အကောင်းဆုံး ပြောင်းဖူး

ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ နှစ်စဉ် အကောင်းဆုံး ပြောင်းဖူးဆုကို အကြိမ်ကြိမ် ရရှိတဲ့ ပြောင်းဖူးစိုက်ပျိုးသူ တယောက် ရှိတယ်။ တနေ့မှာတော့ ဘုရင်ကြီးက တိုင်းပြည်ရဲ့ အကောင်းဆုံး ပြောင်းဖူး စိုက်ပျိုးသူ ဆီကနေ ပြောင်းဖူးစိုက်ပျိုးနည်းကို လေ့လာသင်ယူဖို့ သူ့ရဲ့ လူယုံအမတ် တချို့ကို စေလွှတ်လိုက်ပါတယ်။

ဘုရင်ကြီးရဲ့ လူယုံ အမတ်တွေဟာ ပြောင်းဖူးစိုက်ပျိုးနည်းကို စိတ်ဝင်တစား လေ့လာကြ ပါတယ်။ ဒီလို လေ့လာရင်းနဲ့ ဆုရတဲ့ ပြောင်းဖူးစိုက်ပျိုးသူဟာ သူရဲ့အကောင်းဆုံး ပြောင်းဖူးမျိုးတွေကို အနီးအနားက တခြားသော ခြံတွေဆီ လိုလိုလားလားနဲ့ အမြဲ မျှဝေပေးတတ်တယ် ဆိုတာ သူတို့တွေ ထူးဆန်းစွာ သိရှိလိုက်ရတယ်။

" ခင်ဗျား တော်တော် အ တဲ့ လူပဲ၊ ဘာလို့ ကိုယ်ရဲ့အကောင်းဆုံး မျိုးစေ့တွေကို ဒီလို ပေါပေါပဲပဲ လိုက်ဝေနေရ တာလဲ၊ ခင်ဗျားရဲ့ အကောင်းဆုံး မျိုးစေ့ ကိုသာ သူတို့တွေ ရသွားရင် နောက်နှစ်မှာ ခင်ဗျားကို ကျော်တက် သွားမှာပေါ့ " လို့ ဘုရင့် အမတ်တွေထဲက ခေါင်းဆောင်ဖြစ်သူက ပြောလိုက်တယ်။

" ဝတ်မှုန်ကူးခြင်းရဲ့ တန်ဖိုးကို တကယ်ပဲ မသိလို့ မေးတာများလား ဝန်မင်းကြီး၊ ဒီပြောင်းဖူးပင်တွေ ရင့်မှည့် လာကြတဲ့အခါ လေအဝှေ့ တချက်မှာပဲ ဒီအနီးအနား ဝန်းကျင်မှာ ရှိတဲ့ ခြံတွေထဲက ပြောင်းဖူးပင်တွေဟာ တပင်နဲ့ တပင် ဝတ်မှုံကူးကြပါတယ်၊

တကယ်လို့ ကျွန်တော့်ခြံ အနီးအနား ခြံတွေဆီက အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ ဖူးလာခဲ့မယ် ဆိုရင် ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ အောင်မြင် ဖြစ်ထွန်းလာစရာ အကြောင်း မရှိပါဘူး၊

ကိုယ့်ခြံထဲက ပြောင်းဖူးတွေကို အောင်မြင် ဖြစ်ထွန်းစေချင်တယ် ဆိုရင် ကိုယ့်ခြံ အနီးအနားက ပြောင်းဖူးပင်တွေ ကိုပါ မြှင့်တင် ပျိုးထောင်မှ ရပါလိမ့်မယ် " လို့ ရိုးရှင်းစွာ အဖြေပေးလိုက်တော့ အမတ်တွေဟာ သူတို့ရဲ့ သေးသိမ်တဲ့ စိတ်တွေကို ပြန်မြင်မိပြီး တော်တော်လေး အရှက်ရသွားကြသတဲ့။

ကျွန်တော်တို့ လူ့ဘဝမှာလဲ ဒီလိုပဲ မဟုတ်လား။ ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ချင်တယ် ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်း ပျော်ရွှင်ခွင့် ရရှိဖို့ ဖန်တီးပေးတတ်ရမှ ရပါမယ်။

ကိုယ်က အဆင့်မြင့်မြင့် တန်ဖိုးရှိရှိ ရှင်သန် နေထိုင်ချင်တယ် ဆိုရင် ကိုယ့် လူမှုပတ်ဝန်းကျင်က လူတွေကိုလည်း တန်ဖိုးထားပြီး လက်တွဲခေါ် ကူညီ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

