သင့်ရဲ့ personal data တွေ ခိုးယူမခံရဖို့ ဒီအချက် (၈) က အရေးကြီးပါတယ်

ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နည်းပညာကို အသုံးချပြီး လိမ်လည်သူတွေလည်း ပေါများလာပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို မပေါက်ကြားဖို့က အရမ်းကို အရေးကြီးပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်ပါးသူတစ်ယောက်က လွဲမှားစွာ အသုံးချတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

အဲဒါကြောင့် ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရတဲ့ ဘေးကနေ ဝေးဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သင့်ရဲ့သူငယ်ချင်း၊ မိသားစုဆိုပြီး ဟန်ဆောင်ပြောတဲ့အခါ သတိပြုပါ။

တချို့တွေက သင့်မိသားစုဝင်၊ သူငယ်ချင်းအဖြစ် ဟန်ဆောင်ပြီး တခြားဖုန်းနံပါတ်နဲ့ ဆက်ပါလိမ့်မယ်။ သူတို့မှာ ငွေအရမ်း လိုနေကြောင်း ပြောပြီး ငွေလွှဲခိုင်းပါလိမ့်မယ်။ အဲဒါကြောင့် သင့်မိသားစုဝင်အဖြစ် ဟန်ဆောင်ပြော၊ မပြော သိရအောင် မိသားစုဝင်တွေဆီကို သေချာ ဖုန်းပြန်ဆက်ပါ။

၂။ လူအများ ဖုန်းအားသွင်းတဲ့ နေရာတွေမှာ အားမသွင်းသင့်ပါဘူး။

လူအများ ဖုန်းအားသွင်းတဲ့နေရာမှာ သင့်ရဲ့ အချက်အလက်တွေကို ခိုးနိုင်ချေ များပါတယ်။ ဖုန်းအားသွင်းကြိုးတွေကို သူတို့ရဲ့ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ထားတတ်ပါတယ်။ ဒီလိုနည်းနဲ့ ဟက်ကာတွေက သင့်ရဲ့ device ထဲကို ဝင်ပြီး malware တွေကိုတောင် install လို့ရပါတယ်။

၃။ လူအများသုံးတဲ့ wifiကို သုံးရင် vpn ကို သုံးပါ။

Public wifi သုံးမယ့်သူတွေကို ဟက်ကာတွေနဲ့ သူခိုးတွေက အချက်အလက်ခိုးဖို့ စောင့်နေနိုင်ပါတယ်။ အဲဒါကြောင့် ဆိုင်ဘာလုံခြုံရေးအေဂျင်ဆီက အချက်အလက်တွေ ခိုးယူခံရတဲ့အန္တရာယ်ကနေ ဝေးအောင် public wifi သုံးတဲ့အခါ vpn သုံးဖို့ အကြံပေးထားပါတယ်။

၄။ သင့်ရဲ့ password တွေ သိမ်းထားဖို့ password manager app ကို download လုပ်ပါ။

လူအများစုက account တွေ အများကြီးရှိပေမယ့် password တွေကို တစ်မျိုးတည်း ထားတတ်ကြပါတယ်။ Password တွေကို notepad ထဲမှာ ရေးမယ့်အစား password manager ထဲမှာ ထည့်သွင်းသိမ်းထားပါ။ ဒါပေမယ့် စိတ်ချရတဲ့ Password manager app ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

၅။ Browsing history, cookiesနဲ့ cache တွေကို မကြာခဏဖျက်ပါ။

ဟက်ကာတွေက သင့်ရဲ့ device ထဲဝင်ဖို့ password တွေကို ရှာမတွေ့ရင်တောင် cookies တွေကို သုံးပြီးဝင်နိုင်ပါတယ်။ Cookies တွေမှာ သင့်ရဲ့ bank နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ၊ အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် အရေးကြီးပါတယ်။ အဲဒါကြောင့် browser ထဲကိုဝင်ပြီး မကြာခဏရှင်းလင်းပေးပါ။

၆။ Apps တွေကို Apple store နဲ့ Google play store ကနေပဲ download လုပ်ပါ။

တချို့ app တွေကို download လုပ်ချင်ရင် linkတွေထဲကနေ ဝင်ရတတ်ပါတယ်။ Link တွေထဲကနေဝင်ရင် virusလည်း ဝင်တတ်ပါတယ်။ ပြီးတော့ app အတုတွေနဲ့လည်း ကြုံရတတ်ပါတယ်။ အဲဒါကြောင့် app တွေကို download လုပ်ချင်တဲ့အခါ Apple store နဲ့ Google play store က စိတ်အချရဆုံးပါ။

