လယ်သမားနှင့် ပုဇွန်လုံး

တခါတုန်းက ရွာတရွာမှာ စိတ်ကောင်း စေတနာကောင်း ရှိပြီး အားလုံးအပေါ် မေတ္တာထားတတ်တဲ့ လယ်သမားတယောက် ရှိတယ်။ သူက မနက်တိုင်းမှာ အိပ်ရာက အစောကြီးထပြီး လယ်ထဲကို သွားတယ်။ လယ်ထွန်တယ်။

နေတော်တော်မြင့်တော့ ထွန်ဖြုတ်ပြီး နွားတွေကိုအစာရေစာ ကျွေးမွေး အနားပေးတယ်။ ပြီးတော့ ဇနီးသည် ထည့်ပေးလိုက်တဲ့ ထမင်းထုပ်ကို ယူပြီး စိမ့်စမ်းအိုင်လေး အနီးမှာ ထမင်းစားလေ့ ရှိတယ်။

အဲဒီ စိမ့်စမ်းအိုင်မှာ နေတဲ့ ပုဇွန်လုံးတကောင်ဟာ လယ်သမားထမင်းစားတဲ့ အချိန်တိုင်း ရောက်လာတတ်တယ်။ ပုဇွန်လုံးရဲ့ အရောင်က ရွှေရောင် ဝင်းနေတော့ ချစ်စရာလေးပေါ့။ နဂိုကတည်းကမှ မေတ္တာဓာတ်ခံရှိတဲ့ လယ်သမားဟာ ရွှေရောင် ပုဇွန်လုံးလေးကို မြင်တော့ ချစ်ခင်သွားတယ်။

သူက သစ်ရွက် တရွက်ကိုခူး၊ ထမင်းလေးတွေ ပုံပြီး ပုဇွန်လုံးကို ကျွေးတယ်။ ပုဇွန်လုံး ကလည်း လာစားတယ်။ မေတ္တာ ဆိုတော့ကလည်း လူမျိုးမရွေး၊ သတ္တဝါမရွေး နားလည် ခံစားတတ်တဲ့ အရာ ဆိုတော့ လယ်သမားရဲ့ မေတ္တာစိတ်ကို ပုဇွန်လုံးက နားလည် ခံယူတတ်တယ်။ ဒီလိုနဲ့ လယ်သမားနဲ့ ပုဇွန်လုံးတို့ဟာ တဦးအပေါ်တဦး အပြန်အလှန် မေတ္တာစိတ်တွေနဲ့ အဆွေခင်ပွန်း ဖြစ်နေကြတယ်။

လယ်သမား အလုပ်လုပ်တဲ့ လယ်ကွက်အနီးမှာ ထန်းပင်ကြီး တပင်ရှိတယ်။ ထန်းပင်ပေါ်မှာတော့ ကျီးဖိုနဲ့ ကျီးမ လင်မယား နေကြတယ်။ ကျီးဖိုက ကျီးမကို အရမ်းချစ်တယ်။ ကျီးမ ပင်ပန်းမှာစိုးလို့ ဆိုပြီး အစာတောင် ထွက်မရှာရဘူး။ တနေ့ ကျီးဖို အစာရှာပြီး ပြန်လာချိန်မှာ မှိုင်နေတဲ့ ကျီးမကို တွေ့တယ်။ ကျီးဖို အရမ်း စိတ်ပူသွားတယ်။

"ဘာဖြစ်လို့လဲ မိန်းမ၊ နေမကောင်းလို့လား" ကိုယ်လည်းမပူ ဖျားတာလည်း မဟုတ်တော့ သူရှာလာတဲ့ အစာကို ကျွေးတယ်။ ကျီးမက မစားချင်ဘူးလို့ ပြောတယ်။ "ကဲ ပြော၊ ဒါဆိုရင် ဘာစားချင်လဲ"

"ကျွန်မ စားချင်တာကို ရှင်က ရအောင်ယူပေးနိုင် လို့လား"

