မျောက်နှင့် ကဏန်း

တခါတုန်းက မျောက်နှင့်ကဏန်းတို့သည် အသိမိတ်ဆွေ ဖြစ်ကြလေသည်။ တနေ့သောအခါ သူတို့သည် လမ်းလျှောက် ထွက်လာကြရင်း မျောက်က ဇီးစေ့ တစေ့ ကောက်ရသည်။ ကဏန်းကတော့ ထမင်းဆုပ် တဆုပ် ကောက်ရလေ၏။

ထိုအခါ မျောက်သည် ကဏန်းထံမှ ထမင်းထုပ်ကို စားလို၍ ဂဏန်းအား "မင်း ကောက်ရတဲ့ ထမင်းဆုပ်နဲ့ ငါ့ရဲ့ဇီးစေ့နဲ့ လဲပါလားကွာ" ဟု ချော့၍ တောင်းလေ၏။ သဘောကောင်းသော ကဏန်းက မျောက်အား သဘောတူလိုက်လေ၏။ ထို့နောက် ကဏာန်းသည် မျောက်ထံမှ ဇီးစေ့နှင့် သူ၏ ထမင်းဆုပ်ကို လဲလိုက်လေ၏။

မျောက်လည်း ထမင်းဆုပ်ကို ရသောအခါ ချက်ချင်း စားပစ်လိုက် လေသည်။ ကဏန်းကတော့ သူ လဲ၍ရသော ဇီးစေ့ကို အိမ်သို့ ယူလာခဲ့ပြီးလျှင် ဥယျာဉ်ထဲတွင် မြုပ်ထားလိုက်လေသည်။ မကြာမီတွင် ကဏန်းမြှုပ်ထားသော ဇီးစေ့မှ ဇီးပင်လေးတပင် ပေါက်လာလေ၏။

ကဏန်းလည်း ဝမ်းသာအားရာဖြင့် သူ့ဇီးပင်လေးကို နေ့စဉ် ရေလောင်းပေးလေသည်။ ဇီးပင်ကလေးသည် တော်တော် ကြီးလာသောအခါ ဇီးသီးများ သီးလာလေ၏။ ထိုအခါ ကဏန်းသည် ဇီးပင်ပေါ် သို့ မတက်နိုင်ဘဲ ဇီးသီးကို စားချင်စိတ်ဖြင့် မကြံတတ်အောင် ဖြစ်နေလေ၏။

မကြာမီမှာပင် မျောက်က သူ့အိမ်သို့ အလည်လာလေသည်။ ထိုသို့ အလည်လာသောကြောင့် ကဏန်းက "အဆွေမျောက်၊ ဇီးပင်ပေါ်မှာ ဇီးသီးတွေ သီးနေပါတယ်။ တက်ပြီး ခူးပါလား။ နောက်ပြီး သင်နှင့်ကျွန်ုပ် အတူတူ စားကြရအောင်ပါ" ဟူ၍ ပြောလေသည်။

မျောက်ကလည်း ဇီးပင်ပေါ်သို့ မော့ကြည့် လိုက်ပြီးလျှင် "သြော် ကောင်းသားပဲ၊ တက်မယ်" ဟု ဆိုကာ ဆီးပင်ပေါ်သို့ တက်သွားလေသည်။ မျောက်သည် ဇီးပင်ပေါ်သို့ ရောက်သောအခါ ဝင်းဝါပြီး လတ်ဆတ်မှည့်နေသော ဇီးသီးများကို ခူးလိုက် ပြီးလျှင် မြိန်ယှက်စွာ သူတယောက်တည်း ဇီးပင်ပေါ်၌ ထိုင်စားနေလေသည်။ ဇီးပင်အောက်ရှိ ကဏန်းထံသို့ ဇီးသီးများ ပစ်ချပေးရန် သတိမပြုမိ တော့ချေ။

မျောက်သည် ဇီးသီးများ စားသောက်၍ ဝ သွားသောအခါ ကဏန်းကို သတိရလာသဖြင့် ဇီးပင်ပေါ်၌ ကျန်ရှိသော ဇီးသီး အစိမ်း တလုံးကို ခူးလိုက်လေသည်။ ထိုသို့ ခူးလိုက်ပြီးလျှင် ဇီးပင်အောက်ရှိ ကဏန်း၏ ခေါင်းပေါ်သို့ ပစ်ချပေး လိုက်လေသည်။ ဇီးသီးမှာ ကဏန်း၏ ခေါင်းပေါ်တည့်တည့် ကျသွားလေသည်။ သို့ရာတွင် ဇီးသီးသည် အမှည့် မဟုတ်သောကြောင့် ကဏန်း၏ ခေါင်း ပေါက်သွားလေသည်။

ကဏန်းလည်း သူ၏ခေါင်း ပေါက်သောအခါ မျောက်ကို စိတ်ဆိုးသွားသည်။ တနေ့မှာ အကျင့်မကောင်းတဲ့ မျောက်ကို ပြန်လည် ဆုံးမမည် ဟု မှတ်ထားလိုက်လေသည် ။ ထို့နောက် မနီးမဝေးရှိ သစ်ချသီး၊ ကျောက်ဆုံနှင့် နကျယ်ကောင် တို့ထံ သွား၍ မိတ်ဆွေဖွဲ့ကာ နေထိုင်၏။ ထို့နောက် ထိုမိတ်ဆွေများနှင့် အကျင့်မကောင်းသော မျောက်အား ဆုံးမရန် စီစဉ်ကြလေသည်။

ထို့နောက် သစ်ချသီး၊ ကျောက်ဆုံနှင့် နကျယ်ကောင်၊ ကဏန်းတို့ မိတ်ဆွေလေးဦး တို့သည် မျောက်ကို ကဏန်းအိမ်သို့ လက်ဖက်ရည်သောက် ဖိတ်ခေါ်လိုက်လေ၏။ ထိုနောက် မျောက် မရောက်လာခင် သစ်ချသီးသည် မီးပုံဘေးရှိ ပြာထဲတွင် ဝင်၍ ပုန်းနေလေသည်။ ကျောက်ဆုံ သည်လည်း ကဏန်းအိမ်၏ တံခါးအပေါ်၌ တက်၍ ပုန်းနေလေ၏။ နံကျယ်ကောင် ကမူ အမှတ်မဲ့ စောင့်ကြည့်နေလေ၏။

မကြာမီတွင် မျောက်ရောက်လာ၍ ကဏန်းက ဆီးကြိုပြီးလျှင် "လာပါ မိတ်ဆွေ မီးလှုံကြရအောင်" ဟု ခေါ်လိုက်လေ၏။ ထိုစဉ် ခဏတွင် မီးပုံဘေးရှိ ပြာလဲတွင် ဝင်၍ ပုန်းနေလျက် ရှိသော ဝက်သစ်ချသီးသည် မီးကျက်လာပြီးလျှင် ဖောင်းခနဲမြည်ကာ ပေါက်ကွဲ ထွက်လေ၏။ ထိုသို့ ပေါက်ကွဲပြီးနောက် မျောက်က လန့်ပြီးလျှင် တံခါးပေါက်ဘက်သို့ ပြေးထွက်သွားလေ၏။

ထိုအခါ စောင့် ကြည့်လျက်ရှိသော နကျယ်ကောင်က ပြန်ထွက်လာပြီးလျှင် နောက်ကို လိုက်၍ တုပ်လေသည်။ မျောက်လည်း အလွန်နာကျင်လွန်းသဖြင့် ပြေးမည်ဟု ပြုစဉ် တံခါးပေါ်တွင် ပုန်းနေသော ကျောက်ဆုံက သူ၏ကိုယ်နှင့် မျောက်ပေါ်သို့ လှိမ့်၍ ချလိုက်လေ၏။ ထိုသို့ နောက်ပေါ်သို့ ကျောက်ဆုံ လိမ့်ကျသောအခါ မျောက်သည် အလွန် နာကျင်လွန်းလှသဖြင့် ကျယ်လောင်စွာ အော်ဟစ် နေရလေသည်။

ထိုအခါ နောက်ဆုံး၌ ကဏန်းကို စော်ကားခဲ့မိသည့် အပြစ်ကို ပြန်လည် သတိရလာပြီးလျှင် ကဏန်း၊ သစ်ချသီး၊ နကျယ်ကောင်နှင့် ကျောက်ဆုံတို့ကို နောက်နောင် သူတပါး နာကျင်ခံစား၊ မခံသာအောင် မလုပ်တော့ပါ။ မစော်ကားတော့ပါ။ အပြစ်မှ ချမ်းသာပေးပါ ဟု ထိုင်၍ တောင်းပန်လေ၏။

ကဏန်းလည်း မျောက်က သူ့အမှားကို သတိရလာ၍ တောင်းပန်သောခါ တကြိမ်တခါ မှားသည်ကို သည်းခံမည်ဟု ဆို၍ မျောက်ကို ရှေးယခင်က ကဲ့သို့ ပြန်၍ မိတ်ဆွေအဖြစ် လက်ခံ၍ ပျော်ရွှင်စွာပင် နေထိုင်သွားလေသည်။

ကိုယ်က သာနေတုန်းမှာ နိမ့်ကျနေတဲ့ တဖက်သားကို အနိုင်မကျင့်မိ ပါစေနဲ့။

PhooMyatChal

Zawgyi

တခါတုန္းက ေမ်ာက္ႏွင့္ကဏန္းတို႔သည္ အသိမိတ္ေဆြ ျဖစ္ၾကေလသည္။ တေန႔ေသာအခါ သူတို႔သည္ လမ္းေလွ်ာက္ ထြက္လာၾကရင္း ေမ်ာက္က ဇီးေစ့ တေစ့ ေကာက္ရသည္။ ကဏန္းကေတာ့ ထမင္းဆုပ္ တဆုပ္ ေကာက္ရေလ၏။

ထိုအခါ ေမ်ာက္သည္ ကဏန္းထံမွ ထမင္းထုပ္ကို စားလို၍ ဂဏန္းအား "မင္း ေကာက္ရတဲ့ ထမင္းဆုပ္နဲ႔ ငါ့ရဲ႕ဇီးေစ့နဲ႔ လဲပါလားကြာ" ဟု ေခ်ာ့၍ ေတာင္းေလ၏။ သေဘာေကာင္းေသာ ကဏန္းက ေမ်ာက္အား သေဘာတူလိုက္ေလ၏။ ထို႔ေနာက္ ကဏာန္းသည္ ေမ်ာက္ထံမွ ဇီးေစ့ႏွင့္ သူ၏ ထမင္းဆုပ္ကို လဲလိုက္ေလ၏။

ေမ်ာက္လည္း ထမင္းဆုပ္ကို ရေသာအခါ ခ်က္ခ်င္း စားပစ္လိုက္ ေလသည္။ ကဏန္းကေတာ့ သူ လဲ၍ရေသာ ဇီးေစ့ကို အိမ္သို႔ ယူလာခဲ့ၿပီးလွ်င္ ဥယ်ာဥ္ထဲတြင္ ျမဳပ္ထားလိုက္ေလသည္။ မၾကာမီတြင္ ကဏန္းျမႇဳပ္ထားေသာ ဇီးေစ့မွ ဇီးပင္ေလးတပင္ ေပါက္လာေလ၏။

ကဏန္းလည္း ဝမ္းသာအားရာျဖင့္ သူ႔ဇီးပင္ေလးကို ေန႔စဥ္ ေရေလာင္းေပးေလသည္။ ဇီးပင္ကေလးသည္ ေတာ္ေတာ္ ႀကီးလာေသာအခါ ဇီးသီးမ်ား သီးလာေလ၏။ ထိုအခါ ကဏန္းသည္ ဇီးပင္ေပၚ သို႔ မတက္ႏိုင္ဘဲ ဇီးသီးကို စားခ်င္စိတ္ျဖင့္ မႀကံတတ္ေအာင္ ျဖစ္ေနေလ၏။

မၾကာမီမွာပင္ ေမ်ာက္က သူ႔အိမ္သို႔ အလည္လာေလသည္။ ထိုသို႔ အလည္လာေသာေၾကာင့္ ကဏန္းက "အေဆြေမ်ာက္၊ ဇီးပင္ေပၚမွာ ဇီးသီးေတြ သီးေနပါတယ္။ တက္ၿပီး ခူးပါလား။ ေနာက္ၿပီး သင္ႏွင့္ကြၽႏ္ုပ္ အတူတူ စားၾကရေအာင္ပါ" ဟူ၍ ေျပာေလသည္။

ေမ်ာက္ကလည္း ဇီးပင္ေပၚသို႔ ေမာ့ၾကည့္ လိုက္ၿပီးလွ်င္ "ေၾသာ္ ေကာင္းသားပဲ၊ တက္မယ္" ဟု ဆိုကာ ဆီးပင္ေပၚသို႔ တက္သြားေလသည္။ ေမ်ာက္သည္ ဇီးပင္ေပၚသို႔ ေရာက္ေသာအခါ ဝင္းဝါၿပီး လတ္ဆတ္မွည့္ေနေသာ ဇီးသီးမ်ားကို ခူးလိုက္ ၿပီးလွ်င္ ၿမိန္ယွက္စြာ သူတေယာက္တည္း ဇီးပင္ေပၚ၌ ထိုင္စားေနေလသည္။ ဇီးပင္ေအာက္ရွိ ကဏန္းထံသို႔ ဇီးသီးမ်ား ပစ္ခ်ေပးရန္ သတိမျပဳမိ ေတာ့ေခ်။

ေမ်ာက္သည္ ဇီးသီးမ်ား စားေသာက္၍ ဝ သြားေသာအခါ ကဏန္းကို သတိရလာသျဖင့္ ဇီးပင္ေပၚ၌ က်န္ရွိေသာ ဇီးသီး အစိမ္း တလုံးကို ခူးလိုက္ေလသည္။ ထိုသို႔ ခူးလိုက္ၿပီးလွ်င္ ဇီးပင္ေအာက္ရွိ ကဏန္း၏ ေခါင္းေပၚသို႔ ပစ္ခ်ေပး လိုက္ေလသည္။ ဇီးသီးမွာ ကဏန္း၏ ေခါင္းေပၚတည့္တည့္ က်သြားေလသည္။ သို႔ရာတြင္ ဇီးသီးသည္ အမွည့္ မဟုတ္ေသာေၾကာင့္ ကဏန္း၏ ေခါင္း ေပါက္သြားေလသည္။

ကဏန္းလည္း သူ၏ေခါင္း ေပါက္ေသာအခါ ေမ်ာက္ကို စိတ္ဆိုးသြားသည္။ တေန႔မွာ အက်င့္မေကာင္းတဲ့ ေမ်ာက္ကို ျပန္လည္ ဆုံးမမည္ ဟု မွတ္ထားလိုက္ေလသည္ ။ ထို႔ေနာက္ မနီးမေဝးရွိ သစ္ခ်သီး၊ ေက်ာက္ဆုံႏွင့္ နက်ယ္ေကာင္ တို႔ထံ သြား၍ မိတ္ေဆြဖြဲ႕ကာ ေနထိုင္၏။ ထို႔ေနာက္ ထိုမိတ္ေဆြမ်ားႏွင့္ အက်င့္မေကာင္းေသာ ေမ်ာက္အား ဆုံးမရန္ စီစဥ္ၾကေလသည္။

ထို႔ေနာက္ သစ္ခ်သီး၊ ေက်ာက္ဆုံႏွင့္ နက်ယ္ေကာင္၊ ကဏန္းတို႔ မိတ္ေဆြေလးဦး တို႔သည္ ေမ်ာက္ကို ကဏန္းအိမ္သို႔ လက္ဖက္ရည္ေသာက္ ဖိတ္ေခၚလိုက္ေလ၏။ ထိုေနာက္ ေမ်ာက္ မေရာက္လာခင္ သစ္ခ်သီးသည္ မီးပုံေဘးရွိ ျပာထဲတြင္ ဝင္၍ ပုန္းေနေလသည္။ ေက်ာက္ဆုံ သည္လည္း ကဏန္းအိမ္၏ တံခါးအေပၚ၌ တက္၍ ပုန္းေနေလ၏။ နံက်ယ္ေကာင္ ကမူ အမွတ္မဲ့ ေစာင့္ၾကည့္ေနေလ၏။

မၾကာမီတြင္ ေမ်ာက္ေရာက္လာ၍ ကဏန္းက ဆီးႀကိဳၿပီးလွ်င္ "လာပါ မိတ္ေဆြ မီးလႈံၾကရေအာင္" ဟု ေခၚလိုက္ေလ၏။ ထိုစဥ္ ခဏတြင္ မီးပုံေဘးရွိ ျပာလဲတြင္ ဝင္၍ ပုန္းေနလ်က္ ရွိေသာ ဝက္သစ္ခ်သီးသည္ မီးက်က္လာၿပီးလွ်င္ ေဖာင္းခနဲျမည္ကာ ေပါက္ကြဲ ထြက္ေလ၏။ ထိုသို႔ ေပါက္ကြဲၿပီးေနာက္ ေမ်ာက္က လန႔္ၿပီးလွ်င္ တံခါးေပါက္ဘက္သို႔ ေျပးထြက္သြားေလ၏။

ထိုအခါ ေစာင့္ ၾကည့္လ်က္ရွိေသာ နက်ယ္ေကာင္က ျပန္ထြက္လာၿပီးလွ်င္ ေနာက္ကို လိုက္၍ တုပ္ေလသည္။ ေမ်ာက္လည္း အလြန္နာက်င္လြန္းသျဖင့္ ေျပးမည္ဟု ျပဳစဥ္ တံခါးေပၚတြင္ ပုန္းေနေသာ ေက်ာက္ဆုံက သူ၏ကိုယ္ႏွင့္ ေမ်ာက္ေပၚသို႔ လွိမ့္၍ ခ်လိုက္ေလ၏။ ထိုသို႔ ေနာက္ေပၚသို႔ ေက်ာက္ဆုံ လိမ့္က်ေသာအခါ ေမ်ာက္သည္ အလြန္ နာက်င္လြန္းလွသျဖင့္ က်ယ္ေလာင္စြာ ေအာ္ဟစ္ ေနရေလသည္။

ထိုအခါ ေနာက္ဆုံး၌ ကဏန္းကို ေစာ္ကားခဲ့မိသည့္ အျပစ္ကို ျပန္လည္ သတိရလာၿပီးလွ်င္ ကဏန္း၊ သစ္ခ်သီး၊ နက်ယ္ေကာင္ႏွင့္ ေက်ာက္ဆုံတို႔ကို ေနာက္ေနာင္ သူတပါး နာက်င္ခံစား၊ မခံသာေအာင္ မလုပ္ေတာ့ပါ။ မေစာ္ကားေတာ့ပါ။ အျပစ္မွ ခ်မ္းသာေပးပါ ဟု ထိုင္၍ ေတာင္းပန္ေလ၏။

ကဏန္းလည္း ေမ်ာက္က သူ႔အမွားကို သတိရလာ၍ ေတာင္းပန္ေသာခါ တႀကိမ္တခါ မွားသည္ကို သည္းခံမည္ဟု ဆို၍ ေမ်ာက္ကို ေရွးယခင္က ကဲ့သို႔ ျပန္၍ မိတ္ေဆြအျဖစ္ လက္ခံ၍ ေပ်ာ္႐ႊင္စြာပင္ ေနထိုင္သြားေလသည္။

ကိုယ္က သာေနတုန္းမွာ နိမ့္က်ေနတဲ့ တဖက္သားကို အႏိုင္မက်င့္မိ ပါေစနဲ႔။

PhooMyatChal

Post a Comment

0 Comments