အိမ်မှုကိစ္စလုပ်ရတဲ့ ကလေးတွေဟာ အရွယ်ရောက်ပြီးတဲ့အခါမှာ ဘဝကို ပိုပြီး ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အိမ်အလုပ်တွေကို ကူလုပ်ပေးရတာကြောင့် သူတို့ကိုယ် သူတို့ အရေးပါတယ်လို့ သတ်မှတ်လာပြီးတော့ စိတ်ကျန်းမာရေး အခြေအနေလည်း ပိုကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အလုပ်တွေကို အလွန်အကျွံ မခိုင်းသင့်ဘဲ သူတို့အရွယ်နဲ့ နိုင်သလောက်သာ လုပ်ခိုင်းသင့်ပါတယ်။ ကလေးတွေကို အလုပ်တစ်ခုတည်း ပြီးမြောက်စေဖို့အတွက် မခိုင်းသင့်ပါဘူး။ လုပ်နိုင်သလောက် လုပ်ခိုင်းပြီး သင်ခန်းစာတွေလည်း ယူတတ်အောင် မိဘက သွန်သင်ပေးရမှာပါ။ ဒါဆို ဘယ်လို အသက်အရွယ်မှာ

ဘယ်လိုအလုပ်တွေကို လုပ်ခိုင်းသင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်။

2 နှစ်မှ 5 နှစ် ( သင်ယူတတ်အောင် လေ့ကျင့်ပေးခြင်း)

ကလေးတွေအတွက် အိမ်မှုကိစ္စတွေ နားလည်သွားဖို့နဲ့ ကျွမ်းကျင်မှု အသစ်တွေကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ အရင်ဆုံး သူတို့ကို သင်ပေးသင့်ပါတယ်။ အလုပ်တိုင်းမှာ အစ၊ အလယ်၊ အဆုံးရှိပါတယ်။ ဒါကြောင့် အခြေခံကနေ နားလည်သွားအောင် ရှင်းပြသင့်ပါတယ်။ ဥပမာ ဝတ်ပြီးသားအဝတ်တွေကို အဝတ်လျှော်ခြင်းထဲ ထည့်ဖို့အတွက် သင်ပေးခြင်းပါ။ ဒါမှသာ သူတို့ဝတ်နေတဲ့ အဝတ်တွေက ဘယ်လိုတွေ သန့်ရှင်းအောင် လုပ်နေလဲဆိုတာကို သိမှာဖြစ်ပါတယ်။

အလွယ်ဆုံး အိမ်တွင်းအလုပ်တွေဟာ အနာဂတ်မှာ အလုပ်တွေကို ဘယ်ကနေဘယ်လိုစတင်ရလဲဆိုတာကို သိလာစေပါတယ်။ ဥပမာ အရုပ်နှင့် စာအုပ်တွေကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ အဝတ်လျှော်စက်ထဲကို အဝတ်တွေ ကိုယ်တိုင်ထည့်စေခြင်း၊ အိပ်ယာတွေ ကိုယ်တိုင်ခင်းခိုင်းခြင်း၊ အစာစားပြီးနောက် ပန်းကန်ပြားတွေကို သန့်ရှင်းရေးလုပ်ခြင်း စတဲ့ သေးငယ်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

6 နှစ်မှ 7 နှစ် (ကူညီတတ်ဖို့နှင့် အဖွဲ့လိုက်လုပ်ဆောင်တတ်ဖို့ သင်ယူခြင်း)

ဒီအသက်အရွယ်မှာ ကလေးတွေဟာ အိမ်ထဲမှာ တအားဆော့ကစား တတ်ကြပါတယ်။ အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် အခြားသူတွေကို ကူညီပေးတာရဲ့ အရေးပါပုံတွေကို သိစေမယ့် အချိန်ကောင်း ဖြစ်ပါတယ်။ ကလေးတွေနဲ့ တူတူချက်ပြုတ်ခြင်း၊ စားပွဲတစ်ခုထဲမှာ ထမင်းတူတူစားခြင်း၊ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းတွေ ပြုလုပ်တာနှင့် စတိုးဆိုင်ကနေ လိုအပ်တဲ့ပစ္စည်းတွေကို တူတူသွားဝယ်တာတို့ပဲ ဖြစ်ပါတယ်။