"မိန်းမအတွက် ဆိုရင် ဘယ်လိုအရာပဲ ဖြစ်ဖြစ် ရအောင် ယူပေးမယ်" ကျီးဖိုရဲ့ စကားကိုကြားတော့ ကျီးမ ဝမ်းသာသွားတယ်။

"ဒါဆိုရင် ကျွန်မပြောမယ်၊ ဟိုမှာ လယ်ထွန်နေတဲ့ လယ်သမားရဲ့ မျက်လုံးတွေဟာ သိပ်လှတာပဲ၊ ကျွန်မ အဲဒီ မျက်လုံးနှစ်လုံးကို စားချင်တယ်။ ရှင်ရအောင် ယူပါ။ အဲဒီလယ်သမားရဲ့ မျက်လုံးကိုမှ မစားရရင် ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး" ကျီးမက ပိုပိုသာသာ၊ ဖွဲ့နွဲ့နွဲ့ ပြောတော့ ကျီးဖိုခမျာ ထိတ်လန့်သွားတယ်။

"စိတ်ချပါ မိန်းမရယ်၊ မင်းစားချင်တဲ့ အဲဒီလယ်သမားရဲ့ မျက်လုံးတွေကို ရအောင် ကြံဆောင်ပေးပါ့မယ်" လို့ ပြောလိုက်တယ်။

ကျီးဖိုဟာ ကိုးမကို ချော့မော့ပြီး အစားအစာ ကျွေးတယ်။ ပြီးတာနဲ့ သူ့မိတ်ဆွေဖြစ်တဲ့ မြွေဟောက်ဆီ သွားတယ်။ လယ်သမားကို ကိုက်သတ်ပေးဖို့ အကူအညီ တောင်းတယ်။ သူ့စိတ်ကူးက မြွေကိုက်ခံရလို့ လယ်သမားသေတာနဲ့ မျက်လုံးကို ဖောက်ယူမယ် ဆိုတဲ့ အကြံပေါ့။ မြွေဟောက်ကလည်း ကျီးဖိုရဲ့ အကူအညီတောင်းမှုကို လက်ခံလိုက်တယ်။

နေမြင့်ပြီး အပူရှိန်က ပိုမိုကျရောက်လာတယ်။ လယ်သမားဟာ မနက်အစောကြီး ကတည်းက အလုပ်လုပ်နေရတဲ့ နွားတွေကို အနားပေးဖို့ စဉ်းစားလိုက်တယ်။ နွားနှစ်ကောင်ကို ထွန်က ဖြုတ်တယ်၊ အစာကျွေး ရေတိုက်တယ်၊ ပြီးတော့ သစ်ပင်ရိပ်မှာ ချည်ထားတယ်။ သူကတော့ ထမင်းထုပ် ဆွဲပြီး စိမ့်စမ်းအိုင်လေးဆီ သွားတယ်။

လယ်သမား ရောက်လာတာနဲ့ ရွှေရောင်ပုဇွန်လုံး ကလည်း ထွက်လာတယ်။ လယ်သမားက သစ်ရွက်ပေါ်မှာ ထမင်းလေးပုံပြီး ပုဇွန်လုံးကို ကျွေးတယ်။ အဲဒီအချိန်မှာပဲ ကျီးနဲ့ မြွေဟောက် ရောက်လာတယ်။ ကျီးက အနီးမှာရှိတဲ့ သစ်ပင်ပေါ်မှာ နားပြီး အကဲခတ် နေတယ်။

မြွေဟောက်က လယ်သမားဆီ အမြန်သွားပြီး ခြေဖနောင့်ကို ကိုက်လိုက်တယ်။ ပြီးတာနဲ့ အလျင်အမြန် ထွက်သွားတယ်။ လယ်သမားဟာ စိမ့်စမ်းအိုင် အနီးမှာပဲ လဲကျသွား တယ်။ လယ်သမား လဲကျသွားတာနဲ့ ကျီးက သစ်ပင်ပေါ်ကနေ ပျံဝဲဆင်းတယ်။ လယ်သမားရဲ့ ရင်ဘတ်ပေါ် နားလိုက်တယ်။