တကယ်တော့ ဘဝရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ တကယ့် တန်ဖိုး ဆိုတာ ကိုယ့်အတ္တတခုတည်း အရင်းတည်ပြီး ကိုယ့်အကျိုး၊ ကိုယ့်စီးပွား၊ ကိုယ့်ပညာကိုပဲ ဆင့်ကာ ဆင့်ကာ တည်ဆောက်ရုံနဲ့ မရနိုင်ပါဘူး။ ဒီလို အတွေးအမြင်နဲ့ ကိုယ့်အတွက် ကိုယ်သာ လုပ်ပြီး ပေးဆပ်မျှဝေမှု မရှိတဲ့ လူကို ဘယ်သူကမှ လေးစားအားကျ တန်ဖိုးထားလာမှာ မဟုတ်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်ကို လှပအောင် တန်ဖိုးရှိအောင် ခြယ်သခြင်းက ကိုယ်ရဲ့ အရည်အသွေးကို ပိုမို တောက်ပြောင်စေတယ်။ ဒါကပဲ ကိုယ့်ရဲ့ တန်ဖိုး တစိတ်တပိုင်း ဖြစ်လို့ နေပါတယ်။ သင့်အနေနဲ့ အကောင်းဆုံးပြောင်းဖူးကို လိုချင်သလား၊ အကောင်းဆုံး ပြောင်းဖူးအတွက်ဆို အကောင်းဆုံး ပတ်ဝန်းကျင်ကိုပါ ဖန်တီးမှပဲ ရပါလိမ့်မယ် ။

crd

Zawgyi

အေကာင္းဆံုး ေျပာင္းဖူး

ေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ ႏွစ္စဥ္ အေကာင္းဆုံး ေျပာင္းဖူးဆုကို အႀကိမ္ႀကိမ္ ရရွိတဲ့ ေျပာင္းဖူးစိုက္ပ်ိဳးသူ တေယာက္ ရွိတယ္။ တေန႔မွာေတာ့ ဘုရင္ႀကီးက တိုင္းျပည္ရဲ႕ အေကာင္းဆုံး ေျပာင္းဖူး စိုက္ပ်ိဳးသူ ဆီကေန ေျပာင္းဖူးစိုက္ပ်ိဳးနည္းကို ေလ့လာသင္ယူဖို႔ သူ႔ရဲ႕ လူယုံအမတ္ တခ်ိဳ႕ကို ေစလႊတ္လိုက္ပါတယ္။

ဘုရင္ႀကီးရဲ႕ လူယုံ အမတ္ေတြဟာ ေျပာင္းဖူးစိုက္ပ်ိဳးနည္းကို စိတ္ဝင္တစား ေလ့လာၾက ပါတယ္။ ဒီလို ေလ့လာရင္းနဲ႔ ဆုရတဲ့ ေျပာင္းဖူးစိုက္ပ်ိဳးသူဟာ သူရဲ႕အေကာင္းဆုံး ေျပာင္းဖူးမ်ိဳးေတြကို အနီးအနားက တျခားေသာ ၿခံေတြဆီ လိုလိုလားလားနဲ႔ အၿမဲ မွ်ေဝေပးတတ္တယ္ ဆိုတာ သူတို႔ေတြ ထူးဆန္းစြာ သိရွိလိုက္ရတယ္။

" ခင္ဗ်ား ေတာ္ေတာ္ အ တဲ့ လူပဲ၊ ဘာလို႔ ကိုယ္ရဲ႕အေကာင္းဆုံး မ်ိဳးေစ့ေတြကို ဒီလို ေပါေပါပဲပဲ လိုက္ေဝေနရ တာလဲ၊ ခင္ဗ်ားရဲ႕ အေကာင္းဆုံး မ်ိဳးေစ့ ကိုသာ သူတို႔ေတြ ရသြားရင္ ေနာက္ႏွစ္မွာ ခင္ဗ်ားကို ေက်ာ္တက္ သြားမွာေပါ့ " လို႔ ဘုရင့္ အမတ္ေတြထဲက ေခါင္းေဆာင္ျဖစ္သူက ေျပာလိုက္တယ္။

