကိုက်ဖြတ်ပေးပြီး ကျွန်ုပ်ကို ကယ်ပေးပါ "

ထိုအခါမြေခွေးက ကျော့ကွင်းကို အသေချာလှည့် ပတ်ကြည့်ပြီး ခိုင်ခံ့တဲ့ ကျော့ကွင်း ဖြစ်ကြောင်းကို သိတဲ့ အခါ " အဆွေသမင် ဒီကျော့ကွင်းဟာ သတ္တဝါတို့ရဲ့ အကြောနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ဒီနေ့ဟာ ဥပုသ်နေ့ကြီးမို့ ကျွန်ုပ်ရဲ့ သွားတွေနဲ့ ဒီကျော့ကွင်းကို ဘယ်လိုလုပ် ထိလို့ရမှာလဲ။ အဆွေကျွန်ုပ်ကို တမျိုး မထင်ဘူးဆိုရင် မနက်ဖြန် မနက်မှ အဆွေပြောတဲ့ အတိုင်း လုပ်ပေးပါ့မယ် " လို့ ပြောပြီး အနီးနားက ချုံထဲမှာ ပုန်းနေလေတယ် ။

မိုးလင်းခါနီးအထိ သမင် ပြန်မရောက်လာတဲ့ အခါ ကျီးက စိတ်ပူပြီး နေရာအနှံ့ လိုက်ရှာတော့ ကျော့ကွင်းမိ နေတဲ့ သမင်ကို သွားတွေ့တယ်။ ဒီတော့ကျီးက " အို အဆွေ ဘယ်လိုဖြစ်ရတာလဲ " လို့မေး တဲ့အခါ သမင်က " မိတ်ဆွေကောင်းရဲ့ စကားကို နားမထောင်တဲ့ အကျိုးပါပဲ "

ကျီးက " အခု မြေခွေးစဉ်းလဲ ဘယ်မှာလဲ " လို့ မေးတဲ့အခါ သမင်က " ကျွန်ုပ်ရဲ့ အသားကို စားလို၍ အနီးနားက ချုံကြားထဲမှာ ပုန်းနေပါတယ် " လို့ ဖြေတော့ ကျီးက " ကျွန်ုပ်သင့်ကို အစထဲက ဒါတွေကို ကြိုမြင်လို့ သတိပေးခဲ့သားပဲ ၊ ငါ့မှာ ဘာအပြစ်မှ မရှိဘူး ဆိုပြီး ယုံကြည်စိတ်ချ မနေသင့်ဘူး ။ သူတော်ကောင်းတွေကိုတောင် သူယုတ်မာတွေက အန္တရာယ် ပြုတတ်တယ် ၊ ကွယ်ရာမှာ အကျိုးစီးပွားကို ဖျက်ဆီးပြီး ကိုယ့်ရှေ့မှာတော့ ချိုသာတဲ့ စကားလေးတွေ ပြောတတ်တဲ့ မိတ်ဆွေကို နှုတ်ခမ်းမှာ နို့ရည်လူးထားတဲ့ အဆိပ်အိုးလို ရှောင်ကြဉ်သင့်လှတယ် "

ကျီးက သက်ပြင်းချပြီး ထပ်ပြောပြန်တယ်။ " ကောက်ကျစ် ယုတ်မာလွန်းတဲ့ မြေခွေး၊ သင်ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ ၊ကိုယ်က သူ့အပေါ် ချိုသာတဲ့ စကားလေးတွေနဲ့ နူးနပ်ထားတယ် ။ ဟန်ဆောင် ကောင်းကောင်းနဲ့ အလိုလိုက် အကြိုက်ဆောင် ထားပြီး သူကလည်း ကိုယ့်အပေါ် တခုခု ရနိုးနိုးနဲ့ မျှော်လင့်အားထား သူတောင်းစားလို ဖြစ်နေတဲ့သူကို လိမ်လို့ ရခြင်းဟာ လောကကြီးမှာ အခုမှမဟုတ် အရင်ထဲက ရှိခဲ့တယ် ။ သင်လည်း ဒီနည်းအတိုင်း သမင်အပေါ် ယုတ်မာရက်တယ် "

