ကလေးတချို့က ငယ်ရွယ်စဉ်မှာ ဆတ်ဆတ်ထိမခံ စွာတတ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာ သိပ်ပြီးတော့ ကိစ္စမရှိပေမယ့် အသက်ကြီးလာတဲ့အထိ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ဆတ်ဆတ်ထိမခံဖြစ်နေရင် အဆင်မပြေပါဘူး။ အဲဒါကြောင့် ဆတ်ဆတ်ထိမခံတဲ့ ခပ်စွာစွာ ကလေးလေးတွေကို ဘယ်လိုပြောပြရမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကြင်ကြင်နာနာ ဆက်ဆံပါ။

သင့်ကလေးက လူကြားထဲမှာ ဂျီကျနေရင် ကလေးကို မဆူသင့်ပါဘူး။ ကလေးရဲ့ဘေးမှာ ထိုင်ပြီး ဂျီကျရတဲ့ အကြောင်းရင်းကို သေချာမေးပါ။ ပြဿနာရဲ့ အဖြေကို မြန်မြန် မပေးလိုက်ပါနဲ့။ နောက်ပြီး လူကြားထဲ ရောက်တဲ့အခါ စိတ်ခံစားကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ ကြင်ကြင်နာနာ သင်ပြပေးပါ။

၂။ အဆင်ပြေကြောင်း ပြောပြပါ။

ကလေးတွေက လူကြားထဲမှာ ငိုယိုအော်ဟစ်နေရင် လူကြီးတွေက တစ်နေရာရာကို ခေါ်ပြီး ဆူတတ်ကြပါတယ်။ အဲဒီအခါ ကလေးတွေရဲ့ခံစားချက်က အရေးမကြီးဘူးလို့ သူတို့စိတ်ထဲမှာ ဖြစ်သွားပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးပြီး အဆင်ပြေကြောင်း ရှင်းပြပါ။

၃။ ရွေးချယ်စရာ နည်းလမ်းတွေကို အကြံပေးပါ။

ခပ်စွာစွာ ကလေးတွေက တခြားကလေးတွေကို အနိုင်ယူတတ်ကြပါတယ်။ အဲဒီအခါ ကြာလာရင် စွာပြီး အနိုင်ကျင့်တဲ့ကလေးနဲ့ ဘယ်သူမှ ဆော့ချင်တော့မှာ မဟုတ်ပါဘူး။ "သားကို သူများက ဒီလိုလုပ်သွားရင် သားဘယ်လို ခံစားရမလဲ" စသဖြင့် ကိုယ်ချင်းစာတတ်အောင် သင်ပေးလို့ရပါတယ်။ ကလေးအချင်းချင်း ရန်ဖြစ်တော့မယ် ဆိုရင် ရှောင်ထွက်လာလို့ ရကြောင်း၊ စိတ်တည်ငြိမ်သွားအောင် အသက်ဝဝရှူပြီး ၁၀ အထိ ရေလို့ရကြောင်း ပြောပြပေးပါ။

၄။ စိတ်ရှည်ရှည်ထားပြီး ကလေးရဲ့ကိုယ်ပိုင်အချိန်ပေးပါ။

စိတ်ဆတ်တဲ့ ကလေးတွေက တစ်ယောက်တည်း နေရတာကို ပိုကြိုက်ပါတယ်။ အဲဒါကြောင့် သူ့စိတ်ကြိုက် စာဖတ်လို့ရအောင်၊ ကစားလို့ရအောင် ကိုယ်ပိုင်အချိန်ပေးသင့်ပါတယ်။

၅။ ကြောက်စိတ်တွေ ပျောက်အောင် ကူညီပေးပါ။

ကလေးကြောက်တဲ့ အရာတွေကို ရဲရဲရင်ဆိုင် ခိုင်းတာက ကြောက်စိတ်ဖျောက်နည်း တစ်ခုပါပဲ။ ဒါပေမယ့် မိဘတွေအနေနဲ့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုတဲ့အခါ ကလေးတွေရဲ့ ကြောက်စိတ်က ပျောက်သွားပါတယ်။ ဒါပေမယ့် သူတို့ အမှားလုပ်ထားလို့ ဒဏ်ပေးတဲ့အနေနဲ့ ကြောက်တဲ့အရာတွေကို ထိတွေ့ခိုင်းတယ်လို့ ကလေးတွေစိတ်ထဲ မခံစားမိဖို့တော့ အရေးကြီးပါတယ်။