အိမ်မှာရှိတဲ့ ခွေးလေး၊ ကြောင်လေးတွေကို ထိန်းခိုင်းတာကလည်း သူတို့ကို ပျော်ရွှင်စေပါတယ်။ ဒီလိုလုပ်ပေးတဲ့အခါ ကလေးတွေဟာ မိသားစုဝင်တွေနှင့်သာမက တခြား သူစိမ်းတွေနဲ့ပါ ပိုမိုကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံ နိုင်လာပါလိမ့်မယ်။

8 နှစ်မှ 9 နှစ် (အရာရာတိုင်းဟာ သူ့နေရာနဲ့သူ ရှိတယ်ဆိုတာကို နားလည်လာပြီ)

ကလေးတွေဟာ အသက်အရွယ် ကြီးပြင်းလာတာနှင့်အမျှ သူတို့ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို နားလည်လာပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ သတ်မှတ်ထားတဲ့ စနစ်တစ်ခုရှိတယ် ဆိုတာကို သိလာပါတယ်။

အသုံးအဆောင်တွေ၊ ကျောင်းသုံးပစ္စည်းတွေ၊ အရုပ်တွေနှင့် အဝတ်အစားတွေ အားလုံး သူ့နေရာနှင့်သူ ရှိနေစေဖို့အတွက် ဘယ်နားဘယ်လိုရှိရမလဲ ဆိုတာကို သူတို့အလိုလို သဘောပေါက်လာပါတယ်။ ကြာလာတဲ့အခါမှာ သူတို့ရဲ့ အဝတ်တွေကို သူတို့ကိုယ်တိုင် လျှော်ဖွတ်ခြင်း၊ ပန်းကန်တွေကို ဆေးခြင်း၊ အမှိုက်အိတ်တွေကို သွားသွန်ပေးခြင်း စတဲ့အလုပ်တွေကို ကူလုပ်ပေးလာပါလိမ့်မယ်။

10 နှစ်မှ 11 နှစ် (မိမိကိုယ်ကိုယ် ပိုအားကိုးတတ်လာတယ်)

အခုအချိန်ကတော့ ကလေးဘောင်းဘီ အကြီးကြီးတွေ ဝယ်ထားသင့်ပါပြီ။ သူတို့ကျောင်းကို ထုပ်သွားမယ့်နေ့လည်စာကို ကိုယ်တိုင်ပြင်ဆင်ခိုင်းခြင်း ဒါမှမဟုတ် မနက်စာကို ကိုယ်တိုင်လုပ်ခိုင်းခြင်းစတဲ့ အရာတွေကို လုပ်ခိုင်းသင့်ပါတယ်။

မနက်စာလုပ်တယ် ဆိုတာက အရမ်းကို အလုပ်ရှုပ်တာကြောင့် တခြားကိစ္ စသေးသေးလေးတွေမှာလည်း လွယ်လွယ်ကူကူ ဖြေရှင်းတတ်လာပါလိမ့်မယ်။ ဒီလိုလုပ်ခိုင်းတာဟာ ကလေးတွေကို အချိန်စီမံခန့်ခွဲမှုနှင့် ပြဿနာ ဖြေရှင်းနိုင်မှုစွမ်းရည်တို့ကို တိုးတက်စေပါတယ်။

ဥပမာ မနက်စာ ချက်ပြုတ်ခိုင်းခြင်း၊ ကျောင်းအတွက် နေ့လည်စာထုပ်ပိုးခြင်း၊ အမှိုက်ပုံးတွေ ရှင်းလင်းခိုင်းခြင်း၊ အမှိုက်ပစ်ခြင်းနှင့် ဖုန်စုပ်ခိုင်းခြင်း