ကျီးဟာ ထိုသို့ ပြောဆိုနေစဉ်မှာပဲ နံနက်မိုးသောက် အလင်းရောက်လာတဲ့ အခါ တုတ်ကို လက်ကကိုင်ပြီး လာနေတဲ့ လယ်ပိုင်ရှင်ကို မြင်တော့ သမင်ကို " မိတ်ဆွေသမင် သေချင်ယောင် ဆောင်ပြီး ဗိုက်ကို ဖေါင်းအောင်လုပ်ခါ ခြေထောက်တွေကို တောင့်တင်း ထားပါ ။ ကျွန်ုပ်က အဆွေ့ရဲ့ မျက်လုံးကို ထိုးဆွသလို ဟန်ဆောင် နေပါ့မယ် ။ လယ်ပိုင်ရှင် အနားသို့ ရောက်လာရင် ကျွန်ုပ်က အနားကနေ အသံပြု အချက်ပေးတာနဲ့ ထပြေးပါ " လို့ အကြံပေးတယ် ။

သမင်လည်း ကျီး အကြံပြုတဲ့အတိုင်း လုပ်နေတဲ့အခါ လယ်ပိုင်ရှင်ဟာ သမင်ကိုတွေ့ပြီး " ဟာ သမင်က အလိုလို သေနေပါ့လား " လို့ တယောက်တည်း ပြောဆိုပြီး သမင်ကို ကျော့ကွင်းမှ ဖြေကာ ကျော့ကွင်းကို စိတ်ချလက်ချ ခေါက်သိမ်းနေစဉ် ကျီးက အသံပြုပြီး အချက်ပြလိုက်တာနဲ့ တပြိုင်နက် သမင်က ထပြေးပါလေရော ။

သမင် ထပြေးတာကို မြင်တော့ လယ်ပိုင်ရှင်က အနားမှာ ရှိတဲ့တုတ်နဲ့ တအားလွှဲ ပစ်လိုက်တာ သမင်ကိုမထိပဲ သမင်သားစားဖို့ ချုံထဲမှာ ပုန်းနေတဲ့ မြေခွေကို သွားထိမှန်ပြီး မြေခွေးနေရာမှာပဲ ပွဲချင်းပြီး သေသွားလေ တော့တယ် ။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကတော့ ဘေးရန်ရောက်တဲ့ အခါ မိတ်ဆွေစစ် မစစ်ကို၊ စစ်တိုက်တဲ့အခါ သူရဲကောင်း ဟုတ် မဟုတ်ကို၊ ကြွေးပေးတဲ့ အခါ ရိုးဖြောင့်သူ ဟုတ် မဟုတ်ကို၊ ဥစ္စာတွေ ကုန်တဲ့အခါ မယားကောင်း ဟုတ် မဟုတ်ကို၊ စီးပွားပျက်တဲ့အခါ ဆွေမျိုး ပီသ မပီသမှုကို သိနိုင်တယ် ။

ပျော်ပွဲသဘင် ဆင်ယင်ကျင်းပရာအခါ၊ ကံမကောင်း အကြောင်းမလှတဲ့ အခါ၊ ငတ်မွတ်ခေါင်းပါး အလွန်ရှားတဲ့ အခါ၊ တိုင်းပြည် မငြိမ်မသက် ဖြစ်တဲ့အခါ၊ မင်းအိမ်တံခါး ရုံးပြင်ကန္နား ရောက်တဲ့အခါ၊ သုသာန်တစ သင်္ချိုင်းဝသို့ သွားရတဲ့အခါ ကူညီ ရပ်တည်ပေးသူဟာ မိတ်ဆွေစစ်ပါပဲ ။

သူယုတ်မာနဲ့ကတော့ ဖက်ပြီး ရန်လည်း မဖြစ်သင့်ဘူး ။ မိတ်ဆွေလည်း မဖွဲ့သင့်ဘူး ။ မီးခဲဟာ ကိုင်တဲ့သူကို ပူနေတုန်းမှာ လက်ကိုလောင်တတ်ပြီး အေးသွားတော့ လက်ကို မည်းစေတယ် ။  ခြင်ဟာ အရင်ဆုံး ခြေထောက်မှာ နားတယ် ။ ပြီးတော့ ကျောကုန်းကို ကိုက်တယ်။ နောက်တော့ နားနားမှာ တဝီဝီ အော်တယ် ။ နောက်ဆုံး မွှေးညှင်းပေါက်ကို ရှာပြီး ဝင်ရောက် ကိုက်ခဲတယ်။

