ကိုယ်ပိုင် တိုင်းပြည်

ဟိုးရှေးရှေး တုန်းက တိုင်းပြည်တခုမှာ ထူးဆန်းတဲ့ ဥပဒေတခုကို ပြဌာန်းထား ခဲ့တယ်။ ဥပဒေအရ ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်းပြည်ကို ၅ နှစ် အုပ်ချုပ်ခွင့် ရှိတယ် ။ ဘုရင်သက်တမ်း ကုန်ဆုံးရင်တော့ လူတဦးတယောက်မှ မရှိတဲ့ ကျွန်းတကျွန်းကို ပို့ပစ်တယ် ။ အဲဒီလိုနဲ့ တိုင်းပြည်မှာ ရှိတဲ့ ယောက်ျားများဟာ ဘုရင်အဖြစ်ကို တယောက်ပြီး တယောက် ရယူခဲ့ကြတယ် ။

ပထမ ဘုရင်တယောက် နန်းတက်ခဲ့တယ် ။ သူဟာ ဘုရင် မဖြစ်ခင်ကတည်းက စည်းစိမ် ခံစားဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်လို့ ခမ်းနားတဲ့ ကပွဲ သဘင်တွေ ဆင်ယင်တယ် ။ မိန်းမတွေ အများကြီးကို လက်ထပ်တယ် ။ ဇိမ်ခံ ပစည်းတွေနဲ့ သူ့စိတ်တောင်းဆိုရာ အရာ မှန်သမျှကို အတားအဆီး မရှိ လုပ်ခဲ့တယ် ။ အဲဒီလို ထင်သလို လုပ်ခဲ့ပြီး အချိန် ၅ နှစ် တာဟာ သူ သတိမထားမိဘဲ စည်းစိမ်ချမ်းသာတွေကို ခံစားရင်း ကုန်ဆုံးသွား ခဲ့တယ် ။

နောက်တနေ့ မနက်မှာတော့ ဘုရင် အိပ်ရာကနေ နိုးလာတုန်း စစ်သည်တွေ ရောက်လာခဲ့တယ် " ကျွန်ုပ်တို့ဟာ တိုင်းပြည်ရဲ့ ဥပဒေအရ သင့်ကိုလာရောက် ခေါ်ဆောင်တာ ဖြစ်တယ် သင်ဟာ ၅ နှစ်တာ ကာလ ဘုရင်လုပ်ပြီးပြီ ဖြစ်တဲ့အတွက် သင့်ကို ဖမ်းဆီးပြီး တကျွန်း ပို့ရလိမ့်မယ် " ဘုရင်ဟာ အံ့သြခြင်းတော့ မဖြစ်ခဲ့ဘူး ။ သူဒီလိုပဲ အဆုံးသတ်ရမယ် ဆိုတာ အစကတည်းက သူသိထား ခဲ့တယ် ။

ဒါကြောင့်လည်း သူဟာ ၅ နှစ် အတွင်း အမြင့်မားဆုံး စည်းစိမ်တွေကို ခံစားခဲ့ပြီးပြီ ဖြစ်တယ် ။ ဒါပေမယ့် သားရဲတိရစ္ဆာန် ထူပြောတဲ့ ကျွန်းမှာ နေရမှာကိုတော့ သူကြောက်နေခဲ့တယ် ။ ဘုရင်ဟာ ကြောက်ရွံ့ပြီး ငိုကြွေးခဲ့တယ် ။ သူငိုနေပေမယ့်လည်း ဘယ်သူမှ မရှိတဲ့ သားရဲကျွန်းမှာ တယောက်တည်းပဲ အော်ဟစ်ရင်း နေခဲ့ရတော့တယ် ။