12 နှစ်မှ 15 နှစ် (အရာရာကို ခွဲခြားတတ်လာတယ်)

ဆယ်ကျော်သက်တွေအတွက် သူတို့ကိုယ်သူတို့ အိမ်မှုကိစ္စတွေကို ပိုင်နိုင်လာပြီလို့ ယုံကြည်စေတာက သူတို့ကိုယ်သူတို့ လေးစားမှု တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီလို အိမ်မှုကိစ္စတွေကို လုပ်ခိုင်းတာက ဆယ်ကျော်သက်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲလာနိုင်ပြီး အဆိုးအကောင်းကိုလည်း ခွဲခြားတတ်လာပါတယ်။

ဥပမာ ကားရေဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ ခြံဝင်းသန့်ရှင်းရေးလုပ်ခြင်း၊ မြက်ရိတ်ခြင်း၊ မီးပူတိုက်ခြင်းနှင့် ပြူတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခြင်း

16 နှစ်နှင့် အထက် (ရှေ့အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပြီ)

ကလေးတွေဟာ အရွယ်ရောက်လာပြီ ဖြစ်တာကြောင့် ငယ်ငယ်တုန်းကနှင့် မတူတော့ဘဲ အရာရာတိုင်းမှာ သင့်ကို အကူအညီ ပေးနေနိုင်ပါပြီ။ သူတို့ကို ငွေကြေးကိစ္စစီမံခန့်ခွဲခိုင်းတာနှင့် အရေးပေါ် အခြေအနေတွေမှာပါ အားကိုးရလာနိုင်ပါပြီ။ အရာရာတိုင်းမှာ ကလေးကို ခိုင်းနေတာမဟုတ်ပဲ သူတို့ကိုယ်သူတို့ အားကိုးတတ်လာအောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ ကလေးကို တတ်စေချင်လို့ဆိုပြီး အလွန်အကျွံကြီးခိုင်းလို့ မဖြစ်ပါဘူး။ သူတို့ဟာ သင့်သားသမီးတွေ ဖြစ်သလို လူသားတစ်ဦးလည်း ဖြစ်ပါတယ်။

သင် ဘယ်လိုနေရာတွေမှာ အားကိုးလို့ ရလာနိုင်မလဲ ဆိုတော့ ကားပြုပြင်တာတွေ၊ မီးဖိုချောင်ထဲမှာ တူတူချက်ပြုတ်တာတွေ၊ စျေးဝယ်ထွက်တာတွေ စတဲ့နေရာတွေပါပဲ။

Zombie (Lovemedia)

for zawgyi

ကေလးေတြကို ဘယ္အသက္အ႐ြယ္မွာ အိမ္မႈကိစၥေတြ ကူလုပ္ခိုင္းသင့္ၿပီလဲ

အိမ္မႈကိစၥလုပ္ရတဲ့ ကေလးေတြဟာ အ႐ြယ္ေရာက္ၿပီးတဲ့အခါမွာ ဘဝကို ပိုၿပီး ေကာင္းေကာင္းမြန္မြန္နဲ႔ ျဖတ္သန္းႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ အိမ္အလုပ္ေတြကို ကူလုပ္ေပးရတာေၾကာင့္ သူတို႔ကိုယ္ သူတို႔ အေရးပါတယ္လို႔ သတ္မွတ္လာၿပီးေတာ့ စိတ္က်န္းမာေရး အေျခအေနလည္း ပိုေကာင္းမြန္လာတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း အလုပ္ေတြကို အလြန္အကြၽံ မခိုင္းသင့္ဘဲ သူတို႔အ႐ြယ္နဲ႔ ႏိုင္သေလာက္သာ လုပ္ခိုင္းသင့္ပါတယ္။ ကေလးေတြကို အလုပ္တစ္ခုတည္း ၿပီးေျမာက္ေစဖို႔အတြက္ မခိုင္းသင့္ပါဘူး။ လုပ္ႏိုင္သေလာက္ လုပ္ခိုင္းၿပီး သင္ခန္းစာေတြလည္း ယူတတ္ေအာင္ မိဘက သြန္သင္ေပးရမွာပါ။ ဒါဆို ဘယ္လို အသက္အ႐ြယ္မွာ