လူယုတ်မာလည်း အရင်ဆုံး ခြေရင်းအနား ခစားတယ်။ ပြီးတော့ နောက်ကျောကို ဓားနဲ့ထိုးတယ် ။ နောက်တော့ သူ မဟုတ်သလို တီတီ တာတာပြောတယ် ။ နောက်ဆုံး အပြစ်အနာအဆာ အပေါက်ကို ရှာပြီး ဝင်ရောက် ဒုက္ခပေးတယ် ။ ဒါကြောင့် ခြင်နဲ့ သူယုတ်မာဟာ တူတယ် ။ သူယုတ်မာလည်း ချစ်စဖွယ် စကားလုံးတွေကို သုံးတယ် ။ ဒီအချက် တခုထဲနဲ့တော့ ရင်းနှီးကျွမ်းဝင် မဖြစ်သင့်ဘူး ။ နှုတ်ခမ်းမှာ ပျားရည်လူးထားပြီး နှလုံးသားမှာတော့ အဆိပ်တွေ သိမ်းထားတယ်ဆိုတာ သိထားသင့်တယ် ။

crd

Zawgyi

သမင္၊ က်ီးကန္းႏွင့္ ေျမေခြး

ဟိုး ေရွးေရွးတုန္းက မာဂဓတိုင္းမွာ စကားပင္ေတြ မ်ားစြာ ေပါက္ေနတာေၾကာင့္ စမၸကဝတီ အမည္ရွိတဲ့ ေတာအုပ္ႀကီး တခုရွိတယ္။ အဲဒီေတာအုပ္ႀကီးထဲမွာ သမင္ႏွင့္ က်ီးတို႔ ဟာ အလြန္ ခ်စ္ခင္ ရင္းႏွီးစြာျဖင့္ ေနထိုင္ၾကတယ္။ တေန႔ေတာ့ သမင္ဟာ တေကာင္ထဲ အစား အစာကို လွည့္လည္ ရွာေဖြ စားေသာက္ေနစဥ္ ေျမေခြး တေကာင္က ျမင္ေတြ႕ၿပီး စိတ္ထဲကေန စဥ္းစားတယ္။

" ဒီေလာက္ ဆူၿဖိဳးၿပီး စာေကာင္းမဲ့ သမင္သားကို ငါဘယ္လို စားရေအာင္ ႀကံရမလဲ။ ေလာေလာဆယ္ ဟန္ေဆာင္ မိတ္ေဆြဖြဲ႕ၿပီး ရင္းႏွီး ေအာင္လုပ္မွ အဆင္ေျပလိမ့္မယ္ " လို႔ ႀကံၿပီး သမင္းနား သို႔သြားကာ " မိတ္ေဆြ ေနေကာင္းရဲ႕လား " လို႔ ေမးလိုက္တယ္။ သမင္က " သင္ဘယ္သူလဲ " လို႔ ေမးေတာ့ ေျမေခြးက

" ကြၽႏ္ုပ္နာမည္က ခုဒၵဗုဒၶိပါ။ ဒီေတာအုပ္ႀကီးထဲမွာ မိတ္ေဆြ အေပါင္းအသင္း မရွိတာေၾကာင့္ သူေသတဦးလို ေနေနရ ပါတယ္ ။ အခုေတာ့ သင့္လို မိတ္ေဆြမ်ိဳးကို ေတြ႕ ရလို႔ ေသ႐ြာကေန ျပန္လာရသလို ခံစားရပါတယ္ ။ ဒါေၾကာင့္မို႔ အေဆြ႕ရဲ႕ အေႁခြရံ အခစားျဖင့္ အနားမွာ ေနခြင့္ျပဳေစခ်င္ ပါတယ္ " လို႔ ေျပာလိုက္ေတာ့ သမင္က သေဘာေတြ က်ၿပီး

" အင္း ဒါဆိုလည္း သင့္သေဘာေလ ေနၾကတာေပါ့ " လို႔ ခြင့္ျပဳလိုက္တယ္ ။ ေနဝင္ခါနီးတဲ့ အခါ ႏွစ္ဦးသား သမင္ေနထိုင္တဲ့ ေနရာသို႔ ျပန္လာၾကတယ္။ သမင္ေနတဲ့ ေနရာမွာက စကားပင္ႀကီး တပင္ရွိတယ္။ စကားပင္ႀကီးရဲ႕ အကိုင္းမွာက က်ီးေနတယ္။ က်ီးကသစ္ကိုင္းထက္ကေန သမင္ႏွင့္ ေျမေခြးတို႔ အတူလာတာကို ေတြ႕ေတာ့ သမင္ကို လွမ္းေမးတယ္။

