အမေဆိုတာ သမီးတွေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကောင်းလို့လည်း ပြောလို့ရပါတယ်။ မိန်းကလေးတွေရဲ့ ဘဝက ထိလွယ်ရှလွယ်တာကြောင့် တချို့အရာတွေကို သမီးတွေ ငယ်စဉ်ကတည်းကနေ ပြောပြထားပေး သင့်ပါတယ်နော်။ အဲဒီလိုမှသာ အရွယ်ရောက်လာတဲ့အခါ စိတ်ဓါတ်ခိုင်မာပြီး ပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ။

၁။ ငြင်းဆန်တတ်ဖို့

မိဘတွေက ကလေးတွေကို ယဉ်ကျေးအောင်၊ တခြားသူတွေကို လေးစားမှု ထားတတ်အောင် သင်ပေးပါတယ်။ ယဉ်ကျေးတတ်ဖို့၊ လေးစားတတ်ဖို့အပြင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်အောင် သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကလေးတွေက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နေ့စဉ်စော်ကားခံနေရပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးတွေရဲ့ လုံခြုံရေးအတွက် ငြင်းဆန်တတ်တဲ့စကားတွေ သင်ပေးဖို့ တိုက်တွန်းထားပါတယ်။

၂။ အလှအပအပေါ် တန်ဖိုးထားမှု

လေ့လာချက်တွေအရ အမေက မျိုးရိုးကြောင့် မဟုတ်ဘဲ အဝလွန်နေရင် သမီးတွေကလည်း ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန် တတ်ကြတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရာကနေ စိတ်ဖိစီးမှုတွေပါ ဖြစ်လာစေပါတယ်။ အဲဒါကြောင့် အမေကိုယ်တိုင်က သမီးတွေ အားကျရလောက်အောင် လှပနေသင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မိန်းကလေး တစ်ယောက်အတွက် အလှအပကလည်း အရေးပါလို့ပါ။

၃။ လိုအပ်တဲ့အချိန်မှာ အကူအညီ တောင်းတတ်ဖို့

ထက်မြက်တဲ့ အမျိုးသမီးတွေက ကိုယ့်အားကိုယ်ကိုးပြီး နှစ်ပေါင်းများစွာ ရပ်တည်နိုင် ကြပါတယ်။ ဒါပေမယ့် ကလေးအရွယ်မှာတော့ အကူအညီ တောင်းတတ်ဖို့က လိုအပ်ပါတယ်။ အကူအညီ တောင်းတယ်ဆိုတိုင်း အမြဲတမ်း သူများကို အားကိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အကူအညီတောင်းတာက အားနည်းချက် တစ်ခုလည်း မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကိုယ်တိုင်မလုပ်နိုင်တဲ့ အရာတွေ ရှိတဲ့အခါ အကူအညီတောင်းဖို့ လိုသလို ကိုယ်ကလည်း ပြန်ကူညီပေးဖို့ လိုအပ်ကြောင်း ပြောပြထားသင့်ပါတယ်။

၄။ ပျော်ရွှင်မှုကို ရှာဖွေမယ့်အစား ကိုယ်တိုင် ဖန်တီးယူတတ်ဖို့

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသူတွေက ပျော်ရွှင်မှုကို သူများက ပေးမှရမယ်လို့ ထင်တတ်ကြပါတယ်။ အဲဒီအခါ ပျော်ရွှင်မှုအတွက် တစ်ဖက်သားကို အမြဲတမ်း မှီခိုသွားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ ဖန်တီးနိုင်တာပါ။ အဲဒါကြောင့်..

- အကောင်းမြင်စိတ်

- ကျေးဇူးသိတတ်ခြင်းနဲ့ လေးစားမှုရှိခြင်း

- ပျော်ပျော်နေတတ်ခြင်း

- လိုက်လျောညီထွေ နေတတ်ခြင်း

- နေ့စဉ်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ

စတာတွေက လူတစ်ယောက်မှာ မဖြစ်မနေ လိုအပ်ကြောင်း သင်ပေးပါ။

သင့်ရဲ့ကလေးကို ဘယ်အရာပဲ သင်ပေးသင်ပေး သင်က ကလေးရဲ့ စံပြလူသား ဖြစ်နေမှာပါပဲ။

Zombie (lovemedia)

for zawgyi

အေမေတြက သမီးေတြကို ငယ္စဥ္ကတည္းက မျဖစ္မေန ေျပာျပထားသင့္တဲ့အရာ (၄) ခု

အေမဆိုတာ သမီးေတြရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းေကာင္းလို႔လည္း ေျပာလို႔ရပါတယ္။ မိန္းကေလးေတြရဲ႕ ဘဝက ထိလြယ္ရွလြယ္တာေၾကာင့္ တခ်ိဳ႕အရာေတြကို သမီးေတြ ငယ္စဥ္ကတည္းကေန ေျပာျပထားေပး သင့္ပါတယ္ေနာ္။ အဲဒီလိုမွသာ အ႐ြယ္ေရာက္လာတဲ့အခါ စိတ္ဓါတ္ခိုင္မာၿပီး ေပ်ာ္႐ႊင္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္လာမွာပါ။

