တိရစ္ဆာန်လေးတွေလည်း အနာတရ ဖြစ်တဲ့အခါ ဝေဒနာ ခံစားရပါတယ်။ ဒါပေမယ့် သူတို့ဟာ စကားမပြောတတ်တာကြောင့် ထိထိရောက်ရောက် အကူအညီ မတောင်းနိုင် ကြပါဘူး။
လမ်းဘေးခွေးလေးတွေ ဒဏ်ရာရတဲ့အခါ ဘယ်သူမှ ကုပေးမယ့်သူ မရှိဘဲ နောက်ဆုံးတော့ သေသွားကြရပါတယ်။
ဘရာဇီးနိုင်ငံ၊ Juazeiro do Norte က တိရစ္ဆာန်အထူးကု ဆေးခန်းထဲကို ခြေထောက် ဒဏ်ရာရာနေတဲ့ လမ်းဘေးခွေးတစ်ကောင် ဝင်လာပါတယ်။ ခွေးလေးက ဒဏ်ရာရနေတာကြောင့် ဖြည်းဖြည်းချင်းပဲ လျှောက်လာနိုင်ပါတယ်။
တိရစ္ဆာန်ဆရာဝန် Dr.Dayse Ferreira da Silva က ခွေးလေးကို တွေ့သွားပြီး အထဲကို ဝင်ခွင့်ပေးလိုက်ပါတယ်။
" သူရောက်လာတဲ့အခါ သူနှုတ်ဆက်ကြောင်းပြဖို့ သူ့ရဲ့ခြေထောက်ကို ရှေ့ထိုးပြီး ဝင်လာတယ်။ အကူအညီတောင်းရမယ့် နေရာကို သူသိလို့ ကျွန်မတို့ အံ့ဩနေတာ" လို့ Dr.Ferreira က ပြောပါတယ်။
စစ်ဆေးကြည့်တဲ့အခါ ခွေးလေးမှာ အသားပိုနဲ့ သန်းတွေ ဖြစ်နေတာပါ။ ကံကောင်းချင်တော့ နှစ်ခုလုံးကို ကုသလို့ရပါတယ်။ ခွေးလေးက သူနာနေတဲ့ ခြေထောက်ကို လက်သည်းနဲ့ ထိုင်ခုံပေါ် ပုတ်ပြပါတယ်။
ခွေးလေးကို ကုသဖို့အတွက် ၇၁၂ ဒေါ်လာ ကုန်ကျမှာဖြစ်တာကြောင့် တိရစ္ဆာန်ချစ်သူတွေက အလှူငွေတွေ ထည့်ကြပါတယ်။ ခွေးလေးကို ရေချိုးပေးပြီး ဆေးကုပေးထားပါတယ်။
ခွေးလေးက သူကိုယ်တိုင် ဆေးခန်းကို ရောက်လာပြီး အကူအညီ တောင်းနိုင်တာကြောင့် ဉာဏ်ကောင်းကြောင်း၊ တစ်နေ့မှာ သူ့ကို မွေးစားမယ့်သခင် ပေါ်လာနိုင်ကြောင်း Dr.Ferreira က ပြောပါတယ်။
ရုပ်သံ
Zombie (lovemedia)
for zawgyi
တိရစာၦန္ေဆးခန္းထဲကို ဝင္လာၿပီး အကူအညီေတာင္းတဲ့ ဒဏ္ရာရလမ္းေလးေခြးေလး
တိရစာၦန္ေလးေတြလည္း အနာတရ ျဖစ္တဲ့အခါ ေဝဒနာ ခံစားရပါတယ္။ ဒါေပမယ့္ သူတို႔ဟာ စကားမေျပာတတ္တာေၾကာင့္ ထိထိေရာက္ေရာက္ အကူအညီမေတာင္းႏိုင္ ၾကပါဘူး။ လမ္းေဘးေခြးေလးေတြ ဒဏ္ရာရတဲ့အခါ ဘယ္သူမွ ကုေပးမယ့္သူ မရွိဘဲ ေနာက္ဆုံးေတာ့ ေသသြားၾကရပါတယ္။
ဘရာဇီးႏိုင္ငံ၊ Juazeiro do Norte က တိရစာၦန္အထူးကု ေဆးခန္းထဲကို ေျခေထာက္ ဒဏ္ရာရာေနတဲ့ လမ္းေဘးေခြးတစ္ေကာင္ ဝင္လာပါတယ္။ ေခြးေလးက ဒဏ္ရာရေနတာေၾကာင့္ ျဖည္းျဖည္းခ်င္းပဲ ေလွ်ာက္လာႏိုင္ပါတယ္။
တိရစာၦန္ဆရာဝန္ Dr.Dayse Ferreira da Silva က ေခြးေလးကို ေတြ႕သြားၿပီး အထဲကို ဝင္ခြင့္ေပးလိုက္ပါတယ္။
" သူေရာက္လာတဲ့အခါ သူႏႈတ္ဆက္ေၾကာင္းျပဖို႔ သူ႔ရဲ႕ေျခေထာက္ကို ေရွ႕ထိုးၿပီး ဝင္လာတယ္။ အကူအညီေတာင္းရမယ့္ ေနရာကို သူသိလို႔ ကြၽန္မတို႔ အံ့ဩေနတာ" လို႔ Dr.Ferreira က ေျပာပါတယ္။
စစ္ေဆးၾကည့္တဲ့အခါ ေခြးေလးမွာ အသားပိုနဲ႔ သန္းေတြ ျဖစ္ေနတာပါ။ ကံေကာင္းခ်င္ေတာ့ ႏွစ္ခုလုံးကို ကုသလို႔ရပါတယ္။ ေခြးေလးက သူနာေနတဲ့ ေျခေထာက္ကို လက္သည္းနဲ႔ ထိုင္ခုံေပၚ ပုတ္ျပပါတယ္။
ေခြးေလးကို ကုသဖို႔အတြက္ ၇၁၂ ေဒၚလာ ကုန္က်မွာျဖစ္တာေၾကာင့္ တိရစာၦန္ခ်စ္သူေတြက အလႉေငြေတြ ထည့္ၾကပါတယ္။ ေခြးေလးကို ေရခ်ိဳးေပးၿပီး ေဆးကုေပးထားပါတယ္။
ေခြးေလးက သူကိုယ္တိုင္ ေဆးခန္းကို ေရာက္လာၿပီး အကူအညီ ေတာင္းႏိုင္တာေၾကာင့္ ဉာဏ္ေကာင္းေၾကာင္း၊ တစ္ေန႔မွာ သူ႔ကို ေမြးစားမယ့္သခင္ ေပၚလာႏိုင္ေၾကာင္း Dr.Ferreira က ေျပာပါတယ္။
Zombie (lovemedia)
0 Comments