ဒီလိုနဲ့ နောက်ထပ် ဘုရင်တပါး တက်ပြန်တယ် ။ သူလည်းပဲ အသုံးအဖြန်း ကြီးစွာနဲ့ပဲ စည်းစိမ်ခံစားရင်း ကုန်လွန်ခဲ့ ပြန်တယ် ။ ပထမဘုရင် သွားရာနောက် ကိုပဲ ကောက်ကောက်ပါအောင် လိုက်ခဲ့ရပြန်တယ် ။ ဒီလိုနဲ့ ဘုရင်တွေ တယောက်ပြီး တယောက် ပြောင်းလဲလာခဲ့တယ် ။ အစပိုင်းမှာ ရယ်ရွှင်မြူးထူးခြင်းနေ့နဲ့ စပြီး ငိုကြွေးခြင်းနဲ့ အဆုံးသတ်ရတဲ့ ခရီးတွေပဲပေါ့ ။

အဲဒီနောက်မှာတော့ လူငယ်လေး တဦးဟာ ဘုရင်အဖြစ်ကို ရောက်လာခဲ့တယ် ။ သူလည်းပဲ ပထမဘုရင်တွေ လိုပဲ တူညီတဲ့ အခွင့်အရေး ရခဲ့တယ် ။ စည်းစိမ် ခံစားခွင့်လည်း ရလာခဲ့တယ် ။ ဒါပေမယ့် သူဟာ ၅ နှစ် ဆိုတဲ့ အချိန်ကို အဓိပ္ပါယ်ရှိစွာ ကုန်လွန်ဖို့ပဲ တွေးတောခဲ့တယ် ။ သူ့ဘဝ အဆုံးသတ်ရမယ့် သားရဲ ထူးထပ်တဲ့ ကျွန်းကို သူရောက်တဲ့အခါ အဆင်ပြေစေဖို့ ကြိုတင် စီစဉ်မှုတွေ ပြုလုပ်ခဲ့တယ် ။

ပထမနှစ်မှာ ဘုရင်ဟာ စီမံကိန်း တခု ချမှတ်ခဲ့တယ် ။ သူဟာ စစ်သည်ရဲမက်တွေ တိရစ္ဆာန် လေ့ကျင့်ပေးတဲ့ နေရာမှာ ကျွမ်းကျင်သူတွေကိုအတူတွဲပြီး သားရဲကျွန်းကို လွှတ်ခဲ့တယ် ။ အဲဒီလိုနဲ့ သားရဲကျွန်းက တိရစ္ဆာန်ရိုင်းတွေ ပပျောက်ပြီး လူတွေအတွက် အကျိုးရှိမယ့် အိမ်မွေးတိရစာန်တွေ ဖြစ်လာကြတယ် ။

ဘုရင်ကြီးဟာ စနစ်တကျ စီမံ ကွပ်ကဲခဲ့ တာကြောင့် စီမံကိန်းဟာ စနစ်တကျပဲ အောင်မြင်ခဲ့တယ် ။ ဒုတိယနှစ် မှာတော့ လယ်ယာစိုက်ပျိုးသူတောင်သူတွေကို သားရဲတွေ မရှိတော့တဲ့ သားရဲကျွန်းကို ပို့ပြန်တယ် ။ တောင်သူတွေဟာ ကြီးမားတဲ့ သီးနှံစိုက်ခင်းတွေ၊ လယ်ယာတွေကို စိုက်ပျိုးလုပ်ကိုင် ကြတယ်။

တတိယနှစ်မှာ သူဟာ ကျွန်းရဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဓါတ်အားပေးဌာနတွေ၊ လမ်းတွေ၊ တံတားတွေကို တည်ဆောက်တယ် ။ စတုတ္ထနှစ်ကို ရောက်တဲ့ အခါမှာတော့ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ဆရာဝန် စတဲ့ အတတ်ပညာရှင်တွေအကုန်လုံးကို ကျွန်းကို ပို့ပြန်တယ် ။ နောက်ဆုံးနှစ် မှာတော့ သူဟာ သူ့ရဲ့ အဆွေအမျိုး အပေါင်းအသင်း မိတ်ဆွေတွေကို တကျွန်း ပို့ခဲ့တယ် ။ နောက်ဆုံးတော့ သူ့ရဲ့အလှည့်လည်း ရောက်လာခဲ့တယ် ။