၁။ ျငင္းဆန္တတ္ဖို႔

မိဘေတြက ကေလးေတြကို ယဥ္ေက်းေအာင္၊ တျခားသူေတြကို ေလးစားမႈ ထားတတ္ေအာင္ သင္ေပးပါတယ္။ ယဥ္ေက်းတတ္ဖို႔၊ ေလးစားတတ္ဖို႔အျပင္ ယဥ္ယဥ္ေက်းေက်း ျငင္းဆန္တတ္ေအာင္ သင္ၾကားေပးဖို႔လည္း အေရးႀကီးပါတယ္။ ကမာၻတစ္ဝွမ္းလုံးမွာ ကေလးေတြက စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာ ေန႔စဥ္ေစာ္ကားခံေနရပါတယ္။ စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ ကေလးေတြရဲ႕ လုံၿခဳံေရးအတြက္ ျငင္းဆန္တတ္တဲ့စကားေတြ သင္ေပးဖို႔ တိုက္တြန္းထားပါတယ္။

၂။ အလွအပအေပၚ တန္ဖိုးထားမႈ

ေလ့လာခ်က္ေတြအရ အေမက မ်ိဳး႐ိုးေၾကာင့္ မဟုတ္ဘဲ အဝလြန္ေနရင္ သမီးေတြကလည္း ကိုယ္ခႏၶာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္ တတ္ၾကတယ္လို႔ ဆိုပါတယ္။ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းရာကေန စိတ္ဖိစီးမႈေတြပါ ျဖစ္လာေစပါတယ္။ အဲဒါေၾကာင့္ အေမကိုယ္တိုင္က သမီးေတြ အားက်ရေလာက္ေအာင္ လွပေနသင့္ပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ မိန္းကေလး တစ္ေယာက္အတြက္ အလွအပကလည္း အေရးပါလို႔ပါ။

၃။ လိုအပ္တဲ့အခ်ိန္မွာ အကူအညီ ေတာင္းတတ္ဖို႔

ထက္ျမက္တဲ့ အမ်ိဳးသမီးေတြက ကိုယ့္အားကိုယ္ကိုးၿပီး ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ႏိုင္ ၾကပါတယ္။ ဒါေပမယ့္ ကေလးအ႐ြယ္မွာေတာ့ အကူအညီ ေတာင္းတတ္ဖို႔က လိုအပ္ပါတယ္။ အကူအညီ ေတာင္းတယ္ဆိုတိုင္း အၿမဲတမ္း သူမ်ားကို အားကိုးတာကို ဆိုလိုတာ မဟုတ္ပါဘူး။ အကူအညီေတာင္းတာက အားနည္းခ်က္ တစ္ခုလည္း မဟုတ္ပါဘူး။ တစ္ခါတရံမွာ ကိုယ္တိုင္မလုပ္ႏိုင္တဲ့ အရာေတြ ရွိတဲ့အခါ အကူအညီေတာင္းဖို႔ လိုသလို ကိုယ္ကလည္း ျပန္ကူညီေပးဖို႔ လိုအပ္ေၾကာင္း ေျပာျပထားသင့္ပါတယ္။

၄။ ေပ်ာ္႐ႊင္မႈကို ရွာေဖြမယ့္အစား ကိုယ္တိုင္ ဖန္တီးယူတတ္ဖို႔

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းသူေတြက ေပ်ာ္႐ႊင္မႈကို သူမ်ားက ေပးမွရမယ္လို႔ ထင္တတ္ၾကပါတယ္။ အဲဒီအခါ ေပ်ာ္႐ႊင္မႈအတြက္ တစ္ဖက္သားကို အၿမဲတမ္း မွီခိုသြားတတ္ၾကပါတယ္။ တကယ္ေတာ့ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈကို ကိုယ္တိုင္ပဲ ဖန္တီးႏိုင္တာပါ။ အဲဒါေၾကာင့္..

- အေကာင္းျမင္စိတ္

- ေက်းဇူးသိတတ္ျခင္းနဲ႔ ေလးစားမႈရွိျခင္း

- ေပ်ာ္ေပ်ာ္ေနတတ္ျခင္း

- လိုက္ေလ်ာညီေထြ ေနတတ္ျခင္း

- ေန႔စဥ္ေလ့က်င့္ခန္းနဲ႔ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာ

စတာေတြက လူတစ္ေယာက္မွာ မျဖစ္မေန လိုအပ္ေၾကာင္း သင္ေပးပါ။

သင့္ရဲ႕ကေလးကို ဘယ္အရာပဲ သင္ေပးသင္ေပး သင္က ကေလးရဲ႕ စံျပလူသား ျဖစ္ေနမွာပါပဲ။

Zombie (lovemedia)