" အေဆြသမင္၊ သင္ႏွင့္ပါလာတာ ဘယ္သူလဲ " တဲ့ ။ သမင္က " သူက ေျမေခြးပါ " လို႔ ေျဖေတာ့ က်ီးက " အေဆြ ၊ သူစိမ္းတရံနဲ႔ အေၾကာင္းမရွိပဲ အေပါင္း အသင္း မလုပ္သင့္ဘူး ၊ မ်ိဳး႐ိုးနဲ႔ အက်င့္စာရိတၱ ေကာင္းမေကာင္း မသိရေသးတဲ့ သူကို ေနထိုင္ခြင့္ မေပးသင့္ဘူး။ အဲဒီလို မသိပဲ ေပးခဲ့မိလို႔ ေၾကာင္ေၾကာင့္ ဇရဂၢဝ အမည္ရွိတဲ့ လင္းတႀကီး အသတ္ခံရဘူးတယ္ "

က်ီးက အဲဒီလိုေျပာၿပီး လင္းတႀကီးနဲ႔ ေၾကာင္တို႔ရဲ႕ပုံျပင္ ကို ေျပာျပတယ္ ။ က်ီးရဲ႕ စကားကို ၾကားေတာ့ ေျမေခြက ေဒါသထြက္ၿပီး ျပန္ေျပာတယ္။

" သင္နဲ႔ သမင္ စေတြ႕တုန္းကလည္း အမ်ိဳးအႏြယ္ အက်င့္စာရိတၱကို သိၾကတာ မဟုတ္ပါဘူး။ အဲဒီလို မသိပါပဲ ဘယ္လို စၿပီး မိတ္ေဆြ ျဖစ္ၾကလဲ။ ဘာလို႔ အခုအထိ ခိုင္ၿမဲေနၾက တာလဲ ၊ ဒါကေတာ့ လူရင္းပဲ ဒါကေတာ့ သူစိမ္းလို႔ သတ္မွတ္တာဟာ အျမင္က်ဥ္းတဲ့ သူေတြရဲ႕ သတ္မွတ္ခ်က္ ပါပဲ ။ အျမင္ က်ယ္တဲ့သူေတြ အဖို႔ကေတာ့ တေလာကလုံးဟာ ေဆြမ်ိဳးေတြ ႀကီးပါပဲ ။ အႏွစ္မရွိတဲ့ ေတာမွာ ၾကက္ဆူပင္ မင္းမူသလို ပညာရွိသူ မရွိတဲ့ အရပ္မွာ နည္းနည္းပါးပါး သိတဲ့သူဟာ အႏူေတာမွာ လူေခ်ာေပါ့ " ဒီလိုေျမေခြးက ခနဲ႔သလိုျပန္ေျပာေတာ့ သမင္က

" ဒီလို တဦးနဲ႔ တဦး ျငင္းခုန္ေနလို႔ ဘာအက်ိဳးမွ မရွိဘူး။ ဒါေၾကာင့္မို႔ ကြၽႏ္ုပ္တို႔အားလုံး ယုံယုံ ၾကည္ၾကည္ ညီညီၫြတ္ၫြတ္နဲ႔ တေနရာထဲမွာ အတူေနၾကတာေပါ့ ၊ ဘယ္သူမွ ဘယ္သူရဲ႕ မိတ္ေဆြလည္းမဟုတ္ ရန္သူလည္း မဟုတ္ဘူး။ အျပဳအမူ အေလ့အက်င့္ နဲ႔သာ မိတ္ေဆြ ရန္သူ ျဖစ္ကုန္ၾကတယ္ "

မေျပာသာေတာ့တဲ့ အဆုံးက်ီးကလည္း " ေကာင္းပါၿပီ ၊ ဒါဆိုလည္း သုံးဦးသား ညီညီၫြတ္ၫြတ္ ေနၾကတာေပါ့ " ဆိုၿပီး သေဘာတူလိုက္ရတယ္။