မြွေပြေးလာပြီး ကိုက်တာ၊ လယ်သမား လဲကျသွားတာ ကျီးဖိုသစ်ပင်ပေါ်က ပျံဆင်းလာတာတွေဟာ အလျင်အမြန်ပဲ မျက်စိတမှိတ် အတွင်းဖြစ်သွားတယ်။ ပုဇွန်လုံးဟာ ဖြစ်ပုံပျက်ပုံ အလုံးစုံကို တခုမကျန် မြင်တွေ့လိုက်တယ်။ သူဟာ လယ်သမားရဲ့ ကိုယ်လုံးပေါ်ကို အလျင်အမြန်တက်ပြီး ကျီးဖိုရဲ့ လည်ပင်းကို လက်မကြီးနဲ့ ညှပ်လိုက်တယ်။

"အဆွေမြွေ၊ ပုဇွန်က ငါ့ကို နှိပ်စက်နေတယ်၊ အမြန်လာပြီး ကူပါဦး" လို့ ကျီးက အော်တယ်။ ကျီးဖိုရဲ့ အော်သံကြောင့် မြေဟောက် ပြန်လာတယ်။ ပုဇွန်လုံးဟာ လျင်လျင်မြန်မြန်ပဲ မြွေဟောက်ရဲ့ လည်ပင်းကိုပါ ကျန်တဲ့ လက်မကြီး တဖက်နဲ့ မြဲမြဲမြံမြံ ညှပ်လိုက်ပြန်တယ်။ မြွေက ပုဇွန်လုံးကို ပြောတယ်။

"ရွှေရောင်အဆင်းရှိတဲ့ ပုဇွန်လုံး၊ သင်တို့ အမျိုးအနွယ်ကား ကျီးသားကို မစား၊ ငါတို့ မြွေသားကိုလည်း စားလေ့မရှိ၊ အဘယ်အကြောင်းကြောင့် ကျီးကိုရော ငါ့ကိုပါ ဖမ်းရပါသလဲ"

"မြွေဟောက်၊ သင်၏ အဆိပ်တို့ကြောင့် မြေမှာ လဲကျနေတဲ့ လယ်သမားဟာ ငါ့ရဲ့ အဆွေခင်ပွန်း ဖြစ်တယ်။ နေ့စဉ်ပင် အစားအသောက်ကျွေးသော ကျေးဇူးရှင်လည်း ဖြစ်တယ်။ ကျေးဇူးရှင် ပျက်စီး တိမ်းပါးသွားလျှင် အကျိုးလည်း ဆုတ်ယုတ်မှာ ဖြစ်တယ်။ ကျေးဇူးရှင်ကို ကယ်တင်နိုင်ဖို့အတွက် သင်တို့ကို ဖမ်းရခြင်း ဖြစ်တယ်"

"ဒီလိုဆိုရင် ကောင်းပါပြီ၊ သင့်ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်နိုင်ပါတယ်။ ငါတို့ နှစ်ကောင်စလုံးကို လွှတ်ပေးပါ" လို့ မြွေဟောက်က ပုဇွန်လုံးကို ပြောလိုက်တယ်။ မြွေဟောက်ရဲ့ စကားတွေဟာ အလိမ်အညာ စကားတွေဆိုတာ ပုဇွန်လုံးက သိတယ်။ ကျီးရော၊ မြွေဟောက်ကိုပါ လွှတ်ပေးလိုက်ရင် လယ်သမားရဲ့ အသက်မကယ်တော့ဘဲ ထွက်ပြေးသွားကြမယ် ဆိုတာ သဘောပေါက်တယ်။