၅ နှစ် တာ ကာလ ကုန်ဆုံးပြီ ဖြစ်လို့ ရဲမက်တွေဟာ သူ့ကို တုပ်နှောင်ပြီး တကျွန်းကို ပို့ခဲ့ကြတယ် ။ အဲဒီအခါ ဘုရင်ကြီးက ကျေနပ်စွာ ပြုံးပျော်ပြီး လိုက်ပါသွားခဲ့တယ် ။ သူ့အတွက် သာယာတဲ့ နိုင်ငံသစ် တခုက အသင့် စောင့်ကြိုနေလို့ ပါပဲ ။

အဲဒီပုံပြင်လေးက ကျွန်တော်တို့ကို သတိပေးထားတာတွေ ရှိတယ် ။ ပထမဘုရင်တွေလို ဘဝရဲ့ ပထမပိုင်းမှာ ပေါ့ပေါ့ပါးပါး နေမယ် ဆိုရင် ဘဝ နေဝင်ချိန် ရောက်တဲ့ အခါမှာ ငိုကြွေးရမယ်။ ပညာရှိ ဘုရင်လေးလို စနစ်တကျ ပုံဖော်ပြီး ကောင်းမှုကုသိုလ်တွေ ပြုကြမယ်ဆိုရင် ဘဝနေဝင်ချိန်ဟာ လှပတဲ့အပြင် နောက်ဘဝတွေ မှာလည်း ကောင်းသော ဘုံတိုင်းက ကြိုဆိုနေကြမှာပါ။

Crd

Zawgyi

ကိုယ္ပိုင္ တိုင္းျပည္

ဟိုးေရွးေရွး တုန္းက တိုင္းျပည္တခုမွာ ထူးဆန္းတဲ့ ဥပေဒတခုကို ျပဌာန္းထား ခဲ့တယ္။ ဥပေဒအရ ေယာက္်ားတိုင္းဟာ ဘုရင္ျဖစ္ႏိုင္ၿပီး တိုင္းျပည္ကို ၅ ႏွစ္ အုပ္ခ်ဳပ္ခြင့္ ရွိတယ္ ။ ဘုရင္သက္တမ္း ကုန္ဆုံးရင္ေတာ့ လူတဦးတေယာက္မွ မရွိတဲ့ ကြၽန္းတကြၽန္းကို ပို႔ပစ္တယ္ ။ အဲဒီလိုနဲ႔ တိုင္းျပည္မွာ ရွိတဲ့ ေယာက္်ားမ်ားဟာ ဘုရင္အျဖစ္ကို တေယာက္ၿပီး တေယာက္ ရယူခဲ့ၾကတယ္ ။

ပထမ ဘုရင္တေယာက္ နန္းတက္ခဲ့တယ္ ။ သူဟာ ဘုရင္ မျဖစ္ခင္ကတည္းက စည္းစိမ္ ခံစားဖို႔ ရည္႐ြယ္ထားခဲ့တာ ျဖစ္လို႔ ခမ္းနားတဲ့ ကပြဲ သဘင္ေတြ ဆင္ယင္တယ္ ။ မိန္းမေတြ အမ်ားႀကီးကို လက္ထပ္တယ္ ။ ဇိမ္ခံ ပစည္းေတြနဲ႔ သူ႔စိတ္ေတာင္းဆိုရာ အရာ မွန္သမွ်ကို အတားအဆီး မရွိ လုပ္ခဲ့တယ္ ။ အဲဒီလို ထင္သလို လုပ္ခဲ့ၿပီး အခ်ိန္ ၅ ႏွစ္ တာဟာ သူ သတိမထားမိဘဲ စည္းစိမ္ခ်မ္းသာေတြကို ခံစားရင္း ကုန္ဆုံးသြား ခဲ့တယ္ ။