၆။ အိမ်မွေးတိရစ္ဆာန်

ဆတ်ဆတ်ကြဲ ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေက အကောင်းဆုံး သူငယ်ချင်းတွေပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားတဲ့အခါ သူတို့ရဲ့စိတ်တွေလည်း နူးညံ့လာပြီး ကြင်နာလာတတ်ပါတယ်။

၇။ သင့်အိမ်မှာ ကလေးအတွက် သီးသန့်နေရာကို ဖန်တီးပေးပါ။

ဆတ်ဆတ်ထိမခံတဲ့ ကလေးတွေက ပတ်ဝန်းကျင်ကို ပိုမိုသဘောပေါက် နားလည်လွယ်ပါတယ်။ သင့်အိမ်မှာ ကလေးအတွက် သီးသန့်နေရာလေးတွေ လုပ်ထားပေး သင့်ပါတယ်။ အဲဒီနေရာကို သူစိတ်ရှုပ်လာတဲ့ အခါတိုင်း အနားယူတဲ့အနေနဲ့ အသုံးပြုနိုင်ပါတယ်။

၈။ သင့်ရဲ့ စည်းကမ်းတွေကို ညင်ညင်သာသာ ရှင်းပြပါ။

သင့်ကလေးက စွာနေလို့ သူ့အတွက် စည်းကမ်းသီးသန့် ချမှတ်ထားတာမျိုးက အဆင်မပြေပါဘူး။ အဲဒါကြောင့် သင့်အိမ်မှာ လူတိုင်း လိုက်နာရမယ့်စည်းကမ်းတွေကို ပြောပြပါ။ အဲဒီအခါ ကလေးအတွက် တရားမျှတသလို သူလည်း လိုက်နာသွားနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

ဆတ္ဆတ္ထိမခံ ခပ္စြာစြာ ကေလးေတြကို လိမၼာသြားေစမယ့္ နည္းလမ္း (၈) ခု

ကေလးတခ်ိဳ႕က ငယ္႐ြယ္စဥ္မွာ ဆတ္ဆတ္ထိမခံ စြာတတ္ၾကပါတယ္။ ငယ္႐ြယ္စဥ္မွာ သိပ္ၿပီးေတာ့ ကိစၥမရွိေပမယ့္ အသက္ႀကီးလာတဲ့အထိ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ဘဲ ဆတ္ဆတ္ထိမခံျဖစ္ေနရင္ အဆင္မေျပပါဘူး။ အဲဒါေၾကာင့္ ဆတ္ဆတ္ထိမခံတဲ့ ခပ္စြာစြာကေလးေလးေတြကို ဘယ္လိုေျပာျပရမလဲဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ၾကင္ၾကင္နာနာ ဆက္ဆံပါ။

သင့္ကေလးက လူၾကားထဲမွာ ဂ်ီက်ေနရင္ ကေလးကို မဆူသင့္ပါဘူး။ ကေလးရဲ႕ေဘးမွာ ထိုင္ၿပီး ဂ်ီက်ရတဲ့ အေၾကာင္းရင္းကို ေသခ်ာေမးပါ။ ျပႆနာရဲ႕ အေျဖကို ျမန္ျမန္ မေပးလိုက္ပါနဲ႔။ ေနာက္ၿပီး လူၾကားထဲ ေရာက္တဲ့အခါ စိတ္ခံစားကို ဘယ္လိုထိန္းခ်ဳပ္ရမလဲ ဆိုတာ ၾကင္ၾကင္နာနာ သင္ျပေပးပါ။

၂။ အဆင္ေျပေၾကာင္းေျပာျပပါ။

ကေလးေတြက လူၾကားထဲမွာ ငိုယိုေအာ္ဟစ္ေနရင္ လူႀကီးေတြက တစ္ေနရာရာကို ေခၚၿပီး ဆူတတ္ၾကပါတယ္။ အဲဒီအခါ ကေလးေတြရဲ႕ခံစားခ်က္က အေရးမႀကီးဘူးလို႔ သူတို႔စိတ္ထဲမွာ ျဖစ္သြားပါတယ္။ အဲဒါေၾကာင့္ ကေလးေတြရဲ႕ ခံစားခ်က္ကို အသိအမွတ္ျပဳေပးၿပီး အဆင္ေျပေၾကာင္း ရွင္းျပပါ။