ဘယ္လိုအလုပ္ေတြကို လုပ္ခိုင္းသင့္လဲ ဆိုတာကို ၾကည့္လိုက္ရေအာင္။

2 ႏွစ္မွ 5 ႏွစ္ ( သင္ယူတတ္ေအာင္ ေလ့က်င့္ေပးျခင္း)

ကေလးေတြအတြက္ အိမ္မႈကိစၥေတြ နားလည္သြားဖို႔နဲ႔ ကြၽမ္းက်င္မႈ အသစ္ေတြကို ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔ အရင္ဆုံး သူတို႔ကို သင္ေပးသင့္ပါတယ္။ အလုပ္တိုင္းမွာ အစ၊ အလယ္၊ အဆုံးရွိပါတယ္။ ဒါေၾကာင့္ အေျခခံကေန နားလည္သြားေအာင္ ရွင္းျပသင့္ပါတယ္။ ဥပမာ ဝတ္ၿပီးသားအဝတ္ေတြကို အဝတ္ေလွ်ာ္ျခင္းထဲ ထည့္ဖို႔အတြက္ သင္ေပးျခင္းပါ။ ဒါမွသာ သူတို႔ဝတ္ေနတဲ့ အဝတ္ေတြက ဘယ္လိုေတြ သန႔္ရွင္းေအာင္ လုပ္ေနလဲဆိုတာကို သိမွာျဖစ္ပါတယ္။

အလြယ္ဆုံး အိမ္တြင္းအလုပ္ေတြဟာ အနာဂတ္မွာ အလုပ္ေတြကို ဘယ္ကေနဘယ္လိုစတင္ရလဲဆိုတာကို သိလာေစပါတယ္။ ဥပမာ အ႐ုပ္ႏွင့္ စာအုပ္ေတြကို သန႔္ရွင္းေရးလုပ္ခိုင္းျခင္း၊ အဝတ္ေလွ်ာ္စက္ထဲကို အဝတ္ေတြ ကိုယ္တိုင္ထည့္ေစျခင္း၊ အိပ္ယာေတြ ကိုယ္တိုင္ခင္းခိုင္းျခင္း၊ အစာစားၿပီးေနာက္ ပန္းကန္ျပားေတြကို သန႔္ရွင္းေရးလုပ္ျခင္း စတဲ့ ေသးငယ္တဲ့ အရာေလးေတြပဲ ျဖစ္ပါတယ္။

6 ႏွစ္မွ 7 ႏွစ္ (ကူညီတတ္ဖို႔ႏွင့္ အဖြဲ႕လိုက္လုပ္ေဆာင္တတ္ဖို႔ သင္ယူျခင္း)

ဒီအသက္အ႐ြယ္မွာ ကေလးေတြဟာ အိမ္ထဲမွာ တအားေဆာ့ကစား တတ္ၾကပါတယ္။ အဖြဲ႕လိုက္ လုပ္ေဆာင္မႈႏွင့္ အျခားသူေတြကို ကူညီေပးတာရဲ႕ အေရးပါပုံေတြကို သိေစမယ့္ အခ်ိန္ေကာင္း ျဖစ္ပါတယ္။ ကေလးေတြနဲ႔ တူတူခ်က္ျပဳတ္ျခင္း၊ စားပြဲတစ္ခုထဲမွာ ထမင္းတူတူစားျခင္း၊ လိုအပ္တဲ့ ပစၥည္းေတြကို စာရင္းေတြ ျပဳလုပ္တာႏွင့္ စတိုးဆိုင္ကေန လိုအပ္တဲ့ပစၥည္းေတြကို တူတူသြားဝယ္တာတို႔ပဲ ျဖစ္ပါတယ္။