ေနာက္တေန႔ မနက္မွာေတာ့ ဘုရင္ အိပ္ရာကေန ႏိုးလာတုန္း စစ္သည္ေတြ ေရာက္လာခဲ့တယ္ " ကြၽႏ္ုပ္တို႔ဟာ တိုင္းျပည္ရဲ႕ ဥပေဒအရ သင့္ကိုလာေရာက္ ေခၚေဆာင္တာ ျဖစ္တယ္ သင္ဟာ ၅ ႏွစ္တာ ကာလ ဘုရင္လုပ္ၿပီးၿပီ ျဖစ္တဲ့အတြက္ သင့္ကို ဖမ္းဆီးၿပီး တကြၽန္း ပို႔ရလိမ့္မယ္ " ဘုရင္ဟာ အံ့ၾသျခင္းေတာ့ မျဖစ္ခဲ့ဘူး ။ သူဒီလိုပဲ အဆုံးသတ္ရမယ္ ဆိုတာ အစကတည္းက သူသိထား ခဲ့တယ္ ။

ဒါေၾကာင့္လည္း သူဟာ ၅ ႏွစ္ အတြင္း အျမင့္မားဆုံး စည္းစိမ္ေတြကို ခံစားခဲ့ၿပီးၿပီ ျဖစ္တယ္ ။ ဒါေပမယ့္ သားရဲတိရစာၦန္ ထူေျပာတဲ့ ကြၽန္းမွာ ေနရမွာကိုေတာ့ သူေၾကာက္ေနခဲ့တယ္ ။ ဘုရင္ဟာ ေၾကာက္႐ြံ႕ၿပီး ငိုေႂကြးခဲ့တယ္ ။ သူငိုေနေပမယ့္လည္း ဘယ္သူမွ မရွိတဲ့ သားရဲကြၽန္းမွာ တေယာက္တည္းပဲ ေအာ္ဟစ္ရင္း ေနခဲ့ရေတာ့တယ္ ။

ဒီလိုနဲ႔ ေနာက္ထပ္ ဘုရင္တပါး တက္ျပန္တယ္ ။ သူလည္းပဲ အသုံးအျဖန္း ႀကီးစြာနဲ႔ပဲ စည္းစိမ္ခံစားရင္း ကုန္လြန္ခဲ့ ျပန္တယ္ ။ ပထမဘုရင္ သြားရာေနာက္ ကိုပဲ ေကာက္ေကာက္ပါေအာင္ လိုက္ခဲ့ရျပန္တယ္ ။ ဒီလိုနဲ႔ ဘုရင္ေတြ တေယာက္ၿပီး တေယာက္ ေျပာင္းလဲလာခဲ့တယ္ ။ အစပိုင္းမွာ ရယ္႐ႊင္ျမဴးထူးျခင္းေန႔နဲ႔ စၿပီး ငိုေႂကြးျခင္းနဲ႔ အဆုံးသတ္ရတဲ့ ခရီးေတြပဲေပါ့ ။

အဲဒီေနာက္မွာေတာ့ လူငယ္ေလး တဦးဟာ ဘုရင္အျဖစ္ကို ေရာက္လာခဲ့တယ္ ။ သူလည္းပဲ ပထမဘုရင္ေတြ လိုပဲ တူညီတဲ့ အခြင့္အေရး ရခဲ့တယ္ ။ စည္းစိမ္ ခံစားခြင့္လည္း ရလာခဲ့တယ္ ။ ဒါေပမယ့္ သူဟာ ၅ ႏွစ္ ဆိုတဲ့ အခ်ိန္ကို အဓိပၸါယ္ရွိစြာ ကုန္လြန္ဖို႔ပဲ ေတြးေတာခဲ့တယ္ ။ သူ႔ဘဝ အဆုံးသတ္ရမယ့္ သားရဲ ထူးထပ္တဲ့ ကြၽန္းကို သူေရာက္တဲ့အခါ အဆင္ေျပေစဖို႔ ႀကိဳတင္ စီစဥ္မႈေတြ ျပဳလုပ္ခဲ့တယ္ ။

ပထမႏွစ္မွာ ဘုရင္ဟာ စီမံကိန္း တခု ခ်မွတ္ခဲ့တယ္ ။ သူဟာ စစ္သည္ရဲမက္ေတြ တိရစာၦန္ ေလ့က်င့္ေပးတဲ့ ေနရာမွာ ကြၽမ္းက်င္သူေတြကိုအတူတြဲၿပီး သားရဲကြၽန္းကို လႊတ္ခဲ့တယ္ ။ အဲဒီလိုနဲ႔ သားရဲကြၽန္းက တိရစာၦန္႐ိုင္းေတြ ပေပ်ာက္ၿပီး လူေတြအတြက္ အက်ိဳးရွိမယ့္ အိမ္ေမြးတိရစာန္ေတြ ျဖစ္လာၾကတယ္ ။