"ကျီးကိုလည်း မလွှတ်နိုင် သင့်ကိုလည်း လွှတ်၍ မဖြစ်နိုင်သေး။ လယ်သမားရဲ့ ကိုယ်ထဲက အဆိပ်တွေကို ပြန်လည်ယူပြီး အကောင်းပကတိကျန်းမာမှ ငါလွှတ်ပေးနိုင်မယ်။ သို့ပေမဲ့ အဆိပ်ကို ယူငင်နိုင်ဖို့ အတွက် အနည်းငယ်တော့ လျှော့ပေးမယ်"

မြွေဟောက်လည်း မတတ်သာတဲ့ အဆုံး အဆိပ်တွေကို ပြန်လည် စုပ်ယူပေးမယ်လို့ ကတိပေးလိုက်တယ်။ ပုဇွန်လုံးက မြွေဟောက်လည်ပင်းကို ညှပ်ထားတဲ့ လက်မကို အနည်းငယ်လျှော့ပေးတယ်။ မြွေဟောက်ဟာ သူကိုက်ထားတဲ့ နေရာကို ပါးစပ်နဲ့ ငုံပြီး အဆိပ်တွေကို စုပ်ယူတယ်။ မကြာခင်မှာပဲ လယ်သမားဟာ သတိပြန်ရလာတယ်။ အဆိပ်တွေ မရှိတော့ဘဲ အကောင်းအတိုင်း ပြန်ဖြစ်သွားတယ်။

ပုဇွန်လုံးဟာ မြွေဟောက်ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ပြန်ညှပ်လိုက်တယ်။ "မြွေဟောက်နဲ့ ကျီးမိုက်၊ သင်တို့ ကျန်းမာစွာ အသက်ရှည်နေလျှင် ငါ၏ အသက်ကိုလည်းကောင်း ကျေးဇူးရှင်ရဲ့ အသက်ကိုလည်းကောင်း စိတ်မချရ။ တနေ့မဟုတ် တနေ့၌ ရန်ရှာမှာ အမှန်ပင်ဖြစ်တယ်။ ဒါကြောင့်"

ပုဇွန်လုံးရဲ့ စကားတောင် မဆုံးသေးဘူး၊ သူတို့ကို ဘယ်လိုလုပ်မယ်ဆိုတာ ကျီးရော၊ မြွေဟောက်ပါ နားလည်သွားတယ်။ ညှပ်ထားတဲ့ ပုဇွန်လုံးရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ ရုန်းကန်ကြတယ်။

သူတို့ဘယ်လိုပဲ ရုန်းရုန်း၊ မြဲမြံ တင်းကျပ်စွာ ညှပ်ထားတဲ့ ပုဇွန်လုံးရဲ့ လက်မကြားက မလွတ်နိုင်တော့ဘူး။ ပုဇွန်လုံးရဲ့ ထက်မြက်သန်မာတဲ့ လက်မနှစ်ချောင်းက ကြာရိုးကို ကပ်ကြေးနဲ့ ညှပ်လိုက်သလိုပဲ ကျီးနဲ့ မြွေဟောက်ရဲ့ လည်ပင်းတွေကို ဖြတ်ချလိုက် ပါသတဲ့ကွယ်။

သူတပါး ပျက်စီးအောင် ကြံစည်က မိမိသာ ဦးစွာ ပျက်စီးတတ်ပါတယ်။

crd

phoomyatchal

Zawgyi

လယ္သမားႏွင့္ ပုဇြန္လုံး

တခါတုန္းက ႐ြာတ႐ြာမွာ စိတ္ေကာင္း ေစတနာေကာင္း ရွိၿပီး အားလုံးအေပၚ ေမတၱာထားတတ္တဲ့ လယ္သမားတေယာက္ ရွိတယ္။ သူက မနက္တိုင္းမွာ အိပ္ရာက အေစာႀကီးထၿပီး လယ္ထဲကို သြားတယ္။ လယ္ထြန္တယ္။

ေနေတာ္ေတာ္ျမင့္ေတာ့ ထြန္ျဖဳတ္ၿပီး ႏြားေတြကိုအစာေရစာ ေကြၽးေမြး အနားေပးတယ္။ ၿပီးေတာ့ ဇနီးသည္ ထည့္ေပးလိုက္တဲ့ ထမင္းထုပ္ကို ယူၿပီး စိမ့္စမ္းအိုင္ေလး အနီးမွာ ထမင္းစားေလ့ ရွိတယ္။