၃။ ေ႐ြးခ်ယ္စရာ နည္းလမ္းေတြကို အႀကံေပးပါ။

ခပ္စြာစြာ ကေလးေတြက တျခားကေလးေတြကို အႏိုင္ယူတတ္ၾကပါတယ္။ အဲဒီအခါ ၾကာလာရင္ စြာၿပီး အႏိုင္က်င့္တဲ့ကေလးနဲ႔ ဘယ္သူမွ ေဆာ့ခ်င္ေတာ့မွာ မဟုတ္ပါဘူး။ "သားကို သူမ်ားက ဒီလိုလုပ္သြားရင္ သားဘယ္လို ခံစားရမလဲ" စသျဖင့္ ကိုယ္ခ်င္းစာတတ္ေအာင္ သင္ေပးလို႔ရပါတယ္။ ကေလးအခ်င္းခ်င္း ရန္ျဖစ္ေတာ့မယ္ ဆိုရင္ ေရွာင္ထြက္လာလို႔ ရေၾကာင္း၊ စိတ္တည္ၿငိမ္သြားေအာင္ အသက္ဝဝရႉၿပီး ၁၀ အထိ ေရလို႔ရေၾကာင္း ေျပာျပေပးပါ။

၄။ စိတ္ရွည္ရွည္ထားၿပီး ကေလးရဲ႕ကိုယ္ပိုင္အခ်ိန္ေပးပါ။

စိတ္ဆတ္တဲ့ ကေလးေတြက တစ္ေယာက္တည္း ေနရတာကို ပိုႀကိဳက္ပါတယ္။ အဲဒါေၾကာင့္ သူ႔စိတ္ႀကိဳက္ စာဖတ္လို႔ရေအာင္၊ ကစားလို႔ရေအာင္ ကိုယ္ပိုင္အခ်ိန္ေပးသင့္ပါတယ္။

၅။ ေၾကာက္စိတ္ေတြ ေပ်ာက္ေအာင္ ကူညီေပးပါ။

ကေလးေၾကာက္တဲ့ အရာေတြကို ရဲရဲရင္ဆိုင္ ခိုင္းတာက ေၾကာက္စိတ္ေဖ်ာက္နည္း တစ္ခုပါပဲ။ ဒါေပမယ့္ မိဘေတြအေနနဲ႔ စိတ္ရွည္ဖို႔ေတာ့ လိုအပ္ပါတယ္။ မွန္ကန္တဲ့ နည္းလမ္းကို အသုံးျပဳတဲ့အခါ ကေလးေတြရဲ႕ ေၾကာက္စိတ္က ေပ်ာက္သြားပါတယ္။ ဒါေပမယ့္ သူတို႔ အမွားလုပ္ထားလို႔ ဒဏ္ေပးတဲ့အေနနဲ႔ ေၾကာက္တဲ့အရာေတြကို ထိေတြ႕ခိုင္းတယ္လို႔ ကေလးေတြစိတ္ထဲ မခံစားမိဖို႔ေတာ့ အေရးႀကီးပါတယ္။

၆။ အိမ္ေမြးတိရစာၦန္

ဆတ္ဆတ္ႀကဲ ကေလးေတြအတြက္ အိမ္ေမြးတိရစာၦန္ေလးေတြက အေကာင္းဆုံး သူငယ္ခ်င္းေတြပါ။ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ ေမြးထားတဲ့အခါ သူတို႔ရဲ႕စိတ္ေတြလည္း ႏူးညံ့လာၿပီး ၾကင္နာလာတတ္ပါတယ္။

၇။ သင့္အိမ္မွာ ကေလးအတြက္ သီးသန႔္ေနရာကို ဖန္တီးေပးပါ။

ဆတ္ဆတ္ထိမခံတဲ့ ကေလးေတြက ပတ္ဝန္းက်င္ကို ပိုမိုသေဘာေပါက္ နားလည္လြယ္ပါတယ္။ သင့္အိမ္မွာ ကေလးအတြက္ သီးသန႔္ေနရာေလးေတြ လုပ္ထားေပး သင့္ပါတယ္။ အဲဒီေနရာကို သူစိတ္ရႈပ္လာတဲ့ အခါတိုင္း အနားယူတဲ့အေနနဲ႔ အသုံးျပဳႏိုင္ပါတယ္။

၈။ သင့္ရဲ႕ စည္းကမ္းေတြကို ညင္ညင္သာသာ ရွင္းျပပါ။

သင့္ကေလးက စြာေနလို႔ သူ႔အတြက္ စည္းကမ္းသီးသန႔္ ခ်မွတ္ထားတာမ်ိဳးက အဆင္မေျပပါဘူး။ အဲဒါေၾကာင့္ သင့္အိမ္မွာ လူတိုင္း လိုက္နာရမယ့္စည္းကမ္းေတြကို ေျပာျပပါ။ အဲဒီအခါ ကေလးအတြက္ တရားမွ်တသလို သူလည္း လိုက္နာသြားႏိုင္ပါတယ္။

Zombie (lovemedia)