ဘုရင္ႀကီးဟာ စနစ္တက် စီမံ ကြပ္ကဲခဲ့ တာေၾကာင့္ စီမံကိန္းဟာ စနစ္တက်ပဲ ေအာင္ျမင္ခဲ့တယ္ ။ ဒုတိယႏွစ္ မွာေတာ့ လယ္ယာစိုက္ပ်ိဳးသူေတာင္သူေတြကို သားရဲေတြ မရွိေတာ့တဲ့ သားရဲကြၽန္းကို ပို႔ျပန္တယ္ ။ ေတာင္သူေတြဟာ ႀကီးမားတဲ့ သီးႏွံစိုက္ခင္းေတြ၊ လယ္ယာေတြကို စိုက္ပ်ိဳးလုပ္ကိုင္ ၾကတယ္။

တတိယႏွစ္မွာ သူဟာ ကြၽန္းရဲ႕ အေျခခံ အေဆာက္အအုံေတြ ျဖစ္တဲ့ ေက်ာင္းေတြ၊ ေဆး႐ုံေတြ၊ ဓါတ္အားေပးဌာနေတြ၊ လမ္းေတြ၊ တံတားေတြကို တည္ေဆာက္တယ္ ။ စတုတၳႏွစ္ကို ေရာက္တဲ့ အခါမွာေတာ့ အင္ဂ်င္နီယာ၊ စာရင္းကိုင္၊ ဆရာဝန္ စတဲ့ အတတ္ပညာရွင္ေတြအကုန္လုံးကို ကြၽန္းကို ပို႔ျပန္တယ္ ။ ေနာက္ဆုံးႏွစ္ မွာေတာ့ သူဟာ သူ႔ရဲ႕ အေဆြအမ်ိဳး အေပါင္းအသင္း မိတ္ေဆြေတြကို တကြၽန္း ပို႔ခဲ့တယ္ ။ ေနာက္ဆုံးေတာ့ သူ႔ရဲ႕အလွည့္လည္း ေရာက္လာခဲ့တယ္ ။

၅ ႏွစ္ တာ ကာလ ကုန္ဆုံးၿပီ ျဖစ္လို႔ ရဲမက္ေတြဟာ သူ႔ကို တုပ္ေႏွာင္ၿပီး တကြၽန္းကို ပို႔ခဲ့ၾကတယ္ ။ အဲဒီအခါ ဘုရင္ႀကီးက ေက်နပ္စြာ ၿပဳံးေပ်ာ္ၿပီး လိုက္ပါသြားခဲ့တယ္ ။ သူ႔အတြက္ သာယာတဲ့ ႏိုင္ငံသစ္ တခုက အသင့္ ေစာင့္ႀကိဳေနလို႔ ပါပဲ ။

အဲဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို သတိေပးထားတာေတြ ရွိတယ္ ။ ပထမဘုရင္ေတြလို ဘဝရဲ႕ ပထမပိုင္းမွာ ေပါ့ေပါ့ပါးပါး ေနမယ္ ဆိုရင္ ဘဝ ေနဝင္ခ်ိန္ ေရာက္တဲ့ အခါမွာ ငိုေႂကြးရမယ္။ ပညာရွိ ဘုရင္ေလးလို စနစ္တက် ပုံေဖာ္ၿပီး ေကာင္းမႈကုသိုလ္ေတြ ျပဳၾကမယ္ဆိုရင္ ဘဝေနဝင္ခ်ိန္ဟာ လွပတဲ့အျပင္ ေနာက္ဘဝေတြ မွာလည္း ေကာင္းေသာ ဘုံတိုင္းက ႀကိဳဆိုေနၾကမွာပါ။

Crd

Post a Comment

0 Comments