အဲဒီ စိမ့္စမ္းအိုင္မွာ ေနတဲ့ ပုဇြန္လုံးတေကာင္ဟာ လယ္သမားထမင္းစားတဲ့ အခ်ိန္တိုင္း ေရာက္လာတတ္တယ္။ ပုဇြန္လုံးရဲ႕ အေရာင္က ေ႐ႊေရာင္ ဝင္းေနေတာ့ ခ်စ္စရာေလးေပါ့။ နဂိုကတည္းကမွ ေမတၱာဓာတ္ခံရွိတဲ့ လယ္သမားဟာ ေ႐ႊေရာင္ ပုဇြန္လုံးေလးကို ျမင္ေတာ့ ခ်စ္ခင္သြားတယ္။

သူက သစ္႐ြက္ တ႐ြက္ကိုခူး၊ ထမင္းေလးေတြ ပုံၿပီး ပုဇြန္လုံးကို ေကြၽးတယ္။ ပုဇြန္လုံး ကလည္း လာစားတယ္။ ေမတၱာ ဆိုေတာ့ကလည္း လူမ်ိဳးမေ႐ြး၊ သတၱဝါမေ႐ြး နားလည္ ခံစားတတ္တဲ့ အရာ ဆိုေတာ့ လယ္သမားရဲ႕ ေမတၱာစိတ္ကို ပုဇြန္လုံးက နားလည္ ခံယူတတ္တယ္။ ဒီလိုနဲ႔ လယ္သမားနဲ႔ ပုဇြန္လုံးတို႔ဟာ တဦးအေပၚတဦး အျပန္အလွန္ ေမတၱာစိတ္ေတြနဲ႔ အေဆြခင္ပြန္း ျဖစ္ေနၾကတယ္။

လယ္သမား အလုပ္လုပ္တဲ့ လယ္ကြက္အနီးမွာ ထန္းပင္ႀကီး တပင္ရွိတယ္။ ထန္းပင္ေပၚမွာေတာ့ က်ီးဖိုနဲ႔ က်ီးမ လင္မယား ေနၾကတယ္။ က်ီးဖိုက က်ီးမကို အရမ္းခ်စ္တယ္။ က်ီးမ ပင္ပန္းမွာစိုးလို႔ ဆိုၿပီး အစာေတာင္ ထြက္မရွာရဘူး။ တေန႔ က်ီးဖို အစာရွာၿပီး ျပန္လာခ်ိန္မွာ မႈိင္ေနတဲ့ က်ီးမကို ေတြ႕တယ္။ က်ီးဖို အရမ္း စိတ္ပူသြားတယ္။

"ဘာျဖစ္လို႔လဲ မိန္းမ၊ ေနမေကာင္းလို႔လား" ကိုယ္လည္းမပူ ဖ်ားတာလည္း မဟုတ္ေတာ့ သူရွာလာတဲ့ အစာကို ေကြၽးတယ္။ က်ီးမက မစားခ်င္ဘူးလို႔ ေျပာတယ္။ "ကဲ ေျပာ၊ ဒါဆိုရင္ ဘာစားခ်င္လဲ"

"ကြၽန္မ စားခ်င္တာကို ရွင္က ရေအာင္ယူေပးႏိုင္ လို႔လား"

"မိန္းမအတြက္ ဆိုရင္ ဘယ္လိုအရာပဲ ျဖစ္ျဖစ္ ရေအာင္ ယူေပးမယ္" က်ီးဖိုရဲ႕ စကားကိုၾကားေတာ့ က်ီးမ ဝမ္းသာသြားတယ္။