တေန႔ ေျမေခြးက သမင္ကို ဆိတ္ကြယ္ရာေနရာကို ေခၚၿပီး " အေဆြသမင္ ဒီေတာရဲ႕ အစပ္နားမွာ စပါးေတြေပါတဲ့ လယ္ကြက္တကြက္ ရွိတယ္။ အဲဒီေနရာကို သင့္ကို ငါျပမယ္ " ဆိုၿပီး သမင္ကို လယ္ကြက္ရွိရာ ေခၚသြားေတာ့တယ္။ အဲဒီေန႔က စၿပီး သမင္ဟာ အဲဒီလယ္မွာ ေန႔တိုင္း သြားစာေတာ့တယ္ ။

လယ္ရွင္လည္း သမင္ ေန႔တိုင္း လာစားတာကို သိေတာ့ ေက်ာ့ကြင္း ေထာင္းထားလိုက္တာ သမင္ေက်ာ့ကြင္းမွာ မိပါေလေရာ။ ေက်ာ့ကြင္းမိေနတဲ့သမင္ဟာ " အခုအခ်ိန္မွာငါ့ကို မုဆိုးေက်ာ့ကြင္းမွ လြတ္ေအာင္ ကယ္ႏိုင္မဲ့သူဟာ မိတ္ေဆြရင္းမွ တပါး တျခာ းဘယ္သူမွ ရွိမွာမဟုတ္ဘူး " လို႔ ေတြးေနစဥ္မွာပဲ ေျမေခြးက ေရာက္လာတယ္။

ေျမေခြးက အနားမွာ ရပ္ၾကည့္ၿပီး " ငါ့ရဲ႕ အႀကံကေတာ့ ေအာင္ျမင္ၿပီ။ မၾကာခင္ ငါ့အလို ျပည့္ေတာ့မယ္။ လယ္ပိုင္ရွင္ ခုတ္ထစ္ထားတဲ့ အေသြး အသားေတြနဲ႔ လူးေနတဲ့ အ႐ိုးရင္းတို႔ကို ငါစားရေတာ့မယ္ " ဟုႀကံကာ ေပ်ာ္ေနတယ္။ သမင္ကေတာ့ ေျမေခြးကို ေတြ႕လို႔ အားရဝမ္းသာနဲ႔ " အေဆြ ေက်ာ့ကြင္းကို အျမန္ ကိုက္ျဖတ္ေပးၿပီး ကြၽႏ္ုပ္ကို ကယ္ေပးပါ "

ထိုအခါေျမေခြးက ေက်ာ့ကြင္းကို အေသခ်ာလွည့္ ပတ္ၾကည့္ၿပီး ခိုင္ခံ့တဲ့ ေက်ာ့ကြင္း ျဖစ္ေၾကာင္းကို သိတဲ့ အခါ " အေဆြသမင္ ဒီေက်ာ့ကြင္းဟာ သတၱဝါတို႔ရဲ႕ အေၾကာနဲ႔ ျပဳလုပ္ထားတာ ျဖစ္တယ္။ ဒီေန႔ဟာ ဥပုသ္ေန႔ႀကီးမို႔ ကြၽႏ္ုပ္ရဲ႕ သြားေတြနဲ႔ ဒီေက်ာ့ကြင္းကို ဘယ္လိုလုပ္ ထိလို႔ရမွာလဲ။ အေဆြကြၽႏ္ုပ္ကို တမ်ိဳး မထင္ဘူးဆိုရင္ မနက္ျဖန္ မနက္မွ အေဆြေျပာတဲ့ အတိုင္း လုပ္ေပးပါ့မယ္ " လို႔ ေျပာၿပီး အနီးနားက ခ်ဳံထဲမွာ ပုန္းေနေလတယ္ ။

မိုးလင္းခါနီးအထိ သမင္ ျပန္မေရာက္လာတဲ့ အခါ က်ီးက စိတ္ပူၿပီး ေနရာအႏွံ႔ လိုက္ရွာေတာ့ ေက်ာ့ကြင္းမိ ေနတဲ့ သမင္ကို သြားေတြ႕တယ္။ ဒီေတာ့က်ီးက " အို အေဆြ ဘယ္လိုျဖစ္ရတာလဲ " လို႔ေမး တဲ့အခါ သမင္က " မိတ္ေဆြေကာင္းရဲ႕ စကားကို နားမေထာင္တဲ့ အက်ိဳးပါပဲ "