၇။ ဖုန်းထဲမှာ Remote wipe ထည့်ထားပါ။

သင့်ဖုန်း အခိုးခံရတာပဲဖြစ်ဖြစ် ပျောက်သွားတာပဲဖြစ်ဖြစ် အချက်အလက်တွေကို သူများလက်ထဲ မရောက်သွားအောင် ဖုန်းထဲမှာ remote wipe app ကို ကြိုတင်ထည့်ထားပါ။ Remote wipe app က အဝေးကနေ သင့် data တွေလှမ်းပြီး ဖျက်လို့ရပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ အင်တာနက်ကို အမြဲဖွင့်ထားဖို့တော့လိုပါတယ်။ သူခိုးက ဖုန်းကို airplane mode လုပ်လိုက်ရင်၊ reboot လုပ်လိုက်ရင်၊ အင်တာနက် ချိတ်ဆက်မထားရင်တော့ အချက်အလက်တွေကို ဖျက်လို့မရပါဘူး။

၈။ Bluetooth ကို အကြာကြီး မဖွင့်ထားသင့်ပါဘူး။

Bluetooth ကို မလိုအပ်ဘဲ အကြာကြီး ဖွင့်ထားရင် ဟက်ကာတွေက သင့်အချက်အလက်တွေကို ရသွားနိုင်ပါတယ်။ Malware တွေနဲ့ တခြား virus တွေကိုလည်း ထည့်သွားလို့ ရပါသေးတယ်။ အဲဒါကြောင့် အသုံးလိုသလောက်ပဲ bluetooth ကို ဖွင့်ထားသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

သင့္ရဲ႕ personal data ေတြ ခိုးယူမခံရဖို႔ ဒီအခ်က္ (၈) က အေရးႀကီးပါတယ္

ခုေခတ္မွာ နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် နည္းပညာကို အသုံးခ်ၿပီး လိမ္လည္သူေတြလည္း ေပါမ်ားလာပါတယ္။ မိမိရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို မေပါက္ၾကားဖို႔က အရမ္းကို အေရးႀကီးပါတယ္။ မိမိရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို တစ္ပါးသူတစ္ေယာက္က လြဲမွားစြာ အသုံးခ်တဲ့အခါ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္ေရးအခ်က္အလက္ေတြ ခိုးယူခံရတဲ့ ေဘးကေန ေဝးဖို႔ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သင့္ရဲ႕သူငယ္ခ်င္း၊ မိသားစုဆိုၿပီး ဟန္ေဆာင္ေျပာတဲ့အခါ သတိျပဳပါ။

တခ်ိဳ႕ေတြက သင့္မိသားစုဝင္၊ သူငယ္ခ်င္းအျဖစ္ ဟန္ေဆာင္ၿပီး တျခားဖုန္းနံပါတ္နဲ႔ ဆက္ပါလိမ့္မယ္။ သူတို႔မွာ ေငြအရမ္း လိုေနေၾကာင္း ေျပာၿပီး ေငြလႊဲခိုင္းပါလိမ့္မယ္။ အဲဒါေၾကာင့္ သင့္မိသားစုဝင္အျဖစ္ ဟန္ေဆာင္ေျပာ၊ မေျပာ သိရေအာင္ မိသားစုဝင္ေတြဆီကို ေသခ်ာ ဖုန္းျပန္ဆက္ပါ။

၂။ လူအမ်ား ဖုန္းအားသြင္းတဲ့ ေနရာေတြမွာ အားမသြင္းသင့္ပါဘူး။

လူအမ်ား ဖုန္းအားသြင္းတဲ့ေနရာမွာ သင့္ရဲ႕ အခ်က္အလက္ေတြကို ခိုးႏိုင္ေခ် မ်ားပါတယ္။ ဖုန္းအားသြင္းႀကိဳးေတြကို သူတို႔ရဲ႕ ကြန္ပ်ဴတာေတြနဲ႔ ခ်ိတ္ဆက္ထားတတ္ပါတယ္။ ဒီလိုနည္းနဲ႔ ဟက္ကာေတြက သင့္ရဲ႕ device ထဲကို ဝင္ၿပီး malware ေတြကိုေတာင္ install လို႔ရပါတယ္။