" ဝတ္မႈန္ကူးျခင္းရဲ႕ တန္ဖိုးကို တကယ္ပဲ မသိလို႔ ေမးတာမ်ားလား ဝန္မင္းႀကီး၊ ဒီေျပာင္းဖူးပင္ေတြ ရင့္မွည့္ လာၾကတဲ့အခါ ေလအေဝွ႔ တခ်က္မွာပဲ ဒီအနီးအနား ဝန္းက်င္မွာ ရွိတဲ့ ၿခံေတြထဲက ေျပာင္းဖူးပင္ေတြဟာ တပင္နဲ႔ တပင္ ဝတ္မႈံကူးၾကပါတယ္၊

တကယ္လို႔ ကြၽန္ေတာ့္ၿခံ အနီးအနား ၿခံေတြဆီက အရည္အေသြးညံ့တဲ့ ေျပာင္းဖူးေတြ ဖူးလာခဲ့မယ္ ဆိုရင္ ကြၽန္ေတာ့္ၿခံက ေျပာင္းဖူးေတြလဲ ေအာင္ျမင္ ျဖစ္ထြန္းလာစရာ အေၾကာင္း မရွိပါဘူး၊

ကိုယ့္ၿခံထဲက ေျပာင္းဖူးေတြကို ေအာင္ျမင္ ျဖစ္ထြန္းေစခ်င္တယ္ ဆိုရင္ ကိုယ့္ၿခံ အနီးအနားက ေျပာင္းဖူးပင္ေတြ ကိုပါ ျမႇင့္တင္ ပ်ိဳးေထာင္မွ ရပါလိမ့္မယ္ " လို႔ ႐ိုးရွင္းစြာ အေျဖေပးလိုက္ေတာ့ အမတ္ေတြဟာ သူတို႔ရဲ႕ ေသးသိမ္တဲ့ စိတ္ေတြကို ျပန္ျမင္မိၿပီး ေတာ္ေတာ္ေလး အရွက္ရသြားၾကသတဲ့။

ကြၽန္ေတာ္တို႔ လူ႔ဘဝမွာလဲ ဒီလိုပဲ မဟုတ္လား။ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္စြာ ေနထိုင္ခ်င္တယ္ ဆိုရင္ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္ကိုလည္း ၿငိမ္းခ်မ္း ေပ်ာ္႐ႊင္ခြင့္ ရရွိဖို႔ ဖန္တီးေပးတတ္ရမွ ရပါမယ္။ ကိုယ္က အဆင့္ျမင့္ျမင့္ တန္ဖိုးရွိရွိ ရွင္သန္ ေနထိုင္ခ်င္တယ္ ဆိုရင္ ကိုယ့္ လူမႈပတ္ဝန္းက်င္က လူေတြကိုလည္း တန္ဖိုးထားၿပီး လက္တြဲေခၚ ကူညီ ျမႇင့္တင္ေပးဖို႔ လိုအပ္ပါတယ္။

တကယ္ေတာ့ ဘဝရဲ႕ တန္ဖိုး၊ ကိုယ့္ရဲ႕ တကယ့္ တန္ဖိုး ဆိုတာ ကိုယ့္အတၱတခုတည္း အရင္းတည္ၿပီး ကိုယ့္အက်ိဳး၊ ကိုယ့္စီးပြား၊ ကိုယ့္ပညာကိုပဲ ဆင့္ကာ ဆင့္ကာ တည္ေဆာက္႐ုံနဲ႔ မရႏိုင္ပါဘူး။ ဒီလို အေတြးအျမင္နဲ႔ ကိုယ့္အတြက္ ကိုယ္သာ လုပ္ၿပီး ေပးဆပ္မွ်ေဝမႈ မရွိတဲ့ လူကို ဘယ္သူကမွ ေလးစားအားက် တန္ဖိုးထားလာမွာ မဟုတ္ပါဘူး။

ကိုယ့္ပတ္ဝန္းက်င္ကို လွပေအာင္ တန္ဖိုးရွိေအာင္ ျခယ္သျခင္းက ကိုယ္ရဲ႕ အရည္အေသြးကို ပိုမို ေတာက္ေျပာင္ေစတယ္။ ဒါကပဲ ကိုယ့္ရဲ႕ တန္ဖိုး တစိတ္တပိုင္း ျဖစ္လို႔ ေနပါတယ္။ သင့္အေနနဲ႔ အေကာင္းဆုံးေျပာင္းဖူးကို လိုခ်င္သလား၊ အေကာင္းဆုံး ေျပာင္းဖူးအတြက္ဆို အေကာင္းဆုံး ပတ္ဝန္းက်င္ကိုပါ ဖန္တီးမွပဲ ရပါလိမ့္မယ္ ။

crd

Post a Comment

0 Comments