"ဒါဆိုရင္ ကြၽန္မေျပာမယ္၊ ဟိုမွာ လယ္ထြန္ေနတဲ့ လယ္သမားရဲ႕ မ်က္လုံးေတြဟာ သိပ္လွတာပဲ၊ ကြၽန္မ အဲဒီ မ်က္လုံးႏွစ္လုံးကို စားခ်င္တယ္။ ရွင္ရေအာင္ ယူပါ။ အဲဒီလယ္သမားရဲ႕ မ်က္လုံးကိုမွ မစားရရင္ ကြၽန္မ အသက္ရွင္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး" က်ီးမက ပိုပိုသာသာ၊ ဖြဲ႕ႏြဲ႕ႏြဲ႕ ေျပာေတာ့ က်ီးဖိုခမ်ာ ထိတ္လန႔္သြားတယ္။

"စိတ္ခ်ပါ မိန္းမရယ္၊ မင္းစားခ်င္တဲ့ အဲဒီလယ္သမားရဲ႕ မ်က္လုံးေတြကို ရေအာင္ ႀကံေဆာင္ေပးပါ့မယ္" လို႔ ေျပာလိုက္တယ္။

က်ီးဖိုဟာ ကိုးမကို ေခ်ာ့ေမာ့ၿပီး အစားအစာ ေကြၽးတယ္။ ၿပီးတာနဲ႔ သူ႔မိတ္ေဆြျဖစ္တဲ့ ေႁမြေဟာက္ဆီ သြားတယ္။ လယ္သမားကို ကိုက္သတ္ေပးဖို႔ အကူအညီ ေတာင္းတယ္။ သူ႔စိတ္ကူးက ေႁမြကိုက္ခံရလို႔ လယ္သမားေသတာနဲ႔ မ်က္လုံးကို ေဖာက္ယူမယ္ ဆိုတဲ့ အႀကံေပါ့။ ေႁမြေဟာက္ကလည္း က်ီးဖိုရဲ႕ အကူအညီေတာင္းမႈကို လက္ခံလိုက္တယ္။

ေနျမင့္ၿပီး အပူရွိန္က ပိုမိုက်ေရာက္လာတယ္။ လယ္သမားဟာ မနက္အေစာႀကီး ကတည္းက အလုပ္လုပ္ေနရတဲ့ ႏြားေတြကို အနားေပးဖို႔ စဥ္းစားလိုက္တယ္။ ႏြားႏွစ္ေကာင္ကို ထြန္က ျဖဳတ္တယ္၊ အစာေကြၽး ေရတိုက္တယ္၊ ၿပီးေတာ့ သစ္ပင္ရိပ္မွာ ခ်ည္ထားတယ္။ သူကေတာ့ ထမင္းထုပ္ ဆြဲၿပီး စိမ့္စမ္းအိုင္ေလးဆီ သြားတယ္။

လယ္သမား ေရာက္လာတာနဲ႔ ေ႐ႊေရာင္ပုဇြန္လုံး ကလည္း ထြက္လာတယ္။ လယ္သမားက သစ္႐ြက္ေပၚမွာ ထမင္းေလးပုံၿပီး ပုဇြန္လုံးကို ေကြၽးတယ္။ အဲဒီအခ်ိန္မွာပဲ က်ီးနဲ႔ ေႁမြေဟာက္ ေရာက္လာတယ္။ က်ီးက အနီးမွာရွိတဲ့ သစ္ပင္ေပၚမွာ နားၿပီး အကဲခတ္ ေနတယ္။

ေႁမြေဟာက္က လယ္သမားဆီ အျမန္သြားၿပီး ေျခဖေနာင့္ကို ကိုက္လိုက္တယ္။ ၿပီးတာနဲ႔ အလ်င္အျမန္ ထြက္သြားတယ္။ လယ္သမားဟာ စိမ့္စမ္းအိုင္ အနီးမွာပဲ လဲက်သြား တယ္။ လယ္သမား လဲက်သြားတာနဲ႔ က်ီးက သစ္ပင္ေပၚကေန ပ်ံဝဲဆင္းတယ္။ လယ္သမားရဲ႕ ရင္ဘတ္ေပၚ နားလိုက္တယ္။