အိမ္မွာရွိတဲ့ ေခြးေလး၊ ေၾကာင္ေလးေတြကို ထိန္းခိုင္းတာကလည္း သူတို႔ကို ေပ်ာ္႐ႊင္ေစပါတယ္။ ဒီလိုလုပ္ေပးတဲ့အခါ ကေလးေတြဟာ မိသားစုဝင္ေတြႏွင့္သာမက တျခား သူစိမ္းေတြနဲ႔ပါ ပိုမိုေကာင္းမြန္စြာ ေပါင္းသင္းဆက္ဆံ ႏိုင္လာပါလိမ့္မယ္။

8 ႏွစ္မွ 9 ႏွစ္ (အရာရာတိုင္းဟာ သူ႔ေနရာနဲ႔သူ ရွိတယ္ဆိုတာကို နားလည္လာၿပီ)

ကေလးေတြဟာ အသက္အ႐ြယ္ ႀကီးျပင္းလာတာႏွင့္အမွ် သူတို႔ပစၥည္းေတြကို ဘယ္လိုထိန္းသိမ္းရမလဲ ဆိုတာကို နားလည္လာပါတယ္။ သူတို႔ပတ္ဝန္းက်င္မွာ အရာအားလုံးဟာ သူ႔ေနရာနဲ႔သူ သတ္မွတ္ထားတဲ့ စနစ္တစ္ခုရွိတယ္ ဆိုတာကို သိလာပါတယ္။

အသုံးအေဆာင္ေတြ၊ ေက်ာင္းသုံးပစၥည္းေတြ၊ အ႐ုပ္ေတြႏွင့္ အဝတ္အစားေတြ အားလုံး သူ႔ေနရာႏွင့္သူ ရွိေနေစဖို႔အတြက္ ဘယ္နားဘယ္လိုရွိရမလဲ ဆိုတာကို သူတို႔အလိုလို သေဘာေပါက္လာပါတယ္။ ၾကာလာတဲ့အခါမွာ သူတို႔ရဲ႕ အဝတ္ေတြကို သူတို႔ကိုယ္တိုင္ ေလွ်ာ္ဖြတ္ျခင္း၊ ပန္းကန္ေတြကို ေဆးျခင္း၊ အမႈိက္အိတ္ေတြကို သြားသြန္ေပးျခင္း စတဲ့အလုပ္ေတြကို ကူလုပ္ေပးလာပါလိမ့္မယ္။

10 ႏွစ္မွ 11 ႏွစ္ (မိမိကိုယ္ကိုယ္ ပိုအားကိုးတတ္လာတယ္)

အခုအခ်ိန္ကေတာ့ ကေလးေဘာင္းဘီ အႀကီးႀကီးေတြ ဝယ္ထားသင့္ပါၿပီ။ သူတို႔ေက်ာင္းကို ထုပ္သြားမယ့္ေန႔လည္စာကို ကိုယ္တိုင္ျပင္ဆင္ခိုင္းျခင္း ဒါမွမဟုတ္ မနက္စာကို ကိုယ္တိုင္လုပ္ခိုင္းျခင္းစတဲ့ အရာေတြကို လုပ္ခိုင္းသင့္ပါတယ္။

မနက္စာလုပ္တယ္ ဆိုတာက အရမ္းကို အလုပ္ရႈပ္တာေၾကာင့္ တျခားကိစ္ စေသးေသးေလးေတြမွာလည္း လြယ္လြယ္ကူကူ ေျဖရွင္းတတ္လာပါလိမ့္မယ္။ ဒီလိုလုပ္ခိုင္းတာဟာ ကေလးေတြကို အခ်ိန္စီမံခန႔္ခြဲမႈႏွင့္ ျပႆနာ ေျဖရွင္းႏိုင္မႈစြမ္းရည္တို႔ကို တိုးတက္ေစပါတယ္။

