အရောင်ထွက်နေရင် သတိထား

တခါတုန်းက ကုန်သည်တစုဟာ သဲကန္တာရကို ဖြတ်သန်း သွားကြတယ်။ နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲ တွေနဲ့ နားနေကြပြီး ညမှသာ ခရီးဆက်ကြတယ်။ ဒီလိုနဲ့ တနေ့ နေဝင် လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။

အဲ့ဒီ့အချိန်မှာပဲ နောက်ဆုံးမှ ရောက်လာတဲ့ သူက "အဆွေတို့၊ ကျုပ် ဟောဟိုနားမှာ တွင်းကြီး တတွင်း တွေ့ခဲ့တယ်။ အထဲမှာလည်း အရောင်တွေ တဖိတ်ဖိတ် တောက်နေတာပဲ။

မဟုတ်မှ လွဲရော ခိုးသားတွေ ဝှက်ထားတဲ့ ရတနာတွေလား သဘာဝ စိန်တွင်းကြီးလား မသိဘူး။ ကျုပ်တို့တော့ ထောပြီ ထင်တယ်ဗျို့" လို့ ဝမ်းသာအားရ ပြောလိုက်ပါတယ်။

ဒါနဲ့ အားလုံး သွားကြည့်ကြ တာပေါ့။ ဟုတ်ပဗျာ အရောင်တွေ လက်လက် ထနေလိုက်တာများ။ သူတို့တွေ ဝမ်းသာ သွားကြတယ်။ ကြိုးခွေတွေ ချပြီး တယောက်ကို ဆင်းကြည့်ခိုင်းတယ်။

ခဏကြာတော့ ဆင်းသွားတဲ့သူက "ဟေ့ကောင်တွေ မဆင်းခဲ့နဲ့၊ စိန်တွေ မဟုတ်ဘူး မြွေတွေ ဟ" လို့ အော်ပြီး အသံ ပျောက်သွားတယ်။ အပေါ်က လူတွေက တွေးတယ်။ ဒီကောင် စိန်တွေ မောင်ပိုင်စီးချင်လို့ ညာတာနေမှာ ဆိုပြီး နောက်တယောက်ကို ဆင်းခိုင်းတယ်။

ဒုတိယလူ ကလည်း အရင်လူ အော်သလိုပဲ မြွေတွေ မဆင်းခဲ့နဲ့ လို့ အော်ပြန်ပါတယ်။ ဒီလိုနဲ့ တယောက်ပြီး တယောက် ဆင်းသွားလိုက်တာ နောက်ဆုံးလူ အလှည့် ရောက်လာပါတယ်။

သူကလည်း အားလုံးစိန်တွေ ရကြပြီး ငါတယောက်တည်း မရလို့တော့ မဖြစ်ဘူး ဆိုပြီး ဆင်းသွားလိုက်တာ အကုန်လုံး မြွေကြီးတွေရဲ့ အစာဖြစ်ကုန်ကြပါတယ်။

တကယ်တော့ ဒီတွင်းကြီးဟာ ဧရာမမြွေကြီးတွေရဲ့ တွင်းပါ။ ညအချိန်မှာ လရောင်ကြောင့် မြွေမျက်လုံးတွေက အရောင်တွေ လင်းလက်နေတာပါ။

လောဘကြောင့် သိစိတ်တွေ အမှောင်ဖုန်းပြီး သားရဲတွင်းထဲ ဆင်းသွားကြတဲ့ ခရီးသွားတစုကို ကြည့်ပြီးလည်း သင်ခန်းစာ ယူရပါမယ်။

အရောင်တွေ ထွက်နေတိုင်း စိန် မဟုတ်သလို၊ ပါးစပ်က ပျားသကာလို ချိုမြနေလို့လည်း အတွင်းစိတ်က မကောင်းနိုင်ပါဘူး။

Crd

Zawgyi

အေရာင္ထြက္ေနရင္ သတိထား

တခါတုန္းက ကုန္သည္တစုဟာ သဲကႏၲာရကို ျဖတ္သန္း သြားၾကတယ္။ ေန႔ခင္းမွာ ပူလြန္းလို႔ ႐ြက္ဖ်င္တဲ ေတြနဲ႔ နားေနၾကၿပီး ညမွသာ ခရီးဆက္ၾကတယ္။ ဒီလိုနဲ႔ တေန႔ ေနဝင္ လထြက္ ညဘက္ေရာက္လို႔ ခရီးဆက္ၾကဖို႔ လူစုၾကတာေပါ့။