က်ီးက " အခု ေျမေခြးစဥ္းလဲ ဘယ္မွာလဲ " လို႔ ေမးတဲ့အခါ သမင္က " ကြၽႏ္ုပ္ရဲ႕ အသားကို စားလို၍ အနီးနားက ခ်ဳံၾကားထဲမွာ ပုန္းေနပါတယ္ " လို႔ ေျဖေတာ့ က်ီးက " ကြၽႏ္ုပ္သင့္ကို အစထဲက ဒါေတြကို ႀကိဳျမင္လို႔ သတိေပးခဲ့သားပဲ ၊ ငါ့မွာ ဘာအျပစ္မွ မရွိဘူး ဆိုၿပီး ယုံၾကည္စိတ္ခ် မေနသင့္ဘူး ။ သူေတာ္ေကာင္းေတြကိုေတာင္ သူယုတ္မာေတြက အႏၲရာယ္ ျပဳတတ္တယ္ ၊ ကြယ္ရာမွာ အက်ိဳးစီးပြားကို ဖ်က္ဆီးၿပီး ကိုယ့္ေရွ႕မွာေတာ့ ခ်ိဳသာတဲ့ စကားေလးေတြ ေျပာတတ္တဲ့ မိတ္ေဆြကို ႏႈတ္ခမ္းမွာ ႏို႔ရည္လူးထားတဲ့ အဆိပ္အိုးလို ေရွာင္ၾကဥ္သင့္လွတယ္ "

က်ီးက သက္ျပင္းခ်ၿပီး ထပ္ေျပာျပန္တယ္။ " ေကာက္က်စ္ ယုတ္မာလြန္းတဲ့ ေျမေခြး၊ သင္ဘာလို႔ ဒီေလာက္ေတာင္ ယုတ္မာရတာလဲ ၊ကိုယ္က သူ႔အေပၚ ခ်ိဳသာတဲ့ စကားေလးေတြနဲ႔ ႏူးနပ္ထားတယ္ ။ ဟန္ေဆာင္ ေကာင္းေကာင္းနဲ႔ အလိုလိုက္ အႀကိဳက္ေဆာင္ ထားၿပီး သူကလည္း ကိုယ့္အေပၚ တခုခု ရႏိုးႏိုးနဲ႔ ေမွ်ာ္လင့္အားထား သူေတာင္းစားလို ျဖစ္ေနတဲ့သူကို လိမ္လို႔ ရျခင္းဟာ ေလာကႀကီးမွာ အခုမွမဟုတ္ အရင္ထဲက ရွိခဲ့တယ္ ။ သင္လည္း ဒီနည္းအတိုင္း သမင္အေပၚ ယုတ္မာရက္တယ္ "

က်ီးဟာ ထိုသို႔ ေျပာဆိုေနစဥ္မွာပဲ နံနက္မိုးေသာက္ အလင္းေရာက္လာတဲ့ အခါ တုတ္ကို လက္ကကိုင္ၿပီး လာေနတဲ့ လယ္ပိုင္ရွင္ကို ျမင္ေတာ့ သမင္ကို " မိတ္ေဆြသမင္ ေသခ်င္ေယာင္ ေဆာင္ၿပီး ဗိုက္ကို ေဖါင္းေအာင္လုပ္ခါ ေျခေထာက္ေတြကို ေတာင့္တင္း ထားပါ ။ ကြၽႏ္ုပ္က အေဆြ႕ရဲ႕ မ်က္လုံးကို ထိုးဆြသလို ဟန္ေဆာင္ ေနပါ့မယ္ ။ လယ္ပိုင္ရွင္ အနားသို႔ ေရာက္လာရင္ ကြၽႏ္ုပ္က အနားကေန အသံျပဳ အခ်က္ေပးတာနဲ႔ ထေျပးပါ " လို႔ အႀကံေပးတယ္ ။

သမင္လည္း က်ီး အႀကံျပဳတဲ့အတိုင္း လုပ္ေနတဲ့အခါ လယ္ပိုင္ရွင္ဟာ သမင္ကိုေတြ႕ၿပီး " ဟာ သမင္က အလိုလို ေသေနပါ့လား " လို႔ တေယာက္တည္း ေျပာဆိုၿပီး သမင္ကို ေက်ာ့ကြင္းမွ ေျဖကာ ေက်ာ့ကြင္းကို စိတ္ခ်လက္ခ် ေခါက္သိမ္းေနစဥ္ က်ီးက အသံျပဳၿပီး အခ်က္ျပလိုက္တာနဲ႔ တၿပိဳင္နက္ သမင္က ထေျပးပါေလေရာ ။