၃။ လူအမ်ားသုံးတဲ့ wifiကို သုံးရင္ vpn ကို သုံးပါ။

Public wifi သုံးမယ့္သူေတြကို ဟက္ကာေတြနဲ႔ သူခိုးေတြက အခ်က္အလက္ခိုးဖို႔ ေစာင့္ေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဆိုင္ဘာလုံၿခဳံေရးေအဂ်င္ဆီက အခ်က္အလက္ေတြ ခိုးယူခံရတဲ့အႏၲရာယ္ကေန ေဝးေအာင္ public wifi သုံးတဲ့အခါ vpn သုံးဖို႔ အႀကံေပးထားပါတယ္။

၄။ သင့္ရဲ႕ password ေတြ သိမ္းထားဖို႔ password manager app ကို download လုပ္ပါ။

လူအမ်ားစုက account ေတြ အမ်ားႀကီးရွိေပမယ့္ password ေတြကို တစ္မ်ိဳးတည္း ထားတတ္ၾကပါတယ္။ Password ေတြကို notepad ထဲမွာ ေရးမယ့္အစား password manager ထဲမွာ ထည့္သြင္းသိမ္းထားပါ။ ဒါေပမယ့္ စိတ္ခ်ရတဲ့ Password manager app ျဖစ္ဖို႔ေတာ့ အေရးႀကီးပါတယ္။

၅။ Browsing history, cookiesနဲ႔ cache ေတြကို မၾကာခဏဖ်က္ပါ။

ဟက္ကာေတြက သင့္ရဲ႕ device ထဲဝင္ဖို႔ password ေတြကို ရွာမေတြ႕ရင္ေတာင္ cookies ေတြကို သုံးၿပီးဝင္ႏိုင္ပါတယ္။ Cookies ေတြမွာ သင့္ရဲ႕ bank နဲ႔ဆိုင္တဲ့ အေသးစိတ္ အခ်က္အလက္ေတြ၊ အေရးႀကီးတဲ့ အခ်က္အလက္ေတြ ပါဝင္တာေၾကာင့္ အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ browser ထဲကိုဝင္ၿပီး မၾကာခဏရွင္းလင္းေပးပါ။

၆။ Apps ေတြကို Apple store နဲ႔ Google play store ကေနပဲ download လုပ္ပါ။

တခ်ိဳ႕ app ေတြကို download လုပ္ခ်င္ရင္ linkေတြထဲကေန ဝင္ရတတ္ပါတယ္။ Link ေတြထဲကေနဝင္ရင္ virusလည္း ဝင္တတ္ပါတယ္။ ၿပီးေတာ့ app အတုေတြနဲ႔လည္း ႀကဳံရတတ္ပါတယ္။ အဲဒါေၾကာင့္ app ေတြကို download လုပ္ခ်င္တဲ့အခါ Apple store နဲ႔ Google play store က စိတ္အခ်ရဆုံးပါ။

၇။ ဖုန္းထဲမွာ Remote wipe ထည့္ထားပါ။

သင့္ဖုန္း အခိုးခံရတာပဲျဖစ္ျဖစ္ ေပ်ာက္သြားတာပဲျဖစ္ျဖစ္ အခ်က္အလက္ေတြကို သူမ်ားလက္ထဲ မေရာက္သြားေအာင္ ဖုန္းထဲမွာ remote wipe app ကို ႀကိဳတင္ထည့္ထားပါ။ Remote wipe app က အေဝးကေန သင့္ data ေတြလွမ္းၿပီး ဖ်က္လို႔ရပါတယ္။ ဒါေပမယ့္ သင့္ဖုန္းမွာ အင္တာနက္ကို အၿမဲဖြင့္ထားဖို႔ေတာ့လိုပါတယ္။ သူခိုးက ဖုန္းကို airplane mode လုပ္လိုက္ရင္၊ reboot လုပ္လိုက္ရင္၊ အင္တာနက္ ခ်ိတ္ဆက္မထားရင္ေတာ့ အခ်က္အလက္ေတြကို ဖ်က္လို႔မရပါဘူး။

၈။ Bluetooth ကို အၾကာႀကီးမဖြင့္ထားသင့္ပါဘူး။

Bluetooth ကို မလိုအပ္ဘဲ အၾကာႀကီး ဖြင့္ထားရင္ ဟက္ကာေတြက သင့္အခ်က္အလက္ေတြကို ရသြားႏိုင္ပါတယ္။ Malware ေတြနဲ႔ တျခား virus ေတြကိုလည္း ထည့္သြားလို႔ ရပါေသးတယ္။ အဲဒါေၾကာင့္ အသုံးလိုသေလာက္ပဲ bluetooth ကို ဖြင့္ထားသင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments