တခါတုန်းက တောကြီးတနေရာထဲတွင် ကျွဲကြီးတကောင် ရှိလေသည်။ ထိုကျွဲကြီးသည် သူ၏ ဦးချိုကို အလွန်တရာမှ ချစ်မြတ်နိုးလေသည်။ ထိုအခါ ကျီးကန်းတကောင်သည် ထိုကျွဲကြီး၏ အလွန်တရာ ချစ်မြတ်နိုးသော ဦးချိုကို မြင်ပြီး ကျွဲကြီးကို..
" အို မိတ်ဆွေကျွဲကြီး၊ သင်၏ ဦးချိုကို အဘယ်ကြောင့် အလွန်တရာ ချစ်မြတ်နိုးရ ပါသနည်း" ဟု မေးလေရာ ကျွဲကြီးက "ငါ၏ ခန္ဓာကိုယ် တခုလုံးမှာ အလှပဆုံးလို့ ဆိုစရာဟာ ဒီဦးချို ၂ ချောင်းပဲ ရှိတာမို့ ငါ၏ ဦးချိုကို အလွန်တရာပင် ချစ်မြတ်နိုးရပါသည်" ဟု ဖြေဆိုလေသည်။
ထိုအခါ ကျီးကန်းက ကျွဲကြီးကို ထပ်မေးလေးသည်။ "အို မိတ်ဆွေ ကျွဲကြီး၊ သင်အလွန်တရာပင် ချစ်မြတ်နိုးသော သင့်၏ ဦးချိုကို ဖြတ်ရဲပါသလော"
" ငါဟာ ငယ်စဉ်ကတည်းက ဒီဦးချိုနဲ့ နေလာခဲ့တာပါ အဆွေ။ ဒီဦးချိုကို ဖြတ်လိုက်ပါက ငါဟာ တကယ့် ဒုက္ခနဲ့ ကြုံရတဲ့ အဖြစ်လိုမျိုး ခံစားရပါလိမ့်မည် အဆွေ" ဟု ကျွဲကြီးက ဖြေလေသည်။
ကျီးကန်းကလည်း ဦးချိုလေး ဖြတ်ရုံနှင့် ကြီးစွာသော ဒုက္ခ မရောက်နိုင်ကြောင်း ကျွဲကြီးကို ပြောသည်။ ထိုသို့ ထပ်ခါ ထပ်ခါ ဦးချိုကို ဖြတ်လိုက်ဖို့ တိုက်တွန်းလေရာ နောက်ဆုံးမှာ ကျွဲကြီးလည်း ကျီးကန်းကို မနက်ဖြန် ဖြတ်ပေးမယ်လို့ ကတိပေးလိုက် လေသည်။
မနက်မိုးလင်းတော့ ကျီးကန်းဟာ ကျွဲကြီးရှိတဲ့ တောရပ်ကို ရောက်လာလေသည်။ ထိုအခါ ကျွဲကြီး၏ အလွန်တရာပင် ချစ်မြတ်နိုးရသော ဦးချို ၂ ခုစလုံး မရှိတော့တာကို တွေ့လိုက်သောအခါ ကျွဲကြီးကို မေးလေသည်။
" အို အဆွေ ကျွဲကြီး၊ အလွန်တရာပင် နာကျင်ရ ပါသလား" ဟု မေးလေရာ ကျွဲကြီးက "ဒီလောက် အလွန်တရာ နာကျင်လွန်းတာ ဒီတသက်မှာ ဒီတခါပဲ ခံစားရဖူးပါသည် အဆွေ ကျီးကန်း" ဟု ပြောလေသည်။
ထိုအခါ ကျီးကန်းက "သိပ်မကြာခင် အလွန်တရာ နာကျင်တဲ့ ဒဏ်ရာတွေ ပျောက်သွားမှာပါ" လို့ ပြောပြီး ပျံသွားလေသည်။
၇ ကြာသောအခါ ကျီးကန်းသည် ကျွဲကြီးရှိရာ တောကြီးသို့ တဖန် လာတွေ့လေသည်။ ကျွဲကြီးကို တွေ့တော့ " အို အဆွေ ကျွဲကြီး သင်၏ အလွန် နာကျင်လွန်းလှတဲ့ ဒဏ်ရာတွေ သက်သာသွားပြီလား" ဟု မေးပြန်သည်။ ကျွဲကြီးက "သက်သာပါပြီ အဆွေကျီကန်း" ဟု ဖြေသည်။
ထိုအခါ ကျီးကန်းက "ဒီလိုပါပဲ အဆွေ ကျွဲကြီး၊ ဘဝမှာ ကိုယ်အရမ်း မြတ်နိုး တန်ဖိုးထားတဲ့ အရာတွေဟာ ကိုယ့်ကို အရမ်းနာကျင်လွန်းတဲ့ ဒဏ်ရာတွေ ပေးတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ သူတို့ မရှိရင်တောင် ငါတို့ဘဝဟာ သာသာယာယာပါပဲ အဆွေ" ဟု ပြောပြီး ပျံသန်းသွားလေသည်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ကျနော်တို့ ဘဝတွေမှာလည်း ကျနော်တို့ အလွန်တရာ ချစ်မြတ်နိုးတဲ့၊ ပိုင်ဆိုင်ထားတဲ့ အရာတွေ တကယ်လို့များ ဆုံးရှုံးသွားရင် ကျနော်တို့ဟာ ကြီးစွာ နာကျင်ခံစား နေရလိမ့်မယ် လို့ ထင်နေမိကြတယ်။ ခံစားရရင်လည်း ခဏပါပဲ။ အချိန်တွေ ကြာလာတာနဲ့ အမျှ လွယ်လွယ်နဲ့ မေ့ပျောက်သွားကြမှာပါ။
မမြဲတဲ့ လောကကြီးမှာ ဘယ်အရာကိုမှ အစွဲအလန်း မထားတာ အကောင်းဆုံးပါ။
Zawgyi
က်ီးကန္းႏွင့္ ကြၽဲႀကီး
တခါတုန္းက ေတာႀကီးတေနရာထဲတြင္ ကြၽဲႀကီးတေကာင္ ရွိေလသည္။ ထိုကြၽဲႀကီးသည္ သူ၏ ဦးခ်ိဳကို အလြန္တရာမွ ခ်စ္ျမတ္ႏိုးေလသည္။ ထိုအခါ က်ီးကန္းတေကာင္သည္ ထိုကြၽဲႀကီး၏ အလြန္တရာ ခ်စ္ျမတ္ႏိုးေသာ ဦးခ်ိဳကို ျမင္ၿပီး ကြၽဲႀကီးကို
" အို မိတ္ေဆြကြၽဲႀကီး၊ သင္၏ ဦးခ်ိဳကို အဘယ္ေၾကာင့္ အလြန္တရာ ခ်စ္ျမတ္ႏိုးရ ပါသနည္း" ဟု ေမးေလရာ ကြၽဲႀကီးက "ငါ၏ ခႏၶာကိုယ္ တခုလုံးမွာ အလွပဆုံးလို႔ ဆိုစရာဟာ ဒီဦးခ်ိဳ ၂ ေခ်ာင္းပဲ ရွိတာမို႔ ငါ၏ ဦးခ်ိဳကို အလြန္တရာပင္ ခ်စ္ျမတ္ႏိုးရပါသည္" ဟု ေျဖဆိုေလသည္။
ထိုအခါ က်ီးကန္းက ကြၽဲႀကီးကို ထပ္ေမးေလးသည္။ "အို မိတ္ေဆြ ကြၽဲႀကီး၊ သင္အလြန္တရာပင္ ခ်စ္ျမတ္ႏိုးေသာ သင့္၏ ဦးခ်ိဳကို ျဖတ္ရဲပါသေလာ"
" ငါဟာ ငယ္စဥ္ကတည္းက ဒီဦးခ်ိဳနဲ႔ ေနလာခဲ့တာပါ အေဆြ။ ဒီဦးခ်ိဳကို ျဖတ္လိုက္ပါက ငါဟာ တကယ့္ ဒုကၡနဲ႔ ႀကဳံရတဲ့ အျဖစ္လိုမ်ိဳး ခံစားရပါလိမ့္မည္ အေဆြ" ဟု ကြၽဲႀကီးက ေျဖေလသည္။
က်ီးကန္းကလည္း ဦးခ်ိဳေလး ျဖတ္႐ုံႏွင့္ ႀကီးစြာေသာ ဒုကၡ မေရာက္ႏိုင္ေၾကာင္း ကြၽဲႀကီးကို ေျပာသည္။ ထိုသို႔ ထပ္ခါ ထပ္ခါ ဦးခ်ိဳကို ျဖတ္လိုက္ဖို႔ တိုက္တြန္းေလရာ ေနာက္ဆုံးမွာ ကြၽဲႀကီးလည္း က်ီးကန္းကို မနက္ျဖန္ ျဖတ္ေပးမယ္လို႔ ကတိေပးလိုက္ ေလသည္။
မနက္မိုးလင္းေတာ့ က်ီးကန္းဟာ ကြၽဲႀကီးရွိတဲ့ ေတာရပ္ကို ေရာက္လာေလသည္။ ထိုအခါ ကြၽဲႀကီး၏ အလြန္တရာပင္ ခ်စ္ျမတ္ႏိုးရေသာ ဦးခ်ိဳ ၂ ခုစလုံး မရွိေတာ့တာကို ေတြ႕လိုက္ေသာအခါ ကြၽဲႀကီးကို ေမးေလသည္။
" အို အေဆြ ကြၽဲႀကီး၊ အလြန္တရာပင္ နာက်င္ရ ပါသလား" ဟု ေမးေလရာ ကြၽဲႀကီးက "ဒီေလာက္ အလြန္တရာ နာက်င္လြန္းတာ ဒီတသက္မွာ ဒီတခါပဲ ခံစားရဖူးပါသည္ အေဆြ က်ီးကန္း" ဟု ေျပာေလသည္။
ထိုအခါ က်ီးကန္းက "သိပ္မၾကာခင္ အလြန္တရာ နာက်င္တဲ့ ဒဏ္ရာေတြ ေပ်ာက္သြားမွာပါ" လို႔ ေျပာၿပီး ပ်ံသြားေလသည္။
၇ ၾကာေသာအခါ က်ီးကန္းသည္ ကြၽဲႀကီးရွိရာ ေတာႀကီးသို႔ တဖန္ လာေတြ႕ေလသည္။ ကြၽဲႀကီးကို ေတြ႕ေတာ့ "အို အေဆြ ကြၽဲႀကီး သင္၏ အလြန္ နာက်င္လြန္းလွတဲ့ ဒဏ္ရာေတြ သက္သာသြားၿပီလား" ဟု ေမးျပန္သည္။ ကြၽဲႀကီးက "သက္သာပါၿပီ အေဆြက်ီကန္း" ဟု ေျဖသည္။
ထိုအခါ က်ီးကန္းက "ဒီလိုပါပဲ အေဆြ ကြၽဲႀကီး၊ ဘဝမွာ ကိုယ္အရမ္း ျမတ္ႏိုး တန္ဖိုးထားတဲ့ အရာေတြဟာ ကိုယ့္ကို အရမ္းနာက်င္လြန္းတဲ့ ဒဏ္ရာေတြ ေပးတတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ သူတို႔ မရွိရင္ေတာင္ ငါတို႔ဘဝဟာ သာသာယာယာပါပဲ အေဆြ" ဟု ေျပာၿပီး ပ်ံသန္းသြားေလသည္။
ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ က်ေနာ္တို႔ ဘဝေတြမွာလည္း က်ေနာ္တို႔ အလြန္တရာ ခ်စ္ျမတ္ႏိုးတဲ့၊ ပိုင္ဆိုင္ထားတဲ့ အရာေတြ တကယ္လို႔မ်ား ဆုံးရႈံးသြားရင္ က်ေနာ္တို႔ဟာ ႀကီးစြာ နာက်င္ခံစား ေနရလိမ့္မယ္ လို႔ ထင္ေနမိၾကတယ္။ ခံစားရရင္လည္း ခဏပါပဲ။ အခ်ိန္ေတြ ၾကာလာတာနဲ႔ အမွ် လြယ္လြယ္နဲ႔ ေမ့ေပ်ာက္သြားၾကမွာပါ။
မၿမဲတဲ့ ေလာကႀကီးမွာ ဘယ္အရာကိုမွ အစြဲအလန္း မထားတာ အေကာင္းဆုံးပါ။
1 Comments
သတ်ပုံမှန်နဲ့ ရေးသားတင်ပြသူ ကွန်ဂရက်ကျူလေးရှင်း။
ReplyDelete