သမင္ ထေျပးတာကို ျမင္ေတာ့ လယ္ပိုင္ရွင္က အနားမွာ ရွိတဲ့တုတ္နဲ႔ တအားလႊဲ ပစ္လိုက္တာ သမင္ကိုမထိပဲ သမင္သားစားဖို႔ ခ်ဳံထဲမွာ ပုန္းေနတဲ့ ေျမေခြကို သြားထိမွန္ၿပီး ေျမေခြးေနရာမွာပဲ ပြဲခ်င္းၿပီး ေသသြားေလ ေတာ့တယ္ ။

ဒီပုံျပင္ေလးက ေပးတဲ့ သင္ခန္းစာကေတာ့ ေဘးရန္ေရာက္တဲ့ အခါ မိတ္ေဆြစစ္ မစစ္ကို၊ စစ္တိုက္တဲ့အခါ သူရဲေကာင္း ဟုတ္ မဟုတ္ကို၊ ေႂကြးေပးတဲ့ အခါ ႐ိုးေျဖာင့္သူ ဟုတ္ မဟုတ္ကို၊ ဥစၥာေတြ ကုန္တဲ့အခါ မယားေကာင္း ဟုတ္ မဟုတ္ကို၊ စီးပြားပ်က္တဲ့အခါ ေဆြမ်ိဳး ပီသ မပီသမႈကို သိႏိုင္တယ္ ။

ေပ်ာ္ပြဲသဘင္ ဆင္ယင္က်င္းပရာအခါ၊ ကံမေကာင္း အေၾကာင္းမလွတဲ့ အခါ၊ ငတ္မြတ္ေခါင္းပါး အလြန္ရွားတဲ့ အခါ၊ တိုင္းျပည္ မၿငိမ္မသက္ ျဖစ္တဲ့အခါ၊ မင္းအိမ္တံခါး ႐ုံးျပင္ကႏၷား ေရာက္တဲ့အခါ၊ သုသာန္တစ သခ်ႋဳင္းဝသို႔ သြားရတဲ့အခါ ကူညီ ရပ္တည္ေပးသူဟာ မိတ္ေဆြစစ္ပါပဲ ။

သူယုတ္မာနဲ႔ကေတာ့ ဖက္ၿပီး ရန္လည္း မျဖစ္သင့္ဘူး ။ မိတ္ေဆြလည္း မဖြဲ႕သင့္ဘူး ။ မီးခဲဟာ ကိုင္တဲ့သူကို ပူေနတုန္းမွာ လက္ကိုေလာင္တတ္ၿပီး ေအးသြားေတာ့ လက္ကို မည္းေစတယ္ ။  ျခင္ဟာ အရင္ဆုံး ေျခေထာက္မွာ နားတယ္ ။ ၿပီးေတာ့ ေက်ာကုန္းကို ကိုက္တယ္။ ေနာက္ေတာ့ နားနားမွာ တဝီဝီ ေအာ္တယ္ ။ ေနာက္ဆုံး ေမႊးညႇင္းေပါက္ကို ရွာၿပီး ဝင္ေရာက္ ကိုက္ခဲတယ္။

လူယုတ္မာလည္း အရင္ဆုံး ေျခရင္းအနား ခစားတယ္။ ၿပီးေတာ့ ေနာက္ေက်ာကို ဓားနဲ႔ထိုးတယ္ ။ ေနာက္ေတာ့ သူ မဟုတ္သလို တီတီ တာတာေျပာတယ္ ။ ေနာက္ဆုံး အျပစ္အနာအဆာ အေပါက္ကို ရွာၿပီး ဝင္ေရာက္ ဒုကၡေပးတယ္ ။ ဒါေၾကာင့္ ျခင္နဲ႔ သူယုတ္မာဟာ တူတယ္ ။ သူယုတ္မာလည္း ခ်စ္စဖြယ္ စကားလုံးေတြကို သုံးတယ္ ။ ဒီအခ်က္ တခုထဲနဲ႔ေတာ့ ရင္းႏွီးကြၽမ္းဝင္ မျဖစ္သင့္ဘူး ။ ႏႈတ္ခမ္းမွာ ပ်ားရည္လူးထားၿပီး ႏွလုံးသားမွာေတာ့ အဆိပ္ေတြ သိမ္းထားတယ္ဆိုတာ သိထားသင့္တယ္ ။

crd

Post a Comment

0 Comments