ဥပမာ မနက္စာ ခ်က္ျပဳတ္ခိုင္းျခင္း၊ ေက်ာင္းအတြက္ ေန႔လည္စာထုပ္ပိုးျခင္း၊ အမႈိက္ပုံးေတြ ရွင္းလင္းခိုင္းျခင္း၊ အမႈိက္ပစ္ျခင္းႏွင့္ ဖုန္စုပ္ခိုင္းျခင္း

12 ႏွစ္မွ 15 ႏွစ္ (အရာရာကို ခြဲျခားတတ္လာတယ္)

ဆယ္ေက်ာ္သက္ေတြအတြက္ သူတို႔ကိုယ္သူတို႔ အိမ္မႈကိစၥေတြကို ပိုင္ႏိုင္လာၿပီလို႔ ယုံၾကည္ေစတာက သူတို႔ကိုယ္သူတို႔ ေလးစားမႈ တည္ေဆာက္ဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒီလို အိမ္မႈကိစၥေတြကို လုပ္ခိုင္းတာက ဆယ္ေက်ာ္သက္ေတြရဲ႕ စိတ္ဓာတ္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ သူတို႔ကိုယ္သူတို႔ ျပဳျပင္ေျပာင္းလဲလာႏိုင္ၿပီး အဆိုးအေကာင္းကိုလည္း ခြဲျခားတတ္လာပါတယ္။

ဥပမာ ကားေရေဆးျခင္း၊ အဝတ္ေလွ်ာ္ျခင္း၊ ၿခံဝင္းသန႔္ရွင္းေရးလုပ္ျခင္း၊ ျမက္ရိတ္ျခင္း၊ မီးပူတိုက္ျခင္းႏွင့္ ျပဴတင္းေပါက္မ်ားကို သန႔္ရွင္းေရးလုပ္ျခင္း

16 ႏွစ္ႏွင့္ အထက္ (ေရွ႕အနာဂတ္အတြက္ အဆင္သင့္ျဖစ္ေနၿပီ)

ကေလးေတြဟာ အ႐ြယ္ေရာက္လာၿပီ ျဖစ္တာေၾကာင့္ ငယ္ငယ္တုန္းကႏွင့္ မတူေတာ့ဘဲ အရာရာတိုင္းမွာ သင့္ကို အကူအညီ ေပးေနႏိုင္ပါၿပီ။ သူတို႔ကို ေငြေၾကးကိစၥစီမံခန႔္ခြဲခိုင္းတာႏွင့္ အေရးေပၚ အေျခအေနေတြမွာပါ အားကိုးရလာႏိုင္ပါၿပီ။ အရာရာတိုင္းမွာ ကေလးကို ခိုင္းေနတာမဟုတ္ပဲ သူတို႔ကိုယ္သူတို႔ အားကိုးတတ္လာေအာင္ သင္ေပးတာပဲ ျဖစ္ပါတယ္။ ကေလးကို တတ္ေစခ်င္လို႔ဆိုၿပီး အလြန္အကြၽံႀကီးခိုင္းလို႔ မျဖစ္ပါဘူး။ သူတို႔ဟာ သင့္သားသမီးေတြ ျဖစ္သလို လူသားတစ္ဦးလည္း ျဖစ္ပါတယ္။

သင္ ဘယ္လိုေနရာေတြမွာ အားကိုးလို႔ ရလာႏိုင္မလဲ ဆိုေတာ့ ကားျပဳျပင္တာေတြ၊ မီးဖိုေခ်ာင္ထဲမွာ တူတူခ်က္ျပဳတ္တာေတြ၊ ေစ်းဝယ္ထြက္တာေတြ စတဲ့ေနရာေတြပါပဲ။

Zombie (Lovemedia)