ေႁမြေျပးလာၿပီး ကိုက္တာ၊ လယ္သမား လဲက်သြားတာ က်ီးဖိုသစ္ပင္ေပၚက ပ်ံဆင္းလာတာေတြဟာ အလ်င္အျမန္ပဲ မ်က္စိတမွိတ္ အတြင္းျဖစ္သြားတယ္။ ပုဇြန္လုံးဟာ ျဖစ္ပုံပ်က္ပုံ အလုံးစုံကို တခုမက်န္ ျမင္ေတြ႕လိုက္တယ္။ သူဟာ လယ္သမားရဲ႕ ကိုယ္လုံးေပၚကို အလ်င္အျမန္တက္ၿပီး က်ီးဖိုရဲ႕ လည္ပင္းကို လက္မႀကီးနဲ႔ ညႇပ္လိုက္တယ္။

"အေဆြေႁမြ၊ ပုဇြန္က ငါ့ကို ႏွိပ္စက္ေနတယ္၊ အျမန္လာၿပီး ကူပါဦး" လို႔ က်ီးက ေအာ္တယ္။ က်ီးဖိုရဲ႕ ေအာ္သံေၾကာင့္ ေျမေဟာက္ ျပန္လာတယ္။ ပုဇြန္လုံးဟာ လ်င္လ်င္ျမန္ျမန္ပဲ ေႁမြေဟာက္ရဲ႕ လည္ပင္းကိုပါ က်န္တဲ့ လက္မႀကီး တဖက္နဲ႔ ၿမဲၿမဲၿမံၿမံ ညႇပ္လိုက္ျပန္တယ္။ ေႁမြက ပုဇြန္လုံးကို ေျပာတယ္။

"ေ႐ႊေရာင္အဆင္းရွိတဲ့ ပုဇြန္လုံး၊ သင္တို႔ အမ်ိဳးအႏြယ္ကား က်ီးသားကို မစား၊ ငါတို႔ ေႁမြသားကိုလည္း စားေလ့မရွိ၊ အဘယ္အေၾကာင္းေၾကာင့္ က်ီးကိုေရာ ငါ့ကိုပါ ဖမ္းရပါသလဲ"

"ေႁမြေဟာက္၊ သင္၏ အဆိပ္တို႔ေၾကာင့္ ေျမမွာ လဲက်ေနတဲ့ လယ္သမားဟာ ငါ့ရဲ႕ အေဆြခင္ပြန္း ျဖစ္တယ္။ ေန႔စဥ္ပင္ အစားအေသာက္ေကြၽးေသာ ေက်းဇူးရွင္လည္း ျဖစ္တယ္။ ေက်းဇူးရွင္ ပ်က္စီး တိမ္းပါးသြားလွ်င္ အက်ိဳးလည္း ဆုတ္ယုတ္မွာ ျဖစ္တယ္။ ေက်းဇူးရွင္ကို ကယ္တင္ႏိုင္ဖို႔အတြက္ သင္တို႔ကို ဖမ္းရျခင္း ျဖစ္တယ္"

"ဒီလိုဆိုရင္ ေကာင္းပါၿပီ၊ သင့္ေက်းဇူးရွင္ရဲ႕ အသက္ကို ကယ္ႏိုင္ပါတယ္။ ငါတို႔ ႏွစ္ေကာင္စလုံးကို လႊတ္ေပးပါ" လို႔ ေႁမြေဟာက္က ပုဇြန္လုံးကို ေျပာလိုက္တယ္။ ေႁမြေဟာက္ရဲ႕ စကားေတြဟာ အလိမ္အညာ စကားေတြဆိုတာ ပုဇြန္လုံးက သိတယ္။ က်ီးေရာ၊ ေႁမြေဟာက္ကိုပါ လႊတ္ေပးလိုက္ရင္ လယ္သမားရဲ႕ အသက္မကယ္ေတာ့ဘဲ ထြက္ေျပးသြားၾကမယ္ ဆိုတာ သေဘာေပါက္တယ္။