အဲ့ဒီ့အခ်ိန္မွာပဲ ေနာက္ဆုံးမွ ေရာက္လာတဲ့ သူက "အေဆြတို႔၊ က်ဳပ္ ေဟာဟိုနားမွာ တြင္းႀကီး တတြင္း ေတြ႕ခဲ့တယ္။ အထဲမွာလည္း အေရာင္ေတြ တဖိတ္ဖိတ္ ေတာက္ေနတာပဲ။ မဟုတ္မွ လြဲေရာ ခိုးသားေတြ ဝွက္ထားတဲ့ ရတနာေတြလား သဘာဝ စိန္တြင္းႀကီးလား မသိဘူး။ က်ဳပ္တို႔ေတာ့ ေထာၿပီ ထင္တယ္ဗ်ိဳ႕" လို႔ ဝမ္းသာအားရ ေျပာလိုက္ပါတယ္။

ဒါနဲ႔ အားလုံး သြားၾကည့္ၾက တာေပါ့။ ဟုတ္ပဗ်ာ အေရာင္ေတြ လက္လက္ ထေနလိုက္တာမ်ား။ သူတို႔ေတြ ဝမ္းသာ သြားၾကတယ္။ ႀကိဳးေခြေတြ ခ်ၿပီး တေယာက္ကို ဆင္းၾကည့္ခိုင္းတယ္။

ခဏၾကာေတာ့ ဆင္းသြားတဲ့သူက "ေဟ့ေကာင္ေတြ မဆင္းခဲ့နဲ႔၊ စိန္ေတြ မဟုတ္ဘူး ေႁမြေတြ ဟ" လို႔ ေအာ္ၿပီး အသံ ေပ်ာက္သြားတယ္။ အေပၚက လူေတြက ေတြးတယ္။ ဒီေကာင္ စိန္ေတြ ေမာင္ပိုင္စီးခ်င္လို႔ ညာတာေနမွာ ဆိုၿပီး ေနာက္တေယာက္ကို ဆင္းခိုင္းတယ္။

ဒုတိယလူ ကလည္း အရင္လူ ေအာ္သလိုပဲ ေႁမြေတြ မဆင္းခဲ့နဲ႔ လို႔ ေအာ္ျပန္ပါတယ္။ ဒီလိုနဲ႔ တေယာက္ၿပီး တေယာက္ ဆင္းသြားလိုက္တာ ေနာက္ဆုံးလူ အလွည့္ ေရာက္လာပါတယ္။

သူကလည္း အားလုံးစိန္ေတြ ရၾကၿပီး ငါတေယာက္တည္း မရလို႔ေတာ့ မျဖစ္ဘူး ဆိုၿပီး ဆင္းသြားလိုက္တာ အကုန္လုံး ေႁမြႀကီးေတြရဲ႕ အစာျဖစ္ကုန္ၾကပါတယ္။

တကယ္ေတာ့ ဒီတြင္းႀကီးဟာ ဧရာမေႁမြႀကီးေတြရဲ႕ တြင္းပါ။ ညအခ်ိန္မွာ လေရာင္ေၾကာင့္ ေႁမြမ်က္လုံးေတြက အေရာင္ေတြ လင္းလက္ေနတာပါ။

ေလာဘေၾကာင့္ သိစိတ္ေတြ အေမွာင္ဖုန္းၿပီး သားရဲတြင္းထဲ ဆင္းသြားၾကတဲ့ ခရီးသြားတစုကို ၾကည့္ၿပီးလည္း သင္ခန္းစာ ယူရပါမယ္။ အေရာင္ေတြ ထြက္ေနတိုင္း စိန္ မဟုတ္သလို၊ ပါးစပ္က ပ်ားသကာလို ခ်ိဳျမေနလို႔လည္း အတြင္းစိတ္က မေကာင္းႏိုင္ပါဘူး။

Crd

Post a Comment

0 Comments