"က်ီးကိုလည္း မလႊတ္ႏိုင္ သင့္ကိုလည္း လႊတ္၍ မျဖစ္ႏိုင္ေသး။ လယ္သမားရဲ႕ ကိုယ္ထဲက အဆိပ္ေတြကို ျပန္လည္ယူၿပီး အေကာင္းပကတိက်န္းမာမွ ငါလႊတ္ေပးႏိုင္မယ္။ သို႔ေပမဲ့ အဆိပ္ကို ယူငင္ႏိုင္ဖို႔ အတြက္ အနည္းငယ္ေတာ့ ေလွ်ာ့ေပးမယ္"

ေႁမြေဟာက္လည္း မတတ္သာတဲ့ အဆုံး အဆိပ္ေတြကို ျပန္လည္ စုပ္ယူေပးမယ္လို႔ ကတိေပးလိုက္တယ္။ ပုဇြန္လုံးက ေႁမြေဟာက္လည္ပင္းကို ညႇပ္ထားတဲ့ လက္မကို အနည္းငယ္ေလွ်ာ့ေပးတယ္။ ေႁမြေဟာက္ဟာ သူကိုက္ထားတဲ့ ေနရာကို ပါးစပ္နဲ႔ ငုံၿပီး အဆိပ္ေတြကို စုပ္ယူတယ္။ မၾကာခင္မွာပဲ လယ္သမားဟာ သတိျပန္ရလာတယ္။ အဆိပ္ေတြ မရွိေတာ့ဘဲ အေကာင္းအတိုင္း ျပန္ျဖစ္သြားတယ္။

ပုဇြန္လုံးဟာ ေႁမြေဟာက္ရဲ႕ လည္ပင္းကို တင္းတင္းက်ပ္က်ပ္ ျပန္ညႇပ္လိုက္တယ္။ "ေႁမြေဟာက္နဲ႔ က်ီးမိုက္၊ သင္တို႔ က်န္းမာစြာ အသက္ရွည္ေနလွ်င္ ငါ၏ အသက္ကိုလည္းေကာင္း ေက်းဇူးရွင္ရဲ႕ အသက္ကိုလည္းေကာင္း စိတ္မခ်ရ။ တေန႔မဟုတ္ တေန႔၌ ရန္ရွာမွာ အမွန္ပင္ျဖစ္တယ္။ ဒါေၾကာင့္"

ပုဇြန္လုံးရဲ႕ စကားေတာင္ မဆုံးေသးဘူး၊ သူတို႔ကို ဘယ္လိုလုပ္မယ္ဆိုတာ က်ီးေရာ၊ ေႁမြေဟာက္ပါ နားလည္သြားတယ္။ ညႇပ္ထားတဲ့ ပုဇြန္လုံးရဲ႕ လက္ထဲကေန လြတ္ေျမာက္ဖို႔ ႐ုန္းကန္ၾကတယ္။

သူတို႔ဘယ္လိုပဲ ႐ုန္း႐ုန္း၊ ၿမဲၿမံ တင္းက်ပ္စြာ ညႇပ္ထားတဲ့ ပုဇြန္လုံးရဲ႕ လက္မၾကားက မလြတ္ႏိုင္ေတာ့ဘူး။ ပုဇြန္လုံးရဲ႕ ထက္ျမက္သန္မာတဲ့ လက္မႏွစ္ေခ်ာင္းက ၾကာ႐ိုးကို ကပ္ေၾကးနဲ႔ ညႇပ္လိုက္သလိုပဲ က်ီးနဲ႔ ေႁမြေဟာက္ရဲ႕ လည္ပင္းေတြကို ျဖတ္ခ်လိုက္ ပါသတဲ့ကြယ္။

သူတပါး ပ်က္စီးေအာင္ ႀကံစည္က မိမိသာ ဦးစြာ ပ်က္စီးတတ္ပါတယ္။

crd

phoomyatchal

Post a Comment

0 Comments